← Chapters

တိုးတက်နိုင်ဖို့ အခွင့်အရေး

Vol. 111 Ch. 1652

တိုးတက်နိုင်ဖို့ အခွင့်အရေး

Vol. 111 Ch. 1652

“ ငါကလား ….” ကူရိရန် ဂုဏ်ယူဝံ့ကြွားသည့် လေသံဖြင့် “ ငါက ဒီတိုင်း အမှန်တရားကို ပြောပြနေရုံပါပဲ … နင်သာ ၁၈ မိနစ်အတွင်း ပြီးအောင် ပြေးနိုင်တယ်ဆိုရင် နင့်ဘက်ခြမ်းကလူတွေ မနက်ပိုင်း‌ လေ့ကျင့်စရာ မလိုဘူး … နင်ရှုံးသွားခဲ့ရင်တော့ သူတို့ အပို ၂ နာရီ လေ့ကျင့်ရမယ်… ဒါက မျှတတယ်လို့ မထင်ဘူးလား …”

လင်းရီ တစ်ဖက်သို့လှည့်ပြီး အနောက်ရှိ လူတို့အား ကြည့်၍ “ မင်းတို့ ဘယ်လိုထင်လဲ …”

ကျန်းဖန့်မှာ လင်းရီနှင့်အတူ ရပ်နေရသော်လည်း စိတ်ထဲ မသေချာပေ။

“ မင်း ရမယ်ဆိုတာ သေချာလား … လက်ရှိ အခြေအနေအတိုင်းဆိုလို့ကတော့ ငါတို့သာ အချိန်ပို ၂ နာရီ လေ့ကျင့်ရရင် နည်းပြကူ ငါတို့ကို သေအောင် ကစားလောက်တယ်‌…”

“ ငါတော့ ထွေထူး ကိစ္စကြီးလို့ မထင်ပါဘူး … မင်းတို့ ငါ့အပေါ် ယုံကြည်ချက် ရှိ၊ မရှိ အပေါ်ပဲ မူတည်တယ်…”

“ ဒါဆိုလည်း လုပ်ကြတာပေါ့ … ငါတို့ ရှုံးသွားလည်း ၂ နာရီ ပိုလေ့ကျင့်လိုက်ရုံပဲမလား … မသေပါဘူး … ဘာကြောက်စရာ ရှိလို့ …”

“ မင်းတို့တွေကရော …”

လင်းရီ မိန်းကလေးများအား ကြည့်၍ မေးလိုက်၏။

“ ငါတို့လည်း မကြောက်ဘူး … နင်က ပြဿနာ မရှိဘူးဆိုရင် ငါတို့ နင့်ကို ယုံတယ်…”

“ ကောင်းပြီ…”

သူတို့အနည်းငယ်မှာ သဘောတူညီချက် ရနေသည်ကို မြင်တော့ လီရှန်းဟွေ့ မနေနိုင်ဘဲ တစ်ချက် ခိုးကြည့်မိလိုက်သည်။

ထောင်ချောက်မှန်း ဒီလောက်သိသာနေတာတောင် အတူ လိုက်ခုန်ဆင်းဝံ့နေတယ်ဆိုတော့ တော်တော် သစ္စာ ရှိကြတာပဲ ….

“ နင်တို့က ဆုံးဖြတ်ပြီးပြီဆိုမှတော့ ငါ တခြား ဘာမှ မပြောတော့ဘူး …”

ကူရိရန် လင်းရီအား ကြည့်၍ “ နင် အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ စလို့ ရပြီ… နင့်အတွက် အချိန်မှတ်ပေးမယ့်လူလည်း အသင့်ပဲ …”

“ ခုပဲ စကြတာပေါ့ … အချိန်သိပ်မဖြုန်းချင်ဘူး …”

လီရှန်းဟွေ့ ရှေ့သို့ လျှောက်လှမ်းလာပြီး “ ဒီကွင်းက စံနှုန်းနဲ့ ကိုက်ညီတဲ့ ကွင်းတော့ မဟုတ်ဘူး … ငါတို့ကွင်းက တစ်ပတ်ကို မီတာ ၃၀၀ ရှည်တယ်…. မင်း ၁၇ ပတ် ပြေးပြီးရင် ပြီးပြီ… အဆင်သင့် ဖြစ်တာနဲ့ စလို့ရပြီ…”

“ ကောင်းပြီလေ….”

လင်းရီ ပြေးလမ်းပေါ်သို့ တက်သွားပြီး အချိန်လည်း စမှတ်၏။

“ စပြေးတာကို ဒီလောက် အမြန်ကြီး ပြေးနေတယ်… ကြည့်လိုက်တာနဲ့ တစ်ခါမှ မပြေးဖူးတဲ့လူမှန်း သိသာလိုက်ပါဘိ….” တင်းချောင် ထေ့ငေါ့လိုက်၏။

“ သူ တစ်ခါမှ ငါး ကီလိုမီတာ မပြေးဖူးဘူးလို့ ခုနက ပြောသွားတယ် မဟုတ်လား … ဒီတော့ အတွေ့အကြုံ မရှိတာ သဘာဝပါပဲ … ဒီနှုန်းနဲ့သာဆိုရင် တစ်ပတ် ပတ်ပြီးရင် အရှိန်လျော့သွားတော့မှာ …” ကျိုးရှင်းဟိုင် ပြောလိုက်သည်။

“ ငါမြင်သလောက်တော့ သူက အရှိန်လျော့သွားရုံတင် မကဘူး … ခဏလောက် ပြေးပြီးသာနဲ့ အသက်ရှူသံတွေပါ မှားကုန်လောက်တယ်…”

“ သူ အမောဖောက်သွားရင် ပျော်စရာ ကောင်းမှာ မဟုတ်တော့ဘူး … အဲ့လိုဆို သူ့အတွက် ပြစရာ ဆင်ခြေရှိသွားပြီ….”

“ ဒါက ကလေး ကစားနေတာမှ မဟုတ်တာ … သူ ငြင်းချင်တာနဲ့ပဲ ငြင်းလို့ ဘယ်ရမှာ …” တင်းချောင် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ခြုံပြီး ပြောရင် တကယ်လို့ သူ ၁၈ မိနစ်နဲ့ ပြီးအောင် မပြေးနိုင်ဘူးဆိုရင် ၂ နာရီ အချိန်ပို လေ့ကျင့်ရမယ်… ဘယ်သူကမှလည်း သူ့ဆင်ခြေတွေကို လက်ခံလိုစိတ် ရှိကြမှာ မဟုတ်ဘူး …”

ကျိုးရှင်းဟိုင် တစ်ဖက်သို့လှည့်ပြီး ကျန်းဖန့်အား အပြုံးလေးဖြင့် ကြည့်လိုက်၏။

“ တကယ့်ကောင်တွေပါကွာ… မင်းတို့မို့ အဲ့လိုလူကို ၁၈ မိနစ် အတွင်း ပြီးအောင် ပြေးနိုင်မယ်ဆိုပြီး ယုံကြတယ်… ငါတော့ မင်းတို့ကောင်တွေ ဘယ်လို စဉ်းစားနေကြမှန်း နားကို မလည်တော့တာ …”

“ ငါတို့ဘာငါတို့ ယုံကြည်တာ မင်းနဲ့ ဘာဆိုင်နေလို့ …” ကျန်းဖန့် အကြမ်းပတမ်း ပြန်တုံ့ပြန်လိုက်ပြီး “ သူများ ကိစ္စ လိုက်ဝင်မပါနဲ့ …”

ကျိုးရှင်းဟိုင် ပခုံးတွန့်ပြလိုက်၏။ “ ငါ့အတွက်တော့ ကိစ္စမရှိပါဘူး … ဘာပဲဆိုဆို အချိန်ပို လေ့ကျင့်ရေး ဆင်းရမယ့်လူက ငါမှ မဟုတ်တာ …. ဘာ ဂရုစိုက်နေရမှာ …”

“ လာနေပြီ… လာနေပြီ… လင်းကော ပြန်လာနေပြီ…”

သူတို့တွေ စကား ပြောနေစဉ်မှာပဲ လင်းရီသည် ပထမ တစ်ပတ်ကို ပန်းဝင်လာခဲ့သည်။

“ ၅၈ စက္ကန့် ….”

ကျန်းဖန့်နှင့် ကျန်သူများမှာ လင်းရီ ဤရလဒ်အား ရသည်မြင်တော့ အလွန်အမင်း စိတ်လှုပ်ရှားလာခဲ့ကြသည်။

ကွင်းတစ်ပတ်က ၃၀၀ မီတာဖြစ်ပြီး ၅ ကီလိုမီတာ ပြေးရမည် ဆိုပါက ၁၇ ပတ်ပင်။

ဤ အချက်အလက်တိုင်းဆိုပါက သူသာ အပတ်တိုင်းကို တစ်မိနစ်အတွင်း ပြီးအောင် ပြေးနိုင်ခဲ့မည်ဆိုပါက ၁၈ မိနစ်အတွင်း ကျိန်းသေပေါက် ပြီးဆုံးအောင် ပြေးနိုင်သည်။

“ မင်းတို့ကောင်တွေ အောင်ပွဲခံတာ စောလွန်းမနေဘူးလား… ခုမှ ပထမ အပတ် ရှိသေးတာများ …” ကျိုးရှင်းဟိုင် ပြောလိုက်ပြီး “ သူက ပထမ အပတ်ကို ဒီအတိုင်း ပြေးနိုင်တယ်ဆိုရင်တောင် နောက် ဒုတိယ အပတ်ကျ ဒီလိုမျိုး ထပ်ပြေးနိုင်ဦးမှာလား … မင်းတို့မှာ အသိတရားလေး ဘာလေး မရှိကြဘူးပဲ …”

ကျန်းဖန့်နှင့် ကျန်သူများမှာ လေးလေးနက်နက်နှင့် ဖြစ်သွားခဲ့ကြ၏။ သို့သော် မည်သူကမျှ ကျိုးရှင်းဟိုင်၏ စကားကို မချေပခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် သူ ပြောသွားသည်ကလည်း မမှားချေ။

ပထမအပတ်တွင် ခွန်အား အပြည့်နှင့် ဖြစ်နေသောကြောင့် လျင်လျင်မြန်မြန်နှင့် ပြေးနိုင်သည်က ထူးဆန်းသည်လို့ မဆိုသာချေ။

သို့သော် သက်လုံကား ဖြည်းဖြည်းချင်း လျော့ကျလာတတ်သည့် အရာပင်။ ဒုတိယ၊ တတိယ အပတ်သို့‌ ရောက်သည့် အချိန်၌ ယခု အမြန်နှုန်းအတိုင်း ဆက်လက် ပြေးနိုင်လိမ့်မည် မဟုတ်တော့ချေ။

သူတို့တွေ လက်မခံလိုသော်လည်း လက်ရှိ အခြေအနေအရ ငါး ကီလိုမီတာကို ၁၈ မိနစ်အတွင်း ပြီးဆုံးအောင် ပြေးဖို့ရန်က အမှန်ပင် စိတ်ကူးယဉ်ဆန်လှ၏။

“ လင်းကော ပြန်လာပြီ….”

“ လင်းကော ကြိုးစားထား …”

“ ကြိုးစားထား …”

လင်းရီသည် ကျန်းဖန့်နှင့် ကျန်သူများဘက်သို့ လက်ဝှေ့ရမ်းပြလိုက်ပြီး ဆက်ပြေးလေသည်။

“ ၅၇ စက္ကန့် …. လင်းကောရဲ့ အမြန်နှုန်းက မလျော့ကျသွားဘူး … အဲ့တာရဲ့ ဆန့်ကျင်ဘက်က တစ်စက္ကန့်တောင် ပိုမြန်သွားသေးတယ်…” ကျန်းဇီရှင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

“ နှစ်ပတ်က ဘာဟုတ်သေးလို့ … ကျွတ် .. မင်းတို့ကောင်တွေ ဘာတွေများ အထူးအဆန်းလုပ်ပြီး စိတ်လှုပ်ရှားနေကြမှန်း ငါတကယ် စဉ်းစားလို့ကို မပေါက်တာ ….”

ကျိုးရှင်းဟိုင် အထင်သေးစွာ ပြောလိုက်သည်။

“ ပြောချင်တာ ငါတို့မှာ အခွင့်အရေး ရှိသေးတယ်ဆိုတဲ့ သဘောပဲလေ… ဘာလဲ … နင် ကြောက်နေပြီလား …” ကျန်းဇီရှင်း ခေါင်းမော့၍ ပြန်မေးလိုက်၏။

“ ငါ တကယ် မင်းတို့ စဉ်းစားလို့ပေါက်အောင် မရှင်းပြတတ်တော့ဘူး …” ကျိုးရှင်းဟိုင် လက်ဝှေ့ရမ်းလိုက်ပြီး “ မင်းတို့တွေ အချိန်ပို လေ့ကျင့်ရတဲ့ အခါကျမှ စောဒကမတက်ဖို့ မျှော်လင့်တယ်…”

“ နင် စိတ်ချ… ငါတို့ လုံး၀ မလုပ်ဘူး …”

မကြာမီ လင်းရီ ပြန်ရောက်လာသည်အား လူတိုင်း မြင်တွေ့လိုက်ကြရသည်။

“ သုံးပတ်မြောက် … ၅၅ စက္ကန့် …”

လီရှန်းဟွေ့သည် လက်ထဲတွင် အချိန်မှတ်သည့် နာရီအား ကိုင်ထားရင်း တွေးလိုက်မိ၏။

ဒီကျောင်းသားရဲ့ ရလဒ်တွေက သူနဲ့ တူညီလုနီးပါးပဲ ….

တနည်းပြောရရင် သူက တစ်ကီလိုမီတာ နီးပါး ပြေးပြီးတာတောင် အမြန်နှုန်းက မလျော့သွားတဲ့အပြင် ပိုတောင် မြန်လာသေးတယ်…

ဒီကောင်လေးရဲ့ သက်လုံက တကယ်မဆိုးဘူးပဲ ….

“ လေးပတ်မြောက် … ၅၄ စက္ကန့် ….”

“ ငါးပတ်မြောက် … ၅၆ စက္ကန့် ….”

“ ခြောက်ပတ်မြောက် …. ၅၅ စက္ကန့် …”

“ ခုနစ်ပတ်မြောက် …. ၅၇ စက္ကန့် ….”

ဤအချိန်တွင်တော့ လူတိုင်း တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ခံစားမိလာကြသည်။ ကျိုးရှင်းဟိုင်ပင် အသံမထွက်နိုင်တော့ချေ။

နှစ်ကီလိုမီတာကို တစ်ဆက်တည်းပြေးပြီးနောက်တွင် တစ်ပတ်ချင်းစီ၏ ကြာချိန်က တစ်စက္ကန့်လောက်မျှသာ ခြားလေသည်။

ဤသည်က သာမန်လူတစ်ယောက် ရရှိနိုင်သည့် ရလဒ် ဖြစ်နိုင်၏လော။

မိနစ် အနည်းငယ်ကြာပြီးနောက် လူတိုင်း၏ အားပေးသံတို့က တစ်စထက် တစ်စ ပိုပိုပြီး ကျယ်လောင်လာသည်။

“ လင်းကော … ကြိုးစားထား …”

“ နောက်သုံးပတ်တည်းပဲ … အောင်မြင်မှုဖလားက ငါတို့ အရှေ့ လက်တစ်ကမ်းကို ရောက်နေပြီ…”

“ ဆယ့်ငါးပတ်မြောက် … ၅၈ စက္ကန့် …”

“ ဆယ့်ခြောက်ပတ်မြောက် … ၅၆ စက္ကန့် …”

“ ဆယ့်ခုနစ်ပတ်မြောက် … ၅၉ စက္ကန့် …”

“ ငါလဂိုးပဲ … လင်းကောက သောက်ရမ်း အံ့ဩဖို့ကောင်းတယ်… သူ တကယ်ကြီး ငါးကီလိုမီတာကို ၁၇ မိနစ်အတွင်း ပြေးပြသွားခဲ့တယ်…”

ငါးကီလိုမီတာ ပြေးပြီးသည့်နောက် ကျန်းဖန့်နှင့် ကျန်သူများမှာ လင်းရီအနားသို့ ဝန်းရံ၍ သူ့အား အိုလံပစ် ချန်ပီယံ တစ်ယောက်ကဲ့သို့ လေထဲ ပစ်တင်နေကြသည်။

“ သူက တကယ်ကို အရည်အချင်းရှိတယ်…” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ငါးကီလိုမီတာကို ၁၆ မိနစ်နဲ့ ၁၅ စက္ကန့် … တော်တော်ကို မြန်တယ်…”

လင်းရီ၏ အချိန်မှတ်တမ်းကို မြင်တွေ့လိုက်ရတော့ ကူရိရန် ကြက်သေသေသွားခဲ့၏။ လူ ၂၀ ကျော်၏ အပေါ်တွင် အုပ်လွှမ်းနေသည့် လေထုသည်လည်း အေးခဲသွားသည့်ဟန်ပင်။

ငါးကီလိုမီတာကို တစ်ကြိမ်တစ်ခါမျှ မပြေးဖူးသည့်လူက တကယ်ကြီး ၁၇ မိနစ်အတွင်း ပြေးပြသွားခဲ့သည်တဲ့လော..။

ထို့ပြင် ပြေးပြသွားခဲ့သည့်လူ၏ အခြေအနေကို ကြကည့်ရသလောက်တော့ အားသွန်ခွန်စိုက်၍ ကြိုးစားပမ်းစား ပြေးထားရသည့် လူနှင့်လည်း မတူပေ။ တစ်နည်းဆိုရသော် သူက ပိုမိုလျင်မြန်စွာ ပြေးနိုင်သေးသည် ဟူ၍ပင်။

“ နည်းပြကူ … ငါ ၁၇ မိနစ်အတွင်း ပြီးအောင် ပြေးနိုင်ခဲ့တယ်နော်… ဒီစံချိန်က နည်းပြကူထက်တော့ သာတယ်မလား … ငါတို့ လေ့ကျင့်ဖို့ လိုသေးလား …” လင်းရီ အပြုံးလေးဖြင့် မေးမြန်းလိုက်သည်။

ကူရိရန်၏ အမူအရာ ပြောင်းလဲသွားခဲ့၏။ သူမ ဒေါသကြောင့် သေသွားနိုင်သည်ဟု ခံစားနေရလေသည်။

လီရှန်းဟွေ့ ခေါင်းခါရမ်းလိုက်သည်။

ဤသည်က သူတို့ကြားတွင် တတိယ အကြိမ်မြောက် ပြိုင်ပွဲဖြစ်ပြီး ရှောင်ကူမှာ ရှုံးနိမ့်သွားသည့်ဟန်ပင်။

“ ဟေး ……”

ကျန်းဖန့်နှင့် ကျန်သူများ အော်ဟစ်လိုက်ကြပြီး “ နည်းပြကူကို ကျေးဇူးအများကြီးတင်ပါတယ်… ကျုပ်တို့ ဘေးမှာ သွားနေပေးပါ့မယ်…”

“ မင်းတို့ ကိုယ့်အခြေအနေကိုယ် သိရင် ပိုကောင်းမယ်… ဒီမှာ ထရိန်နင်ပေးတယ်ဆိုတာ စကေးတွေ သင်ယူလေ့လာဖို့ … နောင်ကျ အလုပ်ထဲကျရင် အသုံးဝင်လာမယ့် အရာတွေချည်းပဲ … မင်းတို့ကောင်တွေ အတန်းကျော်တာ တအား များလာရင် မင်းတို့ပဲ ခံစားရမှာ…” ကျိုးရှင်းဟိုင် ထူးမခြားနားစွာ ပြောလိုက်၏။

“ ငါတို့ ဘယ်လိုခံစားရမလဲ မင်းပြောကြည့် …” လင်းရီ ပြောလိုက်ပြီး “ မနေ့တုန်းက အိပ်ထမတင် လုပ်တုန်းကလည်း မင်းက ငါ့လောက်လည်း မတော်ဘူး … မင်းကိုယ်မင်း ငါ့ထက် တော်တယ်ထင်နေရင် ငါတို့ လက်ရည်ဖလှယ်လို့ ရတယ်…”

မနေ့က အိပ်ထမတင် ကိစ္စ ပြောလာတော့ ကျိုးရှင်းဟိုင် ပို၍ပင် ကိုးရို့ကားယား ဖြစ်သွားခဲ့ရ၏။

“ ငါက ဒီကို သင်ယူလေ့လာဖို့ လာခဲ့တာ … မင်းနဲ့ ပြိုင်နေဖို့ အချိန်မရှိဘူး …”

လင်းရီ ကျိုးရှင်းဟိုင်အား လျစ်လျူရှုလိုက်ပြီး ကူရိရန်ထံသို့ လျှောက်သွား၍ တီးတိုးပြောလိုက်သည်။

“ အမျိုးသမီးတစ်ယောက်အနေနဲ့ ၂၀ မိနစ် ၃၂ စက္ကန့်ဆိုတာ တော်တော်လေး ကောင်းနေပြီးသား … ဒါပေမယ့် နည်းပြကူရဲ့ အရွယ်အစားကသာ နည်းနည်းသေးလိုက်မယ်ဆိုရင် နောက်ထပ် စက္ကန့် နည်းနည်းလောက် ပိုမြန်နိုင်မှာပဲ … ဒါပေမယ့် ပြောမယ့်သာ ပြောသာ A cup ကို ပိုသေးရအောင်လည်း မဖြစ်နိုင်တော့ဘူးလေ… ဆိုပေမယ့် ကိုယ့်ဘက်က အားစိုက်ထုတ်မယ်ဆိုရင်တော့ တိုးတက်ဖို့ အခွင့်အရေးတွေ ရှိပါသေးတယ်… ငါ့ဘက်က အမြဲတမ်းအားပေးနေမယ်… ကြိုးစားထား …”

All Chapters