← Chapters

ကျူးကျော်သူနှင့် အလျင်လိုမှု

Vol. 101 Ch. 1410

ကျူးကျော်သူနှင့် အလျင်လိုမှု

Vol. 101 Ch. 1410

တစ်စုံတစ်ယောက်က အခြေစိုက်စခန်း ၁၄၇ ၅၈၃၇ ၏ အကာအရံထဲ ချိုးဖောက်ဝင်ရောက်လာခြင်း ဖြစ်၏။

ဝမ်ဝေ့က ထိုစကားကို ကြားပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။ သူက အခြေစိုက်စခန်း၏ တည်ရှိမှုသည် ထာဝရဖုံးကွယ်ထားနိုင်မည် မဟုတ်ကြောင်း သိထားသော်လည်း သူ့တွက်ဆထားမှုအရ အချိန်ပိုမိုကြာမြင့်သင့်ပေသည်။ သူက တုံ့ဆိုင်းမနေတော့ဘဲ ပုံရိပ်ယောင်တစ်ခုကို စေလွှတ်လိုက်၏။

တောက်ပနေသည့် အနက်ရောင်ဆံပင်နှင့် ရွှေရောင်မျက်ဝန်းရှိထားသည့် ခပ်ချောချောအမျိုးသားတစ်ဦးက ကောင်းကင်အထက် မြောလွင့်နေကာ အခြေစိုက်စခန်းကို စိတ်ဝင်တစားဖြင့် လေ့လာနေသည်။ ဝမ်ဝေ့ ရောက်ရှိလာသည်နှင့် သူ့အရှိန်အဝါက မောက်မာကာ မြင့်မြတ်သည့်ဟန် ပြောင်းလဲသွားလေ၏။

“မင်းက ဒီသေမျိုးတွေရဲ့ ပိုင်ရှင်လား” ရွှေရောင်မျက်ဝန်းနှင့် အမျိုးသားက မေးလိုက်သည်။

“သူတို့ကို ငါ့ဆီ ပေးလိုက်။ မင်းက သူတို့ကို ဉာဏ်ရှိအောင် ပြုစုပျိုးထောင်ပေးထားတာဆိုတော့ မင်းကို တန်ကြေးတစ်ခု ပေးမယ်”

ဝမ်ဝေ့က ထိုသူအား ခြုံငုံကြည်လိုက်သည်။

“နတ်ဘုရား”

“မင်းက အမြင်ကောင်းရှိတဲ့ပုံပဲ”

“ခင်ဗျားက အံ့ဖွယ်ယုံကြည်မှုကောင်းကင်ဘုံကလား” ဝမ်ဝေ့က ဆက်မေးလိုက်သည်။

“အတော်လေး သိတာပဲ။ မင်းက ဘယ်သူလဲ” နတ်ဘုရားက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူက သာမန်လူဖြင့် ရင်ဆိုင်နေရသည် မဟုတ်ကြောင်း သဘောပေါက်သွားလေ၏။

“ဝမ်ဝေ့ တာအိုအခွင့်အလမ်းဂိုဏ်း”

နတ်ဘုရားက တုံ့ဆိုင်းသွားလေ၏။ သူ့စိတ်ထဲတွင် စက်ဘီးသွားများက ရွေ့လျားနေဟန်ပေါ်သည်။

“အာဏာရှင်တစ်ယောက်ရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတာ လိမ်ပြောဖို့ တားမြစ်ချက်တစ်ခုဖြစ်တယ်ဆိုတာ သိတယ်မလား။ ငါတို့ရဲ့ ကံကြမ္မာက ပြန်ရောက်လာပြီ။ အဲဒါဆိုတော့ အကျိုးဆက် ရှိတယ်”

ဝမ်ဝေ့က ဘာမှမပြောဘဲ သူ့နဖူးအထက် ကြယ်လေးခု အမှတ်အသား ထွက်ပေါ်လာသည်။ နတ်ဘုရားက ထိုအရာကို ကြည့်ကာ စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ရ၏။

“တာအိုရောင်းရင်း ကျုပ်နာမည်က နတ်ဘုရားကျူး … တွေ့ရတာ ဝမ်းသာပါတယ်” သူက ဦးညွှတ်ကာ ပြောလိုက်သည်။

“ကျုပ်တို့အင်အားစုနှစ်ခုက အချိန်အတော်ကြာ ပူးပေါင်းခဲ့တာ”

ဝမ်ဝေ့က မျက်လုံးဝှေ့ကြည့်ချင်မိသည်။ သူတို့အင်အားစုကြားမှ ဆက်ဆံရေးက ကြားနေသာ ဖြစ်၏။ ကိုးကွယ်ယုံကြည်မှု ကောင်းကင်ဘုံ၏ အဓိကအရင်းအမြစ်က သေမျိုးများအတွက် မဟာချင်နှင့် ယှဉ်ပြိုင်နေခြင်းဖြစ်ကာ ယုံကြည်မှုအတွက်မူ တာအိုဘာသာနှင့် ဗုဒ္ဓဘာသာတို့အတွက် ယှဉ်ပြိုင်နေခဲ့ရသည်။

“ခင်ဗျား ဘာလိုချင်နေတယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူး။ ဒီနေရာကနေ ချက်ချင်း ထွက်သွားပါ” ဝမ်ဝေ့က တိုက်ရိုက်သာပြောလိုက်သည်။

နတ်ဘုရားကျူး၏ အမူအရာက တောင့်တင်းလာလေ၏။

“တာအိုရောင်းရင်း သေမျိုးနည်းနည်းလောက်ပါပဲ။ ကျုပ်တို့တွေ ညှိနှိုင်းလို့ရပါတယ်”

“ကျုပ် ပြောတာကို ခင်ဗျား ကြားတယ်မလား” ဝမ်ဝေ့က ထိုခွေးကောင်သည် သေမျိုးလူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းကို အဘယ်ကြောင့် လိုချင်နေမှန်း နားလည်ထားလေ၏။ ထိုသေမျိုးများက ကြာရှည်သည့် သက်တမ်းရှိသလို ပျော်ရွှင်သည့်ဘဝတွင် နေထိုင်ကြကာ ဉာဏ်အလင်းပွင့်ထားသည့်သူများကမူ မြင့်မားသည့် တိုက်ခိုက်ရေးစွမ်းအား ရှိကြလေသည်။ အကယ်၍ သူတို့သာ ယုံကြည်သက်ဝင်သူဖြစ်လာပါက ယုံကြည်မှုပမာဏသည် နတ်ဘုရားများ မခုခံနိုင်လောက်သည်အထိ သန့်စင်မှု မြင့်မားလိမ့်မည်။

နတ်ဘုရားကျူးကလည်း အေးစက်လာ၏။

“ကျုပ်တို့ကြားက အင်အားစု ဆက်ဆံရေးကို ဒီပါမွှားလေးတွေကြောင့် ပျက်စီးခံတော့မှာလား”

ဝမ်ဝေ့က သူ့အား စိုက်ကြည့်ကာ သတ်ဖြတ်ငွေ့ ထုတ်လွှတ်လိုက်သည်။

“ခင်ဗျား အကောင်းအတိုင်းရှိနေတုန်း ဒီနေရာကနေ ထွက်သွားတာ ကောင်းလိမ့်မယ်”

နတ်ဘုရားကျူး၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်က အေးစက်မှု ခံစားလိုက်ရပြီး တုန်ယင်လုနီးပါးဖြစ်သွားလေသည်။ သို့သော်လည်း နတ်ဘုရားအနေဖြင့် သူ့မာနက သူ့အား လွှမ်းမိုးသွားလေ၏။ ထို့ကြောင့် နတ်ဘုရားကျူးက သူနှင့် ထိုသေမျိုးများကို နောက်ဆုံးတစ်ချက်အနေဖြင့် ကြည့်ပြီးသည့်နောက်တွင် ထွက်ခွာသွားလေသည်။

ဝမ်ဝေ့က သူထွက်ခွာသွားသည်ကို တည်ငြိမ်စွာ ကြည့်နေလေ၏။

“အခုတော့ အကျိုးအမြတ် ခူးဆွတ်ရမဲ့အချိန်ပဲ” သူက လှောင်ပြောင်ကာ ပြောလိုက်သည်။ ယခု သေမျိုးများအဖွဲ့အစည်းက အဆင့်(၉)ထိ ရောက်ရှိလာမည်ဖြစ်ကာ မဟာတာအိုအတွက် ရလဒ်ကို ဖြန့်ဝေဖို့ အချိန်ကျရောက်လာလေပြီ။ ပထမကြိုးစားမှုက ထိုခွေးကောင်နတ်ဘုရားက ပြုလုပ်လိုက်ပြီ ဖြစ်၏။

ဝမ်ဝေ့က ထိုအကြောင်းပျံ့နှံ့မှုကို ရှောင်လွှဲ၍ မရနိုင်ကြောင်း သိထားလေ၏။ သူက အဆင့်(၄)သေမျိုးလူမှုအဖွဲ့အစည်းကို ပြုစုပျိုးထောင်မည့်နည်းလမ်းအား လူများစွာဖြင့် မျှဝေနိုင်သည့်အတွက် ထိုသူများက ထိုကဏ္ဍမှ အစပြုနိုင်သည်။ သူက အကြောင်းအရင်းများစွာကြောင့် အရေးသာချက်ရှိနေမည်မှန်း သိထားသည့်အတွက် ဘယ်သောအခါမှ မစိုးရိမ်ပေ။

ပထမတစ်ခုကမူ ယဉ်ကျေးမှု ဖြစ်၏။ ကျင့်ကြံရေးလောကက အတော်လေး ရှေးရိုးဆန်ပြီး အပြောင်းအလဲများကို သဘောမကျကြပေ။ သူတို့၏ ထာဝရအသက်နှင့် နတ်ဘုရားကဲ့သို့ စွမ်းအားက သူတို့အား နှစ်သန်းပေါင်းများစွာ တူညီသည့် လူမှုအသိုက်အဝန်းကို ထိန်းသိမ်းထားစေနိုင်သည်။

ကျင့်ကြံသူများက အကျိုးအမြတ်ကို သဘောကျသည့်အတွက် လိုအပ်လာသည့်အခါ သူတို့က အနေအထားတစ်ခုအထိ နေသားကျအောင် လုပ်နိုင်သည်။ သို့သော် သူတို့က အပြည့်အဝ လက်မခံသရွေ့ သူတို့၏ သေမျိုးလူမှုအဖွဲ့အစည်းက ဝမ်ဝေ့ ပြုစုပျိုးထောင်ထားသည့် အပြင်ခွံမျှသာ ဖြစ်နေလိမ့်မည်။ သူက ထိုသတင်းအချက်အလက် ပေါက်ကြားသွားသည်နှင့် မည်သို့ဖြစ်လာနိုင်ကြောင်း မှန်းဆထားပြီးသား ဖြစ်၏။

တစ်သတ်မှတ်တည်း ကိုးကွယ်ယုံကြည်မှုက နတ်ဘုရားများသည် တီထွင်ဖန်တီးဉာဏ် လစ်ဟာနေကြောင်း ပြသနေသည်။ လူသားများအနေနှင့် အဖြေအတွက် တောင်းဆိုနိုင်သည့်အခါ သင်္ကေတအသစ်ကို အဘယ်ကြောင့် ဖန်တီးနေဦးမည်နည်း။ သူတို့၏ နတ်ဘုရားများက အဖြေပေးမည် မဟုတ်ပါလော။ မည်သို့ပင်ဆိုစေကာမူ သူတို့၏ ဘဝတစ်လျှောက် စိတ်ထဲ၌ နတ်ဘုရားများဖြင့်သာ ပြည့်နှက်နေလေသည်။ ထို့ကြောင့် တီထွင်ဖန်တီးနေဖို့ အဘယ်ကြောင့် လိုအပ်မည်နည်း။

ထို့အပြင် ဉာဏ်အလင်းပွင့်လူသားများလည်း ရှိပေမည်။ ဤသည်က ဖွံ့ဖြိုးတိုးတက်သည့် လူမှုအဖွဲ့အစည်းအတွက် ပင်မဇစ်မြစ် ဖြစ်၏။ ဆိုလိုသည်မှာ သူတို့အနေဖြင့် နတ်ဘုရားများသည် အားကောင်းသည့် ကျင့်ကြံသူများဟုသာ နားလည်နေသည့်အတွက် သူတို့၏ ယုံကြည်မှုကလည်း အကောင်းဆုံးဖြစ်မည် မဟုတ်ပေ။

တိုင်းပြည်နှင့် အင်ပါယာများမှ ဖွဲ့စည်းထားသည့် သေမျိုးလူမှုအဖွဲ့အစည်းကလည်း နောက်ထပ်ပြဿနာတစ်ခု ရှိနေသည်။ သူတို့က ကိုယ်ပိုင်မှီခိုမှု အားကြီးလွန်းလှ၏။ သေမျိုးများက အုပ်ချုပ်နေသည့် တိုင်းပြည်ကို မလိုအပ်တော့သည်ဆိုလျှင် သူတို့က အပြောင်းအလဲ ဖြစ်လာနိုင်သည်။ တိုင်းပြည်က သူတို့အား အသုံးချကာ ချီကံကောင်းမှုကို မည်သို့ထိန်းချုပ်နိုင်မည်နည်း။ မသေမျိုးအင်အားစု ပုဂ္ဂိုလ်ရှိမထားသည့် အားနည်းသော တိုင်းပြည်များကမူ သေမျိုးလူမှုအဖွဲ့အစည်း တည်ဆောက်နိုင်မည် မဟုတ်ပေ။ အကြောင်းအရင်းကမူ သေမျိုးများသည် သူတို့ကို လွှမ်းမိုးဖို့ ယခုအခါ စွမ်းအားရှိနေ၍ ဖြစ်သည်။

တခြားသော အင်အားစုများအတွက်မူ ဝမ်ဝေ့က စိုးရိမ်နေခြင်း မရှိပေ။ သူတို့၏ သေမျိုးများအပေါ် အစပိုင်း မကျေနပ်ချက်က သင့်တော်သည့် လူမှုအဖွဲ့အစည်းတစ်ခုကို ပြုစုပျိုးထောင်ဖို့ ခွင့်ပြုမည် မဟုတ်ပေ။ ဝမ်ဝေ့က စံပြမျိုးနွယ်များနှင့် တခြားသောအာဏာရှင်မျိုးနွယ်များသည် အခြေခံအကျဆုံး လူမှုအဖွဲ့အစည်းကို ဖန်တီးနိုင်လိမ့်မည်ဟု ခန့်မှန်းထားလေ၏။ ဤလူမှုအဖွဲ့အစည်းသည် သူတို့အင်အားစုများအတွက် ပါရမီရှင်များကို တွေ့ရှိဖို့ရာ ဇစ်မြစ်တစ်ခု ဖြစ်နေလေသည်။

ဝမ်ဝေ့၏ စိတ်ထဲ၌ သူသည် လူမှုအဖွဲ့အစည်းကို လေ့ကျင့်ပေးရာ၌ ယှဉ်ပြိုင်သူ အနည်းငယ်ရှိလာမည်မှန်း သိထားလေ၏။ ပထမတစ်ခုက သူ့ဇနီး ဖြစ်၏။ သူမက ဉာဏ်ကြီးကာ လုပ်ရည်ကိုင်ရည်ရှိသည့်အတွက် သူမသည် ထိုသေမျိုးများကို ပြုစုပျိုးထောင်ရခြင်း၏ အကျိုးအမြတ်ကို တခြားသူများထက် ကြိုတင်မြင်နိုင်သည်။ မူလစည်းတံဆိပ်ကုန်းမြေ၏ အကြွင်းမဲ့ အာဏာရှင်တစ်ဦးအနေဖြင့် သူမက မည်သူမှ ဆန့်ကျင်ခြင်းမရှိဘဲ သူမ၏ စိတ်တိုင်းကျ လုပ်ဆောင်နိုင်လေသည်။

ဒုတိယပြိုင်ဘက်ကမူ မေတ္တယျ ဖြစ်၏။ သူမက ဝူဟုန်ကဲ့သို့ အကျိုးအမြတ်ကို မြင်တွေ့နိုင်အောင် ဉာဏ်ကောင်းပေသည်။ သူမကလည်း ဗုဒ္ဓဘာသာအပေါ် အကြွင်းမဲ့ လွှမ်းမိုးမှုရှိသည့်အတွက် မေတ္တယျကလည်း တကယ့်အစစ်အမှန် ရန်သူတစ်ဦးဖြစ်ပေသည်။ ဝမ်ဝေ့က တာအိုဘာသာကိုပါ စာရင်းထဲ ထည့်ပေါင်းထားလေ၏။

အန္တိမသဟဇာတ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် တာအိုဘာသာက မူလလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိလာမည်ဖြစ်ကာ ဝမ်ဝေ့က သူတို့သည် သူတို့၏ ယှဉ်ပြိုင်သူဗုဒ္ဓဘာသာနှင့် ရင်ဆိုင်ဖို့ရာအတွက် သင့်တော်သည့် လူမှုအဖွဲ့အစည်းကို ပြုစုပျိုးထောင်နိုင်ကြောင်း စိုးထိတ်မိ၏။

နောက်ဆုံးတွင် နောက်ဆုံးသော ပြိုင်ဖက်ကမူ ဧကရာဇ်ခုံ ဖြစ်ပေသည်။ သူ့အဓိကရည်ရွယ်ချက်က သက်ရှိအားလုံးကို ဉာဏ်အလင်းပွင့်စေဖို့ ဖြစ်၏။ ဆိုလိုသည်မှာ သင့်တော်သည့် လူမှုအဖွဲ့အစည်းကို လေ့ကျင့်ပေးဖို့ စိတ်သဘောထားရှိနေလေသည်။ သေမျိုးများကို သူတို့၏ ဖန်တီးမှုနှင့် အောင်မြင်မှုများအတွက် လေးစားသမှုကိုပင် ပြပေးနိုင်၏။ ကျောင်းတော်က ထိုဉာဏ်အလင်းပွင့် လူသားများ၏ စိတ်အခြေအနေကို ပြုစုပျိုးထောင်ပေးဖို့ အကောင်းဆုံး ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေသည်။

ထိုလူများကို ယှဉ်ပြိုင်သူဟု ခေါ်ဆိုနေသော်လည်း ဝမ်ဝေ့က အလေးအနက် မမှတ်ယူပေ။ ဤသေမျိုးလူမှုအဖွဲ့အစည်း၏ အဓိကအကြောင်းအရင်းက ကမ္ဘာမြေမှ အတွေးအခေါ်များ ဖြစ်၏။ သူကသာ တစ်ဦးတည်းသောသူ ဖြစ်ပေသည်။ ဤကဲ့သို့ လွှမ်းမိုးမှုရှိသည့် အရေးသာချက်ဖြင့် ထိုသူများက သူနှင့် မည်သို့ယှဉ်နိုင်မည်နည်း။

……………………………

တကယ်လို့ ငါ မှတ်မိတာသာ မှန်တယ်ဆိုရင် အံ့ဖွယ်ယုံကြည်မှုကောင်းကင်ဘုံရဲ့ ပထမဦးဆုံး ရှေးဦးစံပြက ငါ စောစောလေးက တွေးခဲ့မိတဲ့ ဒီဗာမျိုးနွယ်ကပဲ။ ဒါက တိုက်ဆိုင်မှုလား။ ဒါမှမဟုတ် ငါ ဝိရောဓိ ဖြစ်လွန်းနေတာလား…

သူက ထိုမေးခွန်းကို ဘက်ပေါင်းစုံမှ စဉ်းစားကြည့်နေပြီး တိုက်ဆိုင်မှုတစ်ခုဟု ထင်ရသော်လည်း သူက သံသယ ထားရှိလိုက်သည်။ ဝမ်ဝေ့က ဤအခြေစိုက်စခန်းသာမကဘဲ စခန်းသုံးသန်းကျော်လုံးကို ပြန်လည်နေရာပြောင်းရွှေ့ဖို့ စတင်စဉ်းစားလိုက်၏။ သူက မစွန့်စားလိုပေ။ သူက ယခင်ထောက်ပံ့ပေးထားသည့် ကာကွယ်မှုကိုပင် တိုးမြှင့်လိုက်၏။ ဤသည်က သတင်းအချက်အလက် ပေါက်ကြားမှုကို နှောင့်နှေးထားနိုင်ရုံမျှသာ ဖြစ်ကြောင်း သိသော်လည်း သူက မည်သည့်အရေးသာချက်မဆို လက်ခံနိုင်သည်။

“ငါ တုံ့ဆိုင်းနေလို့ မရတော့ဘူး” ဝမ်ဝေ့က ပြောရင်း မျက်လုံးဖွင့်လိုက်သည်။ သူက ကောင်းကင်ဘုံလျှို့ဝှက်ချက် သလင်းကျောက်ကို ဆင့်ခေါ်ပြီး သက်ပြင်းချလိုက်၏။ ထို့နောက် ထိုအရာကို အသက်သွင်းလိုက်သည်။ ယခုကား ဝိဇ္ဇာသန့်စင်မီးတောက်ကို ရှာဖွေပြီး ဤကပ်ဘေးကို အဆုံးသတ်ပစ်ဖို့က ဦးစားပေး ဖြစ်၏။

ဝမ်ဝေ့က ဤသလင်းကျောက်ကို အသုံးပြုဖို့က ပထမဦးဆုံးအကြိမ် ဖြစ်သည့်အတွက် မည်သို့မျှော်လင့်ထားရမှန်း မသိတော့ပေ။ သူက ကြယ်စင်များ ဝန်းရံလျက်ရှိသည့် အဆုံးမဲ့လေဟာနယ်အတွင်း ရောက်နေလေ၏။ ခဏလေ့လာပြီးသည့်နောက်တွင် သူ့အမူအရာက ပြောင်းလဲသွားလေသည်။

“ဒီကြယ်စင်တွေက အမှန်တရားရဲ့ ပြယုဂ်လား။ စိတ်ဝင်စားစရာပဲ”

သူက သူ ရှာဖွေလိုသည့် အမှန်တရားကို အာရုံစိုက်ထားလိုက်သည်။ ဝိဇ္ဇာသန့်စင်မီးတောက်၏ တည်နေရာကို ရှာဖွေဖို့ ဖြစ်၏။

ဝမ်ဝေ့က ထိုသလင်းကျောက်သည် သူ လိုချင်သည့် အဖြေကို ရရှိဖို့ရာအတွက် ကြယ်စင်တစ်ခုဆီ ဦးဆောင်ကာ ခေါ်ဆောင်သွားလိမ်မည်ဟု ထင်မှတ်ထားခဲ့မိသည်။ သို့သော်လည်း သူက မှားယွင်းသွားလေ၏။ ထိုအရာက သူ့အား အဆုံးမဲ့ဒိုင်မေးရှင်းတစ်ခု၏ သီးသန့်နေရာတစ်ခုသို့ ခေါ်ဆောင်သွားလေသည်။ ဝမ်ဝေ့က နားမလည်နိုင်ဖြစ်သွားလေ၏။ သူက ကြုံရာကျပန်း ကြယ်စင်တစ်ခုဆီ ချဉ်းကပ်လိုက်သော်လည်း သူ့နီးကပ်သွားသည့်အခါ ထိုအရာက အနီရောင်ပြောင်းလဲသွားလေသည်။ သူက နောက်ထပ်အနည်းငယ် ရွေးချယ်လိုက်သော်လည်း ရလဒ်ကမူ အတူတူသာ ဖြစ်၏။

“ဝိဇ္ဇာသန့်စင်မီးတောက်ရဲ့ အမှန်တရားက အမှားအယွင်းများစွာနဲ့ ဖုံးကွယ်ထားတာပဲ။ တကယ်လို့ ငါ သူ့ကို ရှာချင်တယ်ဆိုရင် မှန်ကန်တဲ့ ကြယ်ကို ရှာရမယ်” ဝမ်ဝေ့က သုံးသပ်ပြီးသည့်နောက်တွင် ပြုံးလိုက်သည်။ သတင်းကောင်းကမူ ယခုအခါ သူက အန္တိမသဟဇာတသည် ကံကြမ္မာနှင့် မိုးမြေ၏ လျှို့ဝှက်ချက်ကို ကြိုးကိုင်လှုံ့ဆော်နေကြောင်း သက်သေရလိုက်လေ၏။ အကယ်၍ သူသာ ဝိရောဓိအနေအထားသို့ မရောက်ရှိဘဲ ထိုအရာအပေါ် မမှီခိုခဲ့ပါက သေဆုံးသည်မှာ ကြာမြင့်လောက်လေပြီ။

“သတင်းဆိုးကတော့ မှန်ကန်တဲ့ ကြယ်စင်ကိုရှာတွေ့ဖို့ အချိန်တစ်ခု ကြာမြင့်လိမ့်မယ်” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ အပြင်ဘက်တွင်ရှိနေသည့် အခြေအနေက မတည်ငြိမ်ဘဲ အချိန်က သူတို့ဘက်တွင် ရှိမနေပေ။ သူသာ ဝိဇ္ဇာသန့်စင်မီးတောက်ကို ရှာဖွေဖို့ အချိန်ကြာမြင့်နေပါက ဘာဖြစ်သွားနိုင်မည်မှန်း မည်သူကများ သိမည်နည်း။

 သူက သလင်းကျောက်မှ ဆက်နွယ်မှုဖြတ်တောက်ကာ အပြင်ဘက်ကမ္ဘာတွင် ယေဘုယျအခြေအနေကို စောင့်ကြည့်ဖို့ရာ ကိုယ်ပွားတစ်ယောက် ပြင်ဆင်ဖို့ ပြင်လိုက်သည်။ ထိုအခါမှ သူက ထိုခွေးကောင်ကို ရှာဖွေဖို့ အာရုံစိုက်ထားနိုင်မည် ဖြစ်၏။

All Chapters