← Chapters

တွေ့ရန် အခွင့်အရေး

Vol. 111 Ch. 1654

တွေ့ရန် အခွင့်အရေး

Vol. 111 Ch. 1654

“ ဆေး … ဟုတ်လား …”

“ ရဲဘော် လီရှန်းဟွေ့ … ခင်များ မဟုတ်တာတွေ လျှောက်မလုပ်နဲ့ဦး … ကိုယ့်ရဲ့ ကယ်ရီယာက ခုမှ တက်တုန်း ရှိသေးတာ … အလုပ်ဖြုတ်ခံနေရဦးမယ်…”

“ ငိုးပဲ … မင်း ငါ့ကို လေးစားမှု နည်းနည်းလောက် ပေးလို့ မရဘူးလား …” လီရှန်းဟွေ့ ကျိန်ဆဲလိုက်ပြီး “ ငါပြောတာ အကိုက်အခဲ ပျောက်ဆေးကိုကွ … အတွေးလွန်မနေနဲ့ …”

“ သာမန် အကိုက်အခဲ ပျောက်ဆေးတော့ မဟုတ်ဘူးနဲ့တူတယ်…” လင်းရီ မျက်လုံး လှိမ့်လိုက်၏။

“ ခေါင်းဆောင်ရဲ့ အမေက အရိုးကင်ဆာ နောက်ဆုံးအဆင့် ဖြစ်နေတာ … နာကျင်လွန်းလို့ မခံမရပ်နိုင် ဖြစ်တဲ့အထိပဲ … သူလည်း သူ့အမေ အဲ့လို ဝေဒနာ ခံစားနေရတာကို ဘယ်လိုလုပ် ကြည့်ရက်နေနိုင်မှာလဲ ဟုတ်တယ်မလား … ဒါကြောင့်မို့ အကိုက်အခဲ ပျောက်ဆေး နည်းနည်းလောက် လိုချင်နေတာ …”

“ ဒါပေမယ့် ခင်များရဲ့ ခေါင်းဆောင်ဆိုမှတော့ သူ့ရဲ့ အဆက်အသွယ်တွေနဲ့ဆိုရင် အဲ့ဒီဥစ္စာတွေ ရဖို့ မခဲယဉ်းဘူးမလား …” ထို ပစ္စည်းများ ဟွာရှန်းဆေးရုံ၌ ရှိသည်ကို လင်းရီ ကောင်းကောင်းသိသည်။

သို့သော် အစိုးရက အဆိုပါ ဆေးဝါးပေါ်အပေါ် သုံးစွဲမှုအား အတော်လေး တင်းကြပ်ထားပါသည်။

အသုံးပြုခွင့် မရမီ ဆေးရုံ ဒါရိုက်တာမှ လက်မှတ်ထိုးရန် လိုအပ်၏။ ထို့ပြင် အသုံးပြုပြီးသည့်နောက်တွင်လည်း ဆေးပုလင်းများအား လက်လွတ်စပယ် လွင့်ပစ်လိုက်၍ မရချေ။ ယခင် ခွင့်ပြုထားသည့် ပုလင်းအရေအတွက်အတိုင်း ဆေးရုံသို့ ပြန်အပ်ရ၏။ မဟုတ်ပါက ဆေးရုံ ဒါရိုက်တာမှာ အပြစ်ပေးခံရလိမ့်မည်။

အကယ်၍ တစ်စုံတစ်ယောက်တွင်သာ အစွမ်းအစ တစ်ချို့ မရှိဘူးဆိုပါက ထိုဆေးဝါးများကို မည်သို့မျှ သုံးခွင့် မရနိုင်ချေ။

“ အမှန်ပဲ … ဒါပေမယ့် သူ့ဘက်ကလည်း တော်တော်များများဆီ အကူအညီ တောင်းပြီး ဖြစ်နေတော့ နောက်ထပ် တောင်းလို့က မရတော့ဘူး …”

“ ဒါဆို အဲ့တာဝန်က ခင်များခေါင်းပေါ် ဘယ်လိုကျလာခဲ့တာ …”

လီရှန်းဟွေ့က ဒုကပ္ပတိန် ဖြစ်ပြီး အရင်းအမြစ်နှင့် အဆက်အသွယ်ကောင်းတို့ ရှိမည်မှာ ကျိန်းသေသည်။ သို့သော် ဤသို့သော ကိစ္စရပ်များနှင့် ပတ်သက်လာလျှင်တော့ ကူကယ်ရာမဲ့နေမည်မှာ သေချာသလောက် ရှိသည်။

“ ငါ့ မရီးက ကျိုးဟိုင် အမှတ် (၂) ဆေးရုံရဲ့ သူနာပြုချုပ်လေ… ဒီတော့ အဲ့ဘက်မှာ လမ်းကြောင်း နည်းနည်းရှိတယ်.. ဒါပေမယ့် ငါ အရင်ကလည်း သူ့ကို နှစ်လုံးရအောင် ကူညီပေးခဲ့ပြီးပြီ… ဆက်ပြီး ကူညီပေးလို့ မရတော့ဘူး …”

လီရှန်းဟွေ့ ခေါင်းကုတ်၍ ပြောလိုက်ရင်း “ ဒီကိစ္စ ဘယ်လိုလုပ်ပေးရင် ကောင်းမလဲ ဆိုပြီး ခေါင်းစားနေတာ …”

“ ခင်များ ဘယ်လောက်လိုတာ … ကျုပ် နည်းနည်း ယူပေးလို့ရတယ်…”

လီရှန်းဟွေ့ မျက်လုံးအရောင် လက်သွားခဲ့၏။ “ တကယ်ကြီးလား … မင်းမှာလည်း လမ်းကြောင်း ရှိတယ်ပေါ့ …”

“ ဒါလေးက ဘာမှ မဟုတ်သေးဘူး … ဆေးပုလင်း နည်းနည်းလောက်ကို မပြောနဲ့ … ခင်များ အိမ်ကြီးထဲထည့်ပြီး လှောင်ထားချင်တယ်ဆိုရင်တောင် ထရပ်ကားနဲ့ သယ်ပေးလို့ရတယ်… “

“ မင်းရဲ့ လမ်းကြောင်းက အားကိုးလို့ကော ရရဲ့လားကွ… ဒါ ဟာသလုပ်နေတာ မဟုတ်ဘူးနော် …”

“ စိတ်ချစမ်းပါ … လုံးဝ ပြဿနာ မရှိဘူး … ကိုယ့်အလုပ်ကိုယ်တော့ ဟာသ ဘယ်လုပ်မှာလဲ ဟုတ်တယ်မလား …”

“ ဒါဆိုလည်း မင်း ဘာထိုင်လုပ်နေတာ … မြန်မြန်သွားယူတော့လေ…” လီရှန်းဟွေ့ ပြောလိုက်၏။ “ ပြီးတော့ ဒါကို လျှို့ဝှက်ထားမှ ဖြစ်မှာနော်… ဘယ်သူ့မှ မသိစေနဲ့ …”

“ ကိစ္စမရှိဘူး … လျှို့ဝှက်ထားပေးလို့ရတယ်.. ဒါပေမယ့် အခုတော့ ထွက်လို့ မရသေးဘူး … လက်ချာချိန် ပြီးတော့မှ ကူညီပေးမယ်…”

လီရှန်းဟွေ့ မျက်လုံးလှိမ့်လိုက်ပြီး “ ဒီကိစ္စက နည်းနည်း အရေးကြီးတော့ မင်း အခု အပြင်ထွက်ရင် ယူပေးနိုင်မှာလား …”

“ ဒါပေါ့ …”

“ ဒါဆို မင်း တံတိုင်းပေါ်က ကျော်သွားလိုက် .. ပြီးမှ ပြန်လာခဲ့ …”

“ ကင်မရာတွေကနေ တစ်ချိန်လုံး စောင့်ကြည့်နေတာကို… ပြီးတော့ ည ‌အဆောင်စစ်တွေကလည်း ရှိသေးတယ်… ဖမ်းမိသွားရင် ဘယ်လိုလုပ်မှာ …”

“ ကင်မရာတွေမှာလည်း ကွယ်တဲ့ နေရာတွေ ရှိတယ်… တကယ်လို့ အခန်း လာစစ်တဲ့လူရှိရင် မင်းရဲ့ အခန်းဖော်ကို ငါနဲ့ အတူရှိနေတယ်လို့ ပြောခိုင်းထားလိုက် … ဘယ်သူမှ ဘာမှ ပြောမှာ မဟုတ်ဘူး …”

“ ကောင်းပြီလေ… ခင်များ တစ်ယောက်လုံး ကာဗာ ပေးနေမှတော့ ကျုပ်လည်း ဘာကြောက်နေရဦးမှာ …”

“ သွားတော့ … ဒါ အရေးကြီးကိစ္စကွ …”

“ အိုကေ ….”

ဤအထဲတွင် ရက်အတော်ကြာ နေထိုင်ပြီးသည့်နောက်တွင် လင်းရီသည် အပြင်ထွက်၍ လေကောင်းလေသန့် တစ်ချို့ ရှူရှိုက်ချင်နေသည်။

ထို့ကြောင့် ကင်မရာကွယ်သည့် နေရာမှတဆင့် တံတိုင်းပေါ်သို့ ခုန်တက်ကာ အဆိုပါ နေရာကနေ ထွက်လာခဲ့လိုက်၏။ စိတ်ထဲတွင်တော့ ကိုယ့်ကိုယ်ကို ထောင်က ထွက်ပြေးလွတ်မြောက်လာသည့်နှယ် ခံစားနေရလေသည်။

လေ့ကျင့်ရေး စခန်းထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ လီချူးဟန်ထံသို့ ဖုန်းခေါ်လိုက်၏။

“ အိမ်မှာလား ဆေးရုံမှာလား …”

“ ဆေးရုံမှာ … ဂျူတီနဲ့ …” လီချူးဟန် ညင်သာစွာ ပြန်ဖြေလိုက်၏။

“ နင့် လေ့ကျင့်ရေးကရော ပြီးသွားပြီလား …”

သူ ရဲအရာရှိ တစ်ယောက် ဖြစ်နေမှန်း လီချူးဟန် သိလေသည်။ ထို ကိစ္စအပေါ်တွင်လည်း အတည်ငြိမ်ဆုံး တုံ့ပြန်သူ တစ်ယောက် ဖြစ်၏။

“ ပြီးသွားပြီ… ခု အပြင်ထွက် ရေသာခိုပြီး အနားယူနေတာ … မင်းလည်း ထွက်ခဲ့လေ… အနီးမှာ ညဈေးတန်းရှိတာနဲ့ အတော်ပဲ … အတူ လည်ကြမယ်…”

“ အာ….. နင် ထွက်လာဖို့က အဆင်ပြေလို့လား …”

“ ဒါပေါ့ … ဒီက အပြင်တောင် ရောက်နေပြီ… မင်းသာ ထွက်ခဲ့လိုက် …” လင်းရီ ပြောလိုက်ပြီး “ ကင်ဆာ အကိုက်အခဲပျောက်ဆေး ငါးပုလင်းလောက်ရော ယူခဲ့ပေးဦး … ဆေးရုံက ခွင့်မပြုရင် ငါ့နာမည်နဲ့ ထုတ်ခဲ့လိုက် …”

“ ဟုတ်ပြီလေ… ငါ့ကို လိပ်စာပြော … ငါနင့်ဆီ လာရှာလိုက်မယ်…”

“ အင်း …”

ဤသည်က လီချူးဟန်နှင့် စကားပြောရခြင်း၏ ကောင်းကျိုး အားသာချက် တစ်ခုပင်။

သူမအား မည်သည့် ကိစ္စပဲ တောင်းဆိုပါစေ မေးခွန်း ပြန်ထုတ်လာခြင်း မရှိချေ။

သူမ တတ်နိုင်သည်ကို တိတ်တဆိတ် ကိုင်တွယ်ပေးပြီး သူမ ကိုင်တွယ်ရန် မဖြစ်နိုင်သည်များကိုတော့ ပွင့်ပွင့်လင်းလင်း ပြော၏။ အချိန်ဆွဲတတ်ခြင်း မရှိချေ။

လီချူးဟန်နှင့် ဖုန်းပြောပြီးနောက် လင်းရီသည် ရှင်းချွမ်လမ်းရှိ ညဈေးတန်းသို့ မောင်းထွက်လာခဲ့၏။

ဤသည်က ပန်ထရာကျောင်းနှစ်ကျောင်း၏ အခြေစိုက်ရာ နေရာဖြစ်ပြီး ကျောင်းတို့က အရှိန်အဝါကြီးမားခြင်း သိပ်မရှိသော်လည်း ဤနေရာတွင်ရှိ ကျောင်းသားများ၏ သုံးဖြုန်းနိုင်သည့် စွမ်းအားကတော့ ထိပ်တန်း အဆင့်ရှိလေသည်။

အချိန်တို့ တရွေ့ရွေ့နှင့် ကုန်ဆုံးလာသည်နှင့်အမျှ ကျိုးဟိုင်တွင် နာမည် အတော်လေး ကျော်ကြားလာပြီး တုံယင်းပေါ်၌လည်း ရေပန်းစားလာခဲ့သည်။

ညဈေးတန်းသို့ တက္ကစီစီးလာပြီးနောက် လင်းရီသည် ဝင်ပေါက်ဝတွင် စောင့်ဆိုင်းနေလိုက်သည်။ မိနစ်အနည်းငယ်ခန့် ကြာပြီးနောက် လီချူးဟန် ရောက်လို့လာခဲ့သည်။

အနီရောင် G63 က လူတော်တော်များများ၏ အာရုံကို ဆွဲဆောင်သွားခဲ့ကာ လင်းရီနှင့် လီချူးဟန်အား လူသတိထားမိသွားစေခဲ့၏။

မည်သို့ပင်ဆိုစေ ဤသည်က ယွမ်သုံးသန်းကျော် ပေးရသည့် မာစီးဒီး မော်ဒယ်တစ်စင်းပင်။ ဆင်ခြေဖုံး ရပ်ကွက်၌ မြင်ရအင်မတန် ခဲယဉ်းလှ၏။

ကားပေါ်က ဆင်းလာသည့် လီချူးဟန်၏ အလှမှာ ဘေးမှ ဖြတ်သွားဖြတ်လာတို့အား ပိုလို့ပင် ရှော့ခ်ရသွားစေခဲ့လေသည်။

ဒီလောက်လှတဲ့ အမျိုးသမီးက G63 မောင်းနေတယ်ပေါ့ … အရမ်း ကြီးစိုးနိုင်တာပဲ …

“ ကားက အတော်လေး လန်းတယ်…”

မလှမ်းမကမ်းတွင်ရှိ ကူရိရန်မှာ လီချူးဟန်၏ G63 အား အားကျစွာ ကြည့်နေမိ၏။

သူမသည်လည်း အခြားသော သာမန် အမျိုးသမီးများနှင့် အနည်းငယ် ကွဲထွက်နေပြီး SUV ဖန် အကြီးစားဖြစ်၏။

ထို့ပြင် G63 ကဲ့သို့သော ကားတစ်စင်းကလည်း သူမ၏ စိတ်အား ထက်သန်မှုနှင့် ၁၀၀ ရာခိုင်နှုန်း ကိုက်ညီနေသည်။

မကောင်းသည်က သူမတွင် ပိုက်ဆံ ပြတ်လပ်နေခြင်းသာဖြစ်ပြီး ထိုသို့သော ကားကောင်းတစ်စင်းအား ဝယ်ဖို့ မတတ်နိုင်ချေ။

“ ကားက တော်တော်လေး ကောင်းတယ်… တော်တော်လေးလည်း ပေးရလောက်တယ်… ဒီလိုကားမျိုး မောင်းလာတဲ့ အမျိုးသမီးကလည်း အလန်းစားပဲ … သူ့ရဲ့ အေးတိအေးစက် သွင်ပန်း သဏ္ဌာန်ကို ကြည့်လိုက်တာနဲ့ ချမ်းသာတဲ့ အမျိုးသမီးဆိုတာ သိသာလွန်းတယ်…” ကူရိရန်၏ လုပ်ဖော်ကိုင်ဖက် လျိုပင်းပင်းမှ ပြောလိုက်လေသည်။

“ ကျိန်းသေပေါက်ပဲပေါ့ … သာမန်လူက အဲ့လို ယွမ်သုံးသန်းကျော် ပေးရတဲ့ ကားမျိုး မောင်းနိုင်ပါ့မလား … သူ့အဝတ်အစားတွေကြည့်တာနဲ့တင် အများကြီး တန်ကြေးရှိတယ်ဆိုတာ ပြောနိုင်တယ်…” ကူရိရန် ပြောလိုက်၏။ “ ဒါပေမယ့် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာက အဲ့လို ချမ်းသာတဲ့ အမျိုးသမီး တစ်ယောက်က ဒီလို ဆင်ခြေဖုံးက ညဈေးတန်းကို ရောက်လာတာပဲ …”

“ လူချမ်းသာတွေလည်း လူပဲလေ… ညဈေးတန်းက အစားအသောက်တွေက ဒီလောက် အရသာရှိတာကို ဘယ်သူက မကြိုက်ဘဲနေမှာ …”

“ နင်ပြောတာ ဟုတ်တယ်…” ကူရိရန် ပြောလိုက်ပြီး “ သွားစို့ .. နောက်ကျနေပြီ… ပြန်ကြမယ်… မနက်ဖြန်ကျ အလုပ်ဆင်းရဦးမှာ …”

“ ဟာ… နည်းနည်းလောက် ထပ်ကြည့်ကြရအောင်လေနော်… ဒီလိုကားမျိုးက မြင်ရခဲတယ်လေ… “

“ ကြည့်လည်း ဘာထူးမှာ … ကိုယ်မှ မဝယ်နိုင်တာ … ကိုယ့်ဘာကိုယ် အားမလို အားမရ ဖြစ်တာပဲ အဖတ်တင်တယ်…”

“ အွန်း …. အမ် ဟိုလူကြည့်ရတာ နည်းနည်း ရင်းနှီးနေသလိုပဲ … ဘာလို့ အသစ်ရောက်လာတဲ့ သင်တန်းသားနဲ့ တူတယ်ဆိုပြီး စိတ်ထဲ ထင်နေလဲ မသိဘူး …” လျိုပင်းပင်း သင်္ကာ မကင်းစွာဖြင့် ကိုယ့်ဘာကိုယ် ပြောမိလိုက်သည်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. နင် အမြင်မှားတာ နေမှာပါ … လေ့ကျင့်ရေး စင်တာက ဒီလောက် တင်းကြပ်ထားတာကို ဘယ်သူက အပြင်ထွက်လာရဲမှာ …”

“ ငါ အမြင်မှားတာ မဟုတ်ဘူး … မြန်မြန် အဲ့လူကို ကြည့်ကြည့်လိုက် … သူ့နာမည် လင်းရီ ဟုတ်တယ်မလား … နင်နဲ့ တစ်ချိန်လုံး အပေါက်လမ်း မတည့်တဲ့လူလေ…”

“ သူလား …”

လျိုပင်းပင်း၏ အကြည့်တို့နောက် လိုက်ပါသွားသောအခါ ကူရိရန် ရုတ်တရက်ဆိုလို အဆိုပါ အမျိုးသမီး ဘေးတွင် မတ်တပ်ရပ်နေသူက တကယ်ကြီး လင်းရီ ဖြစ်နေသည်ကို သတိပြုမိလိုက်လေသည်။

“ ဘာတွေ ဖြစ်နေတာလဲ …” လျိုပင်းပင်း အံ့အားသင့်စွာ ပြောလိုက်မိ၏။

“ သူ ဘယ်လိုလုပ်ပြီး အပြင်ထွက်လာခဲ့တာ … စည်းမျဉ်းစည်းကမ်းတွေ အရဆိုရင် လေ့ကျင့်ရေး စခန်းကနေ အပြင်ထွက်တာကို တင်းကြပ်ထားတယ်မလား …”

“ သူ မထွက်ဘဲ မနေနိုင်တော့လို့ နေမှာပေါ့ …” ကူရိရန် ပြောလိုက်ပြီး “ သွားပြီး ကြည့်ကြည့်ကြစို့ …”

“ ဟင် … နင်က ဘာလဲ သွားလုပ်မှာ … သူနဲ့ စာရင်းရှင်းမလို့လား …”

ကူရိရန်၏ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးတက်သွားခဲ့ပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

“ စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် သူ့ရဲ့ အခု လုပ်ရပ်တွေက လေ့ကျင့်ရေး စခန်းကနေ မောင်းထုတ်ခံရလောက်တဲ့အထိကို လုံလောက်နေပြီ… ငါသွားပြီး ပြောပြဖို့လိုတာပေါ့ … ဒါမှ ဘာတွေ ဖြစ်နေလဲဆိုတာကို သူနားလည်မှာလေ…”

“ သူ့ကို အခွင့်အရေး နောက်တစ်ခါလောက် ပေးလိုက်ပါဟယ်… ငါတို့ မမြင်ခဲ့သလိုပဲ နေလိုက်ကြမယ်လေ… သူက ဒီလောက်ချောတာ ငါတို့ စခန်းကနေ အချောလေး ထွက်သွားမှာကို နင်ကြည့်ရက်လို့လား …”

“ ဘာလို့ မကြည့်ရက်နိုင်ရမှာ … ငါတော့ သူ မြန်မြန်ထွက်သွားလေ ကောင်းလေပဲ … မဟုတ်ရင် နေ့တိုင်း သူ့ကိုပဲ သေလောက်အောင် ဒေါသထွက်နေရတာချည်း…” ကူရိရန် ရယ်သံတစ်ချက်နှင့်အတူ ပြောလိုက်၏။

All Chapters