← Chapters

လမင်း ခုနစ်စင်းခေတ်ကာလ အဆုံးသတ်

Vol. 101 Ch. 1409

လမင်း ခုနစ်စင်းခေတ်ကာလ အဆုံးသတ်

Vol. 101 Ch. 1409

ဝမ်ဝေ့က ငရဲဘုံအပိုင်းအစကို ကြည့်ကာ ထိုအရာဖြင့် ဘာလုပ်ရမလဲဟူ၍ စဉ်းစားလိုက်သည်။

ငါ ဒါကို ရှုကျင်းယောင်ရဲ့ အကူအညီနဲ့ဆိုရင် အလွယ်တကူ ပြီးမြောက်နိုင်လိမ့်မယ်။ အဲ့လိုဆိုရင် ခန္ဓာကိုယ်တစ်ခုကို ဖန်တီးပြီးတော့ ငါ့ရဲ့ အထွတ်အထိပ်ရောက်အောင် ပြန်သွားလို့ရပြီ…

သို့သော်လည်း သူက ချက်ချင်းဆိုသလို ခေါင်းယမ်းလိုက်သည်။ ထိုအရာကို ခန္ဓာကိုယ်တစ်ခု ပြုလုပ်ဖို့ အသုံးပြုခြင်းက နှမြောဖို့ကောင်းလှပေသည်။ ထို့အပြင် ငရဲဘုံမှ ပြုလုပ်ထားသည့် ခန္ဓာကိုယ်တစ်ခုက သူ့သံသရာတာအိုအတွက် မျှခြေမညီမျှမှု ဖြစ်လာစေကာ သူ့အနာဂတ်အတွက် အထောက်အကူ မဖြစ်ပေ။

ရှုရန်က မြေအောက်လောကကို စတေးပြီးတော့ မြေကမ္ဘာဧကရာဇ်ရာထူးကို ရယူချင်တာ ဖြစ်လောက်တယ်…

ဝမ်ဝေ့က တွေးလိုက်သည်။

ယင်ကျန်းကလည်း တူညီတဲ့ အတွေးမျိုးရှိနေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူက အိပ်မက် မက်နေတာပဲ။ တကယ်လို့ ယမမင်းတွေက ငါ့ကို စက်ဆုပ်ပြီးတော့ ငါ့ရဲ့ အပြုအမူကို ငြင်းဆန်တယ်ဆိုရင် သူတို့က ယင်ကျန်းလိုမျိုး ဉာဏ်များပြီး နာမည်ကျော်ရက်စက်တဲ့သူမျိုးကို ကြင်နာနေမယ်တော့ မထင်ဘူး…

ဝမ်ဝေ့က ငရဲဘုံအပိုင်းအစနှင့် ကစားပြီးသည့်နောက်တွင် ကုဗတုံး အသွင်ပြောင်းလိုက်သည်။

ငါက မြေကမ္ဘာဧကရာဇ်ကို ဂရုမစိုက်ဘူးဆိုပေမဲ့ ယင်ကျန်းရဲ့ ထူးကဲသာလွန်မှုလမ်းစဉ်ကို ရယူရတာကတော့ ပျော်စရာကြီး…

ဝမ်ဝေ့က လူသား၊ မြေကမ္ဘာနှင့် ကောင်းကင်ဧကရာဇ်နည်းလမ်းမှ ထူးကဲသာလွန်မှုကို ရယူဖို့ အစီအစဉ် မရှိပေ။ သို့သော်လည်း တခြားသောနည်းလမ်းဖြင့် ထူးကဲသာလွန်မှုကို ရယူပြီးသည့်နောက်တွင် ထိုအရာကို ပြုလုပ်ရခြင်းကို စိတ်ထဲမထားပေ။ ထိုအရာက သူ့အား ထူးကဲသာလွန်မှုအဆင့်တွင် အဆင့်မြှင့်တင်ပေးနိုင်သည်။

အဲ့လိုဆိုရင် ဆုံးဖြတ်ပြီးသွားပြီ။ ငါက သူတို့ရဲ့ အစီအစဉ်အတိုင်း လိုက်လုပ်မယ်…

ဝမ်ဝေ့က ဆုံးဖြတ်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ကို ရုတ်ချည်းရပ်တန့်လိုက်သည်။

ပိုပြီးတော့ နည်းလမ်းကောင်းရှိနေရင် ဘယ်လိုလုပ်မလဲ…

သူက ဒီဗာဟုခေါ်ဆိုသည့် ထူးကဲသည့်သက်ရှိတစ်မျိုးကို အမှတ်ရသွားလေသည်။ သူက ဝူဟုန်၏ စာကြည့်တိုက်အတွင်း သံသရာ၏ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို ဖတ်ရှုခဲ့ဖူးသည်။

သက်ရှိများသေဆုံးသွားသည်နှင့် သူတို့က သံသရာလမ်းစဉ် ၆ပါးထဲတွင် ပြန်လည်မွေးဖွားကြရမည်ဖြစ်ကာ ဒီဗာ(နတ်ဘုရား)၊ အသူရာ(နတ်ဘုရားတစ်ပိုင်း)၊ လူသား၊ တိရစ္ဆာန်၊ ပြိဿာနှင့် ငရဲတို့ ဖြစ်ပေသည်။ အချိန်ကြာလာသည်နှင့်အမျှ သံသရာလမ်းစဉ် ၆ပါးကို လူတစ်ယောက်၏ အတိတ်ဘဝတွင် လုပ်ခဲ့သည့်အရာများကြောင့် ဆုံးဖြတ်ပေးခြင်း မဟုတ်တော့ဘဲ မျိုးနွယ်၏ ဇစ်မြစ်ကို ဆုံးဖြတ်ပေးလာသည်။

နမူနာအနေဖြင့် လူသားများသည် ကောင်းမွန်စွာ နေထိုင်ခဲ့သည်ဆိုလျှင်ပင် သူတို့သည် ဒီဗာ သို့မဟုတ် အသူရာအဖြစ် ပြန်လည်မမွေးဖွားနိုင်ကြတော့ပေ။ ထိုအစား ကံကောင်းမှုနှင့် ချမ်းသာကြွယ်ဝမှု အမြောက်အများရှိသည့် လူသားအဖြစ် မွေးဖွားလာကြသည်။ တိရစ္ဆာန်လမ်းကြောင်းကမူ အပြစ်ပေးသည့် နည်းလမ်း မဟုတ်တော့ဘဲ နတ်ဆိုးမျိုးနွယ် ပြန်လည်ဝင်စားဖို့အတွက် နည်းလမ်းတစ်ခု ဖြစ်လာသည်။

ဒါပေမဲ့ ဒီမူလစနစ်က လုံးဝ ပျောက်ကွယ်သွားတာတော့ မဟုတ်သေးဘူး…

ဝမ်ဝေ့က တွေးလိုက်သည်။ တစ်စုံတစ်ယောက်က သေဆုံးသွားသည်နှင့် ကုသိုလ်များ ရရှိလာသည်နှင့် သူတို့က ယခင်မျိုးနွယ် သို့မဟုတ် ဒီဗာမျိုးနွယ်ထိပါ ပြန်လည်ဝင်စားနိုင်ဖို့ အခွင့်အရေးရလာလိမ့်မည်။

မိုးနဲ့မြေက ဒီဗာမျိုးနွယ်ကို ကောင်းချီးပေးတယ်။ သူတို့က မသေမျိုးအဖြစ် မွေးဖွားလာပြီးတော့ အရွယ်ရောက်ဖို့ မတိုင်ခင် အဆင့်(၁၀)နဲ့အောက်က သူတို့ကို မထိခိုက်စေနိုင်ဘူး။ မဟာဧကရာဇ်တွေလည်း အပါအဝင်ပဲ။ ပြီးတော့ ဒီဗာမျိုးနွယ်က ဧကရာဇ်အရိုးခန္ဓာရဲ့ မူလကိုင်ဆောင်သူဖြစ်သူက မိုးမြေက သူတို့ ဧကရာဇ်တစ်ပိုင်းဖြစ်လာပြီးတဲ့နောက်မှာ ကောင်းကင်အလိုဆန္ဒကို ချပေးလိမ့်မယ်။ တစ်ခုတည်းသော ကွဲပြားချက်က သူတို့ရဲ့ ကောင်းကင်အလိုဆန္ဒက သူတို့ကို ထာဝရဧကရာဇ်ဖြစ်လာဖို့ အခွင့်အရေးကို တိုးမြှင့်မပေးနိုင်တာပဲ…

တချို့လူတွေက ဒီဗာအဖြစ် ပြန်လည်ဝင်စားကြတယ်။ လိုအပ်ချက်တွေက မြင့်မားပြီးတော့ အားကောင်းတဲ့ မျိုးနွယ်ဇစ်မြစ်ကြောင့်ပေါ့…

ဝမ်ဝေ့က တွေးလိုက်သည်။

ဒါပေမဲ့ ဒါက ကိစ္စမရှိဘူး။ ကံကောင်းပြီးတော့ ကုသိုလ်ရှိကြတဲ့သူတွေအတွက်ကတော့ နောက်ထပ် ရွေးချယ်စရာတစ်ခုရှိလာခဲ့မယ်ဆိုရင် အနောက်တိုင်းကောင်းကင်ဘုံပေါ့…

မှန်ပေသည်။ ဝမ်ဝေ့က ငရဲဘုံ၃၃ခုအား အနောက်ဘက်ကောင်းကင်ဘုံအဖြစ် ပြောင်းလဲပစ်ပြီး မြေအောက်ကမ္ဘာဆီ စတေးဖို့ ဖြစ်သည်။ ဤနည်းဖြင့် လူများ သေဆုံးသွားသည့်အခါ သူတို့က ဆက်တိုက် ပြန်လည်ဝင်စားပြီး ရွေးချယ်မည့်အစား နောက်ထပ် ရွေးချယ်စရာရှိလာလိမ့်မည်။ သူတို့သည် ပျော်ပျော်ရွှင်ရွှင်ဖြင့် ဘဝကြီးက လွယ်ကူလှသည့် သုခဘုံတွင် နေထိုင်နိုင်သည်။

ဒါက တကယ်ကို အတွေးကောင်းပဲ။ ယမမင်းတွေက ငါ့ကို အစစ်အမှန်မြေကမ္ဘာဧကရာဇ်ရာထူးကို ချီးမြှင့်နိုင်ရုံတင်မကဘူး။ ကောင်းကင်တာအိုကလည်း ကုသိုလ်အမြောက်အများ ပေးလာနိုင်တယ်…

ဝမ်ဝေ့က တွေးပြီးသည့်နောက်တွင် ရှုံ့မဲ့သွားလေသည်။ ထိုအရာက ကမ္ဘာကြီးအတွက် ကောင်းမွန်သော်လည်း ထိုသို့ လုပ်ခြင်းက သူသည် မဟာတာအို၏ လက်အတွင်း ကျရောက်နေသည်ဟု ဆိုလိုနေခြင်း ဖြစ်၏။

ထားလိုက်ပါတော့။ ငါက မျက်ကန်းတစ်ယောက် ဖြစ်နေမဲ့အစား ကြိုးကိုင်နေတယ်ဆိုတာကို သိတာကောင်းတယ်…

ဝမ်ဝေ့က ဖျောင်းဖျလိုက်သည်။ သူ့အာရုံစိုက်မှုက သူ့ရှေ့မှ တိုက်ပွဲဆီသာ ဖြစ်၏။ ကျားဖျင့်က ထွက်လာပြီ ဖြစ်၏။ သို့သော်လည်း သူ့အမူအရာအရ ဤစမ်းသပ်ချက်ကို အောင်အောင်မြင်မြင် ဖြတ်ကျော်ခဲ့နိုင်ကာ သိသာလှသည်။

“သူက ဘာလို့အဲ့လောက်ကြီး အစွန်းရောက်နေတာလဲ” ဝမ်ဝေ့က မုန့်ခယ်၏ အနေအထားကို စောင့်ကြည့်ရင်း မေးလိုက်သည်။ ထိုသူက သူ့တည်ရှိမှုကို လောင်ကျွမ်းပြီး သူ့စွမ်းအားကို တိုးမြှင့်ခဲ့၏။ သူက ရှုရန်ကို သတ်ဖို့ လုံလုံလောက်လောက် စွမ်းအားရှိလာသည်။

“ဒီနှုန်းနဲ့ဆိုရင် သူ သူ့ကို သတ်နိုင်တယ်ဆိုရင်တောင် သူ့ရဲ့ ကျင့်ကြံဆင့်က ဧကရာဇ်အဆင့်ထိ ပြန်လည်ကျသွားနိုင်တယ်…”

ဝမ်ဝေ့က သူ ဝင်ရောက်စွက်ဖက်သင့်လား စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူက ရှုရန်၏ ကံကောင်းမှုနှင့် ကံကြမ္မာကို ဂရုမစိုက်ပေ။ မိုးမြေက သူ့အား တစ်ခါသတ်သည့်အတွက် အောင်မြင်မှုကို ပေးအပ်ထားပြီ ဖြစ်၏။

ထားလိုက်ပါတော့။ ဒါက ကိုယ်ပိုင်အရေးကိစ္စပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။

……………………………….

“မင်းက ရူးနေတာပဲ” မုန့်ခယ်သည် လက်သီးတစ်ချက်ပြီးတစ်ချက် ထိုးသွင်းနေသည်ကို အော်ဟစ်လိုက်သည်။ သူက ခုခံဖို့ ကြိုးစားခဲ့သော်လည်း လူရိုင်းဘုရင်ငယ်လေး၏ လက်သီးချက်က အရာအားလုံးကို ဖျက်ဆီးပစ်လေသည်။ ထိုလက်သီးချက်တွင် တာဝန်တစ်ခုသာ ရှိ၏။ ထိုအမျိုးသားအား သေသည်အထိ ရိုက်နှက်ဖို့သာဖြစ်သည်။

“ရူးသွပ်နေတာတဲ့လား။ လူရိုင်းမျိုးနွယ်က ဂုဏ်ယူရတဲ့ စစ်သည်တော်မျိုးနွယ်ပဲ။ တိုက်ပွဲ ဒါမှမဟုတ် သေဆုံးမှုကနေ ထွက်ပြေးတာကို တကယ်ကို ရှက်စရာကောင်းတယ်လို့ မှတ်ယူကြတယ်။ ဒါပေမဲ့ ခင်ဗျား ကျုပ်မျိုးနွယ်ကို ဖိအားပေးတုန်းက ကျုပ် သေဆုံးဖို့အတွက် ပြင်ဆင်ထားခဲ့တယ်” မုန့်ခယ်က အေးစက်စက်ပြောလာသည်။

ဘန်း

မုန့်ခယ်က သူ့အား မျက်နှာဖြတ်ကာ ကန်လွှတ်လိုက်သည်။

“ကျုပ်က ကျုပ်ယုံကြည်သမျှ အရာအားလုံးကို စွန့်ပယ်ပြီး ထွက်ပြေးခဲ့တယ်။ ဘာကြောင့် ထွက်ပြေးခဲ့ရတာလဲဆိုတာ သိလား” မုန့်ခယ်က မေးလိုက်သည်။

“ကျုပ်အမေ သေဆုံးသွားကတည်းက ကျုပ်ကို ပြုစုပျိုးထောင်ခဲ့ပြီးတော့ စိတ်ဓာတ်ခိုင်မာလှပါတယ်ဆိုတဲ့ အမျိုးသား ကျုပ်အဖေက ကျုပ်ရှေ့မှာ ကျုပ်ထွက်ပြေးဖို့ရာအတွက် ဒူးထောက်ပြီး တောင်းဆိုခဲ့တယ်။ ဉာဏ်ပညာနဲ့ ကိုးကွယ်မှုရဲ့ ပြယုဂ်လို့တင်စားနိုင်တဲ့ မျိုးနွယ်ရဲ့ သူတော်စင်မကလည်း ကျုပ်ရှေ့မှာ ဒူးထောက်ပြီးတော့ ကျုပ်ရဲ့ မာန်မာနကို စွန့်ပယ်ပြီး ထွက်ပြေးဖို့တောင်းဆိုခဲ့တယ်။

ကျုပ်ရဲ့ ကိုယ်တစ်ဝက်ဖြစ်တဲ့ ဇနီးသည်ကလည်း ကျုပ်ထက်တောင် ရဲရင့်တဲ့ အမျိုးသမီးတစ်ယောက်ဆိုပေမဲ့ ငိုယိုပြီးတော့ ကျုပ်ကို ခေါင်းမမာပဲနဲ့ မျိုးနွယ်ရဲ့ အနာဂတ်ကို ထည့်စဉ်းစားဖို့ တောင်းဆိုခဲ့တယ်။ အဲဒီနေ့မှာ ကျုပ်ခံစားခဲ့ရတဲ့ နာကျင်မှုမျိုးကို သိလား”

မုန့်ခယ်က သူ့ကို ရိုက်နှက်ရင်း မေးနေသည်။ သူက ရှုရန်အား အံကြိတ်ကာ ကြည့်လိုက်၏။

“အဆိုးဆုံးအပိုင်းကရော သိလား။ ခင်ဗျားက ဒီလိုစိတ်ပျက်စရာကောင်းနေတာပဲ။ ကျုပ်က ခင်ဗျားကို ကိုယ်တိုင်သတ်နိုင်ဖို့ စဉ်းစားရင်းနဲ့ နှစ်များစွာ ကုန်ဆုံးခဲ့ရတာ။ ခင်ဗျားကို ကျုပ်ရဲ့ ပစ်မှတ်အနေနဲ့ ထားခဲ့ရတာ။ ဒါပေမဲ့ ခင်ဗျားက ကြိုးကိုင်ခံနေရတဲ့ နယ်ရုပ်တစ်ခုကလွဲပြီး ဘာမှမဟုတ်ဘူးဆိုတာကို သိလိုက်ရတယ်”

ရှုရန်က ထိုစကားများကို ကြားပြီးသည့်နောက်တွင် တုံ့ဆိုင်းသွားလေသည်။ မုန့်ခယ်က ထိုအခွင့်အရေးကိုယူကာ သူ့လက်များကို ဆွဲဖြဲပြီး သူ့စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းကို သူ့ပြန်လည်ကုစားမှုကို တားဆီးဖို့ ထည့်သွင်းလိုက်သည်။

“ခင်ဗျားက စစ်မှန်တဲ့ စစ်သည်တော်တစ်ယောက်ဆိုရင် ခင်ဗျားကို သတ်လိုက်တာက ကျုပ်ရဲ့ နာကျင်မှုနဲ့ ဒုက္ခတွေအားလုံးကို ထိုက်တန်သင့်တယ်။ ဒါပေမဲ့ ခင်ဗျားက အဆုံးမဲ့ စိတ်ပျက်စရာကောင်းနေတာပဲ”

ရှုရန်က သူ့ဘဝအကြောင်းကို ပြန်လည်တွေးတောမိရင်း အကြည့်များ တောက်ပမှုတချို့ ဆုံးရှုံးသွားလေသည်။ သူက ကမ္ဘာ၏ ထိပ်သီးတွင် ရပ်တည်ခဲ့သော်လည်း ထိုအရာက အမှန် ဟုတ်ပါ့မလား။ ကမ္ဘာပေါ်တွင်ရှိသည့်လူအများစုက သူ့အား ရွံရှာပြီး သူ၏ တည်ရှိမှုအား နေ့စဉ်နှင့်အမျှ ကျိန်ဆဲကြလေသည်။ ပို၍အရေးကြီးသည်က သူသည် ယင်ကျန်း၏ နယ်ရုပ်မှ အချိန်စားသုံးသူ၊ အန္တိမသဟဇာတနှင့် အဆုံးသတ်တွင် ဝမ်ဝေ့၏ နယ်ရုပ်အထိ ဖြစ်လာခဲ့ရသည်။ သူသည် အချိန်အတော်ကြာ နေထိုင်ခဲ့ပြီး ချမ်းသာကြွယ်ဝမှုနှင့် အာဏာကို ခံစားခဲ့ရသော်လည်း သူက ထိုအရာများဖြင့် ဘာလုပ်နိုင်မည်နည်း။

ကမ္ဘာကြီးက သူ့ကို နှစ်သက်စွာ အမှတ်ရနေမည် မဟုတ်ပေ။

ငါ တကယ်ပျော်ရွှင်ရတဲ့ တစ်ခုတည်းသော အချိန်က ရှုရှုနဲ့ ရှိတဲ့ အချိန်ပဲ။ ဒါပေမဲ့ အဲဒါကလည်း အစစ်အမှန် မဟုတ်ဘူးပဲ…

ရှုရန်က မလုံမလဲပြုံးလိုက်သည်။ မုန့်ခယ်က သူ့အား ကြည့်ပြီးသည့်နောက်တွင် ခေါင်းကိုဆွဲဖြဲကာ ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်၏။ သူက ဦးခေါင်းကို အေးစက်စက် ကြည့်ပြီးသည့်နောက်တွင် ထိုအရာကို သူ့ဘဝထဲ အဆိုးရွားဆုံးအရှက်ရမှုကို ဆေးကြောဖို့ ဆုလာဘ်အနေဖြင့် ယူဆောင်သွားဖို့ ဆုံးဖြတ်ထားလေသည်။

“လမင်း၇စင်းရဲ့ ခေတ်ကာလက အဆုံးသတ်သွားပြီ” ဝမ်ဝေ့က ကောင်းကင်ကို မော့ကြည့်ရင်း ရေရွတ်လိုက်သည်။ ထို့နောက် သေဆုံးသွားသည့် နဂါး၏ အော်သံက မိုးမြေကြားတွင် ပဲ့တင်ထွက်လာပြီး ရွှေရောင်ကောင်းချီးမင်္ဂလာအမြင်ရုပ်လွှာများ ထွက်ပေါ်လာသည်။ ထို့နောက် နဂါး ၁၃ကောင်က ကောင်းကင်ယံတွင် ကမ္ဘာ၏ ထောင့်အသီးသီးမှ ထွက်ပေါ်လာလေ၏။ ထိုအရာက အာဏာရှင် ၁၃ယောက်၏ ကံကြမ္မာ ပြန်လည်ရောက်ရှိလာမှုကို ဖော်ပြနေလေသည်။

“စိတ်ဝင်စားစရာပဲ” ဝမ်ဝေ့က ဗုဒ္ဓဘာသာနှင့် တာအိုဘာသာတို့၏ နဂါးသည် တခြားသူများထက် အနည်းငယ် ပိုမိုခမ်းနားနေကြောင်း သဘောပေါက်သွားသည့်အခါ မှတ်ချက် ပေးလိုက်သည်။ ကြီးမားလှသည့် ကွဲပြားချက်က တခြားသောအာဏာရှင်များက ဖိအားပေးဖို့ လုံလောက်နေပြီ ဖြစ်၏။

ဝမ်ဝေ့က ခေါင်းကိုမော့ကာ သော့ခလောက်ကို လှမ်းကြည့်လိုက်သည်။

“အဲဒါကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီခေတ်ကာလက မပြီးမပြတ်အခြေအနေမှာ ရှိနေတဲ့ လူတွေအားလုံး သူတို့ကိုယ်သူတို့ စပြီး အသက်သွင်းရမဲ့အချိန်ပဲ”

ယခု မည်သူကမှ ပြန်လည်အသက်သွင်းဖို့ရာ ကြိုးစားဖို့ သတ္တိမကောင်းကြပေ။ ထိုသော့ခလောက်က ပြန်လည်အသက်သွင်းမှုအားလုံးကို မပိတ်ဆို့ထားဘူးဟု ယူဆထားလျှင်ပင် ထိုသူများက စစ်တုရင်ခုံမှ လှုပ်ရှားမှုများကို ပြုလုပ်နိုင်ဖို့ မပြီးမပြတ်အခြေအနေမှာ အသက်ရှိသည့် ဝင်ရောက်စွက်ဖက်မှုမျိုးကိုသာ အသုံးချနိုင်လေသည်။

“ကျုပ် ကုစားဖို့ မျိုးနွယ်ဆီ ပြန်သွားလိုက်ဦးမယ်” မုန့်ခယ်က ပြောလိုက်သည်။

“ဂရုစိုက်ဦး” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

“လက်စားချေဖို့ အခွင့်အရေး ပေးတဲ့အတွက် ကျေးဇူးပါ”

“ငါ ကတိပေးထားတာပဲလေ”

“တစ်ခုခုလိုရင် ဆက်သွယ်လိုက်ပါ” မုန့်ခယ်က ပြောပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေသည်။ သူက သူ့ပုန်းအောင်းရာနေရာသို့ ပြန်မသွားခင် သီးသန့်မကျင့်ကြံနိုင်သေးသည့်အတွက် တာအိုသင်္ချိုင်းနယ်မြေဆီသာ ခေါ်ဆောင်သွားလေသည်။ သူက လက်လေးဖက် ခန္ဓာရုပ်သေးရုပ်ကို စွန့်ပယ်လိုက်ပြီး သူ့ဝိညာဉ်အား နဂိုခန္ဓာကိုယ်ဆီ ပြန်သွားစေလိုက်သည်။ သို့သော်လည်း သူက အသက်ကောင်းကောင်းမရှူနိုင်ခင် အရေးကြီးသည့် ဆက်သွယ်မှုတစ်ခုကို ရရှိလိုက်၏။

All Chapters