ဒါက ပွဲသိမ်းလား
Vol. 101 Ch. 1412
ဝမ်ဝေ့က အထဲဝင်လိုက်သည်နှင့် သူ့စိတ်က အပြင်ဘက်မှ မမြင်နိုင်သည့် အခမ်းအနား၏ ကဏ္ဍအသစ်ကို မြင်လိုက်ရသည်။ သူက ကြမ္မာပါဝင်နေသည့် အစိတ်အပိုင်းတချို့ကို မြင်လိုက်ရပြီး နောက်ထပ်သတိထားစရာကောင်းသည့်အချက်ကမူ ဤအခမ်းအနားကို ရပ်တန့်ဖို့ ကြိုးစားသည့် အပြုအမူက ထိုအရာ၏ စွမ်းအားကိုသာ တိုးမြှင့်ပေးသွားစေနိုင်သည့်အတွက် နောင်တကိုသာ ဖြစ်သွားစေနိုင်သည်။
ကျစ်…
သူက ကျိန်ဆဲပြီးသည့်နောက်တွင် လတ်တလောလေးမှ ဖန်တီးထားသည့် သတ်ဖြတ်ရေးနည်းစနစ် တစ်ခုကို ထုတ်သုံးလိုက်သည်။ ထိုအရာက ထူးကဲသာလွန်မှုဓားချက် ဖြစ်၏။ ဝမ်ဝေ့က သူ့ထူးကဲသာလွန်မှု ကံကောင်းမှုနှင့် သူ့ပြီးပြည့်စုံမှုမှ အခြေခံအနှစ်သာရကို စုစည်းပြီး ထူးကဲသာလွန်မှုစွမ်းအားကို ရယူခွင့်ပြုထားသည်။ ထိုစွမ်းအားက ထူးကဲသာလွန်မှုတစ်ပိုင်း အစစ်အမှန်စွမ်းအား၏ ထရီလီယံပုံတစ်ပုံပင် မရှိပေ။ သို့သော်လည်း စံပြအဆင့်တွင် ရှိနေသည့်သူများအတွက်မူ နောက်ဆုံးသော တိုက်ကွက်မျိုး ဖြစ်၏။
ဝမ်ဝေ့က ဓားကို ဝှေ့ယမ်းလိုက်သည်။ ထိုဓားချက်တစ်ချက်တည်းဖြင့် သူသည် ဒိုင်မေးရှင်းကို ဤအခမ်းအနားနှင့်အတူ သုတ်သင်ပစ်နိုင်သင့်သည်။ သို့သော်လည်း ကိစ္စများက သူ လိုချင်သလို ဖြစ်မလာခဲ့ပေ။ ဝိဇ္ဇာသန့်စင်မီးတောက်ကို ကာကွယ်နေသည့် တာအိုအုပ်ချုပ်သူက စံပြအသုံးအဆောင်ပစ္စည်းတစ်ခုကို ဆင့်ခေါ်ရင်း သူ့တိုက်ကွက်ကို တုံ့ပြန်လာလေသည်။ ထိုအရာက ဘုံတစ်သောင်းမျှော်နန်းဆောင်ငယ် တစ်ခု ဖြစ်၏။ ထို့ကြောင့် သူ့တိုက်ကွက်က ဝမ်ဝေ့ ရယူထားသည့် ခန္ဓာကိုယ်နှင့်တာအိုအုပ်ချုပ်သူတို့ကိုသာ ဖျက်ဆီးပစ်နိုင်ခဲ့သည်။ ဝမ်ဝေ့၏ ဝိညာဉ်က အကောင်းအတိုင်း ကျန်ရှိနေသည့် မျှော်နန်းဆောင်ကို ကြည့်လိုက်သည်။
ငါက အစကတည်းက ဒီအခမ်းအနားကို ဖျက်ဆီးနိုင်မှာမဟုတ်ဘူး…
ဝမ်ဝေ့က မှုန်မှိုင်းကာ တွေးလိုက်သည်။ မျှော်နန်းဆောင်ထဲတွင် သူ့တိုက်ကွက်ထက် ထူးကဲသာလွန်မှုစွမ်းအားများ ပိုမိုပါဝင်နေသည်။ မြစ်နှင့် ခြင်တစ်ကောင်ကို နှိုင်းယှဉ်သလို ဖြစ်နေလေ၏။ ထိုအရာကို အန္တိမသဟဇာတ၏ အခွံမှ ဖန်တီးထားခြင်း ဖြစ်သည်။
“မင်းပဲ” သန့်စင်မီးတောက်က အမူအရာပျက်ယွင်းလျက် အော်ပြောလိုက်သည်။
“ဒါတွေအားလုံးက မင်းအမှားပဲ။ အရာအားလုံးက မင်းကြောင့်ပဲ”
ဝမ်ဝေ့က သူ့ကို စိုက်ကြည့်လိုက်သည်။ ထိုမျှော်နန်းဆောင်ရှိနေသည့်အခါ ထိုသူကို ဘာမှမလုပ်နိုင်တော့ပေ။ ထိုခွေးကောင်၏ စိတ်က သက်ရောက်မှုရှိသည့် ဆက်နွယ်မှုမျိုးအတွက် အလှမ်းဝေးနေသည်မှာ ကြာမြင့်လှပြီဖြစ်၏။
ငါ့နောက်အဆင့်ကတော့ သုတ်သင်မှုပဲ…
ဝမ်ဝေ့က တွေးလိုက်ပြီး အလျင်လိုမှုကို ခံစားမိလာသည်။ သူ့အလိုလိုသိစိတ်က အမြင့်ဆုံးအဆင့်အနေအထားသို့ ရောက်ရှိလာကာ ဤအခမ်းအနားကို ဆက်လက်တည်ရှိဖို့ ခွင့်မပြုသင့်ကြောင်း ပြောပြနေလေ၏။ ဝမ်ဝေ့က ဒိုင်မေးရှင်းမှ ပျောက်ကွယ်သွားလေ၏။
“ပြန်လာခဲ့။ ငါ့ကို လျစ်လျူရှုရဲတယ်လား” သန့်စင်မီးတောက်က အော်ပြောလိုက်သည်။
ဝမ်ဝေ့က ဤနေရာကို မလာခင်ကတည်းက သီးသန့်ပိုင်းခြားထားပြီးသားဖြစ်၏။ ထိုအရာက အခြေခံပြုမူရမည့် လုံခြုံရေးနည်းလမ်း ဖြစ်ပေသည်။ ယခု သူက ထိုအတွေးအခေါ်ကို အစွန်းရောက်စေကာ အသုံးပြုမည် ဖြစ်၏။ သူက သူ့ဝိညာဉ်မှ ကန့်သတ်ချက်ကို ဖယ်ရှားဖို့ တုံ့ဆိုင်းနေခြင်းမရှိဘဲ အာကာပြင်ထဲတွင် ရှိနေခဲ့စဉ်အချိန်က ဝိညာဉ်စွမ်းအားကို ပြန်လည်ရယူလိုက်သည်။ ထိုစွမ်းအားကို အသုံးပြုကာ ပိတ်ဆို့ရေးအစီအရင်များကို ရေးထွင်းလိုက်၏။
သန့်စင်မီးတောက်က သူ့ရူးသွပ်မှုထဲ မရောက်ရှိခင် နှစ်မိနစ်၊ သုံးမိနစ်ခန့် အချိန်ရှိနေသေးသည့်အတွက် ဝမ်ဝေ့၏ စံပြဝိညာဉ်အား ထိုစည်းတံဆိပ်သန်းပေါင်းများစွာကို ရေးထွင်းဖို့ လုံလောက်စေသည်။
ဝုန်း
ဒိုင်မေးရှင်းက နောက်ဆုံးတွင် ပြိုလဲသွားပြီး တစ်ခုနှင့် တစ်ခု လမ်းကြောင်းသဖွယ် ဆက်သွယ်ထားသည့် အနီရောင်မှော်စက်ဝန်း ၃၃ခု အသွင်ပြောင်းလဲသွားလေသည်။ ထိုမှော်စက်ဝန်းများက အပြည့်အဝ ပေါ်ထွက်မလာခင် အဖြူရောင်ဒိုင်းကာတစ်ခုက ထိုအရာ၏ သက်ရောက်မှုများကို တားဆီးသည့် အတားအဆီးတစ်ခု ပေါ်ထွက်လာသည်။
အောင်မြင်တာလား…
ဝမ်ဝေ့က အောင်ပွဲမခံနိုင်သေးပေ။ သူ့မျက်ဝန်းများကို ပိတ်ထားပြီး စည်းပိတ်ရေး အစီအရင်များကိုသာ ဆက်လက် တည်ဆောက်ဖို့ အာရုံစိုက်ထားလိုက်သည်။ သူ့တုံ့ပြန်မှုက မှန်ကန်နေလေ၏။ မှော်စက်ဝန်း ၃၃ခုက စတင်တိုက်ခတ်လာကာ အကာအရံ၌ အက်ကြောင်းများ ပေါ်ထွက်လာသည်။ သို့သော်လည်း ထိုအက်ကြောင်း ပေါ်ထွက်လာသည်နှင့် နောက်ထပ် အစီအရင်အသစ်က ချက်ချင်းပေါ်ထွက်လာကာ ကာမိသွားစေသည်။
အချိန်က ဝမ်ဝေ့ဘက်တွင် ရှိလေ၏။ ဤထိပ်တိုက်တွေ့ဆုံမှုက ကြာရှည်ခံလေလေ သူ တည်ဆောက်ထားသည့် စည်းပိတ်ရေးအစီအရင်က ပိုမိုများပြားလေလေ ဖြစ်၏။ သို့သော် ဤကဲ့သို့ ပြောင်မြောက်သည့် ယဇ်ပူဇော်ပွဲမျိုးကို ဖန်တီးထားသည့်သူက သူ့လက်ရာကို အလွယ်တကူ မည်သို့ဖျက်ဆီးခံမည်နည်း။
……………………………………….
တာအိုအစပြု နန်းဆောင်
အနီရောင်မြူခိုးတစ်ခုက ရုတ်ချည်း ပေါ်ထွက်လာပြီး နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားစေသည်။ ထို့နောက် တာအိုသူတော်စင်အားလုံးကို ပြန်လာဖို့ အမိန့်တစ်ခု ထုတ်ပြန်လာလေသည်။ သူတို့က ဗုဒ္ဓဘာသာနှင့် တိုက်ခိုက်နေသည်ဖြစ်စေ၊ မတိုက်ခိုက်သည်ဖြစ်စေ သီးသန့်ကျင့်ကြံရေးအတွက် ခွင့်ပြုချက်ရထားသည်ဖြစ်စေ၊ မရထားသည်ဖြစ်စေ အားလုံးက ပြန်လာရမည်သာ ဖြစ်သည်။ ထိုလူအားလုံးက စိတ်ရှုပ်ထွေးနေကြသော်လည်း လိုက်နာရုံမှအပ ရွေးချယ်စရာ မရှိပေ။ သူတို့၏ ခေါင်းဆောင်အား နေမင်းနှစ်စင်းထဲက တစ်စင်း မည်သူကများ ဖြစ်ခိုင်းထားသနည်း။
လူများက ထိုရုတ်ချည်းအပြောင်းအလဲကြောင့် နားမလည်နိုင်ဖြစ်နေကြလေ၏။ ရှုရန်၏ သေဆုံးမှုပြီးကတည်းက အကျင့်ပျက်တာအိုဘာသာသည် စစ်ပွဲကို ရှုံးနိမ့်ပြီး နေရာတချို့ကိုသာ စောင့်ကြပ်ဖို့ ဖိအားပေးခံရသည်။ တာအိုဘာသာလက်သစ်က မေတ္တယျနောက် လိုက်ကြပြီး ယခင်ပိုင်နက်အများစုကို ထိန်းချုပ်ထားလေသည်။
အကျင့်ပျက်သူတော်စင်များက တာအိုအစပြုနန်းဆောင်ဆီ ပြန်လည်ရောက်ရှိလာပြီးသည့်နောက်တွင် ကောင်းကင်ယံမှ သွေးနီရောင်အလင်းတန်း ကျဆင်းလာပြီး လူအားလုံးအား မည်သည့်နေရာ ဦးဆောင်ခေါ်သွားမှန်းမသိသည့် အာကာပြင်မုခ်ဝတစ်ခု ပေါ်ထွက်လာသည်။ သို့သော်လည်း မည်သူကမှ မတုံ့ပြန်နိုင်ခင် မိုးမြေကြားမှ နောက်ထပ် အမြင်ရုပ်လွှာတစ်ခု ပေါ်ထွက်လာ၏။ တာအိုဘာသာ၏ ချီကံကောင်းမှုနဂါးက လေထဲ ပေါ်ထွက်လာကာ နာကျင်စွာ အော်ညည်းလိုက်ပြီး သူ့ခန္ဓာကိုယ်က တခြားသောအာဏာရှင်များနှင့် တူညီသည့် အရွယ်အစားသို့ ကျုံ့သွားလေသည်။ အားလုံးက တုန်လှုပ်သွားကြပြီး ထိုအမြင်ရုပ်လွှာနှစ်ခု၏ အဓိပ္ပာယ်ကို စဉ်းစားနေကြလေ၏။
…………………………………………
ဝမ်ဝေ့က အမူအရာ ပျက်ယွင်းစွာဖြင့် မျက်လုံးပွင့်လာလေသည်။ သူက သူသိထားသည့် အကောင်းဆုံး ကာကွယ်ရေးဒိုင်းကာကို သုံးခဲ့၏။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသည့် အနီရောင်အလင်းတန်းက သူ့ဒိုင်းကာကို ချက်ချင်းသုတ်သင်ပစ်ပြီး တိကျစွာဖြင့် သူ့နေရာသို့ ကျရောက်လာလေသည်။ အနီရောင်အလင်းတန်းက သူ့ဆီ ဦးတည်လာလေ၏။
ဝမ်ဝေ့၏ အမူအရာက ချက်ချင်းပြောင်းလဲသွားခဲ့သည်။ သူက လက်ရှိအနေအထားတွင် ဝိညာဉ်အသွင်ဖြစ်သည့်အတွက် တစ်စုံတစ်ခုကြောင့် သုတ်သင်ခံရဖို့ လွယ်ကူနေသည်။ ထို့ကြောင့် သူက ထိုအရာဖြင့် အကွာအဝေးကို ချဲ့လိုက်၏။ သူ့အတွက် ကံဆိုးသွားသည်က အနီရောင်အလင်းတန်းသည် ရလဒ်ကို ထင်မှတ်ထားသည့်အလား အကာအရံဆီ ချက်ချင်း တိုးဝင်လာသည်။ ဝမ်ဝေ့က သူ့အမှားကို သဘောပေါက်ကာ ချက်ချင်းပြေးသွားလိုက်၏။ သို့သော်လည်း နောက်ကျလွန်းသွားခဲ့သည်။ အနီရောင်အလင်းက မှော်စက်ဝန်းများကို ဖြည့်စည်းပြီး သူတို့နှင့် ပေါင်းစည်းသွားလေ၏။ ထို့နောက် ကမ္ဘာကြီးက တတိယမြောက် အမြင်ရုပ်လွှာကို မြင်လိုက်ရသည်။ ထိုအရာက မှော်စက်ဝန်း ၃၃ခုသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ပျောက်ကွယ်သွားခြင်း ဖြစ်၏။
ဝမ်ဝေ့က ကောင်းကင်ယံကို ကြည့်လိုက်သည်။ လက်ရှိ သူ့အလိုလိုသိစိတ်က အော်ဟစ်နေလေ၏။
နောက်ဆုံးတော့ ကစားပွဲက ပြီးသွားပြီ။ ငါတို့တွေ ရှုံးသွားပြီ…
သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ထိုအရာက ဘာဖြစ်သွားတာလဲဟု စဉ်းစားနေသည်။ သူတစ်ယောက်တည်းသာ မကပေ။ သို့သော်လည်း မိနစ်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် မည်သည့်အရာမှ ပြောင်းလဲသွားဟန်မပေါ်ပေ။
ငါက အတွေးလွန်နေတာလား…
ဝမ်ဝေ့က တွေးနေစဉ် သူ့အတွေးများပင် အဆုံးမသတ်သေးခင် ဝန်ကြီးချုပ် တုချုံးဆီမှ အရေးပေါ်သတင်းစကားကို ရရှိလိုက်သည်။ ထို့ကြောင့် သူက လေဟာနယ်ပုံရိပ်ယောင်နယ်မြေထဲ ဝင်ရောက်ခဲ့၏။
“မဟာအစောင့်အရှောက် ကျုပ်တို့ကို ကယ်ပါဦး” တုချုံးက အော်ဟစ်ပြီး ကလေးတစ်ယောက်လိုမျိုး ငိုယိုနေသည်။ မာနကြီးပြီး ယုံကြည်ချက်ရှိသည့် ဝန်ကြီးချုပ်က ယခုအခါ စကားဖြင့်ဖော်ပြ၍မရနိုင်လောက်အောင် တုန်လှုပ်ကာ ခြောက်ခြားနေလေ၏။
“ဘာဖြစ်သွားတာလဲ”
“သူတို့တွေ သေနေကြတယ်။ စက္ကန့်ပိုင်းလေးမှာ ရာချီပြီးတော့ သေနေတယ်” တုချုံးက ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။ ထိုစကားကို ဝမ်ဝေ့က အခြေစိုက်စခန်းဆီ ချက်ချင်းရောက်ရှိလာသည့်အခါ အမူအရာပြောင်းလဲသွားလေ၏။
“ငါ ဒါကို တွေးထားခဲ့မိသင့်တာ။ သူ့နဂိုပစ်မှတ်က သေမျိုးတွေပဲလေ” ဝမ်ဝေ့က အံကြိတ်ကာ ပြောလိုက်သည်။ သူက အန္တိမသဟဇာတသည် ကျင့်ကြံသူများအား သေမျိုးများအပေါ် ပစ်မှတ်ထားစေသည့်အချက်ကိုသာ အာရုံစိုက်ထားခဲ့မိသည်။ အန္တိမသဟဇာတ၏ အကြွင်းမဲ့ရည်ရွယ်ချက်က လူအားလုံးကို ရှင်းထုတ်ပစ်ဖို့ ဖြစ်၏။ ထိုအရာကို မည်သို့ရယူခြင်းက အပိုရမှတ်သာ ဖြစ်ပေသည်။
ကျိန်စာက သေမျိုးများဆီ ရောက်ရှိလာသည့်အတွက် ထိုပုံစံက အရေးကြီးလှသည်။ တစ်စုံတစ်ယောက်က ကျိန်စာမိသည်နှင့် သူတို့က စက္ကန့်ပိုင်းအတွင်း သေဆုံးသွားကြလိမ့်မည်။
ဝမ်ဝေ့က သူ့ကုသိုလ်ခန္ဓာကို ဆင့်ခေါ်ပြီး အခြေစိုက်စခန်းတစ်ခုလုံးကို ကောင်းချီးပေးလိုက်၏။
သေဆုံးမှုက နှစ်ဆယ်စက္ကန့်အထိ ရောက်ရှိသွားပြီ…
သူက အမူအရာပျက်ယွင်းကာ တွေးလိုက်သည်။ သူ့ကြိုးစားမှုက အသုံးမဝင်ပေ။ သူက မရဏအာရုံဟု ခေါ်ဆိုသည့် နည်းစနစ်တစ်ခုကို အသက်သွင်းပြီးသည့်နောက်တွင် ထိုအရာကို မြင်လိုက်ရ၏။ ကျိန်စာက ကမ္ဘာတစ်ဝန်း ပျံ့နှံ့နေပြီဖြစ်ကာ သေမျိုးများက စက္ကန့်ပိုင်းလေးအတွင်း သေဆုံးနေရသည်။
ဒီနှုန်းနဲ့ဆိုရင် သေမျိုးတွေအားလုံး ကမ္ဘာကနေ ပျောက်ကွယ်သွားဖို့ ငါးနှစ်လောက်ပဲ အချိန်ကြာမယ်…
ဝမ်ဝေ့က ဒေါသမထွက်ပေ။ ထိုအစား သူက အတော်လေး တည်ငြိမ်နေလေ၏။
အနီရောင်မျက်နှာဖုံးက သူ့ကို ဆက်သွယ်လာ၍ သူက ပြန်ပြောလိုက်သည်။
“သေမျိုးတွေအကြောင်း သိပြီးသွားပြီ။ ဘာမှတင်ပြနေဖို့ မလိုဘူး။ အမြန်ဆန်ဆုံး ဆက်သွယ်ရေးအတွက် အံ့ဖွယ်အသိစိတ်ကို သုံး” ဝမ်ဝေ့က တိုက်ရိုက်ပြောလိုက်သည်။
“ဟုတ်ကဲ့ အကျင့်ပျက်တာအိုဘာသာရဲ့ အသက်ရှင်သူတွေအားလုံးကို တာအိုအစပြုနန်းဆောင်မှာ စတေးခံထားရပါတယ်။ ဒါပေမဲ့ တာအိုဘာသာရဲ့ နေမင်းရဲ့ ကြမ္မာ မရှိတော့ပါဘူး”
“အိုး”
အနီရောင်မျက်နှာဖုံးက သူ့အား အမြင်ရုပ်လွှာမှ ကူးယူထားသည့် ဖြစ်စဉ်အား ပြသလာသည်။
“ဒါက ဒီလိုကိုး” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ထိုခွေးကောင်က မကုသနိုင်သည့် ကပ်ဘေးကို ကမ္ဘာကြီးဆီ ဖြန့်ကျက်ဖို့ မည်မျှအထိ လုပ်ထားကြောင်း နားလည်သွားလေ၏။ သတင်းကောင်းကမူ သူသည် တာအိုဘာသာ၏ ခေါင်းဆောင် မဟုတ်တော့ဘဲ သူတို့၏ ကံကောင်းမှုနှင့် အရင်းအမြစ်ကို မရယူနိုင်တော့ပေ။ သူက ကမ္ဘာကြီးဆီမှ ရယူနိုင်ခြေကလည်း သော့ခလောက်ကြောင့် ဖြတ်တောက်ခံလိုက်ရမည် ဖြစ်၏။
သေမျိုးအားလုံး သေဆုံးသွားတာနဲ့ ကောင်းကင်တာအိုအတွက် ထိနှက်ချက်ကြီး ဖြစ်သွားလိမ့်မယ်။ သူ့အနေနဲ့ ပြန်လည်ရောက်ရှိလာဖို့ စွမ်းအားအများကြီး ရဖို့ လုံလောက်တယ်…
ဝမ်ဝေ့က နှာခေါင်းရှုံ့လိုက်သည်။ သူက သေမျိုးကပ်ဘေးအတွက် များစွာ စတေးထားဟန်ပေါ်သော်လည်း သူသာ နောက်ပိုင်းတွင် ပြန်လည်အားဖြည့်နိုင်သည်နှင့် အရာအားလုံးကို ကာမိသွားစေလိမ့်မည်။
“တခြားဘာရှိသေးလဲ”
“အားလုံးက ထိတ်ထိတ်ပျာပျာ ဖြစ်နေကြပါတယ်။ ဂိုဏ်းကလည်း ချက်ချင်းပြန်လာပြီးတော့ ထိန်းချုပ်ဖို့ အမိန့်ပေးထားပါတယ်” အနီရောင်မျက်နှာဖုံးက တင်ပြလိုက်သည်။ ဝမ်ဝေ့က ခေါင်းညိတ်ပြီးသည့်နောက်တွင် သူမကို ပြန်လွှတ်လိုက်၏။ ဂိုဏ်းဆီ ပြန်သွားခြင်းက ထိုနေရာတွင် ဖြေရှင်းနည်း မရှိသရွေ့ အသုံးဝင်မည် မဟုတ်ပေ။
လက်ရှိအခြေအနေက ပွဲသိမ်းဖြစ်နေသော်လည်း ဝမ်ဝေ့က မထင်ပေ။ ဤနေရာတွင် နည်းလမ်းတစ်ခု ရှိရပေမည်။
………………………………………….
“အစ်ကိုကြီး ကိစ္စတွေက ထိန်းချုပ်မှုကနေ လွတ်သွားပြီ” ယန်းအိုက်က ပြောလိုက်သည်။
“သူတို့နဲ့ ပတ်သက်ပြီး မစိုးရိမ်နဲ့။ သူတို့က စာချုပ်လက်မှတ်ထိုးတာဆိုတော့ ဘေးမှာ ဖယ်နေရမှာပဲ”
“အဲဒါ အရင်ကလေ”
“ဘာမှမပြောင်းလဲဘူး” ချီယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
“အဲဒီကောင်လေး ဝမ်ဝေ့ဆီမှာပဲ အကုန်လုံး ချန်ထားမှာလား။ သူက ကျရှုံးသွားပြီလေ”
“မဟုတ်ဘူး။ ကျုပ်လည်း အစ်ကိုကြီးနဲ့ သဘောတူတယ်” တိုက်ပွဲရူးက ထွက်ပြောလိုက်သည်။
“သူ့မျက်လုံးကို ကြည့်လိုက်။ ဒါက အရှုံးကို လက်ခံမဲ့သူမျိုးရဲ့ အကြည့်မျိုး မဟုတ်ဘူး။ ပြောရမယ်ဆိုရင် ဒါက ပထမဦးဆုံးအကြိမ် ချောင်ပိတ်ခံရတဲ့ သားရဲတစ်ကောင်ရဲ့ အကြည့်မျိုးပဲ။”
“တတိယညီလေး ပြောတာ မှန်တယ်” ချီယွမ်က ပြောလိုက်သည်။
“ဒီကောင်လေးက ယခုအချိန်အထိ သူ့ဉာဏ်ရည်နဲ့ ယှဉ်နိုင်တဲ့ ပြိုင်ဘက်မျိုးကို မတွေ့ခဲ့ဖူးဘူး။ သဘောတရားအရ ဒါက သူ့ဉာဏ်ရည်ပိုင်းဆိုင်ရာ တိုက်ပွဲမှာ ပထမဦးဆုံးအကြိမ် ချောင်ပိတ်ခံရတာပဲ။ ဒီကိစ္စက သူ့ကို ပြောင်းလဲသွားစေလိမ့်မယ်။ အဲဒါကြောင့် ငါတို့ဆက်စောင့်ပြီးတော့ မူလအစီအစဉ်အတိုင်း ဆက်လုပ်ဖို့ လိုမယ်”