ဝက်လိုအသင်းဖော်
Vol. 101 Ch. 1411
ဝမ်ဝေ့က မျက်လုံးဖွင့်ကာ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
“နှစ်သုံးရာက ငါထင်ထားသလိုတော့ မဆိုးဘူးပဲ”
သူက ကိုယ်ပွားနှင့် ဆက်သွယ်ကာ အဓိကဖြစ်ရပ်များ၏ အခြေအနေကို သတင်းရယူလိုက်သည်။ သေမျိုးများက ဂန်ဒမ်နှင့် စည်းမျဉ်းကမ္ဘာကို တည်ဆောက်ပြီး အဆင့်(၉)လူမှုအဖွဲ့အစည်း ဖြစ်လာကြလေသည်။ သို့သော်လည်း သူတို့က ရပ်တန့်ခြင်းမရှိဘဲ ထာဝရအရှင်များ၏ စွမ်းအားနှင့် တာအိုဘိုးဘေးများ၏ တာအိုအရင်းအမြစ်ကို ဆက်လက်လေ့လာနေသည်။
ဝမ်ဝေ့က ထိုအပြုအမူကို မှတ်ချက် မပေးပေ။ သူတို့အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းက မဟာတာအိုအပေါ် မူတည်နေလေ၏။ သို့သော်လည်း တစ်ရက်ကျ သူ ထိုအရာနှင့် ရင်ဆိုင်နိုင်လောက်အောင် လုံလုံလောက်လောက် အားကောင်းသည်နှင့် သူတို့ရှေ့လှမ်းတွင် ပိတ်ဆို့နေသမျှ အရာအားလုံးကို ဖယ်ရှားနိုင်လိမ့်မည်။
“ကပ်ဘေးပျံ့နှံ့တာ အတော်လေး မြန်နေသလိုပဲ” ဝမ်ဝေ့က မှတ်ဉာဏ်များကို ပြန်လည်သုံးသပ်ရင်း တွေးလိုက်သည်။ သူက အရာအားလုံးကို သုံးသပ်ပြီးသည့်နောက်တွင် အကြောင်းအရင်းတစ်ခု တွေ့သွားလေ၏။ ပျံ့နှံ့မှုက အရှိန်မြှင့်တင်လာလေသည်။ အဓိကအကြောင်းအရင်းကမူ ထိုအာဏာရှင်များက ကြမ္မာပြန်လည်ရောက်ရှိလာပြီးသည့်နောက်တွင် အရင်ကလိုမျိုး အားစိုက်ထုတ်မှု မရှိသည့်အတွက် အခြေအနေက ပိုမိုဆိုးရွားလာခြင်း ဖြစ်သည်။
“သူတို့တွေက သော့ခလောက်တွေရဲ့ ဖိနှိပ်မှုအောက်မှာ သူတို့ဘိုးဘေးတွေကို အသက်ပြန်သွင်းဖို့ နည်းလမ်းရှာနေကြတာလား။ ဒီလူတွေက ပြဿနာတစ်ခုဖြစ်ရင် ဘိုးဘေးတွေဆီ အမြဲတမ်း ပြေးလွှားနေကြတာပဲ။ တကယ်ကို အရူးတွေ” သူက ကျိန်ဆဲလိုက်သည်။ ဦးစားပေးက ကျိန်စာဖြစ်သင့်ပြီး သော့ခလောက်က ထိုဘိုးဘေးများအား ပြန်လာဖို့ ခွင့်ပြုထားမည်မဟုတ်ပေ။ ကံဆိုးစွာဖြင့် ထိုသူများက မသေချာမှု သို့မဟုတ် ကမ္ဘာ့အဆုံးသတ်ဖြစ်ရပ်များနှင့် ပတ်သက်လာသည့်အခါ လုံခြုံမှုကင်းမဲ့နေသည့် ခံစားချက်ကို မကြိုက်ကြပေ။
“အဲဒီအရူးတွေက အခြေအနေကို မမြင်ကြဘူးပဲ။ ဒါပေမဲ့ မပြီးမပြတ်အခြေအနေမှာ ရှိနေတဲ့သူတွေကတော့ ငတုံးငအ မဟုတ်ပါဘူး။ သူတို့က ဘာလို့ ဘာမှမပြောရတာလဲ။ အာ သူတို့က တိတ်ဆိတ်နေတာလား” ဝမ်ဝေ့တွင် ရှိနေသည့်သတင်းအချက်အလက်အရ ထိုသူများသည် မပြီးမပြတ်အခြေအနေတွင် ရှိနေသည့် ဘိုးဘေးများကို ဆက်သွယ်ဖို့ လုံ့လစိုက်ထားကြသော်လည်း မည်သူကမှ အဖြေပြန်မရကြပေ။
“သူတို့တွေ တစ်ခုခု ကြံစည်နေတာပဲ ဖြစ်ရမယ်။ အသုံးဝင်ဖို့တော့ မျှော်လင့်ပါတယ်” ဝမ်ဝေ့က သက်ပြင်းချပြီးသည့်နောက်တွင် နောက်ဆုံးအဓိကသတင်းကို အာရုံစိုက်ထားလိုက်သည်။ နောက်ဆုံးတွင် သူက ပြုံးကာ ပြောလိုက်၏။
“နောက်ဆုံးတော့ သတင်းတစ်ခု ရှိလာပြီ” သူ ဝိဇ္ဇာသန့်စင်မီးတောက်ကို မျှားခေါ်ဖို့ လုပ်ထားသည့် ဝိဇ္ဇာခုံရုံးက ပုံမှန်အတိုင်း အသက်ဝင်နေသည်။ ဝမ်ဝေ့ ထင်ထားသည့်အတိုင်း ထိုရှေးဟောင်းမျိုးနွယ်များတွင် ပုန်းအောင်းနေသည့် အဆင့်(၁)နှင့် အဆင့်(၂)ဝိဇ္ဇာများ ရှိလေသည်။
အားလုံးက သူတို့၏ ဗဟုသုတနှင့်အတွေ့အကြုံများကို ထည့်သွင်းပြီးသည့်နောက်တွင် ဖြေရှင်းနည်းတစ်ခုကို အကြံပြုနိုင်ခဲ့ကြသည်။ ဆင့်ကဲသန့်စင်ရေးစွမ်းအား ဖြစ်၏။ ကပ်ဘေးက မည်မျှပင် ကြောက်ဖို့ကောင်းစေကာမူ ထိုသန့်စင်စွမ်းအားက ပြန်လည်ရင်ဆိုင်နိုင်စွမ်း ရှိ၏။ ခုံရုံးက ထိုစွမ်းအားကို ထုတ်လွှတ်လိုက်ပြီး အဆင့်(၁၀)နှင့်အောက် ကျင့်ကြံသူများအတွက် ကပ်ဘေးကို ကုစားနိုင်လေသည်။
သိပ်မကြာခင် ထိုကုဆေးက အာဏာရှင်များအတွက် လူများကို ထိန်းချုပ်ဖို့ရာ နည်းလမ်းဖြစ်သည်ဟု ကောလဟာလများ ထွက်ပေါ်လာသော်လည်း ထိုချဉ်းကပ်မှုက များစွာ သက်ရောက်မှု မဖြစ်ခဲ့ပေ။ အာဏာရှင်များက ထိုလေလွင့်ကျင့်ကြံသူများကို ဂရုမစိုက်ဘဲ သူတို့ကို ကုပေးဖို့ ဖမ်းဆီးကြလေသည်။ နှမြောဖို့ကောင်းလှစွာဖြင့် ယခင်က ပြောသည့်အတိုင်း သူတို့က ဖြေနည်းပေးဖို့ များစွာ အာရုံစိုက်ထားခြင်းမရှိသည့်အတွက် အခြေအနေက ပိုမိုဆိုးရွားလာလေသည်။
အန္တိမသဟဇာတက ရှုံးနိမ့်မှုကို အလွယ်တကူ လက်ခံမည် မဟုတ်ပေ။ ကပ်ဘေး၏ အချက်အလက်များစွာ ပေါ်ထွက်လာသော်လည်း အသုံးမဝင်ပေ။ ထိုအရာက တောမီးသဖွယ် ပျံ့နှံ့နေပြီး လွန်ခဲ့သည့် ၂၅နှစ်အတွင်း တာအိုဘိုးဘေးများအထိ သက်ရောက်မှုရှိသည်။
“တကယ်ကို ဝက်လို အသင်းဖော်တွေပဲ” ဝမ်ဝေ့က ကျိန်ဆဲလိုက်သည်။ ထိုအရာက သူ့ဂိုဏ်းပင်အပါအဝင် ဖြစ်၏။ ဘိုးဘေးယန်းအိုက်က လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည့်အတွက် တာအိုအခွင့်အလမ်းဂိုဏ်းက ထိတ်ထိတ်ပျာပျာ ဖြစ်နေလေသည်။ ထိုအရူးက တခြားသော အင်အားစုများကဲ့သို့ စတင်လှုပ်ရှားလာကြ၏။ ဝမ်ဝေ့၏ ကိုယ်ပွားက သူတို့အား အကြိမ်များစွာ ဖျောင်းဖျခဲ့သော်လည်း သူ့စကားက သက်ရောက်မှုမရှိခဲ့ပေ။
“ကံကောင်းတာက ဗုဒ္ဓဘာသာနဲ့ နတ်ဆိုးမျိုးနွယ်ကတော့ ဉာဏ်ကောင်းတဲ့သူ တချို့ရှိနေလို့ပဲ။ မဟုတ်ရင် အခြေအနေက ပိုပြီးဆိုးရွားသွားနိုင်တယ်” ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းနိုင်သည်။ အခြေအနေက သိပ်မကောင်းလှပေ။ ဝိဇ္ဇာခုံရုံးက အဆင့်(၁၀)နှင့် အထက် ကုဆေးများကို ပြုလုပ်နိုင်မည်ဟု ယုံကြည်ချက်ရှိနေသော်လည်း သူတို့ကုဆေး ဖန်တီးသည့် အရှိန်က ကပ်ဘေးပျံ့နှံ့သည့်အရှိန်ကို မယှဉ်နိုင်ပေ။
“ကံကောင်းတာက ဝိဇ္ဇာသန့်စင်မီးတောက်ကို တွေ့သွားလို့ပေါ့” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ ကိစ္စငယ်တချို့ပင်ရှိသည့်အတွက် သူက ထူးကဲသည့်အရာ လွတ်မသွားအောင် အားလုံးကို အာရုံစိုက်ထားလိုက်သည်။
တကယ်ကို လုံ့လကောင်းတဲ့ ကောင်စုတ်ပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ နတ်ဘုရားချူးက တာအိုအခွင့်အလမ်းဂိုဏ်းဆီ သံတမန်စေလွှတ်ကာ သံတမန်ရေးရာမှတဆင့် သေမျိုးလူမှုအဖွဲ့အစည်း နည်းလမ်းကို ရယူဖို့ ကြိုးစားခဲ့သည်။ သူ ချဉ်းကပ်မှုကျရှုံးသွားသည့်အခါ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များက ဒိုင်မေးရှင်းအနိမ့်မှ လူတစ်ယောက်က ထိုအရာကို ရောင်းချလိုက်သည့်အတွက် နည်းလမ်းရှိနေသည်ကို တွေ့ရှိသွားလေ၏။ သို့သော်လည်း ထိုသူများက ထိုအရာဖြင့် မကျေနပ်ဘဲ အခြေစိုက်စခန်းမှ တာဝန်စေလွှတ်လိုက်သည့် မောင်းနှင်သူများ၊ ရုပ်သေးရုပ်များနှင့် တပ်ဖွဲ့များကို စတင်ပြန်ပေးဆွဲလာသည်။
အံ့ဖွယ်ယုံကြည်မှုကောင်းကင်ဘုံ …. ထူးကဲသာလွန်တဲ့ ခေတ်ကာလမှာ ခင်ဗျားတို့ အင်အားစုဆက်ပြီး ရှိနေမယ်ဆိုရင် ကျုပ်နာမည်က ဝမ်ဝေ့ မဟုတ်တော့ဘူး…
ဝမ်ဝေ့က အံကြိတ်ကာ တွေးလိုက်သည်။ သူက စိတ်အခြေအနေ ဆိုးရွားနေလေ၏။ ကံဆိုးစွာဖြင့် ထိုခွေးကောင်များက ကုလားအုတ်ကျောပေါ်မှ နောက်ဆုံးသော ကောက်ရိုးမျှင် ဖြစ်လာခဲ့သည်။ သူက စိတ်ခံစားချက်များကို ထိန်းချုပ်ရင်းဖြင့် နောက်လုပ်မည့်အပြုအမူအတွက် စိတ်ငြိမ်အောင် ထိန်းလိုက်ရသည်။
ဝိဇ္ဇာသန့်စင်မီးတောက်ကို ဖမ်းဆီးဖို့က လုပ်ရမည့်ကိစ္စဖြစ်သော်လည်း ပြင်ဆင်မှုမရှိဘဲ ချက်ချင်း မလုပ်ဆောင်လိုပေ။ ဝမ်ဝေ့က ကောင်းကင်လျှို့ဝှက်ချက် သလင်းကျောက်ကို အပြည့်အဝ မယုံကြည်နိုင်သည့်အတွက် ဖြစ်နိုင်ခြေများစွာအတွက် ကြိုတင်ပြင်ဆင်ထားလိုသည်။ ထိုဖြစ်စဉ်က သူ့အတွက် သုံးရက်တာ ကြာမြင့်ခဲ့သည်။
မပြီးမပြတ်အခြေအနေ
တောက်ပနေသည့် အနက်ရောင်ဆံပင်ရှိထားသည့် ရုပ်ချောချော အမျိုးသားတစ်ဦးက မျက်လုံးဖွင့်လာလေသည်။ သူတို့က မျက်ဆံမရှိဘဲ ကြယ်စင်လိုမျိုး တောက်ပနေလေသည်။ ထိုအမျိုးသားက အံ့ဖွယ်ယုံကြည်မှုကောင်းကင်ဘုံ၏ ပထမဦးဆုံး ရှေးဦးစံပြဖြစ်သည့် အထွတ်အထိပ်နတ်ဘုရားထျန်း ဖြစ်ပေသည်။
“တစ်ခုခုများ မှားလို့လား” သူ့ဘေးတွင် ၁၂အရွယ် ကောင်လေးတစ်ဦးက မေးလိုက်သည်။
“ငါ သတိပေးမှုကို ခံစားမိလိုက်တယ်။ ကောင်းကင်ဘုံမှာ တစ်ခုခုဖြစ်နေတာ ဖြစ်ရမယ်” ထျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ထိုလူငယ်လေးက ထိုစကားကို ကြားပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ဖခင်က ဒီဗာတစ်ယောက်ဖြစ်သည့်အတွက် မိုးမြေ၏ စည်းမျဉ်းက ချစ်မြတ်နိုးမှုကို ခံရကြောင်း သိထားလေသည်။ ထို့ကြောင့် အာရုံခံစားမှု ကောင်းမွန်နေသည်။ သူက တစ်စုံတစ်ခုခံစားမိလျှင် အကြောင်းအရင်းတစ်ခု ရှိနေရမည်။
“ငါ စစ်ဆေးကြည့်လိုက်ဦးမယ်”
“အဖေ အဲ့လိုလုပ်လို့ မရဘူးလေ။ ကျွန်တော်တို့တွေ စာချုပ် ချုပ်ထားတယ်လေ”
ထျန်းက ရပ်တန့်လိုက်၏။ သူက သေမျိုးကမ္ဘာဆီ ပြန်သွားပါက အစီအစဉ်ကို ဖျက်ဆီးကောင်း ဖျက်ဆီးပစ်နိုင်သည်။ သို့သော်လည်း သူက သူ့အင်အားစု၏ အကျိုးအမြတ်အတွက် လက်ခံလိုက်ခြင်းသာ ဖြစ်၏။ အစီအစဉ်က အောင်မြင်ပြီး သူ့အင်အားစုက မရှိတော့လျှင် မည်သို့အကျိုးရှိမည်နည်း။
“ငါ ချီယွမ်နဲ့ တခြားသူတွေဆီ သွားပြီး စကားပြောကြည့်လိုက်ဦးမယ်” ထျန်းက ပြောလိုက်သော်လည်း သူက မျှော်လင့်ချက်များများစားစား မရှိပေ။ လူအားလုံးက သူတို့ရင်ဆိုင်နေရသည့် ပြိုင်ဖက်အကြောင်း နားလည်ထားသည့်အတွက် သူ့ရုတ်ချည်း ညည်းတွားမှုကြောင့် အစီအစဉ်ကို ပြောင်းလဲပစ်မည် မဟုတ်ပေ။ အဆိုးဆုံးအပိုင်းက အောင်မြင်မှုရရန် သေချာစေဖို့ ဖြစ်ပြီး စာချုပ်ထဲရှိ တန်ကြေးက အတော်လေး ဆိုးရွားနေကာ မည်သူကမှ လက်မခံနိုင်ပေ။
……………………………………………..
ဝမ်ဝေ့က ကမ္ဘာ၏ အစွန်အဖျားဟု မှတ်ယူ၍ ရသည့် နေရာတွင်တည်ရှိနေသည့် တောင်ငယ်တစ်လုံးကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းက လျှို့ဝှက်ဒိုင်မေးရှင်းကို ထိုးဖောက်သွားပြီး အထဲတွင်ရှိနေသည့် လူများစွာကို စောင့်ကြည့်လိုက်သည်။
အဆင့်(၁၂)ဖန်ဆင်းမှုသက်ရှိလား။ ဘယ်သူကမှ သူ့ကို မဖမ်းမိတာ မထူးဆန်းတော့ပါဘူး…
ဝမ်ဝေ့က တွေးလိုက်သည်။ သူ့အကြည့်က ဒေါသနှင့် ရူးသွပ်မှုတို့ရှိနေသည့် ကျင့်ကြံသူများစွာကို သန့်စင်နေသည့် ဝိဇ္ဇာသန့်စင်မီးတောက်ဆီ ကျရောက်လာလေသည်။ ဝိဇ္ဇာအဆင့်အတန်းက လူမှုကျင့်ဝတ် အကန့်အသတ်များ မရှိတော့ပေ။ အနည်းဆုံးတော့ ကောင်းကင်တာအိုဆီမှ ဖြစ်၏။ အကယ်၍ တစ်စုံတစ်ယောက်က ကုသိုလ်လိုအပ်ချက်နှင့် လိုလားချက်နှင့် ကိုက်ညီနေခဲ့သည်ဆိုပါက သူတို့က ကုသိုလ်ရွှေခန္ဓာကို ဖွဲ့စည်းနိုင်လိမ့်မည်။
ဝမ်ဝေ့က လွတ်လပ်မှုကို သဘောကျသည့်အတွက် ကုသိုလ်ရွှေခန္ဓာအတွက် အနှောင်အဖွဲ့မျိုးကို လက်ခံမည် မဟုတ်ပေ။ ဝိဇ္ဇာသန့်စင်မီးတောက်က ထိုဆိုးရွားသည့်အရာများကို လုပ်ခဲ့သော်လည်း သူက ဝိဇ္ဇာတစ်ယောက်ဖြစ်ဆဲသာ ဖြစ်၏။ သို့သော်လည်း ကောင်းကင်တာအိုက အန္တိမသဟဇာတကို ကူညီသည့် အပြုအမူကို မကြိုက်သည့်အတွက် သူ့ရွှေခန္ဓာအား အဆင့်(၁)အဖြစ် လျှော့ချခဲ့သည်။
“သူက တကယ်ကို ရူးနေတာပဲ” ဝမ်ဝေ့က စောင့်ကြည့်ရင်း ပြောလိုက်သည်။ ဝိဇ္ဇာသန့်စင်မီးတောက်က သူ့ရွှေခန္ဓာသည် ထိုဖမ်းဆီးသူများကို သန့်စင်နေသရွေ့ တိုးတက်လာသင့်သလိုမျိုး ပြုမူနေသည်။ သို့သော်လည်း ထိုသို့အလုပ်ဖြစ်နေခြင်း မဟုတ်ပေ။ ထိုအရာက ကုသိုလ်များ ဖြစ်၏။
တစ်စုံတစ်ခုတော့ မှားနေပြီ…
ဝမ်ဝေ့က တွေးလိုက်ပြီး အရေးကြီးသည့် တစ်စုံတစ်ခု လွတ်သွားသလို ခံစားလိုက်ရသည်။
အန္တိမသဟဇာတက ဝိဇ္ဇာသန့်စင်မီးတောက်ကို ဝိဇ္ဇာတစ်ယောက်ဖြစ်လာနိုင်တဲ့ ဒီဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်ကို လိုချင်တာဆိုရင် သူက ရပြီးသွားပြီ။ ဘာလို့ အဲ့လူက အသက်ရှင်နေသေးတာလဲ…
ထိုဗိုင်းရပ်စ်က ဝူယွီ၏ ကပ်ဘေးဖော်စပ်နည်း၏ နောက်ဆုံးကဏ္ဍ ဖြစ်ပေသည်။ ဉာဏ်ရှိသည့်သူများက ထိုဗဟုသုတသည် မည်မျှလိုအပ်ကြောင်း နားလည်ထားကြသောကြောင့် အန္တိမသဟဇာတက ထိုသတင်းရှိသည့်သူကို မည်သို့အသက်ရှင်ခွင့်ပေးထားသနည်း။
သူက ငါ့ကို မျှားဖို့ ကြိုးစားနေတာလား။ ဖြစ်နိုင်တယ်။ ဒါပေမဲ့ တိုက်ရိုက်ဝင်ရောက်စွက်ဖက်မှု မရှိဘဲ ငါ့ကို သတ်နိုင်ခြေက အတော်လေးနည်းတယ်…
ဝမ်ဝေ့က တွေးရင်း သတိအကြီးဆုံး ထားထားလိုက်သည်။ သူက ဝိဇ္ဇာသန့်စင်မီးတောက်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေရင်း တာအိုအုပ်ချုပ်သူတစ်ယောက်ဆီမှ သူ့တည်ရှိမှုကို ဖုံးကွယ်ဖို့ ကြိုးစားနေသည်။
ဒိုင်မေးရှင်းနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ မှားနေတယ်။ နေရာတစ်ခုလုံးက ထူးဆန်းတဲ့ အစီအရင်တစ်ခုပဲ…
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။
“မဟုတ်သေးဘူး။ အစီအရင်တစ်ခု မဟုတ်ဘူး။ ပြောရမယ်ဆိုရင် အခမ်းအနား။ အတိအကျပြောရမယ်ဆိုရင်တော့ ယဇ်ပူဇော်ပွဲပဲ”
ဝမ်ဝေ့က ဒိုင်မေးရှင်းအနိမ့်တွင် ယဇ်ပူဇော်ပွဲကို လေ့လာခဲ့ဖူးပြီး သူ့အနာဂတ်ဇနီးလောင်း၏ စာကြည့်တိုက်ထဲတွင်လည်း များစွာ ဖတ်ရှုခဲ့ဖူးသည့်အတွက် ထိုအခြေအနေအားလုံးကို အလျင်အမြန် စုစည်းနိုင်ခဲ့သည်။
ဝိဇ္ဇာတစ်ယောက်ရဲ့ ရူးသွပ်မှုက ဂုဏ်ယူစရာကနေ မျှော်လင့်ချက် ကုန်ခမ်းမှုပဲ။ အလင်းကနေ အမှောင်။ တခြားနည်းနဲ့ပြောရမယ်ဆိုရင် ယင်ယန်ကူးပြောင်းမှုပဲ။ ဒုတိယကဏ္ဍက ကိုယ်ပိုင်စတေးမှု။ ဒါကတော့ သိသာတယ်။ ဝိဇ္ဇာသန့်စင်မီးတောက်က သူ့ရူးသွပ်မှုကြောင့် ကိုယ့်ကိုယ်ကို သတ်သေမှာ ဖြစ်လောက်တယ်။
ဒီလိုအပ်ချက်နှစ်ခု ကိုက်ညီတာနဲ့ ယဇ်ပူဇော်ပွဲက ကြောက်မက်ဖို့ကောင်းတဲ့ စွမ်းအားထုတ်လွှတ်လာလိမ့်မယ်။ ဒါပေမဲ့ ပစ်မှတ်က ဘာလဲ။ ဘာလို့ အဖြေမထုတ်နိုင်တာလဲ။ ကျစ် ဘယ်လိုပဲဖြစ်ဖြစ် အဲဒီခွေးကောင်ကို သေစေလို့တော့ မဖြစ်သေးဘူး…