← Chapters

အလင်း စူးတယ်

Vol. 111 Ch. 1658

အလင်း စူးတယ်

Vol. 111 Ch. 1658

ကူရိရန် လှည့်ထွက်ခွာသွားခဲ့သည်ကို မြင်တော့ အသင်းထဲရှိ လူတိုင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ကြလေသည်။

သူတို့အားလုံး တွေးထင်ထားခဲ့ကြသည်မှာ လင်းရီသည် ယခုလို ပုံစံဖြင့် ထွက်ခွာသွားခဲ့ရပြီ ဟူ၍ပင်။ သို့သော် ထင်မှတ်မထားစွာဖြင့် အထက်လူကြီးများက ဤနေရာသို့ ရောက်လာပြီး နည်းပြကူကို ကိုယ်တိုင်ကိုယ်ကျ ပြန်ခေါ်လာရန် ညွှန်ကြားခဲ့လေသည်။

လင်းရီ ပြောခဲ့တဲ့အတိုင်း သူမ လုပ်ရပြီ…

ဒါကြီးက ဒရာမာ ဇာတ်လမ်း မဆန်လွန်းဘူးလား

“ ဟင်း .. လူတစ်ချို့ကတော့ အခွင့်ကောင်းယူပြီး ရာထူးတက်ချင်နေတာ စိတ်တောင်မကောင်းဘူး …” ကျန်းဇီရှင်း‌ ထေ့ငေါ့ လိုက်၏။

“ မင်းကများ လင်းကောကို တိုက်ခိုက်ချင်နေတယ်ပေါ့ ဟုတ်လား … မင်းမှာ အဲ့လိုလုပ်နိုင်တဲ့ အစွမ်းအစမျိုး ရှိတယ်ထင်လား … “ ကျန်းဖန့် ထူးဆန်းသည့် လေသံဖြင့် ပြောလိုက်၏။

“ မင်း အဘိုး ……..”

“ မင်းတို့ ဘာဖြစ်နေကြတာလဲ …” လီရှန်းဟွေ့ အော်ဟစ်လိုက်ပြီး “ မင်းတို့ကိုယ်မင်းတို့ ကိုယ့်အိမ်ရောက်နေတယ်များ ထင်နေလား … စည်းကမ်းကို မရှိကြဘူး … အကုန်လုံး ကွင်း အပတ် ၂၀ ပြေးကြစမ်း …”

“ ဟုတ်ကဲ့ …”

လူတိုင်း အလိုအလျောက် ပြေးလမ်းပေါ်သို့ ရောက်ကုန်ကျကာ နောက်ဆုံးနေ့၏ လေ့ကျင့်ရေးအား စတင်လိုက်ကြတော့သည်။

တစ်ချိန်တည်းတွင် ကူရိရန်သည် အိပ်ဆောင်သို့ သွား၍ လင်းရီအား ရှာဖွေနေသည်။ သို့သော် လင်းရီ ဤနေရာ၌ မရှိတော့ပြီကို သူမ သတိပြုမိလိုက်သည်။

“ ဒီကောင် တကယ်ကြီး ထွက်သွားခဲ့တာများလား …”

သူမကိုယ်သူမ ရေရွတ်ရင်း ကူရိရန်သည် ဖုန်းထုတ်၍ လင်းရီ၏ နံပါတ်အား ခေါ်ဆိုရန် ဟန်ပြင်လိုက်သည်။ သို့သော် သူမ ခေါ်ဆိုတော့မည့် အချိန်မှာပဲ သူမ၏ ဖုန်းအား အောက်ပြန်ချထားလိုက်၏။

ထိုအကောင် မထွက်သွားခင်က သူမသည် သူ့အား ကိုယ်တိုင်ကိုယ်ကျ ပြန်လာရန် တောင်းပန်ရလိမ့်မည်ဟု ပြောဆိုခဲ့၏။ ယခုတော့ သူမ အမှန်တကယ်ပဲ ထိုအကောင် ပြောသည့်အတိုင်း လုပ်နေရလေသည်။

အကယ်၍ သူမဘက်ကသာ ဖုန်းခေါ်လိုက်ရမည်ဆိုပါက အရှုံးဝန်ခံလိုက်သည်နှင့် အတူတူပင် မဟုတ်ပေလော။

သို့သော် ခေါင်းဆောင်လျိုဘက်ကလည်း အမိန့်ထုတ်ပြန်ထားပြီး ဖြစ်နေသည်။ သူမတွင် ရွေးချယ်စရာမရှိ လိုက်နာရန်သာ တတ်နိုင်တော့၏။

“ နင် ဘယ်မှာပဲ …” ဖုန်းဝင်သွားပြီးနောက် ကူရိရန် မေးမြန်းလိုက်၏။

“ ငါနဲ့ တွေ့ချင်တာလား …”

“ အေး …” ကူရိရန် မပြောချင် ပြောချင် လေသံဖြင့် ပြောလိုက်သည်။

“ အမျိုးသား သန့်စင်ခန်းအိမ်သာရဲ့ သုံးခုမြောက်မှာ … လာရင် တစ်သျှူး နည်းနည်းလည်း ယူလာခဲ့…”

“ အမျိုးသား အိမ်သာ …”

ကူရိရန် တွန့်ခနဲ ဖြစ်သွားခဲ့ပြီး “ အပြင်မှာ ကားဟွန်းသံတွေ ကြားနေရတာကို နင်ကများ အမျိုးသား သန့်စင်ခန်းထဲ ရောက်နေတယ် ဟုတ်လား ….”

“ သန့်စင်ခန်းထဲ ရောက်နေတာနဲ့ပဲ ကားဟွန်းသံတွေ မကြားရဘူးလို့ မဆိုလိုဘူးလေ…” လင်းရီ ပြောလိုက်ပြီး “ တခြား ဘာကိစ္စမှ မရှိတော့ဘူးဆိုရင် ဖုန်းချပြီ… တွေ့ချင်ရင် လာခဲ့လိုက် ..”

လင်းရီသည် ကူရိရန်အား စကားပြောရန်ပင် အခွင့်အရေး မပေးဘဲ ဖုန်းချပစ်လိုက်၏။

ဟွာရှန်း ဆေးရုံ၏ ဝင်ပေါက်ဝတွင် လင်းရီသည် တက္ကစီကားထဲက ထွက်၍ လီချူးဟန်အား ရှာဖွေရန် ဟန်ပြင်လိုက်သည်။ သူမဖို့ မနက်စာလည်း ဝယ်လာသည်။

ကလင် ကလင် ကလင် …

ကားထဲက ထွက်လျှင်ထွက်ချင်း ဖုန်းသံ ပြန်မြည်လာခဲ့၏။ ကူရိရန်မှ ဆက်သွယ်လာခဲ့ခြင်းပင်။

“ တခြား ကိစ္စ ရှိသေးလို့လား …”

“ နင် တကယ်ပဲ ဘယ်နေရာမှာလဲ …”

“ ငါလည်း မသိဘူးလေ….” လင်းရီပြောလိုက်ပြီး “ ကျိုးဟိုင်က ဒီလောက်ကြီးတာ ငါ အခု လမ်းပျောက်နေပြီ….”

“ ငါ့ကို ပေါက်တတ်ကရ လာမပြောနဲ့ … နင်က ကျိုးဟိုင်မှာ နေတာကို လမ်းပျောက်တယ်ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ …” ကူရိရန် အသံကို မြင့်မှန်းမသိ မြင့်လိုက်မိပြီး “ နင် လမ်းပျောက်တယ်ဆိုရင်တောင် ဘေးနားက လူကို မေးပြီး လမ်းမမေးတတ်ဘူးလား …”

“ ငါ့နားမှာ ဘယ်သူမှ မရှိတာ ….. ရှောင်မီ… ဘယ်သောက်ရူးက ရှောင်မီ ဝယ်မှာလဲ …. “

လင်းရီ “ ….. “

ဖုန်းထဲရှိ အော်ဟစ်သံကို ကြားတော့ ကူရိရန်မှာ လင်းရီအာ လည်ပင်းဖျစ်ညှစ်ချင်စိတ်တို့ ပေါက်သွားခဲ့တော့၏။

“ နင် ငါ့ကို အရူးလို့ သဘောထားနေတာ ဟုတ်တယ်မလား …”

“ ဟုတ်တယ်…”

ကူရိရန် “ ………..”

“ အိုကေ တော်လိုက်တော့ … မင်း ငါ့ကို ဘာကိစ္စ ရှာနေတာလဲ …”

“ ပြန်လာပြီး ထရိန်နင် လာဆင်း …”

“ မင်းပဲ ငါ့ကို မောင်းထုတ်ခဲ့တာ မဟုတ်ဘူးလား … အခု ငါ့ကို ပြန်လာဖို့ ပြောနေပြီပေါ့ … မလာနိုင်ဘူးကွာ …”

“ နင် ငါ့ကို ပေါက်တတ်ကရ လာမပြောနဲ့ …” ကူရိရန် အော်ဟစ်လိုက်ပြီး “ ပြန်ပြီး ထရိန်နင်လာဆင်း …”

“ မင်းပြောတိုင်းသာ လိုက်လုပ်ရရင် ငါ့ကိုယ်ငါ အရှက်ခွဲ သလို ဖြစ်သွားမှာပေါ့ …” လင်းရီ ပြောလိုက်ပြီး “ တောင်းပန် …”

“ စောနတုန်းက ငါ့အမှားတွေပါ … ငါ နင့်ကို ပစ်မှတ်ထားပြီး မတိုက်ခိုက်သင့်ခဲ့ဖူး … အမြန်ပြန်လာခဲ့နော်…”

ကူရန်ရန်၏ တည့်တိုးဆန်မှုက လင်းရီ အပေါ် အလုပ်မဖြစ်ခဲ့ချေ။

သူမ တောင်းပန်လာသည်က အတော်လေး လျင်မြန်လှပြီး လင်းရီပင် မတုံ့ပြန်လိုက်နိုင်ချေ။

“ နောက်မှပေါ့ … ဘာပဲဖြစ်ဖြစ် နောက်ဆုံးနေ့ပဲလေ… အပြင်မှာ နည်းနည်းပါးပါး လည်ပတ်လို့ ဝရင် ပြန်လာခဲ့မယ်…”

“ ဒီနေ့ ငါတို့ သေနတ်ပစ် လေ့ကျင့်ကြမှာ … တခြား လေ့ကျင့်ရေးတွေထက် ပိုပြီး အရေးကြီးတယ်… နင် လာပြီး မလေ့ကျင့်ဘူးဆိုရင် နင့် အဆင့်က ဘိတ်ချေးဖြစ်မှာဟဲ့ နင်သိလား … နင့် အဆင့်ကို နင်ဂရုမစိုက်ဘူးလား …”

“ ပြဿနာ မရှိဘူး … ဒီတိုင်း ဗန်းပြသက်သက်ကိုပဲ … ပစ်ခတ်နိုင်တဲ့ အခွင့်အရေးကလည်း သိပ်မရှိတာကို လေ့ကျင့်တာနဲ့ မလေ့ကျင့်တာက ကွာမှ မကွာပဲ … ပျော်လို့ ဝရင် ပြန်လာမယ် ဒါပဲ …”

“ နင် ….”

ကူရိရန်အား ကြိမ်းမောင်းရန် အခွင့်အရေး မပေးဘဲ လင်းရီ ဖုန်းပြန်ချပစ်လိုက်သည်။

ထို့နောက် ဝယ်လာသည့် မနက်စာကို သယ်ရင်း အမှတ် ၈၊ ပြင်ပလူနာ ဌာနသို့ ရောက်ရှိလာသည်။

သွားသွား လာလာ ပြုနေကြသည့် ဆေးရုံ၏ အကြီးအကဲ တော်တော်များများနှင့်လည်း လမ်းတွင် ဆုံခဲ့ရပြီး အကုန်လုံးက သူ့အား နှုတ်ဆက်ကြကာ မည်သူကမျှ သူစိမ်းဆန်မနေကြချေ။

“ ဒါရိုက်တာလင်း ရောက်လာတယ်…”

အမှတ်၈၊ ပြင်ပလူနာ ဌာနသို့ ရောက်သောအခါ C cup နှင့် နာ့စ် အငယ်လေး တစ်ယောက်က နှုတ်ဆက်၏။

တစ်ချိန်တည်းတွင် အခြား နာ့စ်များကလည်း သူ့အနားတွင် ဝန်းရံလာခဲ့တော့သည်။

“ ဘာလုပ်စရာမှ မရှိတာနဲ့ ဒီကို လာခဲ့လိုက်တာ …”

“ ဒါရိုက်တာလင်း … ရှင် မတရားဘူးနော်… ဒါရိုက်တာလီအတွက်ပဲ မနက်စာ ဝယ်လာခဲ့ပြီး ကျွန်မတို့ဖို့ကျ ပါတောင် ပါမလာခဲ့ဘူးပေါ့ …”

“ မပူနဲ့ … မင်းတို့ဖို့လည်း ငါ မှာပေးပြီးသား … ခဏနေရင် ရောက်လာလိမ့်မယ်…”

“ ကျေးဇူးနော် ဒါရိုက်တာလင်း .. ချစ်လိုက်တာ … အာဘွားယူ …”

ထိုအချိန်တွင် လီချူးဟန်နှင့် ချောင်းရှင်းတို့ လူနာခန်းထဲမှ ထွက်လာခဲ့ပြီး အနောက်တွင် အလုပ်သင် ဆရာဝန်တစ်ချို့ လိုက်ပါလာလျက် ရှိသည်။ လူနာလှည့်ပြီး ပြန်လာသည်မှာ သိသာလှ၏။

“ အစ်ကိုရီ …”

လင်းရီကို မြင်တော့ ချောင်ရှင်း အပြုံးလေးဖြင့် ရောက်လာပြီး “ ညီမတို့ဖို့ တကူးတက မနက်စာ လာပို့ပေးတယ်ပေါ့ …. ဟုတ်လား …”

လင်းရီ ပြုံးလျက် ခေါင်းညိမ့်လိုက်သည်။ “ မင်းလည်း လူနာလိုက်ကြည့်တာ ပြီးရောပေါ့ … လာပြီး မနက်စာ စားလေ….”

“ ဒီကလည်း ဆာနေတာနဲ့ အတော်ပဲ … “ ချောင်းရှင်း လင်းရီလက်ထဲက အထုပ်ပလုတ်များအား ယူ၍ ပြောလိုက်ပြီး “ ကြည့်စမ်းပါဦးမယ်… ဘယ်လို အရသာရှိတဲ့တာတွေများ ဝယ်လာခဲ့လဲလို့ …”

ရယ်ရင်း မောရင်းဖြင့် သုံးယောက်သား လီချူးဟန်၏ နားနေခန်းထဲသို့ ဝင်သွားခဲ့လေသည်။

အနောက်တွင် ကျန်ရစ်ခဲ့သည့် လူသစ်လေးများမှာတော့ ကြက်သေသေနေရင်း ကျန်ရစ်ခဲ့ကြသည်။ သူတို့တွေ နာ့စ်များအား သိချင်စိတ် ပြင်းပြစွာ မေးမြန်းကြတော့၏။

“ အဲ့လူက ဒါရိုက်တာ လီရဲ့ ကောင်လေးလား … တော်တော် ချောတယ်နော်…”

“ ကျိန်းသေပေါက်ပဲပေါ့ … နှစ်ယောက်လုံးက အတော်လေး လိုက်တယ်…”

“ သူတို့က လုံးဝကို လိုက်ဖက်ညီတယ်… ငါလည်း ငါ့ကို မနက်စာ လာပို့ပေးမယ့် ကောင်လေး တစ်ယောက်လောက် ပိုင်ဆိုင်ချင်လိုက်တာ …”

“ ဒါရိုက်တာလင်းလို ကောင်လေးမျိုး ရဖို့ စိတ်ကူးယဉ်မနေနဲ့ … သူ့လို လူစားမျိုး ကမ္ဘာမှာ နောက်တစ်ယောက် ရှိမှာ မဟုတ်ဘူး … ရှိတဲ့ တစ်ယောက်ကိုလည်း ဒါရိုက်တာလီက ယူသွားပြီ…”

“ ဒါရိုက်တာလင်း ဟုတ်လား ….” အမျိုးသမီး ဒေါက်တာ တစ်ယောက်မှ ရေရွတ်မိသွားခဲ့ပြီး “ ဒါရိုက်တာလီရဲ့ ကောင်လေးက ငါတို့ ဆေးရုံကပဲလား … သူ့ကြည့်ရတာ ဒါရိုက်တာလီထက်တောင် အသက်ငယ်တဲ့ပုံပဲနော်…”

သူတို့၏ မျက်လုံးထဲတွင် လီချူးဟန်မှာ ဤမျှ အသက်ငယ်ငယ်ဖြင့် ဟွာရှန်းဆေးရုံတွင် ဒါရိုက်တာ တစ်ယောက် ဖြစ်လာခဲ့သည်က ရာစုနှစ် တစ်ခု၏ ဂျီးနီးယပ် ဖြစ်နေပြီး ဖြစ်သည်။

ဒါရိုက်တာလီထက် ပိုပြီး ပါရမီရှိသည့်လူ နောက်တစ်ယောက် ရှိနိုင်မည်လော။

“ တကယ်တမ်းကျ ဒါရိုက်တာလင်းကလည်း နှလုံးခွဲစိတ် ဌာနကပဲ … ဒါပေမယ့် နှုတ်ထွက်သွားခဲ့ပါပြီ…” နာ့စ်က ပြောလိုက်၏။ “ ဒါပေမယ့် ငါ နင်တို့ကို သတိပေးစရာ တစ်ခု ရှိတယ်.. ဒါရိုက်တာလင်းက သိပ် အထင်ကြီးဖို့ကောင်းတာ … သူ့ဆီက စကားတစ်ခွန်းဆို ဆေးရုံအုပ်ကြီးတောင် နာခံရတယ်… နင် ဒါရိုက်တာလီနဲ့ အတူရှိတဲ့အခါကျရင် နာနာခံခံနေ ဟုတ်ပြီလား …”

“ မဖြစ်နိုင်လိုက်တာ … သူက အဲ့လောက်တောင် ဩဇာကြီးတယ်ပေါ့ …”

“ ဒါ‌ပေါ့ … သူက နှုတ်ထွက်သွားပြီဆိုပေမယ့် သူ့ရဲ့ လွှမ်းမိုးမှုတွေက မပျောက်မပျက် ကျန်နေသေးတုန်းပဲ …”

“ ဒါဆို ငါတို့တွေ သူ့ကို မျက်နှာ မလုပ်သင့်ဘူးလား … နောင်ကျ ငါတို့ ဟွာရှန်း ဆေးရုံမှာ အလုပ်ဝင်ခွင့် ရရင် ရနိုင်တာပဲလေ…”

“ သူ့ကို မျက်နှာသာလုပ်ဖို့ဆိုတာ တော်ရုံနဲ့ မဖြစ်နိုင်ဘူး … ဒါရိုက်တာလင်းက D cup နဲ့ အထက် မိန်းကလေးတွေကိုပဲ စိတ်ဝင်စားတာ … နင်တို့ အားလုံး မျက်နှာသွားသစ်ပြီး စိတ်ကူးယဉ်နေလေးတွေ ရပ်လိုက်တော့ …”

…………

လီချူးဟန်၏ နားနေခန်းထဲတွင် ချောင်ရှင်းမှာ လင်းရီ ဝယ်လာခဲ့သည်များ အားလုံးကို စားပွဲပေါ်တွင် ခင်းကျင်းထားပြီး အားပါးတရ စားသောက်ရန် အဆင်သင့် ဖြစ်နေခဲ့၏။

ဤမျှ ဈေးကြီးသည့် မနက်စာမှာ သူမ မကြာခဏ တွေ့ကြုံ ခံစားနိုင်သည့် အရာတစ်ခု မဟုတ်သဖြင့် ယနေ့တော့ ကံဇာတာ တက်တာပင်။

“ ရှင်းရှင်း … ဒီနေ့ တို့အခန်းထဲ အလင်း နည်းနည်း စူးတယ် မထင်ဘူးလား …” လင်းရီ မေးလိုက်၏။

“ စူးတာလား .. မစူးပါဘူး …” ချောင်ရှင်း မစဉ်းစားဘဲ ပြောလိုက်ပြီး ပုစွန် ဆန်ပြုတ်အား တစ်ငုံသောက်လိုက်ကာ “ ဒါပေမယ့် အစ်ကိုရီဖို့ လိုက်ကာတော့ ဆွဲချပေးလို့ရတယ်…”

“ နေရောင် စူးတာကို မဟုတ်ဘူး … မီးတိုင် … “

“ မီးတိုင် စူးနေတယ်…” ချောင်ရှင်း ဆန်ပြုတ်အား ပါးစပ်ထဲ ထည့်ရင်းတန်းလန်းဖြင့် လင်းရီအား စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကာ “ အစ်ကိုရီ … ညီမက မျက်စိစပါးမွှေး စူးစရာ ဖြစ်နေတယ်ပေါ့ ဟုတ်လား …”

All Chapters