အကျပ်ရိုက်ခြင်း
Vol. 010 Ch. 980
စုံစမ်းရန်လမ်းကြောင်းတွေ့ပြီဆိုပါက နောက်ပစ်မှတ်ကိုရှာရန်လွယ် သွားလေပြီ။ သူတို့ရှာတွေ့သော ကိစ္စအတော်အများကို တခြားသူများသည် လျစ်လျူရှုခဲ့ကြသည်။ တချို့သတင်းများမှာ စစ်ဆေးပြီးဖြစ်သည်။
ပိုပိုများသော သက်သေများကို အတည်ပြုခဲ့သောသူများသည် ထိုနေရာ တွင် အဆိပ်မိပြီးသေဆုံးခဲ့ကြသည်။ သို့သော် သူတို့ရှာတွေ့ခဲ့သည်များသည် အသုံးဝင်လှသည်တော့မဟုတ်။
သူတို့သတင်းများတွေ့လေလေ မုန့်ဆန်းချွယ်၏ မျက်နှာမှာ အေးစက် လေလေဖြစ်သည်။ အကြောင်းမှာ ထိုသတင်းများသည် သူတို့အတွက် ရှေ့လျှောက် များစွာသောအရာများကို စဉ်းစားစရာဖြစ်သောကြောင့်ပင်။
ထိုအဆိပ်သည် ပုံမှန်အဖွဲ့မှသာဖြစ်လျှင် အဂ္ဂိရတ်ပညာရှင်အသင်းမှ ပင် ဖြေဆေးရှာမတွေ့နိုင်သည်မှာ မဖြစ်နိုင်ဟု ရှီမာယူယူနှင့် ဟန့်မြောင်ရွှမ် တို့လည်းတွေးမိကြသည်။ ထို့ကြောင့် အဝေးကြီးမတွေးပဲနှင့်ပင် ထိုအဆိပ်၏ အရင်းအမြစ်မှာ အတွင်းပိုင်းကဖြစ်ရမည်။
အတွင်းလူသည် အပြင်ပိုင်းကိစ္စများကိုကြားဝင်ပြီး အထူးသဖြင့် အဂ္ဂိရတ်ပြိုင်ပွဲနှင့်ပတ်သတ်၍ ကြီးမားသောကိစ္စကြီးတစ်ခုကိုလုပ်ခဲ့သည်။ သူတို့ ရည်ရွယ်ချက်မှာ မည်သို့ပင်ဖြစ်စေကာမူ တခြားသူများကို ကြောက်ရွံ့ အောင်လုပ်သည်ကပင် လုံလောက်နေလေပြီ။
“ဒီသတင်းအပိုင်းအစတွေကို အမြန်မြန်သတင်းပို့ရမယ်” ကျန်းဖေ ပြောလေ သည်။
“မဟုတ်ဘူး” မုန့်ဆန်းချွယ် တားလေသည် “ငါတို့သတင်းပို့လို့မရဘူး”
မုန့်ဆန်းချွယ် သူမကိုတားသည်ကိုကြည့်ပြီး ကျန်းဖေ နားမလည်နိုင် ဖြစ်ကာ မေးလေသည် “ဘာလို့လဲ ကျွန်မတို့ သတင်းပြန်မပို့ရင် လူတွေပိုသေ မှာစိုးရတယ်”
“ငါတိုသတင်းပြန်ပို့ရင် ငါတို့သေသွားနိုင်တယ်” မုန့်ဆန်းချွယ် ပြောလေ သည် “တခြားသူတွေကိုသေစေချင်တာလား မဟုတ်ရင် မင်းကသေချင်နေ တာလား”
“ကျွန်မ…” ကျန်းဖေ စကားထစ်သွားသည်။ သူတို့ကို ဆုန်းချောင်းဂျီမှ အစာသဖွယ် ထိုနေရာသို့ပို့ခဲ့သည်။ ထိုနေရာမှ အဖြစ်အပျက်ကို သူတို့သိ သည်ဟု မပြောရသေးခင်တွင် သူတို့ထိုနေရာတွင် ရှင်သန်နိုင်သည်ဟု သိ သည်နှင့် သူတို့ကိုသတ်ဖို့လူလွှတ်နိုင်သည်။
ထိုကိစ္စမှာ လူလုပ်ထားသည့်အဆိပ်ဖြစ်သည်ကို ဆုန်းချောင်းဂျီ သိနှင့် ပြီးသည် သို့မဟုတ် ဆုန်းချောင်းဂျီသာ တရားခံဖြစ်ပါက သူတို့သတင်းပို့လိုက် သည်နှင့် သူတို့က နှုတ်ဆိတ်နေပါ့မလား။
ထို့ကြောင့် မည်သို့ပင်ဖြစ်စေကာမူ ထိုလူများနှင့် အဆက်အသွယ် မလုပ်သင့်ပေ။
“ဒါဆိုရင် ဘာလုပ်ကြမလဲ ဘယ်တော့မှမပြန်ရတော့ဘူးလား” ကျန်းဖေ ပြောလေသည်။
“နည်းလမ်းတော့စဉ်းစားရမယ် ဒီအတိုင်းပြန်လို့မရဘူး” မုန့်ဆန်းချွယ် ပြောလေသည်။
“ဟင်း” ကျန်းဖေလည်း သတိထားမိသွားသည် “ပြန်ဖို့အတွက် အစီအစဉ် သေချာဆွဲဖို့လိုနေပြီ အဲဒါမှ သူတို့ ကျွန်မတို့ကိုမခြိမ်းခြောက်နိုင် မှာ”
“စဉ်းစားဖို့လိုနေပြီ” ဝေ့ကျန်း ပြောလေသည်။
“တကယ်တော့ ပိုပြီးတည့်တိုးဖြစ်တဲ့ နည်းလမ်းရှိတယ်” ရှီမာယူယူ ပြောလိုက်ရာ အားလုံးသည် သူမကိုကြည့်လိုက်ကြသည်။
သူမသည် အားလုံးကို ဝိညာဉ်သားရဲများ၏ တိုက်ခိုက်မှုမှ ရှောင်လွှဲပေး ကာ ပထမဆုံးဖြေဆေးတွေ့သူ၊ ထိုအရာများကို လူလုပ်ထားသည်ဟု အရင်ဆုံးတွေ့သူလည်းဖြစ်သောကြောင့် အားလုံးသည် သူမကို မသိစိတ်မှ ယုံကြည်မိလေသည်။
“ဘာနည်းလမ်းလဲ” ကျန်းမန့် မေးလေသည်။
“ကျွန်တော်တို့ မြို့ကမထွက်ခင်ညက ကျွန်တော့်ပျားတွေကို စုံစမ်းဖို့ ပြောခဲ့တယ်၊ သတင်းတစ်ခုက အခုလက်ရှိအသင်းဥက္ကဌနဲ့ ခေါင်းဆောင်တို့ က အသက်ရှင်တုန်းပဲ” ရှီမာယူယူ ပြောလိုက်သည်။
ထိုနေရာသို့ စုံစမ်းရန်သွားသော ဥက္ကဌနှင့် ခေါင်းဆောင်တို့ ပြန်မလာ သည်ကို မုန့်ဆန်းချွယ် တစ်ခါပြောဖူးသည်။
“သူတို့အသက်ရှင်သေးတာကို မင်းသိနေတာလား”
“ကျွန်တော့ပျားတွေ အဂ္ဂိရတ်ပညာရှင်အသင်းကိုသွားတော့ အဲကလူ တွေပြောတာကြားလိုက်တယ်၊ ဥက္ကဌဆီကသတင်းမရပေမဲ့ သူတို့မသေဘူး ဆိုတာ သေချာတယ်တဲ့” ရှီမာယူယူ ပြောလေသည် “ကျွန်တော်တို့ သူတို့ကို ရှာနိုင်ရင် ဘာပြဿနာမှမရှိပဲ ပြန်လို့ရလောက်တယ်”
“ဥက္ကဌနဲ့ ခေါင်းဆောင်တို့ကိုရှာရမှာလား ဒီနေရာကဒီလောက်ကြီးတာ အန္တရာယ်တွေလည်းအများကြီးပဲ သူတို့ကို ဘယ်လိုသွားရှာမှာလဲ”
“ပြီးတော့ သူတို့ပြန်မလာချင်ဘူးဆိုရင် ဘယ်လိုရှာမှာလဲ”
“ဟုတ်တယ်”
“ဒါကတိုက်ရိုက်ဖြစ်ပြီး ရိုးရှင်းပြီး သက်ရောက်မှုရှိတဲ့နည်းလမ်းပဲ” ရှီမာယူယူ ပြောလေသည် “တခြားနည်းလမ်းစဉ်းစားလိုက်ရင် လုပ်ဖို့ ပိုခက် သွားလိမ့်မယ် ”
“ဒါပေမဲ့ ဥက္ကဌနဲ့ ခေါင်းဆောင်ကိုရှာရတာက အခက်ဆုံးဖြစ်မယ်လို့ ထင်တာပဲ” တစ်ယောက်သည် အသံတိုးတိုးဖြင့် ရေရွတ်လေသည်။
ဥက္ကဌတို့က ပျောက်နေတာကြာနေပြီ။ အသင်းကလည်း သူတို့ကို လူ လွှတ်ပြီးရှာမှာပဲ… အဲဒါကိုအခုထိမတွေ့တာလေ။ သူတို့မှာ ဒီလောက်လူ လေးပဲရှိတာ ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ။
“သူတို့ဒီမှာရှိနေသရွေ့တော့ ရှာလို့ရတယ်” ရှီမာယူယူ ပြောလိုက် သည်။
“သူတို့အန္တရာယ်တွေ့နေရင် ကယ်လို့ရတယ်၊ သူတို့သာပုန်းနေရင် တော့ ရှာချင်ရင်တောင်ရှာလို့မရဘူး” ပင်လယ်ကြယ်နန်းတော်မှ တပည့် တစ်ယောက်က ပြောလေသည်။
“အခု သူတို့အန္တရာယ်တွေ့ဖို့ပဲ မျှော်လင့်ရတော့မှာပဲ၊ တကယ်လို့ သူတို့ ပုန်းနေတယ်ဆိုရင်တော့ သူတို့ကိုရှာလည်းအသုံးမဝင်မှာစိုးရတယ်” ဝေ့ကျန်း ပြောလေသည်။
သူတို့သာ ပုန်းနေပါက သူတို့သည် အခုပြန်မရဟု ဆိုလိုခြင်းဖြစ်သည်။ အဂ္ဂိရတ်ပညာရှင်အသင်းနှင့် ဆေးအဖွဲ့ခွဲတွင် ကြီးမားသောပြောင်းလဲမှုဖြစ် လာနိုင်သည်ဟု ပြောရမည်။
“သူတို့ဒီမှာရှိရင် ရှာပြီးတော့ အရင်ဆုံးစကားပြောကြည့်တာပေါ့” မုန့်ဆန်းချွယ် ဆက်ပြောလေသည် “အခုအခြေအနေကဘာပဲဖြစ်ဖြစ် သူတို့ ကိုရှာရမယ်”
ပင်လယ်ကြယ်နန်းတော်မှလူများသည်လည်း ဥက္ကဌနှင့် ခေါင်းဆောင် တို့ကိုရှာရန်နည်းလမ်းကို သဘောတူလိုက်ကြသည်။
“အတန်းဖော်ယူယူ အကြံလေးများရှိလား” ကျန်းဖေသည် ရှီမာယူယူ ကိုမေးလေသည်။
ဝိညာဉ်သားရဲများကိုရှောင်ရန် သူမ၏ နီရဲပျားများကိုသုံးခဲ့သဖြင့် လူရှာ ရာတွင်လည်း အသုံးပြု၍ရနိုင်သည်။
ရှီမာယူယူ ခေါင်းညိတ်ကာ နီရဲပျားများကိုလွှတ်လိုက်သည်။ သူမသည် မတူညီသောဦးတည်ရာများသို့ ပျံသန်းရန်ညွှန်ကြားလိုက်သည်။
ပျားများပျံသွားသည်ကိုကြည့်ပြီး သူမ နားမလည်နိုင်သည့်အရာများ ရှိသေးသည်ကို တွေးမိလိုက်သည်။ သူတို့သည် ပြိုင်ပွဲဝင်ပြိုင်ချင်ရုံသာရှိ သည်။ ဘယ်လိုဖြစ်ပြီး ဒီကကိစ္စကိုလာစုံစမ်းနေရတာလဲ။ ပြီးတော့ ဘယ်လို ဖြစ်ပြီး ဒီမှာလူလာရှာနေရတာလဲ။
အဂ္ဂိရတ်ပညာရှင်အသင်းမှ ရေက တကယ်နက်တာပဲ။
“ကျွန်တော်တို့ဒီရောက်နေတာ ၁၀ရက်ကျော်ပြီ မကြာခင် အဂ္ဂိရတ် ပြိုင်ပွဲစတော့မယ်၊ အချိန်မှီမရောက်ရင် အဆင့်မှီမှာမဟုတ်တော့ဘူး”
“အဂ္ဂိရတ်ပြိုင်ပွဲက ၁လလိုသေးတယ် အချိန်မှီရောက်မှာပါ” ဟန့်မြောင်ရွှမ် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။
“လမ်းတစ်လျှောက်ကို ဝိညာဉ်သားရဲတွေ ရှောင်ခဲ့တယ်၊ သူတို့လဲ ကူးစက်ခံထားရတယ်လို့ ကြားတယ် ကျန်နှစ်ဖွဲ့လည်း တွေ့နေပြီလား မသိဘူး”
ရှီမာယူယူသည် နားလည်ရခက်စွာပြုံးလိုက်သည်။
သူတို့သည် အမှန်တကယ်ပင် ဝိညာဉ်သားရဲများစွာနှင့်တွေ့ခဲ့သည်။ သူတို့ကို ပြန်တွေ့ရန်တကယ်ပင်မျှော်လင့်ထားသည်။
တစ်ချိန်တည်းမှာပင် တစ်ဖက်တောင်ကြားတွင် လူတစ်ဖွဲ့သည် အသက်ရှုချိန်မရအောင်ပင် ပြေးနေရသည်။ အားလုံးသည် အသက်ကိုလုရှု နေရကာ အဝတ်များလည်း လမ်းပေါ်မှသူဖုန်းစားများကဲ့သို့ စုတ်ပြဲနေသည်။ အများစုမှာ သွေးများစွန်းနေကြသည်။
သူတို့အနောက်တွင် ဝိညာဉ်သားရဲများစွာလိုက်နေကြသည်။ ထိုဝိညာဉ် သားရဲများ၏ မျက်လုံးများတွင် ရူးသွပ်မှုများပြည့်နေကြသည်။ ကြည့်လိုက် သည်နှင့် သူတို့သည် ပုံမှန်မဟုတ်သည်ကို တွေ့နိုင်သည်။
“ဒီမှာဝိညာဉ်သားရဲတွေဘာလို့ဒီလောက်များနေရတာလဲ” သူတို့သည် ကြောက်လန့်တကြားအော်လေသည်။
“ဒီဧရိယာမှာ ဝိညာဉ်သားရဲတွေရှိတယ်လိုှ့ပြောကြတယ် သူတို့သတိ ထားမိအောင် စကားကို အကျယ်ကြီးမပြောနဲ့လို့ ပြောသားပဲ မင်းက နားမှ မထောင်တာ ကြည့်မင်းလုပ်လိုက်တာကို”
“အခုမှအဲဒါတွေပြောနေလို့ ဘာထူးမှာလဲ သူတို့ကို ရှင်းထုတ်ဖို့ နည်းလမ်းမြန်မြန်စဉ်းစားတော့”
“နည်းလမ်းရှိတယ်ဆိုရင် ဒီလောက်ကြီးထိ သူတို့လိုက်လာနိုင်မလား”
“သေစမ်း အဲကောင်တွေနဲ့တွေ့တာ တကယ်ကံဆိုးတာပဲ တခြားနှစ်ဖွဲ့ ကိုဘာလို့ မတိုက်ခိုက်တာလဲ”
“အမှန်ပဲ” လူတစ်ယောက်မျ သံယောင်လိုက်လေသည် “ဒီမှာ ဒီလောက် ရူးနေတဲ့ဝိညာဉ်သားရဲများတာသိရင် ပင်လယ်ကြယ်နန်းတော်နဲ့ အင်ပါယာကျောင်းတော်ကလူတွေနဲ့လိုက်သွားပါတယ် သူတို့ဆိုရင် ဒီ ဝိညာဉ် သားရဲတွေကိုတားပေးနိုင်လောက်တယ်”
ထိုလူများသည် အားနည်းသူများကို သူတို့အတွက်အကာအကွယ် အဖြစ်သုံးမည်ဟု နီရဲပျားမှတစ်ဆင့်ကြားသည်နှင့် ရှီမာယူယူ၏ မျက်နှာသည် ချက်ချင်းပင် မည်းနက်သွားလေသည်။
***