← Chapters

ရုပ်ပြောင်း၍လာခြင်း

Vol. 010 Ch. 981

ရုပ်ပြောင်း၍လာခြင်း

Vol. 010 Ch. 981

သူတို့ကို လူသားဒိုင်းကာအဖြစ်သုံးချင်နေတာလား။ တွေးတောင် မတွေးနဲ့။

ရှီမာယူယူ၏ ဒေါသကိုခံစားမိပြီး အားလုံးသည် ဘေးဘက်သို့ကြည့် လိုက်ကြသည်။

“ယူယူ ဘာဖြစ်လို့လဲ”

“အဲလူတွေက ဝိညာဉ်သားရဲအလိုက်ခံနေရတယ်၊ သူတို့က ကျွန်တော် တို့ကိုအချိန်ဆွဲပေးဖို့လိုချင်နေကြတာ” ရှီမာယူယူ ပြန်ပြောလေသည်။

“စိတ်ကူးယဉ်နေလိုက် ရှောင်ချီ အဲလူတွေကိုသွားသတ်မယ်” ရှောင်ချီ သည် ဒေါသဖြင့် အင်္ကျိလက်ကို မ,တင်လေသည်။

ပင်လယ်ကြယ်နန်းတော်မှလူများသည်လည်း ဒေါသထွက်နေကြသည်။ “အဲဒါဘယ်သူပြောတာလဲ”

“ကျွန်တော်လည်းမသိဘူး သူတို့အင်္ကျိတွေမှာ လင်းယုန်တံဆိပ်ထိုး ထားတယ်” ရှီမာယူယူ ပြောလိုက်သည်။

“လင်းယုန်လား ဒါဆိုရင် ဝံလက်ငှက်နန်းတော်ကလူတွေဖြစ်ရမယ်” ကျန်းဖေ ပြောလေသည် “ဟင်း ဝံလက်ငှက်နန်းတော်က အမြဲတမ်း တစ် ကိုယ်ကောင်းဆန်တယ်၊ ငါတို့ကိုလူသားတံတိုင်းအဖြစ်တွေးတာ အံ့သြစရာ တော့မရှိဘူး ဒါပေမဲ့ လွန်လွန်းတယ်”

“သခင် အဲလူတွေက မုန်းစရာကောင်းတယ် ဒီအတိုင်းကျော်မသွားနိုင် ဘူး” ကျန်းမန့်သည် ဒေါသဖြင့်ပြောလေသည်။

“ဟင်း သူတို့နဲ့ရင်တော့ အခွင့်အရေးယူပြီး ပြန်လုပ်ရမယ်” ကျန်းဖေ သည် တည်ငြိမ်သောမျက်နှာထားဖြင့်ပြောလေသည်။

“ဂျူနီယာမောင်လေး အခုသူတို့အခြေအနေ ဘယ်လိုလဲ” ဟန့်မြောင်ရွှမ် မေးလေသည်။

“သူတို့ကို တစ်တောင်လုံးက ဝိညာဉ်သားရဲတွေလိုက်နေကြတယ်” ရှီမာယူူယူ ပြောလေသည် “သူတို့ကိုကြည့်ရတာ အဲဒါကိုကျော်နိုင်မယ်မထင် ဘူး”

“သူတို့မကျော်နိုင်ရင် သူတို့ကံပဲလေ သူတို့ဒီရောက်လာရင်လည်း ငါတို့ အကြွေးဆပ်တာခံရဦးမယ်”

သူတို့နှင့် သမိုင်းကြွေးရှိခဲ့သော ပင်လယ်ကြယ်နန်းတော်မှ လူများ ဒေါသထွက်နေသည်ကို ရှီမာယူယူကြည့်နေလိုက်သည်။

ထိုအချိန်တွင် မှော်ဝင်လက်စွပ်အတွင်းမှ လှုပ်ရှားမှုဖြစ်လာသည်။ ထို့နောက်တွင် လေဟာပြင်ပွင့်လာပြီး ရိုးရှင်းသောလူတစ်ယောက်ထွက်လာ သည်။

ရှီမာယူယူကိုကြည့်ပြီး သူ့နှုတ်ခမ်းထောင့်မှာပြုံးသွားကာ သူမကို စိတ်ခံစားချက်အပြည့်ဖြင့်ကြည့်လိုသည့်စိတ်ကို အောင့်ထားရင်း ပျံလာလိုက် သည်။

ရှီမာယူယူသည် ထိုလူကို တစ်ချက်တည်းကြည့်ရုံနှင့် မှတ်မိကာ တအံ့ တသြမေးလေသည် “ဘာလို့ဒီကိုရောက်လာတာလဲ ဒီမှာရှင်းရမဲ့ကိစ္စရှိလို့ လား”

သူမ သူအသွင်ပြောင်းထားသည်ကို မှတ်မိနေသည်ကို ဝူလင်းယူ ကျေနပ်နေကာ ပြုံးပြီး ပြောလိုက်သည် “အဲလိုပါပဲ”

“ဂျူနီယာမောင်လေး ဒါဘယ်သူလဲ” ဟန့်မြောင်ရွှမ်သည် ဝူလင်းယူ အားကြည့်ပြီး ထိုလူသည် အနည်းငယ်ထူးဆန်းသည်ဟု တွေးကာ ရှီမာယူယူ အားကြည့်လိုက်သည်။

“အဟွတ် အဟွတ် ဒါက ကျွန်တော့်သူငယ်ချင်းပါ သူကျွန်တော့်ကိုလာ တွေ့မယ်လို့ ကတိပေးထားတာ” ရှီမာယူယူ ပြောလိုက်သည် “အင်း သူ့ကို အုလေးလို့ခေါ်လို့ရတယ်”

ဝူလင်းယူ မျက်ခုံးများပင့်တက်သွားသည်။ အုလေး… ဝူလေး…

မုန်းတီးသော အေးစက်မှုသည် ပတ်ပတ်လည်တွင် တက်လာသည်…

သို့သော် သူမ မျက်လုံးမှ အပြုံးကိုကြည့်ပြီး သူ ခေါင်းညိတ်ကာ ပြော လိုက်သည် “ကျွန်တော့်ကိုအုလေးလို့ခေါ်လို့ရပါတယ်”

“ကောင်းပြီ ကျွန်တော်တို့ နှစ်ယောက်တည်းပြောစရာရှိလို့ ခွင့်ပြုပါဦး”

ရှီမာယူယူသည် ဝူလင်းယူကို ဆွဲပြီးပျံသွားလိုက်သည်။

ရှောင်ချီသည် သူတို့နှစ်ယောက်နောက်တွင် နှုတ်ခမ်းဆူကာ ကျန်ခဲ့ လေသည်။ ဒီလူက ကိစ္စတွေသွားရှင်းတာမလား။ ဘာလို့ အဲလောက်မြန်မြန် ပြန်လာတာလဲ။

ဝူလင်းယူနှင့် ရှီမာယူယူတို့သည် ထိုလူများ၏မြင်ကွင်းနှင့် ဝေးရာနေရာ သို့ပျံလာလိုက်သ်ည။

“ရုတ်တရက်ကြီးဘာလို့ ဒီရောက်လာတာလဲ အရင်ရောက်နှင့်နေတယ် လို့တော့မပြောနဲ့နော်” ရှီမာယူယူ သူ့ကိုစိုက်ကြည့်လိုက်သည် “အစ်ကို့ရဲ့ သရုပ်မှန်ကို မတော်တဆဖော်မိသွားရင် ဘယ်လိုလုပ်မလဲ”

“ယူယူ ကိုယ့်ကိုမမှတ်မိဘူးလား အဲလိုဆိုရင်လည်း ရပါတယ်” ဝူလင်းယူသည် သူမကို ဖက်ကာ အနမ်းများခြွေလေသည်။

ရှီမာယူယူသည် ထိုရက်ပိုင်းအတွေးများနှင့်အတူ သူ၏ အနမ်းနှင့်အတူ စီးမြောနေလိုက်သည်။

ခဏအကြာတွင် နှစ်ယောက်ခွဲလိုက်ကြသည်။

“အခု အစ်ကိုရောက်လာတယ်ဆိုတော့ အကုန်လုံးဖြေရှင်းပြီးသွားပြီ လား” ပြီးခဲ့သည့်တစ်ခေါက်က သူအလောတကြီးပြန်သွားသည်ကို ရှီမာယူယူ မှတ်မိလိုက်သည်။ သို့သော် သူ ရက်ပိုင်းအနည်းငယ်နှင့်ပြန်လာခဲ့သည်။ သူ ဘာကိုဖြေရှင်းသလဲတော့ မသိ….

“အကုန်ရှင်းပြီးသွားပြီ ပြီးခဲ့တဲ့တစ်ခေါက် ကိုယ်ပြန်တော့ အရေးကြီးတဲ့ အဆင့်ရောက်နေပြီ အဲအဆင့်ကိုကျော်ဖြတ်ပြီးတော့ နောက်ထပ် ဘာမှလုပ် စရာမရှိတော့ဘူး” ဝူလင်းယူသည် သူမ ပါးပြင်ကို ဆွဲလိုက်သည်။

ရှီမာယူယူ အလွန်စိတ်လှုပ်ရှားသွားသည်။ သူ့ကိစ္စများသည် အရေးကြီး သည့်အဆင့်တွင်ရောက်ခဲ့သော်လည်း သူမ ဒုက္ခရောက်နေသည်ဟု ကြား သည်နှင့် ချက်ချင်းပင် အလောတကြီးသူမဘေးသို့ရောက်လာခဲ့သည်။ ဒါသည် သူ့နှလုံးသားထဲတွင် သူမသည် နေရာအများအပြားယူထားသည်ကို ပြနေသည်။

“ဒီတစ်ခေါက် ဘယ်လောက်ကြာအောင်နေမှာလဲ” သူမသည် သူ့ခါးကို လက်များဖြင့်သိုင်းဖက်ပြီး သူ့ရင်ခွင်ကိုမှီရင်းမေးလေသည်။

“အချိန်တစ်ခုလောက်တော့ မသွားဖြစ်သေးဘူး” ဝူလင်းယူသည် သူမ ကိုဖက်ပြီး သူမခေါင်းပေါ်မေးတင်လိုက်သည်။ “ရက်နည်းနည်းပဲရှိသေးတာ မင်းကို ကိုယ်ပိုပိုပြီးလွမ်းတယ်ဆိုတာ သိလိုက်ရတယ် ကိုယ်ဘာလုပ်ရမလဲ မင်းကို ကိုယ့်ဘေးမှချည်ထားလိုက်ချင်တယ် အဲလိုဆိုရင် မင်းကို အချိန်တိုင်း မြင်လို့ရပြီ”

“ပိုလွန်းနေပြီ” ရှီမာယူယူသည် သူ့ခါးကိုဆိတ်လိုက်သော်လည်း နှုတ်ခမ်းများမှာ ပြုံးသွားသည်။

“ကိုယ်တို့ဘယ်တော့မှလက်ထပ်ရမလဲ” ဝူလင်းယူ ရေရွတ်လိုက်သည် “ကိုယ် နတ်ဆိုးလောကကကိစ္စတွေကို ရှင်းပြီးမှ ဒီအကြောင်းပြောမလို့ ဒါပေမဲ့ ကိုယ်မစောင့်နိုင်တော့ဘူး မင်းပြောကြည့် ကိုယ်တို့ဘယ်တော့ လက်ထပ်ကြမလဲ”

ရှီမာယူယူ ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “လက်စားချေ တာက လောလို့မရဘူး ဒါပေမဲ့ အရင်လုပ်ရမဲ့ကိစ္စတွေရှိသေးတယ်”

“ဘာကိစ္စတွေလဲ”

“ကျွန်တော်လုပ်ရမဲ့ကိစ္စတွေကို အစ်ကိုလည်းသိသားနဲ့ ဒီခန္ဓာကိုယ်ထဲ မှာ ကျွန်တော်ရှိနေတာဆိုတော့ အရင်ရှီမာယူယူနဲ့ ကတိပေးထားတာရှိတယ် အဲဒါကြောင့် ကျွန်တော့်မိဘတွေကိုအရင်ရှာရမယ်၊ ဒီလောက်ကြီးတဲ့ လက်ထပ်ပွဲကို မိသားစုဝင်တွေလိုတယ်လေ” ရှီမာယူယူ ပြောလိုက်သည်။

“ဒါပေမဲ့ မင်းက အခုမင်းရဲ့သရုပ်မှန်ကိုတောင်မသိတာ မိဘတွေကိုရှာ ဖို့ကြာဦးမယ်၊ စိတ်မရှည်ချင်ဘူး” ဝူလင်းယူ သက်ပြင်းချလေသည်။

သို့သော် သူ့တွင်ငြင်းဆန်ရန် အကြောင်းအရင်းမရှိပေ။ အကြောင်းမှာ ထိုအကြောင်းအရာသည် ငြင်းမရသောကြောင့်ပေ။ သို့သော် သူမ မိဘများ စောစောရှာတွေ့ရန် လူလွှတ်ပြီးစစ်ခိုင်း၍ရသည်။

“အဲလောက်မကြာဘူးလို့ထင်တာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဟိုး တစ်ခေါက်တုန်းက ကျွန်တော့်ရဲ့ပေါင်းစည်းတဲ့သိုင်းက ရှီမာမိသားစုရဲ့ သိုင်း လို့ ပြောဖူးတယ်၊ ရှီမာမိသားစုသွေးသားဖြစ်မှာ အဲသိုင်းကိုသုံးလို့ရတယ်လို့ ပြောကြတယ်”

“အရင်က အတွင်းပိုင်းဒေသက ရှီမာမိသားစုအကြောင်းကြားဖူးတယ်” ဝူလင်းယူ ပြောလေသည် “ဒီသက်သေနဲ့ဆိုရင်ရှာဖို့လွယ်ပါတယ်”

“ဒါဆိုရင် အဲကိစ္စကိုအစ်ကို့ကိုပဲအပ်ထားလိုက်မယ်”

“ကောင်းပြီ စိတ်ချပါ ကိုယ်မင်းအတွက် ရှာပေးမယ်”

“အင်း”

ရှီမာယူယူသည် ထိုကဲ့သို့သော အားကိုးနိုင်သည့်ခံစားချက်မျိုးကို ပျော်မွေ့သည်။ သူသည် သူမ မှီခိုနိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။ သူမ၏ ပြဿနာများကို သူနှင့်မျှဝေပြီး သူ၏ ပြဿနာများကိုလည်း ကူညီပြီး ရှင်းပေးချင်သည်။

သို့သော် သူသည် သူ့ပြဿနာများကို သူမနှင့် မမျှဝေခဲ့ပေ။ အချိန်တိုင်း တွင် သူ့ပြဿနာများကို သူကိုယ်တိုင်သာ အမြန်ဖြေရှင်းခဲ့သည်။

ထိုပြဿနာများကို သူနှင့်အတူဖြေရှင်းရန်အတွက် သူမ သန်မာဖို့လိုနေ လို့လား။

ထိုခံစားချက်သည် သူမအတွက် ခံစား၍မကောင်းပေ။

ဝူလင်းယူသည် သူမအတွေးများနေသည်ကို ခံစားမိပြီး မေးလိုက်သည် “ဘာတွေစဉ်းစားနေလို့ မပျော်နေတာလဲ”

စဉ်းစားပြီးနောက် ရှီမာယူယူသည် သူမအတွေးကို ပြောပြရန် ဆုံးဖြတ် လိုက်သည်။

“လင်းယူ အခု ကျွန်တော်တို့အတူရှိနေကြပြီဆိုတော့ အစ်ကို့ရဲ့ အကြောင်းတွေကို ကျွန်တော်သိချင်တယ် အစ်ကို့မှာ ပြဿနာတွေရှိနေရင် ကျွန်တော်အစ်ကိုနဲ့အတူ ရင်ဆိုင်မယ်၊ အချိန်တိုင်းမှာ အစ်ကို့ရဲ့ကာကွယ်မှု အောက်မှာ ဘာမှမသိတာမျိုးမဖြစ်ချင်ဘူး၊ ကျွန်တော်က ကျွန်တော့်အတွက် လေနဲ့မိုးတွေကို ကာကွယ်ပေးတာကို ကြိုက်တဲ့သူမဟုတ်ဘူး ကျွန်တော်က အစ်ကိုနဲ့အတူရင်ဆိုင်ချင်တယ်”

ဝူလင်းယူသည် သူမမျက်နှာမှလေးနက်မှုကိုကြည့်ပြီး သူမသည် တစ်သက်လုံး အကာကွယ်ခံလိုသည့်သူ မဟုတ်သည်ကို သိလိုက်သည်။ သူ သည် သူမကို အနောက်မှကာကွယ်ရန်ရွေးချယ်ခဲ့သည်မှာ အရင်က သူမ အားနည်းတုန်းကတည်းကဖြစ်သည်။ သို့သော် အခု သူမသည် ထိုအရာ ကြောင့် မပျော်မရွှင်ဖြစ်ရသည်။

သို့သော် သူမအနောက်မှမဟုတ်ပဲ သူမဘေးမှလည်း ကာကွယ်နိုင်မည် ကို သူယုံကြည်သည်။

“ကောင်းပြီ အဲလိုပြောမှတော ကိုယ်နောက်မှပြောပြမယ် အဲဒါကိုအတူ ဖြေရှင်းကြတာပေါ့ ဘယ်လိုလဲ”

“အဲဒါပိုကောင်းတယ်” ရှီမာယူယူသည် ကျေနပ်စွာပြုံးလိုက်သည်။

***

All Chapters