← Chapters

ထင်မှတ်မထားသည့်လူ

Vol. 111 Ch. 1656

ထင်မှတ်မထားသည့်လူ

Vol. 111 Ch. 1656

“ တကယ်ပဲ ဘာမှမဖြစ်ဘူးဆိုတာ သေချာပါတယ်နော်…”

ညဈေးတန်းထဲ ဈေးဝယ်ထွက်နေရင်းဖြင့် လီချူးဟန်၏ အမူအရာမှာ အနည်းငယ် စိုးရိမ်ပူပန်နေဆဲပင်။

သူမအတွက်ကြောင့်နှင့် လင်းရီ၏ အလုပ်ကိစ္စတို့ နှောင့်နှေးကြန့်ကြာသွားမည်အား မဖြစ်စေချင်ပေ။

“ အဲ့အမျိုးသမီးရဲ့ ဦးနှောက်ကိုက တစ်ခန်းလွတ်နေတာ … လျစ်လျူရှုထားလိုက် …”

“ ပြီးတာပဲလေ…”

“ ခုနက ဖြစ်ခဲ့တာတွေ မေ့လိုက်တော့ … စားချင်တာတွေ ပြောလေ… ဝယ်ပေးမယ်…”

“ ငါ ပေါက်စီနဲ့ အချိုရည် သောက်ချင်တယ်… ပြီးတော့ အကင်ရောပဲ …” လီချူးဟန်သည် ပန်းလေးတစ်ပွင့်နှယ် ပြုံး၍ ပြောလိုက်၏။

“ ဒီမှာ စောင့်နေ…”

လီချူးဟန်သည် ဘေးတွင် ရပ်နေပြီး လင်းရီမှာတော့ လူအုပ်ထဲ သွားတန်းစီနေလေသည်။ သို့သော် ထိုအခိုက်အတန့်တွင် သူ၏ ဖုန်းသံ မြည်လာခဲ့၏။

လီရှန်းဟွေ့မှ ဝီချက် မက်ဆေ့ချ် ပို့လာခဲ့ခြင်းပင်။

“ အဆင်ပြေရင် ဖုန်းခေါ်လာခဲ့ဦး …”

လင်းရီ များများ စဉ်းစားမနေဘဲ သူ့ဆီ ဖုန်းဆက်လိုက်၏။

“ နည်းပြလီ…”

“ ဘာတွေ ဖြစ်နေတာ … မင်း ရှောင်ကူနဲ့ သွားတိုးတယ် ဟုတ်လား …”

“ ကျုပ်လည်း ဒီလောက် ကံဆိုးလိမ့်မယ်လို့ ထင်မထားဘူး … ညဈေးတန်း ခဏသွားတာ သူနဲ့ သွားတိုးတယ်…” လင်းရီ ပြောလိုက်သည်။ “ ခုတလော ကျုပ် ကျိန်စာမိနေလို့များလား မသိဘူး …. ဗေဒင်လေး ဘာလေးမေးပြီး ယတြာလေး ဘာလေး ချေဦးမှပါ …”

“ ပေါက်ကရ ပြောနေတာတွေ တော်လိုက်တော့ … ငါမင်းကို ကိစ္စက အရေးကြီးတယ် မပြောခဲ့ဘူးလား … ည ဈေးတန်းသွားပြီး ဘာလဲ လုပ်တာ …. မင်း ကိစ္စပြီးမှ သွားလို့ကော မရဘူးလား …”

“ ခင်များ အထင်လွဲနေပါပြီ… ကျုပ်က ဆေးလာပို့ပေးတဲ့လူနဲ့ ဒီမှာ ချိန်းထားတာ … “

“ မင်း ဆေးရခဲ့ပြီပေါ့ …”

“ ရခဲ့ပြီ… စုစုပေါင်း ငါးပုလင်း …”

“ ကောင်လေး … မင်းမဆိုးဘူးပဲ … ဒီလောက် အမြန်ကြီး ရလာတယ်ပေါ့ ..”

“ ခင်များ အားတယ်ဆို ဆေးလာယူလို့ ရပြီ… ပြီးရင် ခင်များရဲ့ အကြီးအကဲဆီ ပို့ပေးလိုက်တော့ …”

“ ငါ မီတင် တက်စရာ ရှိတယ်ဟ… ဆေးကို ဟွာရှန်းဆေးရုံက အရိုးအထူးကု ဌာနဆီ ပို့လိုက် …”

“ ဘာလို့ ကျုပ်က သွားပို့ရမှာလဲ … ဒီဥစ္စာက ခင်များ မျက်နှာသာရဖို့ အခွင့်ကောင်းပဲ မဟုတ်ဘူးလား …”

“ မင်းနဲ့ အမှတ်ကောင်းရဖို့ ယှဉ်တိုက်နေစရာ မလိုပါဘူးကွာ ..” လီရှန်းဟွေ့ ပြေလိုက်ပြီး “ မင်းပဲ ဆေးကို သွားပို့ပေးပြီး ခေါင်းဆောင်အပေါ်မှာ အမြင်ကောင်းတစ်ခု ရအောင် ချန်ခဲ့လိုက် … ပြီးတော့ မင်းရဲ့ ထရိန်နင် ရလဒ်တွေကလည်း မဆိုးဘူး … ထင်မထားတာတွေ ဖြစ်မလာခဲ့ဘူးဆိုရင် ဗျူရိုရုံးခွဲမှာ အလုပ်ဆင်းရလောက်တယ်… ဒါက မင်းကို ဒေသခံ ရဲဌာနလေးမှာ အလုပ်ဆင်းတာထက် ပိုပြီး များပြားတဲ့ အခွင့်အလမ်းတွေ ပေးလာလိမ့်မယ်…”

“ ကျုပ်က ပြဿနာ မရှိဘူး … ဒီတိုင်း ခင်များကို ကူညီပေးဖို့ ကြိုးစားနေတာ…”

“ အဲ့တာက အဲ့တာပဲ … ဒီကိစ္စမှာတော့ ငါမင်းအပေါ် အခွင့်ကောင်း မယူနိုင်ဘူး …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ လူနာက ပြင်ပ လူနာ ဌာန အဆောက်အဦး အမှတ် ၄ ၊ အခန်း 607 မှာ … ခေါင်းဆောင်ကြီးလည်း အဲ့မှာ ရှိတယ်… ဆေးကို သူ့ထက်ထဲ တန်းထည့်ပေးလိုက် … ငါခဏနေကျရင် မင်းဆီ ဖုန်း နံပါတ်တစ်ခု ပို့ပေးလိုက်မယ်… မင်း အဲ့ဒီကို ရောက်တာနဲ့ သူ့ဆီ ဖုန်းဆက်လိုက် …”

“ ဒါဆိုလည်း ဟုတ်ပြီလေ…”

ပြီးနောက် လင်းရီ ဖုန်းချ၍ လီချူးဟန်အတွက် စားချင်သည်များအား ဝယ်ပေးလိုက်သည်။

“ တခြား ဘာစားချင်သေးလဲ …”

လီချူးဟန် ခေါင်းခါရမ်းလိုက်၏။ “ အဓိကက ခုထိ နောက်ကျအောင် ဂျူတီဆင်းနေရလို့ နည်းနည်း ဗိုက်ဆာနေတာ … မဟုတ်ရင် ဒီတိုင်း လမ်းလျှောက်ရလည်း အဆင်ပြေတယ်…”

“ ဘာမှ မစားဘဲ ညဈေးတန်းထဲလည်တာက အဓိပ္ပာယ် ဘာရှိမှာ … အဲ့လိုလုပ်တာက ညဈေးတန်း လည်ပတ်ရတာရဲ့ အနှစ်သာရကို ဆုံးရှုံးစေတယ်…”

လီချူးဟန် ပြုံးလိုက်မိ၏။ “ နင် ပြောတာ မှန်တယ်…”

“ ငါက မင်းအတွက်ဆို အမြဲတမ်း မှန်နေတာပဲ မဟုတ်ဘူးလား …”

“ အွန်း ….”

“ အရူးမလေး …”

လီချူးဟန်မှာ ဖူဒီ တစ်ယောက် မဟုတ်သဖြင့် အစားအသောက်နှင့် ပတ်သက်၍ သိပ်ပြီးမှ ခုံမင်မှု မရှိလှချေ။

သို့သော် လက်ဝတ်တန်ဆာများ ရောင်းချသည့် ဘက်ခြမ်းသို့ ရောက်သည့်အခါတွင်တော့ ချစ်ဖို့ကောင်းသည်များအား မဝယ်ဘဲ မနေနိုင်ချေ။ အဆိုပါ လက်ဝတ်တန်ဆာတို့က အတော်လေး ဈေးပေါလှကာ ဈေးအကြီးဆုံးသည်ပင် ယွမ် ၂၀ မျှသာ ရှိသည်။

တစ်နာရီကျော်ကြာအောင် ဈေးတန်းထဲ လည်ပတ်ပြီးနာက် လီချူးဟန်သည် အစားအသောက်တစ်ချို့ ဝယ်၍ ချောင်ရှင်းအတွက် ယူသွားပေးရန် ဟန်ပြင်သည်။

“ နင့်ရဲ့ လေ့ကျင့်ရေးစခန်းက ဘယ်နားလေးမှာလဲ .. ငါလိုက်ပို့ပေးမယ်…” ကားထဲသို့ ဝင်ပြီးနောက် လီချူးဟန် မေးလိုက်၏။

“ ဆေးရုံကို အရင်ပြန်ကြစို့ … ဆေးကို တခြားတစ်ယောက်ဆီ ပို့ပေးရဦးမှာ …”

“ ထပ်ပြီး လျှောက်သွားဦးမလို့လား … ဘယ်ဌာနလဲ … ငါပို့ပေးလို့လည်း ရသားနဲ့ … နင် ပြန်ပြီး စောစောနားတော့လေ…”

“ ကိုယ်တိုင်သွားမှ ဖြစ်မှာမို့လို့ပါကွာ … တဆင့်ပေးခိုင်းလို့က အဆင်မပြေလို့ …”

လီချူးဟန်မှာ လောကဓမ္မတာ ကိစ္စရပ်များနှင့် ပတ်သက်၍ အတွေ့အကြုံ သိပ်မရှိသည့် လူစားမျိုးပင်။ ယနေ့ ရာထူးသို့ ရောက်ရှိရန်အတွက်လည်း မိမိ၏ အရည်အချင်းကို မှီခို၍ ကြိုးစားခဲ့ခြင်း ဖြစ်သဖြင့် ဤသို့သော ကိစ္စများအား များများစားစား စဉ်းစားမနေချေ။

ဤသည်က ခေါင်းဆောင်အတွက် လက်ဆောင်တစ်ခုပင်။ ထို့ကြောင့် လင်းရီသည် သဘာဝအလျောက် သူမအား တစ်ဆင့် ပေးခိုင်းလိုက်၍ မဖြစ်ချေ။

စောနတင် လင်းရီသည် လီရှန်းဟွေ့အား ကိုယ်တိုင်ကိုယ်ကျ သွားရောက် ပို့ပေးစေလိုသကဲ့သို့ပင်။

“ ကောင်းပြီလေ.. နင်ပြောတာ နားထောင်လိုက်မယ်…”

ဆေးရုံသို့ ရောက်လာပြီးနောက် ပြင်ပလူနာ ဌာန၏ အဆောက်အဦး အမှတ် ၄ ဝင်ပေါက်ဝတွင် နှစ်ယောက်သား လမ်းခွဲလိုက်ကြသည်။

ညတွင် မည်သူမျှ မရှိသည်ကို အခွင့်ကောင်းယူ၍ နှစ်ယောက်သား မခွဲခွာမီ တိတ်တိတ်လေး ပွေ့ဖက်လိုက်ကြလေသည်။

ည ၁၁ နာရီ အချိန်အခါဖြစ်ပြီး ဆေးရုံတွင် လူတို့ များများစားစား သိပ်မရှိချေ။ သို့သော် မလိုလားအပ်သည့် မှတ်မိခြင်း ပြဿနာတို့မှ ကာကွယ်ရန် လင်းရီသည် ကိုယ့်ကိုယ်ကို မာ့စ်တပ်ထားလိုက်၏။ မဟုတ်ပါက နာ့စ်အုပ်စုဖြင့် သူ လိုရင်းရောက်တော့မှာ မဟုတ်ချေ။

သူ အတွင်းသို့ ဝင်ပြီး ဓာတ်လှေကားထဲသို့ ဦးတည်လိုက်သည်။ ခြောက်လွှာသို့ ရောက်သောအခါ အခန်း 607 သို့ လျှောက်လှမ်းသွားခဲ့လေသည်။

ချလပ် …

သူ အခန်း 602 ကို ဖြတ်မိသည်တွင် အနက်ဝတ်နှင့် အမျိုးသား တစ်ဦးမှာ လက်ထဲတွင် ရေပုလင်း တစ်လုံးကိုင်၍ ထွက်လာခဲ့၏။ သူ့ပုံစံကြည့်ရသည်မှာ ရေနွေး သွားယူမည့်ဟန်ပင်။

သို့သော် လင်းရီ ထိုလူအား မြင်တွေ့လိုက်ရတော့ အနည်းငယ် ကြက်သေသေသွားခဲ့၏။ သူ့စိတ်ထဲ ရင်းနှီးနေသယောင် ခံစားနေရသည်။

ထို့နောက် ရုတ်ချည်းဆိုသလို သူ ယခင်က ကိုင်တွယ်ခဲ့ဖူးသည့် မာစန်းဟူသည့် လူတစ်ယောက်အား အမှတ်ရသွားခဲ့သည်။ အခန်း 602 ထဲက ထွက်လာခဲ့သည့်လူမှာ ထိုငနဲ၏ လက်အောက်ငယ်သား ဖြစ်သည့်ပုံပင်။

အတည်ပြုရန်အတွက် နောက်လှည့်ကြည့်လိုက်သည်တွင် တစ်ဖက်သူမှာ အလှမ်း တော်တော်ဝေးဝေးသို့‌ ရောက်နှင့်နေပြီး ဖြစ်သည်ကို သတိပြုမိလိုက်သည်။

လင်းရီ၏ မျက်လုံးတို့ ဂနာမငြိမ် ဖြစ်သွားခဲ့၏။ သို့သော် သူ အလျင်မလိုပေ။

ဤဆေးရုံက သူ့ပိုက်နက် ဖြစ်၏။ ဖုန်းတစ်ချက် ခေါ်၍ ဤကိစ္စအား နောက်မှ အတည်ပြုလည်း ဖြစ်သည်။

မကြာမီ လင်းရီ အခန်း 607 ရှေ့သို့ ရောက်သွားခဲ့ပြီး လီရှန်းဟွေ့ ပို့ပေးလာခဲ့သည့် ဖုန်းနံပါတ်အား နှိပ်လိုက်၏။

“ ခေါင်းဆောင်လျို … နည်းပြလီက ကျုပ်ကို တစ်ခုခု ပို့ခိုင်းလိုက်လို့ပါ … ကျုပ်အခု အခန်း 607 အပြင်မှာ ရောက်နေပြီ…”

“ အိုကေ အိုကေ … ငါ့ကို အဲ့မှာ စောင့်နေ…”

လင်းရီ ခေါင်းဆောင်လျိုဟု သုံးနှုန်းသွားသည့် လူ၏ အမည်မှာ လျိုကွမ်းရှန် ဖြစ်ပြီး ဗျူရိုရုံးခွဲ၏ ဒုတိယ ပြောရေးဆိုခွင့် အရှိဆုံး ပုဂ္ဂိုလ်ပင်။

မကြာမီ လူနာအခန်း တံခါး ပွင့်ဟလာခဲ့ပြီး လျိုကွမ်းရှန် အပြင်သို့ ထွက်လာခဲ့၏။

“ ညဉ့်နက်နေပြီကို ဒီအထိ လာခဲ့ခိုင်းရတော့ ပင်ပန်းစေမိပြီ..."

“ ကြင်နာလွန်းနေပါပြီ… တခြားဘာကိစ္စမှ မရှိတော့ဘူးဆို ကျုပ်ကို ခွင့်ပြုပါဦး …”

“ အင်း … ငါလည်း လူနာကို စောင့်ရှောက်ရဦးမှာဆိုတော့ မင်းကို လိုက်မပို့နိုင်တော့ဘူး …”

“ မလိုပါဘူး … မလိုပါဘူး …‌ ခေါင်းဆောင်လျို လုပ်စရာရှိတာသာ လုပ်ပါ …”

ဖော်ရွေပျူငှာသည့် စကားတစ်ချို့ ပြောပြီးနောက် လင်းရီသည် သူ၏ မာ့စ်အား ချိန်ညှိ၍ ထွက်ခွာသွားခဲ့သည်။

ပြင်ပ လူနာဌာန အဆောက်အဦး အမှတ် ၄ ထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီသည် လီချူးဟန်ထံ ဖုန်းခေါ်လိုက်လေသည်။

“ နင့်ကိစ္စ ပြီးသွားပြီလား …”

“ ပြီးပြီ… ဒါပေမယ့် ငါ တစ်ခု မေးချင်လို့ …”

“ ပြောလေ…”

“ ပြင်ပလူနာဌာန အဆောက်အအုံ ၄ ရဲ့ အရိုးအထူးကု အခန်း 602က လူနာရဲ့ အချက်အလက်တွေ ငါ့ဆီ ပို့ပေးစမ်းပါ … ဒါပေမယ့် တိုးတိုးတိတ်တိတ်ပဲ စုံစမ်းပေးနော်… သူများတွေ မသိစေနဲ့ …”

“ နင် အလျင်လိုလား …” “ ငါ မနက်ဖြန်ကျရင် စုံစမ်းလိုက်မယ်… ဒီ အတောအတွင်း နင် နားလို့ရတုန်း နားတော့လေ…”

“ အင်း …”

လင်းရီကတော့ ဖြစ်နိုင်ချေများသည်ဟု ခံစားနေရ၏။

မာစန်းက သူ့လက်တစ်ဖက်ကို ဆုံးရှုံးသွားခဲ့တာ ဖြစ်ပြီး ဟွာရှန်းဆေးရုံသည်ကား ကျိုးဟိုင်တွင် အကောင်းဆုံး ဆေးရုံ တစ်ခု ဖြစ်သည်ကို ထည့်တွက်လိုက်မည်ဆိုပါက ဤနေရာသို့ ဆေးရုံတင်ရန် အရင်ဆုံး တွေးမိလောက်သည်။

တစ်စုံတစ်ရာ မှားယွင်းမှု မရှိသရွေ့ အခန်း 602 ထဲက လူနာသည် ကျိန်းသေပေါက် မာစန်း ဖြစ်သင့်၏။

သို့သော် အတည်ပြုချက် ရယူသည်က ပိုကောင်းသည်။

အရာအားလုံး စီစဉ်ပြီးနောက် လင်းရီသည် လေ့ကျင့်ရေး စခန်းသို့ တက္ကစီစီး၍ ပြန်လိုက်ပြီး ကင်မရာ၏ မျက်ကွယ်ရာ ထောင့်တစ်ခုမှ တစ်ဆင့် နံရံသို့ ကျော်တက်ကာ ပရဝဏ်အတွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

တင်းတောင် တင်းတောင် တင်းတောင် ….

နောက်တစ်နေ့ နံနက်တွင် ကြားနေကြဖြစ်သည့် ဘဲလ်သံ မြည်ဟီးလာခဲ့သည်။

လင်းရီနှင့် ကျန်းဖန့်တို့ တစ်ယောက်ပြီး တစ်ယောက် အိပ်ရာမှထကာ မျက်နှာသစ် သွားတိုက်ပြီး မနက်စာ စားရန်အတွက် ကန်သင်းသို့ ထွက်လာခဲ့ကြသည်။

နှစ်ယောက်သား ကန်သင်းသို့ ရောက်သည့်အချိန်မှာပဲ ကူရိရန် ရောက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။

“ နင် အထုပ်အပိုးတွေ ပြင်ပြီးပြီလား …”

ဤမေးခွန်းက ကျန်သူများအား ကြက်သေသေသွားစေခဲ့၏။

“ ဘာကို ပြင်ရမှာ …”

“ ဒီနေ့ကစပြီး နင် ဒီမှာ ဆက်လေ့ကျင့်စရာ မလိုတော့ဘူး … ရူးသလိုလို ကြောင်သလိုလို လာလုပ်မနေနဲ့ …”

“ ငါ ဒီမှာ ဆက်ပြီး လေ့ကျင့်ရမယ့် ကိစ္စက မင်းဆုံးဖြတ်ရမယ့် အရာ မဟုတ်ဘူး … နည်းပြလီတောင် ဘာမှ မပြောသေးတာ မင်းက ဘာလို့ လာပြီး ဝင်စွက်ဖက်နေရတာ …”

“ ငါနင့်ကို ပြောလိုက်မယ်… နင့်ကိုယ်နင် နည်းပြလီနဲ့ ဆက်ဆံရေးကောင်းတိုင်း လုပ်ချင်တာ လုပ်လို့ရပြီ ထင်မနေနဲ့ ….”

“ အစွမ်းအစရှိတယ်ဆိုလည်း ငါ့ကို ချက်ချင်း အလုပ်ထုတ်လိုက်လေ…”

“ ငါ မလုပ်ရဲဘူးများ နင်ထင်နေလား …” ကူရိရန် တင်းမာစွာ ပြောလိုက်ပြီး “ ထမင်းစားပြီးတာနဲ့ ကိုယ့်အခန်းကိုယ်ပြန်ပြီး အထုပ်ပိုး ပြင်ထားလိုက်တော့ … နင် ဒီနေ့ ကွင်းထဲလာပြီး လေ့ကျင့်ရေး ဆင်းဖို့ မလိုဘူး …”

All Chapters