← Chapters

ငါတို့ အသင်းခေါင်းဆောင် လင်းရဲ့ abs တွေ ကြည့်ချင်တယ်

Vol. 111 Ch. 1653

ငါတို့ အသင်းခေါင်းဆောင် လင်းရဲ့ abs တွေ ကြည့်ချင်တယ်

Vol. 111 Ch. 1653

“ နင် …. “

ဤတစ်ကြိမ်တွင်တော့ ကူရိရန် စိတ်မထိန်းနိုင်တော့ဘဲ လင်းရီအား ဆောင့်ကန်လိုက်တော့သည်။

ကူရိရန်၏ လှုပ်ရှားမှုမှာ အတော်လေး မြန်ဆန်သည်ဟု ပြော၍ ရ၏။ သူမ၏ ခြေထောက်ကို မြှောက်လိုက်သည့် အချိန်၌ လေခွင်းသံတို့ကိုပင် ကြားနေရလေသည်။ အရည်အချင်း ပြည့်ဝသည်မှာ သိသာလှ၏။

သို့သော် လင်းရီအဖို့တော့ သူမမှာ အင်မတန် နှေးကွေးနေစဲဖြစ်ကာ သူ့အတွက် ခြိမ်းခြောက်မှုဟု မခံစားရချေ။ အသာတကြည် ဘေးသို့ ရှောင်တိမ်းလိုက်ရင်း “ ရို... ဒေါသမထွက်နဲ့လေ… ကျန်းမာရေး ထိခိုက်တတ်တယ်….”

ပြောပြီးနောက် လင်းရီ လက်ဝှေ့ရမ်းကာ အရိပ်ထဲ သွားထိုင်နေလိုက်၏။ မနက်ခင်း လေ့ကျင့်ရေးတွင် ပါဝင်မည့် အရိပ်အယောင် မပြတော့ချေ။

မိန်းကလေးများလည်း အားတက်သရော အော်ဟစ်လိုက်ကြကာ ရေနှင့် သောက်စရာ အချိုရည်များပင် လင်းရီအတွက် ဝယ်ပေးကြ၏။ သူတို့အားလုံး သစ်ပင်၏ အရိပ်အောက်တွင် စုဝေးထိုင်နေလျက် ရှိကာ အင်မတန် သက်တောင့်သက်သာ ခံစားနေကြရလေသည်။

အခြားတစ်ဖက်တွင်တော့ ကျန်သူများမှာ ကျစ်ကျစ်တောက် ပူသည့် နေပူကြီးထဲတွင် ချွေးတစ်ပြိုက်ပြိုက်နှင့် လေ့ကျင့်ရေး ဆင်းနေကြရလေသည်။

မနက်ခင်း လေ့ကျင့်ရေးသည်လည်း လျင်မြန်စွာဖြင့် ပြီးဆုံးသွားခဲ့၏။ သို့သော် မွန်းလွဲပိုင်းတွင်တော့ သူတို့တွေ တိုက်ခိုက်ရေး နည်းလမ်းများအား လေ့ကျင့်ကြရသည်။

ယနေ့ ထရိန်နင်မှာ ည ကိုးနာရီထိတိုင်အောင် မပြီးဆုံးသေးဘဲ ခက်ခဲ ပြင်းထန်မှုက ချက်ချင်းဆိုသလို မြင့်တက်လာကာ လူတိုင်းအား မညည်းညူဘဲ မနေနိုင်အောင် ဖြစ်လာစေတော့သည်။

လင်းရီသာလျှင် မိုးပေါက် မိုးဖွဲလေး တစ်ခုကဲ့သို့ ခံစားနေရ၏။

သို့သော် ညပိုင်း ထရိန်နင်ပြီးသည့် အခါ၌ လီရှန်းဟွေ့သည် လင်းရီအား သူ့ဘေးသို့ ခေါ်ပြီး ပြောသည်။

“ ဘယ်လိုနေလဲ … ထရိန်နင်က ရုတ်ချည်း တင်းကြပ်လာတော့ …..”

“ ထွေထူး မရှိပါဘူး ..” လင်းရီ ပြုံးလိုက်ပြီး “ ဒါနဲ့ ကျုပ်ကို ခေါ်လိုက်တာက ကိစ္စရှိလို့လား …”

“ ထွေထူးမဟုတ်ပါဘူးကွာ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ မင်းနဲ့ ကူလေးတို့ကြားထဲမှာ ကိစ္စတစ်ခု ဖြစ်ထားတယ်ဆိုတာ ငါ မြင်တယ်… ဒါပေမယ့် ဘာပဲဆိုဆို မင်းက ယောက်ျားလေးလေ… သူနဲ့ သွားပြိုင်နေစရာ မလိုဘူးမလား … တခြားကျောင်းသားတွေလည်း ရှိတော့ မင်းဘက်က အဲ့လိုလုပ်နေရင် နောင်ကျ အတူ လက်တွဲ အလုပ်လုပ်ဖို့ကျ ခက်ခဲသွားတာပေါ့ …”

“ ပြဿနာကလည်း ကျုပ်နဲ့ ဘာမှမသက်ဆိုင်နေတာပဲ …” လင်းရီ ပြောလိုက်ပြီး “ သူ့ဘက်က စပြီး အညိုးတေးတွေ ထားနေတာ … ကျုပ်အလိုသာဆို သူနဲ့ စကားကို မပြောချင်ဘူး … “

“ သူလည်း ဒီကိစ္စမှာ အပြစ်ကင်းမနေဘူး … ငါ သူနဲ့ စကားပြောလိုက်မယ်… တကယ်လို့ တစ်ခုခု ရှိထားတယ်ဆိုရင်လည်း သီးသန့် ဖြေရှင်းကြပေါ့ … ထရိန်နင်အပေါ်တော့ အကျိုးသက်ရောက်မှု မရှိစေနဲ့ …”

“ ပြဿနာ မရှိဘူး …”

“ ဒါဆို ငါ အရင်သွားနှင့်ပြီ… မင်းလည်း ပြန်ပြီး စောစောနားတော့ …” လီရှန်းဟွေ့သည် လင်းရီ၏ ပခုံးအား ပုတ်၍ ထွက်ခွာသွားခဲ့လေသည်။

အိပ်ခန်းသို့ ပြန်ရောက်သည့် အချိန်၌ လင်းရီ ရေသွားချိုးလိုက်၏။ ထို့နောက် တိတ်ဆိတ်သည့် ပတ်၀န်းကျင် တစ်ခု၌ ကျီချင်းရန်သို့ ဝီချက် ဗွီဒီယိုကော ခေါ်ဆိုလိုက်သည်။

“ နင်ဘာလို့ ဒီနေ့ အရမ်းနောက်ကျနေတာလဲ …”

ကျီချင်းရန်၏ မျက်နှာတွင် ရေဓာတ်ဖြည့်တင်းပေးသည့် မာ့စ်တစ်ခု ကပ်ထားပြီး ဘေးတွင် အသီးပန်းကန်တစ်ခုလည်း ချထား၏။ သူမ ပုံစံကြည့်ရသည်မှာ အပြည့်အဝ ဇိမ်ခံနေသည့်ဟန်ပင်။

“ မနေ့တုန်းက ထရိန်နင်က ငါတို့ကို ဒီတိုင်း စစချင်းဆိုတော့ နည်းနည်းလျော့ပေးထားပေးတာ … ဒီနေ့က ပိုပြင်းထန်တယ်…” လင်းရီ ပြောလိုက်ပြီး “ ပရောဂျက် အခြေအနေကရော ဘယ်လိုလဲ…. ပြဿနာ လာရှာတဲ့သူတွေ ရှိနေတုန်းပဲလား …”

“ ဟင့်အင်း … အားလုံး အဆင်ပြေတယ်…” ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ငါ အခု သေချာလေး သတိထားကြည့်တော့မှ နင့်အခု ဆံပင်ပုံစံကလည်း အတော်လေး မဆိုးဘူးပဲ … နင် ပြန်လာရင် သေချာလေး ပြန်တိပေးဖို့ ခေါ်သွားပေးမယ်… အဲ့လိုသာဆို ပိုပြီး စတိုင်ကျသွားတော့မှာ … “

“ ဘယ်လိုပဲ ဖြစ်ဖြစ် တို့ရဲ့ ရုပ်ရည်နဲ့ ဘယ်လို ဆံပင်ပုံစံနဲ့ပဲလာလာ ကြည့်ကောင်းပြီးသားပဲလေ…”

“ နှိမ့်ချစမ်းပါ နင်ကလည်း … လူကြီးဖြစ်နေပြီကို အဲ့လိုတွေ ပြောပြီး ကိုယ့်ကိုယ်ကို မရှက်ဘူးလား …”

“ တံငါနားနီး တံငါပဲလေ… ငါလည်း ဒီစကားတွေကို ဘေးကလူတွေဆီက လွှမ်းမိုးခံခဲ့ရတာပဲ….”

“ ကျစ် … အဲ့လူက ငါ မဟုတ်တာတော့ သေချာတယ်…” ကျီချင်းရန် ခေါင်းကို မော့၍ ပြန်ပြောလိုက်၏။

နာရီဝက်နီးပါးမျှ စကားပြောပြီးနောက် လင်းရီ အနားယူရန်အတွက် အခန်းသို့ ပြန်လာလေသည်။

သူ အိပ်ခန်းထဲသို့ ရောက်လာသည့်အချိန်၌ ကျန်းဖန့်၏ တခေါခေါ ဟောက်နေသည့် အသံမှာ မိုးခြိမ်းနေသည့်အလားပင်။

သို့ပေမယ့် လင်းရီသည် သူ့အား အဘယ်ကြောင့် ဤသို့ အိပ်ခွင့် ပြုနိုင်မည်နည်း။ မျက်နှာပုတ်နှိုး၍ ရှောင်ထျန်နှင့်အတူ ဂိမ်းဆော့ခိုင်းသည်။ ကျန်းဖန့် ငြင်းဆန်သည့်အခါ၌ ရှောင်ထျန်အား အသံမက်ဆေ့ချ်ဖြင့် မဆော့ ဆော့ချင်လာအောင် အပျော့ဆွဲ ဆွဲခိုင်းသည်။ ဤသို့ဖြင့် သကောင့်သားလည်း ဆွဲဆောင်ခံလိုက်ရကာ နောက်တစ်ည အိပ်ရေးပျက်ရပြန်တော့သည်။

နောက် လေးရက်သည့်တိုင်အောင် သူတို့အားလုံးမှာ ကြမ်းတမ်းသည့် တိုက်ပွဲဝင် နည်းစနစ်များအား လေ့ကျင့်သင်ကြားပေးခြင်း ခံနေရပြီး ထရိန်နင်တို့ကလည်း ပိုပိုပြီး ပြင်းထန်လာခဲ့၏။

၎င်းအပြင် နေ့တိုင်း အချိန်တစ်နာရီကို ရဲကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများအတွက် အချိန်ပေးရသေး၏။ သူတို့၏ နေ့တိုင်းနီးပါးတွင် အချိန်ဇယားက အိပ်စက်သည့်အချိန်နှင့် စားသောက်သည့်အချိန်မှလွဲ၍ နေ့တိုင်းနီးပါး ထပ်တူကျနေသည်။

လီရှန်းဟွေ့၏ ဖြောင်းဖြမှုကြောင့် ကူရိရန်သည်လည်း လင်းရီအား ဤရက်ပိုင်းတစ်လျှောက်တွင် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား မတိုက်ခိုက်တော့ချေ။

နှစ်ယောက်မှာ အပေါ်ယံတွင် လိုက်လျောညီထွေဖြစ်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားမည့် မည်သည့်အရာမျှ ဖြစ်ပျက်မလာခဲ့ချေ။

လင်းရီနှင့် ကူရိရန်တို့၏ ဆက်ဆံရေးမှာ ကောင်းမွန်မလာသော်လည်း သူနှင့် လီရှန်းဟွေ့တို့၏ ဆက်ဆံရေးမှာတော့ အတော်လေး တိုးတက်ကောင်းမွန်လာလေသည်။

အကယ်၍ လင်းရီသာ ကောင်းကောင်းမွန်မွန် လေ့ကျင့် စွမ်းဆောင်နိုင်မည်ဆိုပါက ရွေ့ပြောင်းခံရမည်မဟုတ်ဘဲ ဤရုံးခွဲ၌သာ နေနိုင်ရန် စီစဉ်ပေးနိုင်သည်ဟု အရိပ်အမြွက်တို့ ပေးလာခဲ့၏။

ဤသည်အား အကူအညီ မျက်နှာသာပေးမှု တစ်ခု အဖြစ် မှတ်ယူ၍ရသည်။

ထိုအတောအတွင်း လင်းရီသည်လည်း ချီရှန်းကျောက် ဘက်ခြမ်းရှိ အခြေအနေအား နားလည်သဘောပေါက်လာခဲ့လေသည်။

လျော်ကြေးကိစ္စ သဘောတူညီရန်အတွက် အစီအစဉ်တို့မှာ အခြေခံအားဖြင့် ပြီးစီးသွားခဲ့ပြီး ကျိုးဟိုင်ရှိ ကုန်တင်သင်္ဘောတို့ဖြင့်လည်း ချိတ်ဆက်ထားပြီးဖြစ်၏။

သူတို့ဘက်က ကုန်ပစ္စည်းများအား ပြန်ရနိုင်သ‌ရွေ့ ဤ စီးပွားရေး အရောင်းအဝယ်ကို ပြီးဆုံးအောင် လုပ်နိုင်ပေမည်။

ယခုလို အချိန်အကြာကြီး ဖြုန်းတီးပြီးနောက်တွင် ငွေကြေးဆုံးရှုံးမှုတန်ဖိုးက ယွမ် သန်း ၅၀ ကျော်လွန်သွားခဲ့သည်။

သို့သော် လင်းယွင်အုပ်စုအဖို့တော့ ဤသည်အား ဆုံးရှုံးမှုဟု သတ်မှတ်ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သစ်ဖိုး ၂၀ ရာခိုင်နှုန်းအား ပေးချေရန် ကျန်နေသေးသောကြောင့်ဖြစ်၏။ ၎င်းက ယခု ထင်မှတ်မထားသည့် ဖြစ်ရပ်မှ ငွေကြေးဆုံးရှုံးမှုတို့အား ကာမိစေရန်အတွက် လုံလောက်လေသည်။

တစ်ခုတည်းသော ပြဿနာမှာတော့ အချိန်အနည်းငယ် ယူရခြင်းပင်။

“ ဟူး … နောက်ဆုံးတော့ ပြီးသွားပြီ… “

ကျန်းဖန့် တစ်ကိုယ်လုံး ချွေးတို့ ရွှဲနစ်နေပြီး ရှပ်ကိုလှန်၍ လိမ်လိုက်ရာ ရေတို့ အများအပြား ထွက်ကျလာခဲ့၏။

“ ခေါင်းဆောင် … နင်လည်း ချွေးတွေ အများကြီး ထွက်နေတာပဲ မလား .. အင်္ကျီချွတ်လိုက်လေ… မဟုတ်ရင် နေမကောင်း ဖြစ်တတ်တယ်…” ကျန်းဇီရှင်းမှ လင်းရီအား ကြည့်လျက် ပြောလာသည်။

“ ဒီည ပြန်သွားရင် နင့်ရဲ့ အင်္ကျီတွေ လျှော်ထားပေးမယ်လေ…”

“ ဟေ့ ဟေ့ ဟေ့ … မင်းတို့ အလှလေးတွေ သိပ်ပြီး ရဲတင်းမနေကြနဲ့ … ကိုယ့်ကိုယ်ကိုယ် ဘယ်သူဆိုတာလည်း သတိရကြဦး …” ကျန်းဖန့် ပြောလိုက်ပြီး “ ဒါပေမယ့် မင်းတို့ တကယ်ကြီး ဆန္ဒရှိတယ်ဆိုရင် ငါ့ကို ပြောလို့ ရတယ်နော်… မင်းတို့ ကြိုက်သလောက် ကြည့်လို့ရတယ်…”

“ နင့်မှာ abs နည်းနည်းလေးတောင် မရှိတာကို ငါတို့က ဘာကို ကြည့်ရမှာ …” ကျန်းဇီရှင်း အထင်တသေး အမူအရာဖြင့် ပြောလိုက်၏။

“ဟေး မင်းတို့.... မင်းတို့ရဲ့ အစ်ကိုကြီးကို အထင်လာမသေးနဲ့ … အစ်ကိုကြီးသာ တကယ်လုပ်ရင် တကယ်ဖြစ်တယ် .... နော်.. မလုပ်လို့သာ ….”

“ နင့်မှာ ရှိတယ်ဆိုရင်တောင် ငါတို့ မကြည့်ချင်ပါဘူး … နင်က ခေါင်းဆောင်လောက်လည်း မချောပဲနဲ့များ … ဒီတော့ နင့်ရဲ့ abs တွေကလည်း လုံးဝ ကြည့်ကောင်းနေမှာ မဟုတ်ဘူး …”

“ မင်းတို့ ဒါတော့ တရားလွန်သွားပြီ…” ကျန်းဖန့် စိတ်တိုချင်ယောင်ဆောင်၍ ပြောလိုက်လေသည်။ “ ဒါပေမယ့် ပြောခါမှ လင်းကောရဲ့ ဘော်ဒီကလည်း သွားရှုပ်လို့ မရတဲ့ထဲ ပါတယ်… ကြည့်တော့သာ ပိန်သလိုလို ၊ ကြွက်သား မရှိသလိုလိုနဲ့ ငါ သူရေချိုးတုန်းက ဓာတ်ပုံတွေ ခိုးရိုက်ထားတာ မနည်းဘူး … ဟေ့ မင်းတို့ကြည့်ချင်ကြလား … ကြည့်ချင်ရင် တစ်ပုံ ငါးယွမ်ပဲနော်…”

“ ချီးပဲ .. မင်း အခု လုပ်နေတာက ဝီချက်မှာ ခိုးရိုက်ကားတွေ ရောင်းတဲ့သူတွေနဲ့ ဘာကွာတော့မှာ …”

“ မကွာဘူးလေ… ဒါလည်း ချမ်းသာဖို့ နည်းလမ်းပဲ …”

“ သေစမ်း …”

“ ကျန်းဖန့် … ငါ့မှာ ယွမ် ၃၀၀ ရှိတယ်… ဓာတ်ပုံကိစ္စ မပြောနဲ့ … နင်သာ အစ်ကိုရီရဲ့ အင်္ကျီကို စုတ်ဖြဲပြီး ငါတို့ကြည့်လို့ ရအောင် လုပ်ပေးမယ်ဆိုရင် ဒီပိုက်ဆံတွေ အကုန်လုံး နင့်ဟာပဲ …”

“ ဟုတ်တယ် ဟုတ်တယ်… ငါ့မှာလည်း ၁၀၀ ကျော်ရှိတယ်…”

“ လာကြ လာကြ … နင်တို့ ခေါင်းဆောင်ရဲ့ abs ကို မြင်ချင်တယ်ဆို ပိုက်ဆံထုတ်လာခဲ့ကြ … ငါ့မှာ ၁၂၉ ယွမ် ရှိတယ်…”

အဆုံးတွင် မိန်းကလေး ခြောက်ဦး ပေါင်းစည်းလိုက်ရာ ယွမ် ၁,၀၀၀ ထွက်လာသည်။ ကျန်းဇီရှင်း ပိုက်ဆံအား စုပေါင်း၍ ကျန်းဖန့်အရှေ့တွင် ဝှေ့ရမ်းပြလိုက်၏။

“ ဒီမှာ ပိုက်ဆံ … နင်လိုချင်ရင် လင်းကောကို ချွတ်ခိုင်းလိုက် … ငါတို့ တစ်ချက်လေးပဲ ကြည့်မယ်…”

“ မင်းတို့တွေက ငါ ကျန်းဖန့်ကို အထင်သေးနေကြတာပဲ … ငါက ကိုယ့်ညီကိုကောင်းကို ပိုက်ဆံ အတွက်နဲ့ သစ္စာဖောက်မယ့် လူစားမျိုးလားကွ ဟမ် ….”

“ သေစမ်း … မင်းပါးစပ်က ပြောပြီး ဘာလို့ လက်က တလွဲတွေ လျှောက်လုပ်နေတာ …”

လင်းရီ ချဉ်းကပ်လာသည့် သကောင့်သား၏ လက်အား ရိုက်ပုတ်ထုတ်ရင်း ကျိန်ဆဲလိုက်မိ၏။

“ လုပ်စမ်းပါ … တစ်ခါလေး ကြည့်ဖို့ကို ယွမ် ၁,၀၀၀ တဲ့နော်… ဆယ်လီမင်းသားတွေတောင် ဒီလောက် ငွေ၀င်ကြမ်းမှာ မဟုတ်ဘူး … ဒါက လုံးဝကို ချမ်းသာမယ့် ရွှေလမ်းကြီးပဲ … များများစဉ်းစားမနေနဲ့ လင်းကော … မင်းကိုယ်မင်း နည်းနည်းလောက်ပဲ အနစ်နာခံလိုက်စမ်းပါ …”

“ လစ်စမ်း …” လင်းရီ ရယ်မောရင်း ကြိမ်းမောင်းလိုက်ကာ ကျန်းဖန့်အား ဘေးသို့ ပိတ်ကန်လိုက်၏။

ညနေခင်း လေ့ကျင့်ရေးက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း သီအိုရီ အကြောင်း ရှင်းပြပေးမည့် အချိန်တစ်နာရီ ကျန်နေသေးလေသည်။

သို့ပေမယ့် လူတိုင်းအဖို့တော့ ထိုအချိန်ကား အနားရသည့် အချိန်အဖြစ် မှတ်ယူ၍ ရသည်။ လင်းရီအတွက်လည်း အချောင်ခို၍ ရသည့်အချိန်ပင်။ သန့်စင်ခန်းသို့ ထွက်သွားပြီး ထို့နောက် ပုန်းနေလိုက်၏။

လီရှန်းဟွေ့၏ အရိပ်အာဝါသလည်း ရှိသဖြင့် လွတ်လွတ်ကျွတ်ကျွတ်ကြီးကို အချောင်ခိုနေလျက် ရှိတော့သည်။

မိနစ် ၂၀ ခန့် အတွင်းတွင် ထိုင်နေပြီးနောက် လင်းရီသည် သေးပေါက်ရန် ဆင်ခြေပေးကာ အစည်းအဝေးခန်းထဲက ထွက်လာခဲ့လိုက်သည်။

“ မှုံကုပ်နေတဲ့ မျက်နှာထားကြီးနဲ့ ဒီမှာ ဘာလဲ လုပ်နေတာ …”

တံခါးဝက ထွက်ထွက်လာခြင်း လင်းရီသည် လီရှန်းဟွေ့မှာ လှေကားထစ်များအပေါ်တွင် သနားစဖွယ်အမူအရာဖြင့် ဆေးလိပ်ဖွာနေသည်ကို မြင်တွေ့လိုက်ရလေသည်။

“ ဘာမှမဟုတ်ပါဘူးကွာ…” လီရှန်းဟွေ့ သာမန်လျှံကာ တုံ့ပြန်လိုက်ပြီး “ ဘာလို့ ထွက်လာပြန်တာ … မနက်ဖြန် စာမေးပွဲရှိတယ်.. ပေါ့တိပေါ့ပြက် နေမနေနဲ့ …”

“ ဘေးနားမှာ ကာကွယ်ပေးမယ့်သူကြီး တစ်ယောက်လုံး ရှိနေတာကို ဘာကြောက်စရာရှိလို့ …”

“ ငါက ဒုကပ္ပတိန် … တခြားသူတွေရဲ့ ကိစ္စထဲ ဝင်ပြီး စွက်ဖက်မှာ မဟုတ်ဘူး … ငါ့ကို အားကိုးနေလဲ အလကားပဲ …”

“ ကျုပ်သာ မအောင်ဘူးဆိုရင် အဲ့သာ ခင်များရဲ့ အစွမ်းအစတွေက ပြဿနာ ရှိနေပြီလို့ ဆိုနေတာပဲ မလား … ဒါက ခင်များရဲ့ အစွမ်းအစကို စော်ကားရာကျတာပေါ့ …”

“ မင်းက ငါတွေ့ဖူးသမျှထဲ အရှက်မရှိဆုံးကောင်ပဲ …”

“ ရပါတယ်… ချီးမွမ်းတယ်ပဲ မှတ်လိုက်မယ်…” လင်းရီ ပြောလိုက်ပြီး “ ပြော … ဘာတွေ ဖြစ်နေတာ … ဘာလို့ မျက်မှောင်ကြီး ကုပ်နေတာ…”

“ ငါ့အထက်လူကြီးက ငါ့ကို ဆေးတစ်ချို့ ယူခိုင်းနေတာ ဒါပေမယ့် ငါလည်း မယူပေးနိုင်လို့ စိတ်ညစ်နေတာ …”

All Chapters