← Chapters

နောက်တစ်ကြိမ် ရှုံးနိမ့်သွားခြင်း

Vol. 111 Ch. 1655

နောက်တစ်ကြိမ် ရှုံးနိမ့်သွားခြင်း

Vol. 111 Ch. 1655

“ ဆေးရုံမှာ အလုပ်မရှုပ်ဘူးမလား .. ကိုယ်ထွက်လာခိုင်းလိုက်တာ အနှောင့်အယှက်တော့ ဖြစ်မသွားဘူးမလား …”

“ အဆင်ပြေပါတယ်… အရေးကြီးတဲ့ လူနာ တစ်ယောက်တည်း ရှိတာ … ဒါပေမယ့် သူ့ကိုလည် ICU ဆီ ပို့ထားပြီးပြီ… ချောင်ရှင်းလည်း ရှိနေတော့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး …” လီချူးဟန် ညင်သာသည့်လေသံဖြင့် ပြန်ပြောလိုက်၏။

“ ပြီးတော့ ဒီနဲ့ ဆေးရုံကလည်း ဘယ်လောက်မှ သိပ်မဝေးဘူးလေ… တကယ်လို့ တစ်ခုခု ဖြစ်တယ်ဆိုရင်တောင်မှ အချိန်မီ ပြန်သွားလို့ရတယ်…”

လူနာက အရေးကြီးသည် ဆိုသော်လည်း လီချူးဟန်မှာ လင်းရီနှင့် အတူ အချိန်ဖြုန်းဖို့ကို ဆန္ဒပိုရှိသည်။

“ မင်းကို ဒုက္ခမပေးဘူးဆိုရင် ပြီးတာပါပဲ …”

လီချူးဟန် ခေါင်းညိမ့်လိုက်ပြီး ဆေးကို လင်းရီလက်ထဲ ထည့်ပေးလိုက်၏။

“ အထက်ကြီးပိုင်းတွေက ဒီလို ဆေးဝါးတွေကို အခု ပိုပြီးတောင် တင်းကြပ်ထားသေးတယ်… သုံးပြီးရင် ပုလင်းကို ပြန်ပေးဖို့ မမေ့နဲ့ … နင် ခွဲပစ်လို့လည်း မရဘူးနော်…”

“ ဒီစည်းမျဉ်းတွေ ငါနားလည်ပါတယ်…” လင်းရီ ဆေးကို ကားထဲ ထည့်လိုက်ပြီး “ ညဈေးကို အရင်လည်ကြတာပေါ့ …. ပြီးရင် ပြန်လိုက်ပို့ပေးမယ်…”

“ အွန်း …”

“ လင်းရီ … နင် ဒီကို ဘာလာလုပ်တာလဲ …”

နှစ်ယောက်သား ထွက်ခွာတော့မည့် အချိန်မှာပဲ ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက် စကားလာပြောသည့် အသံကို ကြားလိုက်ရလေသည်။

လင်းရီ လှည့်ကြည့်လိုက်တော့ ကူရိရန် ဖြစ်နေကြောင်းကို မြင်တွေ့လိုက်ရ၏။ သူနှုတ်ခမ်းကိုက်မိလိုက်သည်။

သောက်ကျိုးနည်း သူ အရင်ဘဝက သူတို့ ဘိုးဘေးတွေရဲ့ အုတ်ဂူကို တူးခဲ့ဖူးလို့ ဒီလောက်တောင် ကံဆိုးနေရလားဟ … ခဏလေး ခိုးထွက်လာတာတောင် တကယ့်နေရာမှာမှ လာဆုံနေရတယ်…

“ ငါတို့ ညဈေးတန်း ပတ်မလို့လေ… မင်း မမြင်ဘူးလား … ဒီဥစ္စာတွေပါ လိုက်ဂရုစိုက်နေတယ်လို့တော့ ငါ့ကို လာမပြောနဲ့ ….”

“ ငါ ဂရုစိုက်မနေပါဘူး … ဒါပေမယ့် အခုက ဘယ်အချိန်လဲ နင်သိလား …” ကူရိရန် မျက်နှာထား တင်းတင်းဖြင့် ပြောလိုက်၏။

ထရိန်နင် လေ့ကျင့်ရေး ကာလအတွင်း အပြင်ထွက်တာကို ခွင့်မပြုထားဘူး … နင် အခု လုပ်နေတာတွေက စည်းမျဉ်းစည်းကမ်းတွေနဲ့ လုံးလုံးလျားလျားကြီး ဆန့်ကျင်နေတယ်… နင် ထရိန်နင် ဆက်ဆင်းဖို့ မလိုတော့ဘူး …”

“ ခွင့်ပြုချက် မရှိဘဲ လေ့ကျင့်ရေး စခန်းက ထွက်တယ်ဆိုတာ ဘာကို ပြောချင်တာ … ငါ ထွက်ပါတယ်လို့ ဘယ်သူ သက်သေပြနိုင်လို့ …”

ဟင် …

ကူရိရန် မျက်မှောင်ကြုတ်မိသွားခဲ့၏။ “ လက်ပူးလက်ကြပ် မိတာတောင် နင်က ဝန်မခံဘူးပေါ့လေ…”

“ ငါက ဒီတိုင်း အမှန်တရားကို ပြောနေတာ … ငါ အပြင်ထွက်တယ်လို့ ဘယ်သူ သက်သေပြနိုင်လဲ ပြော …” လင်းရီ ပြောလိုက်ပြီး “ သက်သေ အချက်အလက်ဆိုတာ အရေးကြီးတယ်… ငါ့ကို မစွပ်စွဲနဲ့ …”

ကူရိရန် ဒေါသထွက်လွန်းလို့ ရယ်မောမိသွားခဲ့သည်။ လင်းရီ သူမအား အကြောင်းပြချက် မျိုးစုံဖြင့် ငြင်းဆန်မည်ဆို စိတ်ကူးထားသော်လည်း ယခုလို မျက်နှာပြောင်တိုက်ပြီး ပြောင်ပြောင်တင်းတင်း ငြင်းဆန်နေလိမ့်မည်လို့တော့ ထင်မထားခဲ့ချေ။

လျိုပင်းပင်းလည်း လင်းရီကိုကြည့်ရင်း ဆွံ့အနေမိခဲ့၏။

သူမတို့က အခု လက်ပူးလက်ကြပ် မိနေတာလေ… ဒါကို အပြင်ထွက်တဲ့ သက်သေပြ ဟုတ်လား ..

လူတိုင်းကို အရူးများ ထင်နေတာလား မသိဘူး …

“ ရတယ်လေ… နင်က ဝန်မခံချင်ဘူးပေါ့ …”

ကူရိရန် ဖုန်းကို ကိုင်ထားလျက် ပြောလိုက်ပြီး “ ငါအခု တာဝန်ကျနေတဲ့ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဆီ ဖုန်းခေါ်ပြီး နင့် အခန်းကို သွားစစ်ဖို့ ပြောလိုက်မယ်… အဲ့ခါကျ နင်ဘယ်လို ဆက်ငြင်းဦးမလဲ ကြည့်စမ်းမယ်…”

“ စိတ်ကြိုက်သာလုပ် …”

လီချူးဟန်သည် လင်းရီ၏ လက်အား ဆွဲ၍ တီးတိုးလေသံဖြင့် “ နင် ငါ့ကြောင့် ဒုက္ခရောက်သွားပြီလား …”

“အဆင်ပြေတယ်... လျစ်လျူရှုထားလိုက် …”

အခြားတစ်ဖက်တွင်တော့ ကူရိရန်မှာ ဖုန်းပြောနေလေသည်။

“ အခန်း 306 ကို သွားပြီး လင်းရီလို့ ခေါ်တဲ့ တစ်ယောက် အဲ့မှာ ရှိလား စစ်ကြည့်လိုက် …”

“ ငါ အခုတင်ပဲ စစ်ပြီး ပြန်လာတာ သူ့ အခန်းဖော် ပြောတာတော့ သူ နည်းပြလီရဲ့ ရုံးခန်းထဲ သွားခဲ့တယ်တဲ့ … အဲ့တာကြောင့် အခန်းထဲမှာ မရှိဘူး …”

“ ကောင်းပြီ… ငါနားလည်ပြီ…”

ကူရိရန် ဖုန်းချလိုက်သည်ကို မြင်တော့ လင်းရီမှ “ ပြဿနာ မရှိဘူးမလား …”

ကူရိရန် ဟွန့်ခနဲ နှာမှုတ်လိုက်၏။ “ နင့် အခန်းဖော်ကို ကူလိမ်ခိုင်းထားတာနဲ့ပဲ ငါ့ကို အရူးလုပ်လို့ ရပြီ ထင်နေတယ်ပေါ့ ဟုတ်လား …”

ကူရိရန်သည် အခြေအနေအား ခန့်မှန်းမိလိုက်သည်။ သူမ၏ လုပ်ဖော်ကိုင်ဖက်မှာ သတိလက်လွတ် ဖြစ်နေခဲ့၏။ တစ်ဖက်သူကလည်း လိမ်ပြောနေသည်ဟု ထင်မထားသည့်အတွက်ကြောင့် အဆိုပါ ကိစ္စအား အရေးတယူ ပြုမနေခဲ့ချေ။

အကယ်၍ သူမကသာ နည်းပြလီထံ ဖုန်းဆက်၍ ဤကိစ္စအား တင်ပြလိုက်မည်ဆိုပါက လင်းရီ ခိုးထွက်လာသည့် ကိစ္စမှာ ဘူးပေါ်သလို ပေါ်လာပေမည်။

“ မင်း ဘာဆက်လုပ်ချင်သေးလို့ …”

“ နင်က တော်တော်လေး ဉာဏ်ကောင်းတယ်… နင့် အခန်းဖော်ကိုတောင် နည်းပြလီရဲ့ ရုံးခန်းထဲ သွားနေတယ်ဆိုပြီး လိမ်ပြောခိုင်းခဲ့တယ် ဟုတ်လား … ငါ အခုပဲ နည်းပြလီဆီ ဖုန်းဆက်မယ်… သူ ဘာပြောမလဲ ကြည့်ကြတာပေါ့ …”

ကူရိရန်သည် လီရှန်းဟွေ့၏ ဖုန်းနံပါတ်ကို ဆက်သွယ်လိုက်ပြီး စပီကာ ဖွင့်ထားလိုက်၏။

“ နည်းပြလီ….”

“ ဘာကိစ္စလဲ….”

“ လင်းရီ ရှင်နဲ့ အတူရှိနေလား မေးချင်လို့ …”

“ လင်းရီလား ….”

လီရှန်းဟွေ့ အတန်ငယ်မျှ ရပ်တန့်သွားခဲ့၏။ ကူရိရန် ဖုန်းဆက်၍ ဤအကြောင်း မေးမြန်းလာမည်ကို မျှော်လင့်မထားခဲ့သည့်ဟန်ပင်။

“ သူ ငါနဲ့ ရှိနေတာလေ… ဘာဖြစ်လို့လဲ …”

ကူရိရန် “ ??? “

လျိုပင်းပင်း “ ??? “

“ သူက ရှင်နဲ့ ရှိနေတယ် ဟုတ်လား …” ကူရိရန် သူမ၏ အသံကို မြင့်မှန်းမသိ မြင့်၍ မေးမြန်းမိသွားခဲ့၏။

“ အင်း… သူ့စိတ်ထဲ တိုးတက်ဖို့ ခံစားနေရလို့ ငါ့ဆီလာပြီး လေ့ကျင့်နေတာ … မင်းငါ့ဆီ ဖုန်းခေါ်လိုက်တာ သူ အိပ်ခန်းထဲမှာ မရှိလို့ ဟုတ်တယ်မလား …”

“ ဒါပေမယ့် ကျွန်မ သူ့ကို ညဈေးတန်းမှာ တွေ့လိုက်တယ်နော်… ရှင်နဲ့ ရှိနေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”

“ မင်း သူ့ကို ညဈေးတန်းမှာ မြင်လိုက်တယ်ပေါ့ ….”

လီရှန်းဟွေ့ ရင်ထဲ ရေရွတ်လိုက်မိ၏။

ဒီကောင်ကတော့ အရေးကြီးကိစ္စ ခိုင်းလိုက်ပါတယ်ဆိုနေမှ ညဈေးတန်းသွားပြီး ဘာသွားလုပ်တာတုန်း ….

သို့သော် ထိုအခိုက်အတန့်တွင်တော့ သူ ဘာမျှ ပြောဆို၍ မရချေ။ လင်းရီနှင့်အတူ လိုက်ပါသရုပ်ဆောင်ပေးရန်သာ တတ်နိုင်လေသည်။

“ ပင်းပင်းနဲ့ ကျွန်မက အခု ညဈေးတန်း ရောက်နေတာ … ကျွန်မတို့ သူ့ကို လက်ပူးလက်ကြပ်လည်း မိထားတယ်…”

“ မဖြစ်နိုင်ဘူးနော်… ငါတို့နှစ်ယောက် အတူ လေ့ကျင့်ရေး ဆင်းနေတာကို မင်းနဲ့ ပက်ပင်းတိုးတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာ … မင်း အမြင်မှားတာ နေမှာပါ ….”

“ မဟုတ် … ကျွန်မ အသေအချာကြီးကို . . . . . . .”

“ တော်ပြီ တော်ပြီ… ဒီကိစ္စ ထပ်မပြောနဲ့တော့ … သူ အခု ငါ့ဘေးနားမှာ ရှိတယ်… မဟုတ်ဘူးဆို ဒီကောင်က ကိုယ်ပွားတွေ ဖန်တီးတတ်နေတာလား … ညဈေးတန်းမှာ ဒီလောက် လူဘောက်သောက် ဖြစ်နေတာ မင်း သူနဲ့ တူတဲ့ တစ်ယောက်ယောက်နဲ့ အမြင်မှားတာ ဖြစ်မှာပေါ့ …”

လီရှန်းဟွေ့ ပြောပြီးနောက် တည်ကြည် လေးနက်ချင်ယောင် ဆောင်ကာ “ ပြီးတော့ ကိုယ့်အဆင့်အတန်းကိုယ်လည်း သတိရဦး … မင်း တာဝန် ထမ်းဆောင်တဲ့အချိန်ကျ ကိုယ့်ရဲ့ ကိုယ်ရေး ကိုယ်တာ ခံစားချက်တွေကို သယ်မလာနဲ့ … တဆင့်ပြန်ကြားတဲ့ ကောလဟာလတွေကိုလည်း မယုံစားနဲ့ … ကောင်းပြီ… ငါ တခြား လုပ်စရာလေးတွေ ရှိလို့ ဖုန်းချလိုက်တော့မယ်…”

ကူရိရန်အား ကြိမ်းမောင်းပြီးနောက် လီရှန်းဟွေ့သည် သူမအား စကားပြောရန်ပင် အခွင့်အရေး မပေးဘဲ ဖုန်းချသွားခဲ့၏။

“ မင်းပြောနေတာတွေ ကြည့်စမ်း .. နည်းပြလီကတောင် ငါ သူနဲ့ အတူ ထရိန်နင် ဆင်းနေပါတယ်လို့ သက်သေခံပြီးတာကို မင်းက ဘာတွေ ပြောချင်သေးတာ …”

ကူရိရန်သည် ဖုန်းကိုင်လျက်သားဖြင့် အနည်းငယ် ရှုပ်ထွေးနေခဲ့မိ၏။

နည်းပြလီက ဒီနေ့ ဆေးမှားသောက်မိတာလား … ဘာလို့ သူ့ကို ကူပြီး ညာပေးနေရတာလဲ …

“ နင်တို့ နှစ်ယောက် လက်ဝါးချင်း ရိုက်ထားကြတာ မလား …”

“ နည်းပြကူ … ငါမင်းကို လေးလေးနက်နက် ပြောလိုက်မယ်… မင်း အစားကို စားချင်သလိုစား … စကားကိုတော့ ပြောချင်သလို လျှောက်မပြောနဲ့ … နည်းပြကူက ကိုယ်ကျိုးမငဲ့တဲ့ လေးစားဖို့ကောင်းတဲ့ လူတစ်ယောက် … မင်းသူ့ကို ဒီလိုမျိုး မစော်ကားနဲ့ ..”

“ နင်တို့နှစ်ယောက်ကြား ဘာတွေ ဖြစ်ထားလဲ ငါမသိဘူး … ဒါပေမယ့် ငါ နင့်ကို ရှင်းအောင် ပြောလိုက်မယ်… ဒီကိစ္စ မပြီးသေးဘူး … နင့်ကို အထက်ဆီ တင်ပြမယ်…” ကူရိရန် ပြောလိုက်ပြီး “ နင် မနက်ဖြန် ထရိန်နင် လုပ်စရာ မလိုတော့ဘူး … ပြန်ဖို့ အထုပ်အပိုးတွေသာ ပြင်ထားလိုက် …”

ကူရိရန်၏ အစီအစဉ်က ရိုးစင်းသည်။ နည်းပြလီက ထိုကောင်ဘက်ကနေ ကာပြီး ပြောပေးနေသဖြင့် သူမ ဤကိစ္စကို ခေါင်းဆောင်ကြီးဆီ တိုင်တန်းရပေမည်။

အဲ့ဒီအခါကျ သူ ဘာလုပ်နိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့ …

ဟမ့် … လူကိုများ သူ့ကို တကယ် ဘာမှမလုပ်နိုင်ဘူး ထင်နေလား မသိဘူး …

“ ငါ ဂရုမစိုက်ဘူး … မင်းဘာမင်း လုပ်ချင်သလိုသာလုပ် …” လင်းရီ ပခုံးတွန့်လိုက်ပြီး “ ဒါပေမယ့် အကြံတစ်ခုတော့ ပေးလိုက်မယ်… ကိုယ့်ရဲ့ အာဏာကို အလွဲသုံးစား မလုပ်နဲ့ … မဟုတ်ရင် နည်းပြကူ အတွက် ကောင်းမှာ မဟုတ်ဘူး …”

“ ငါက စည်းမျဉ်းစည်းကမ်းနဲ့ အညီပဲ ကိုင်တွယ်တယ်… ငါ ဒီလို လုပ်တာ မှားလား … ငါ ဒါကို ခြိမ်းခြောက်မှု တစ်ခုဆိုပြီး ယူဆလိုက်ရမလား …”

“ မင်းဘာမင်း ယူဆချင်သလို ယူဆ….”

ပြောပြီးနောက် လင်းရီသည် လီချူးဟန်အား ခါးဖက်၍ “ သွားစို့ … ညဈေးတန်းထဲ စားကောင်းတာတွေ သွားစားရအောင် …”

“ ငါတော့ ဒါက အကြံကောင်းလို့ မထင်ဘူးနော်… ဒါမှမဟုတ် နင် အရင်ပြန်ပြီး နောင်မှပဲ ငါနဲ့ အဖော်လာလုပ်ပေးတော့လေ… နင် အားမယ့် တစ်ရက်ရက်ပေါ့ …” လီချူးဟန် ညင်သာစွာ ပြောလိုက်ပြီး “ အဲ့ဒီ အမျိုးသမီး ကြည့်ရတာ အတော်လေး ဒေါသထွက်နေတဲ့ပုံပဲ … သူနင့်ကို ခက်ခဲအောင် လုပ်မှာ စိုးရိမ်ရတယ်…”

“ ဒီတိုင်း ရင်ဘက်သေးပြီး စိတ်ကြီးတဲ့ အမျိုးသမီးကိုများ … သူမရဲ့ အကြောင်းပြချက်တွေက ဒီလောက်ထိ ရှင်းနေတာကို ခေါင်းထဲ ထည့်မနေနဲ့ …”

“ ဟင် …”

နှစ်ယောက်သား ခါးဖက်၍ ထွက်ခွာသွားသည်ကို မြင်တော့ ကူရိရန် ဒေါသထောင်းခနဲ ဖြစ်သွားခဲ့သည်။ သူမ၏ အင်္ကျီလက်များကို လိပ်ရင်း လင်းရီအား နေရာမှာတင် သင်ခန်းစာ ပေးရန်အတွက် စိုင်းပြင်းတော့၏။

“ စိတ်လျှော့ စိတ်လျှော့ … ဒီမှာ လူတွေအများကြီးကို နင် မရှက်ဘူးလား ….” လျိုပင်းပင်း ဘေးမှ အတင်းဆွဲထားလိုက်ရလေသည်။

အကယ်၍ သူတို့သာ ရန်ဖြစ်ကြမည် ဆိုပါက အင်မတန် အရှက်ကွဲမည် ဖြစ်၏။ နှစ်ယောက်လုံး အလုပ်ပင် ပြုတ်သွားနိုင်လေသည်။

“ နင် ငါ့ကို လာမဆွဲနဲ့ … ငါ့ဘဝကြီးမှာ လူကို ဒီလိုစော်ကားခံရတာမျိုး တစ်ခါမှ မကြုံဖူးသေးဘူး …”

“ မဟုတ်သေးပါဘူး … ငါနင့်ကို နေ့တိုင်း ရင်ဘက်သေးပြီး စိတ်ကြီးတယ်လို့ စနောက်နေတာကို နင် ဒီလောက် စိတ်ဆိုးနေတာမျိုး တစ်ခါမှ မမြင်ဖူးပါဘူး …”

ကူရိရန် “ …… “

All Chapters