← Chapters

နင်နိုင်ရင် ဒီလေ့ကျင့်ရေးကို ကျော်လိုက်လို့ ရတယ်

Vol. 111 Ch. 1651

နင်နိုင်ရင် ဒီလေ့ကျင့်ရေးကို ကျော်လိုက်လို့ ရတယ်

Vol. 111 Ch. 1651

“ အဆင်ပြေမှာပါ…. ဒီညလည်း ထပ်ကြိုးစားကြည့်ပေါ့ … မင်းရဲ့ စိတ်ရင်းကို သူ မြင်ရင် တစ်ခုခုတော့ ပြန်ရလာမှာပါ …”

“ တော် တော် တော် .. လင်းကော …. မင်း ငါ့ကို လိမ်ရိုက်နေတာတွေ တော်လိုက်တော့ …. ငါ အသက် ပိုရှည်ရှည်လေး နေချင်တယ် ဟုတ်ပြီလား ….”

“ သေစမ်း … ဒီက မင်းကို အခွင့်အရေး ပေးနေတာတောင် မင်းက အမိအရတောင် မဆုပ်ကိုင်နိုင်ဘူးလားဟ …”

“ ငါလည်း သာမန်လူပဲလေ… ဒီလို ကစားသမားတစ်ယောက်ကိုတော့ လုံးဝ လက်တွဲခေါ်ပေးလို့ မနိုင်ဘူး ….”

“ ကောင်းပြီ… ပွစိပွစိ လုပ်မနေနဲ့တော့ … စောင်ခေါက်ပြီး ထတော့ … အသင့်ပြင်ထား …”

နှစ်ယောက်သား ရေချိုးခန်းသို့ သွား၍ မျက်နှာသစ်၊ သွားတိုက်လိုက်ကြပြီး မနက်စာ စားသောက်ရန်အတွက် ကန်သင်းသို့ ထွက်လာခဲ့ကြသည်။

“ လခွမ်း .. ဒီကောင် တကယ်ကြီး နည်းပြကူဘေးမှာ ထမင်းသွားစားနေတယ်ပေါ့ … ဒီကောင် တယ်လုပ်ရဲနေပါလား …” ကျန်းဖန့် ပြောလိုက်သည်။

လူတိုင်းက နည်းပြနှင့် ရင်းနှီးမှု ရရှိချင်နေကြသော်လည်း မည်သူကမျှ ထိုသို့ ပြုလုပ်ရန်အထိ အရှက်မကင်းမဲ့ကြချေ။

သို့သော် ကျိုးရှင်းဟိုင်ကတော့ ထိုသို့ ပြုနေလေသည်။

“ တကယ်တမ်းကျတော့ ဒီလို လုပ်တာက ထွေထူး ပြောပလောက်စရာလည်း မရှိပါဘူးကွာ … ဒါပေမယ့် အလုပ်ထဲမှာဆိုရင် အဲ့လိုလူတွေက လူကြိုက် တော်တော်များကြတယ်….”

“ အမှန်ပဲ … လူတိုင်းက သူတို့ကို ဖော်လံဖားလုပ်ရင် မကြိုက်သူဆိုလို့ ခပ်ရှားရှားရယ်….”

“ အဲ့ကောင်ကို လျစ်လျူရှုထားလိုက် …. ငါတို့ စားစရာရှိတာ စားကြမယ်….”

ကန်သင်း၏ မနက်စာက အတော်လေး အလျှံပယ် ဖြစ်လှ၏။ သို့သော် နေ့လည်စာနှင့် ညစာတို့ထက်တော့ ပိုပြီး ပေါ့ပေါ့ပါးပါး ရှိလေသည်။ ဤသည်ကလည်း ဟွာရှလူမျိုးများ၏ စံနှုန်းအတိုင်းအတာအတွင်း၌သာ ရှိသည်။

အဆီများသည့် အစားအသောက်တို့အား မနက်ခင်းပိုင်းတွင် အစာမချေနိုင်ကြချေ။

စားသောက်ရင်း တစ်ဝက်သို့ ရောက်သည့် အခါ၌ လီရှန်းဟွေ့သည် လင်းရီထံသို့ ရောက်လာပြီး “ ခုနစ်နာရီခွဲ လူစုပြီး သူတို့နဲ့ သွေးပူအောင် အရင်လုပ်ထားနှင့် … ပြီးရင် ငါတို့ ရှစ်နာရီကျ လေ့ကျင့်ရေး စကြမယ်…”

“ ဟုတ်ကဲ့ …”

လီရှန်းဟွေ့‌ ခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူ၏ အစာဗန်းအား ကိုင်၍ မနက်စာ သွားယူလေသည်။ လမ်းတွင်လည်း မနားတမ်း သမ်းဝေနေပြီး ညက ကောင်းကောင်း မအိပ်ခဲ့ရသည်မှာ သိသာလှသည်။

ထမင်းစားပြီးနောက် လူတိုင်း ကွင်းပြင်ထဲသို့ တစ်ယောက်ပြိး တစ်ယောက် ရောက်လာခဲ့ကြ၏။

အသင်းခေါင်းဆောင် တစ်ယောက်အနေနှင့် လင်းရီသည် လူတိုင်းအား စုဝေးပြီး အကြောလျှော့ရသည့် လုပ်ငန်းစဉ်ကို တာဝန်ယူထားရလေသည်။

သူ၏ အခန်းကဏ္ဍက ကျောင်းရှိ အားကစား ကော်မတီ ရာထူးနှင့်ပင် အနည်းငယ် ဆင်တူနေလျက် ရှိတော့သည်။ ဆရာများ၏ ဝေယျာဝစ္စ ကိစ္စများအား ပြုလုပ်ပေးနေရသော်လည်း လက်ဆုပ်လက်ကိုင် အာဏာမှာတော့ ရှိလို့မနေချေ။

မနက်ခင်း ရှစ်နာရီထိုးသည့် အချိန်၌ လူတိုင်းမှာ အစီအရီ မတ်တပ်ရပ်နေပြီး ဖစ်၏။ လီရှန်းဟွေ့နှင့် ကူရိရန်တို့ လက်ထဲတွင် စောင့်ကြည့်နာရီ ကိုယ်စီဖြင့် ရောက်လာခဲ့ကြသည်။

“ ဒီနေ့ မနက်ခင်းပိုင်း ကိုယ်ကာယ စမ်းသပ်မှုကို စစ်တပ်ရဲ့ စံချိန်စံနှုန်းတွေ အတိုင်းပဲ သွားမယ်… ၅ ကီလိုမီတာကို ၂၃ မိနစ်အတွင်း ပြေးနိုင်ရင် စံမှီတယ်… ၂၀ မိနစ်ဆိုရင် ကောင်းတယ်လို့ သတ်မှတ်တယ်… ၁၉ မိနစ်ဆိုရင်တော့ တော်တယ်ပေါ့ …. မှတ်တမ်းတွေကို မင်းတို့ရဲ့ အကဲဖြတ်ရလဒ်တွေထဲ ထည့်ပေါင်းသွားမယ်… စမ်းသပ်မှု မစခင် မင်းတို့ကိုယ် မင်းတို့ သွေးပူအောင် လုပ်ဖို့ အချိန် ၁၀ မိနစ် ရှိတယ်…”

“ ၅ ကီလိုမီတာကို ၂၃ မိနစ်နဲ့ ရောက်ရမယ်….”

“ ဘုရား‌ရေ …..”

လူတိုင်း စောဒက တက်မိလိုက်ကြသည်။ သူတို့စိတ်ထဲ ဤသည်က မဖြစ်နိုင်ဟု ခံစားနေကြရ၏။ အကယ်၍ သူတို့သည်သာ စစ်တပ်ထဲက လူများ ဖြစ်ခဲ့မည် ဆိုပါက ဤစံနှုန်းက ဘာမျှ မဟုတ်သည်ကို သတိထားမိကြလိမ့်မယ်။ လူတော်တော်များများ ပြီးစီးအောင်မြင်နိုင်သည့် စံနှုန်းတစ်ခု ဖြစ်၏။

သို့သော် ယခု ရှိနေကြသည့် လူအများစုက ရဲအကယ်ဒမီဆင်းများ ဖြစ်ကြပြီး အခြေခံ လေ့ကျင့်ရေး တစ်ချို့ ရှိခဲ့သော်လည်းပဲ သာမန် တက္ကသိုလ်ကျောင်းသားများထက် အနည်းငယ်ပိုသွားရုံမျှပင်။

သူတို့အား ယခုလို စံနှုန်းတစ်ခုဖြင့် တိုင်းတာလိုက်သည်ကတော့ အနည်းငယ် ရက်စက်သည်ဟု ဆိုနိုင်သည်။

ပြေးသည့်နေရာ၌ အထူးတလှယ် ကောင်းမွန်နေသူများသာ စံနှုန်းအား မှီနိုင်ရုံမျှသာ ရှိပြီး ကျန်သူများကတော့ စံပြည့်မှီဖို့ရာ လမ်းစ မမြင်ကြချေ။

အကယ်၍ သူတို့ဘက်ကသာ ၅ ကီလိုမီတာကို ၂၅ မိနစ်အတွင်း ပြေးနိုင်သည်ဆိုကပင် အထင်ကြီးဖို့ ကောင်းနေပြီ ဖြစ်၏။

ယခုတော့ ၂၃ မိနစ်သာလျှင် အချိန်ရလေသည်။ ဤသည်က ကောင်းကင်အား ဖီဆန်ခိုင်းနေသည် မဟုတ်ပါလော။

“ နည်းပြ … နည်းနည်းလေး လျော့ပေါ့ပေးလို့ မရဘူးလားဟင် … ဒီရဲ့ တောင်းဆိုချက်က ကျွန်မတို့ အတွက်ကျ နည်းနည်းခက်တယ်…” ကျန်းဇီရှင်း ပြောလိုက်သည်။

“ ခက်ခဲတယ်ဆိုရင်တောင် မင်းတို့ လုပ်ရမှာပဲ … မင်းတို့ ဘယ်သူဆိုတာကို မမေ့နဲ့ … ဒီယူနီဖောင်းကို ဝတ်ပြီးသွားကတည်းက မင်းတို့က သာမန် အရပ်သားတွေ မဟုတ်ကြတော့ဘူး … မင်းတို့ကိုယ်မင်းတို့ မြင့်မားတဲ့ စံနှုန်းတွေနဲ့ပဲ တိုင်းတာရမယ်…”

“ ဒါပေမယ့် ကျွန်မတော့ လူတိုင်း ပြီးမြောက်နိုင်မယ် မထင်ဘူးနော်…”

ထိုအချိန်တွင် ကျိုးရှင်းဟိုင်မှာ တစ်ခွန်းတစ်လေမျှ ဝင်ပြောခြင်း မရှိချေ။

ဤသည်က အဘယ်ကြောင့်ဆိုသော် သူ တက္ကသိုလ် တက်စဉ်က စစ်ဆေးမှု တစ်ခု ပြုခဲ့ဖူးပြီး သူ၏ အကောင်းဆုံး ရလဒ်က ၂၄ မိနစ်ပင်။

ယခု ဘွဲ့ရပြီးသည်မှာ နှစ်ဝက်ကျော် ရှိပြီး ကြားထဲတွင် လေ့ကျင့်ခန်းလည်း သိပ်မလုပ်ဖြစ်ချေ။ ၂၄ မိနစ်ကို အသာထား၊ ၂၅ မိနစ်တွင် ပြီးဆုံးနိုင်မည်ဆိုလျှင်ပင် မဆိုးဟု ပြော၍ ရ၏။

“ နင် မလုပ်နိုင်ဘူးဆိုတိုင်း တခြားသူတွေလည်း မလုပ်နိုင်ဘူးလို့ မဆိုလိုဘူး …..”

ကူရိရန်မှ လင်းရီအား ကြည့်၍ “ သူတို့ရဲ့ အသင်းခေါင်းဆောင် တစ်ယောက်အနေနဲ့ နင်က လူတိုင်း အတွက် ဥပမာကောင်း တစ်ခု ဖြစ်နေဖို့လိုတယ်.. နင်ရော အဲ့လို မထင်ဘူးလား ….”

“ ငါက ဒီတိုင်း လူကူစုပေးတဲ့သူ သပ်သပ်ပဲလေ… အဲ့တာတွေက ငါနဲ့ ဘာဆိုင်လို့ ….”

“ နင့်ကိုယ်နင် ဘယ်သူဆိုတာ သိနေမှတော့ နင်က ဥပမာကောင်း ဖြစ်ရမယ်… နင် မလုပ်နိုင်ဘူးဆို နင့်ကိုယ်နင် မရှက်ဘူးလား….”

ဤ ကျားသစ်မမှာ သူ့အား တမင်ဆွပေးနေသည်ဟု လင်းရီ ခံစားနေရ၏။

သူတို့အားလုံးက ပခုံးနှစ်ဖက်ကြားမှ ခေါင်းပေါက်သူများ ဖြစ်ပြီး အဘယ်ကြောင့် သူကပဲ အခြားသူများထက် ပိုပြီး အထင်ကြီးစရာ ကောင်းနေရမည်နည်း။

“ နင် မလုပ်နိုင်ဘူးဆိုလည်း ဘေးမှာ ရပ်နေ.. ငါတခြား တစ်ယောက် လာခိုင်းလိုက်မယ်…”

“ မလုပ်နိုင်တာ မဟုတ်ဘူး …”

ကူရိရန် နှာမှုတ်လိုက်ပြီး “ နင် ၂၃ မိနစ်အတွင်း ပြေးနိုင်မှာ သေချာလို့လား…”

“ အဲ့တာ အသာထားဦး …. နည်းပြကူရဲ့ ရလဒ်ကရော ဘယ်လောက်မို့လို့ ….”

“ ၂၀ မိနစ်နဲ့ ၃၂ စက္ကန့် …” ကူရိရန် ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်၏။

“ ဝိုး …. နည်းပြကူက သိပ် အထင်ကြီးဖို့ကောင်းတာပဲ …” ကျန်းဇီရှင်း မနာလို အားကျဖြစ်စွာ ပြောလိုက်ပြီး “ ငါတို့ နှစ်ယောက်လုံးက မိန်းကလေးတွေကိုပဲ ဘာလို့ နည်းပြကူက ပိုတော်နေရတာပါလိမ့်… ကိုယ့်ကိုယ်ကို ဒီလောက်ထိ အပင်ပန်းခံနေတာတောင် အဲ့ဒီ တိုင်မင်ကို လိုက်မမီနိုင်သေးဘူး …”

“ ဘာမှ အံ့အားသင့်နေစရာ အကြောင်းမရှိဘူး … မင်းတို့ချင်းရဲ့ အခြေအနေက မတူညီတာကိုလည်း မမေ့လိုက်နဲ့လေ…” လင်းရီ ပြောလိုက်ပြီး “ မင်းပြေးတဲ့ အခါကျရင် ဆက်တိုက် ခုန်ဆွနေတာက ကိုယ့်ရဲ့ အမြန်နှုန်းအပေါ်မှာ အကျိုးသက်ရောက်ရှိတယ်… ဒါပေမယ့် နည်းပြကူမှာကျ အဲ့လို စိုးရိမ်ပူပန်စရာတွေလည်း မရှိတော့ မင်းထက် ပိုလုပ်နိုင်တာပေါ့ ….”

“ ခုန်ပေါက်နေတယ်……”

ကျန်းဇီရှင်း ကူရိရန်အား လှမ်းကြည့်လိုက်၏။

ကြည့်ရသည်မှာ အဓိပ္ပာယ် ရှိဟန်ပင်။

“ လေးလေးနက်နက် နေစမ်း …” ကူရိရန် နှာမှုတ်လိုက်ပြီး “ ငါ့ရလဒ်ကို ပြောပြပြီးပြီ… နင်လည်း ကောင်းကောင်း စွမ်းဆောင်နိုင်ပြီး ငါ့လို မိန်းမသား တစ်ယောက်ထက် မဆိုးရွားဖို့ကို မျှော်လင့်ပါတယ်….”

“ ဟမ့် … ကိုယ့်ကိုယ်ကို ၁၉ မိနစ်အတွင်း မပြေးနိုင်တာကိုများ ဘယ်ကနေ ဘဝင်လေဟပ်လာလဲ မသိပါဘူး ….”

“ အဟက် ….”

ကူရိရန် လင်းရီအား ကြည့်လိုက်ပြီး “ အမျိုးသမီး ၅ ကီလိုမီတာ ပြေးပွဲမှာ ကမ္ဘာ့စံချိန်က ၁၄ မိနစ်နဲ့ ၁၂ စက္ကန့် …. အမျိုးသားတွေ အတွက်က ၁၂ မိနစ်နဲ့ ၃၇ စက္ကန့် … ငါ့ရဲ့ ၂၀ မိနစ်နဲ့ ၃၂ စက္ကန့် စံချိန်က ဆိုးတယ်လို့ နင်ထင်သေးလား ….”

“ တော်တော်လေး သာမန်ဆန်တယ်….”

“ ရှီး ….”

ကျိုးရှင်းဟိုင် ခနဲ့သည့် အသံပြုလိုက်ပြီး “ လင်းရီ … မင်းမှာ ကိုယ့်ကိုယ်ကို သိတဲ့ စိတ်လေး မရှိဘူးလား … နည်းပြကူရဲ့ ရလဒ်တွေက ထူးချွန်ပြောင်မြောက်လွန်းနေပြီးသား … မင်းတောင် နည်းပြကူရဲ့ စံချိန်ကို ကျော်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်လား …”

“ ထင်တယ်လေ…”

“ ဒါဆို ငါ မေးပါဦးမယ်… ၅ ကီလိုမီတာ အကွာအဝေးကို မင်းရဲ့ စံချိန်က ဘယ်လောက်လဲ…”

“ ငါ တစ်ခါမှ မပြေးဖူးလို့ မသိဘူး … အဲ့လိုဆိုရင်တောင် ငါက လုပ်နိုင်စွမ်း ရှိတဲ့ လူတစ်ယောက် ဆိုတော့ သူ့ကို ဖိနှိပ်ထားဖို့ ပြဿနာ မရှိဘူး …”

“ လင်းကောက အံ့ဩဖို့ကောင်းတယ်…” ကျန်းဖန့် တီးတိုး ပြောလိုက်၏။

“ နင် ခုနက ပြောသွားတာ ငါ့ထက် ပိုသာနိုင်တယ်နော်… အဲ့တာဆို နင် အခု ပြေးပြ …. နင် ၁၈ မိနစ်နဲ့ ပြီးအောင် ပြေးနိုင်ရင် နင်က ငါ့ထက် ပိုတော်တယ်ဆိုတာ ဝန်ခံလိုက်မယ်…” ကူရိရန် ပြောလိုက်၏။

“ အဲ့ဒါဆို ငါ အခုပြေးပြရင် မနက်ခင်း လေ့ကျင့်ရေး ကျော်လိုက်လို့ရလား …”

“ ရတယ်…”

ကူရိရန် တုံ့ဆိုင်းခြင်း မရှိ သဘောတူလိုက်ပြီး “ ဒါပေမယ့် နင် ရှုံးခဲ့ရင် ဒီနေ့ လူတိုင်း ၂ နာရီပိုလေ့ကျင့်ရမယ်…”

“ မရဘူး မရဘူး မရဘူး ….”

ကျိုးရှင်းဟိုင် ရှေ့သို့ ထွက်လာပြီး ကူရိရန် ဘေးတွင် ရပ်ကာ “ နည်းပြကူ …. ငါက သူနဲ့ တစ်ကြိတ်တစ်ဉာဏ်တည်းမှ မဟုတ်တာ … ကျေးဇူးပြုပြီး ငါ့ကို သူနဲ့ ရောပြီး မတွက်လိုက်ပါနဲ့ … သူ့အမှားကြောင့်နဲ့တော့ ကိုယ်က အလကားနေ အလကားနေ အပြစ်ပေးမခံနိုင်ဘူး …”

“ ငါရောပဲ … ငါဖြင့် သူနဲ့ သိတောင် မသိတဲ့ဟာ ငါလည်း ကိုယ်စား အပြစ်မခံပေးနိုင်ပါဘူး …” တင်းဖန့် ပြောလိုက်၏။

နှစ်ယောက် ရှေ့ထွက်လာသည်ကို မြင်တော့ ကူရိရန်သည် ရင်ဘက်ရှေ့ လက်ပိုက်လျက် အခြားသူများအား သိမ်းကျုံးကြည့်လိုက်သည်။

“ နင်တို့ထဲ ဘယ်သူ သူ့ဘက်က ရပ်တည်ချင်ကြလဲ … တကယ်လို့ သူ ရှုံးသွားရင် နင်တို့ အားလုံး ၂ နာရီ ပိုကြာ လေ့ကျင့်ရမယ်… အများကြီး မဟုတ်ပါဘူး … နင်တို့မှာ ခွန်အားအပြည့်ရှိတယ်ဆိုရင် ကြိုးစားကြည့်လို့ရတယ်…”

“ ငါတော့ မပါတော့ဘူး …. သာမန် အားကစား သမားတစ်ယောက်ဆိုရင်တော့ အဲ့လို စံချိန်မျိုး ရနိုင်တယ်ဆိုပေမယ့် ငါတော့ သူ ၁၈ မိနစ်အတွင်း ပြေးနိုင်မယ်လို့ မထင်ဘူး …”

“ လူကဖြင့် ၅ ကီလိုမီတာတောင် တစ်ခါမှ မပြေးဖူးတာကို ဒီကောင် အကွာအဝေးကို တိုတိုလေး မှတ်နေလား မသိဘူး … အဆုံးကျ အမောဖောက်ပြီး သေရင် သေနေဦးမယ်…”

အမျိုးသား အယောက် ၂၀ ကျော်မှာ ကူရိရန် ဘက်ခြမ်းတွင် သွားရပ်နေပြီး ကျန်းဖန့်နှင့် မိန်းကလေး တစ်ချို့သာလျှင် လင်းရီနှင့်အတူ ကျန်နေရစ်ခဲ့လေသည်။

“ နည်းပြကူ … ခုလိုလုပ်တာကတော့ မဟုတ်သေးပါဘူး … မင်းက သူများကို ခြိမ်းခြောက်နေတာပဲ ….”

All Chapters