← Chapters

လင်းရီအား ခြိမ်းခြောက်ခြင်း

Vol. 111 Ch. 1660

လင်းရီအား ခြိမ်းခြောက်ခြင်း

Vol. 111 Ch. 1660

“ ကျွတ် … အဲ့လို မပြောနဲ့လေ…”

မိုဟုန်ရှန်း ရယ်မောလိုက်ပြီး မြေပြင်ရှိ လူနှစ်ယောက်ကို ညွှန်ပြလိုက်ကာ “ ငါတို့ဘက်က ဖမ်းပေးပြီးပြီ… သူတို့ကို ဘယ်လိုပဲ လုပ်လုပ် … မင်း အဆင်ပြေသလိုသာ လုပ် …”

“ ဒါပေါ့ …”

မိုဟုန်ရှန်း ထွက်ခွာသွားပြီးသည့်နောက် လင်းရီသည် ၎င်းတို့၏ မျက်လုံးကာများအား ချွတ်ပေးလိုက်၏။

နှစ်ယောက်မှာ မျက်လုံးများ မှေးကျဉ်းသွားခဲ့ကြပြီး စူးရှသည့် အလင်းရောင်နှင့် နေသားမကျသေးချေ။ သို့သော် လင်းရီကို မြင်သည့် အခါ၌ မည်သည့် ကြောက်ရွံ့တုန်လှုပ်မှုကိုမျှ ပြသမလာချေ။

ဆံပင်အတိုနှင့် မျက်နှာလေးထောင့်စပ်စပ် အမျိုးသားမှ လင်းရီအား ကြည့်၍ “ မင်း ဘယ်သူလဲ … ဘာလို့ ငါတို့ကို ဒီဖမ်းလာခဲ့တာ …”

လင်းရီ အချိန်ဖြုန်းမနေဘဲ ထိုလူအား ကန်ကျောက်လိုက်၏။ မြေပြင်ပေါ်သို့ သုံးလေးပတ်ခန့် လှိမ့်သွားခဲ့ကာ နောက်ဆုံး၌ ရပ်တန့်သွားခဲ့လေသည်။

“ မင်းတို့ကောင်တွေက ငါ့ကောင်မလေးရဲ့ ကားကို ဖျက်ဆီးချင်နေကြပြီးမှ ငါ့ကို ဘယ်သူလဲ လာမေးနေတယ် ဟုတ်လား …”

ဆံပင်အတိုနှင့် အမျိုးသားမှာ ခေါင်းခါရမ်းလိုက်ရင်း လင်းရီ၏ ရုတ်ချည်းတိုက်ခိုက်လာမှုကြောင့် ကြက်သေသေသွားခဲ့သည်မှာ အသိသာကြီးပင်။

ဟောင်ကောင်တွင် ရှိနေစဉ်အခါက ယခုလို မြင်ကွင်းမျိုးကို ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ရချေ။

“ မာစန်း မင်းတို့ကို ဒီလိုတွေ လုပ်ဖို့ ပြောလိုက်တာလား …” လင်းရီ ပြောလိုက်၏။

“ မင်းဘာတွေ ပြောနေလဲ ငါ မသိဘူး … အဲ့ မိန်းမကို ကြည့်မရလို့ ငါတို့က သူ့ကို သင်ခန်းစာ ပေးချင်ရုံသပ်သပ်ပဲ …”

“ အတင့်ရဲနေတယ်…” လင်းရီ အရှိန်ဖြင့် ပြေးဝင်လာပြီး ၎င်းအား ထပ်မံ ကန်ကျော်ကလိုက်သည်။ “ မင်းတို့ရဲ့ အဲ့ဒီ ဟောင်ကောင်လေသံနဲ့တောင် မာစန်းကို မသိဘူး လာပြောနေတယ် ဟုတ်လား … ငါ့ကို သောက်ပိန်းများ ထင်နေတာလား …”

နှစ်ယောက်စလုံး လင်းရီကို အေးတိအေးစက် ကြည့်၍ ဘာမျှ ထပ်ပြောမလာခဲ့ကြချေ။

အမှန်တရားက မြင်သည့်အတိုင်းပင်။ ဘာမျှ ပြောနေစရာ အကြောင်း မရှိချေ။

ဆယ်မိနစ် ကြာပြီးနောက် လင်းရီသည် ကိုယ်ပေါ်မှ ဖုန်များအား ခါခပ်၍ ဂိုဒေါင်ထဲမှ ထွက်လာခဲ့လေသည်။

ဂို‌ဒေါင် ဝင်ပေါက်ဝတွင် မိုဟုန်ရှန်းမှာ အစောင့်နှစ်ယောက်နှင့်အတူ စကားစမြည် ပြောဆိုနေလျက် ရှိ၏။

လင်းရီ ထွက်လာသည်ကို မြင်တော့ မိုဟုန်ရှန်း ရောက်လာပြီး

“ အခြေအနေ ဘယ်လိုရှိလဲ …”

“ အဆင်ပြေပါတယ်… ICU ပို့မယ်ဆိုရင်တော့ အသက်ရှင်နိုင်ပါသေးတယ်…”

“ ကောင်လေး … မင်းက တစ်ခုခုတော့ တစ်ခုခုပဲ ..”

လင်းရီ ရယ်သွမ်းလိုက်ရင်း “ ဒီ အရှုပ်ထုပ်ကြီးကို ခင်များနဲ့ လွှဲခဲ့ပြီးနော် … အဲ့နှစ်ယောက်ကို လုပ်ချင်သလိုသာလုပ်လိုက် … သူတို့ကို မလွှတ်ပေးရင် ရပြီ…”

“ အသေးမွှားလေးပါ … “

…..

အရိုး အထူးကု ဌာန ၊ လူနာအခန်း 602 ။

လီဟွာရှင်းသည် ကုတင်ဘေးတွင် ထိုင်နေရင်း ပြောလိုက်၏။

“ ဒီက အခြေအနေ ဘယ်လိုရှိလဲ …”

“ ငါတို့လူတွေ အဲ့ဒီ အမျိုးသမီးနောက် လိုက်နေတာ သုံးလေးရက်လောက်ရှိပြီ … တစ်ချိန်လုံး တစ်ကိုယ်တည်းပဲ … ဟိုကောင်လည်း အနား မရှိဘူး … ငါ့ဘက်က အမိန့်ပေးထားပြီးပြီ… အခွင့်အရေး ရရင် သူ့ကောင်မလေးကို ခြောက်လန့်လိုက်ဖို့ …”

“ အင်း … မြန်နိုင်သမျှ မြန်မြန် ကိုင်တွယ် … အဲ့လူက သာမန်မဟုတ်ဘူး … လုပ်မယ်ဆိုလည်း သူ အနားမှာ မရှိတုန်းပဲလုပ် … ဒါပေမယ့် သေချာ သပ်သပ်ရပ်ရပ်လေးနဲ့ ဘယ်သူမှ မဖမ်းမိအောင်တော့ လုပ်ပေါ့ကွာ …”

“ လူကြီးမင်းလီ… မင်း စိတ်ပူစရာ မလိုပါဘူး … ဒီတစ်ခေါက် ငါလွှတ်ထားတဲ့လူတွေအားလုံးကို ဟောင်ကောင်ကနေ ခေါ်ထားတာ … သူတို့အားလုံးက အားကိုးလို့ မရတဲ့ လူမိုက်တွေထက်တော့ သာပါသေးတယ်…” မာစန်း ပြောလိုက်သည်။

“ ငါ့ဘက်ကလည်း စစ်ဆေးကြည့်ပြီးပြီ… သူက လင်းယွင်အုပ်စုရဲ့ ဥက္ကဌ … ဒါပေမယ့် သူ့ကြည့်ရတာ ကုမ္ပဏီ ကိစ္စတွေကို သိပ်ပြီး ခေါင်းထဲ ထည့်တဲ့ပုံလည်း မပေါ်ဘူး … ကုမ္ပဏီရဲ့ ကိစ္စ အဝဝကို သူ့ရဲ့ လက်အောက်ငယ်သားတွေကပဲ ကိုင်တွယ်နေတယ်….”

“ လင်းယွင်အုပ်စု …” မာစန်း ရေရွတ်လိုက်ပြီး “ အား … ငါ ဒီကုမ္ပဏီ အကြောင်း နည်းနည်းသိထားတယ်… လီတိုဂရပ်ဖီစက်ကို ဖန်တီးနိုင်ခဲ့တဲ့ ကုမ္ပဏီပဲ … နာမည်တော်တော်ကြီးတယ်…”

“ သူတို့က တော်တော်လေး ပုံမှန်မဟုတ်တာတော့ အမှန်ပဲ … ဒါပေမယ့် ငါတို့ ဟွမ်ဟိုင် အုပ်စုနဲ့ ယှဉ်ရင်တော့ ဝေးပါသေးတယ်… ဆိုပေမယ့် ဒီနေရာက ဟွာရှဆိုတော့ ငါတို့ဘက်က ဒီနေရာမှာ အားသာချက် သိပ်မရှိဘူး … ဒါကြောင့်မို့ သတိနဲ့ လှုပ်ရှား ….”

“ ငါနားလည်တယ်…”

ထိုအခိုက်အတန့်တွင် မာစန်း၏ ဖုန်းသံ မြည်လာခဲ့၏။

သူ ကိုင်ကြည့်လိုက်တော့ အမည်မသိ နံပါတ်စိမ်းတစ်ခု ဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

“ မင်းက …… “

“ ငါပါ … လင်းရီ … လက်တစ်ဖက် ဖြတ်ခံလိုက်ရတဲ့ ခံစားချက်က ဘယ်လိုရှိလဲ လှမ်းမေးကြည့်တာ ….”

လင်းရီမှ ဖုန်းခေါ်လာ၍ မာစန်း အံ့အားသင့်သွားခဲ့ရသည်။ မကောင်းသည့် ခံစားချက်တို့က ရင်ထဲ ပျံ့နှံ့လာသည်။

“ ငါ့ဆီ ဖုန်းဆက်လာတာ ဘာကိစ္စလဲ …”

“ ဒီတိုင်းပါပဲ … မင်း သတ္တိတော်တော်ကောင်းတယ် ခံစားမိလို့… မင်းက ဒီလာပြီး ပြဿနာတွေ တစ်ခုပြီးတစ်ခု ရှာဝံ့နေတာ ငါတကယ်ကို ထင်မထားခဲ့ဘူး …”

မာစန်း ချက်ချင်း မတုံ့ပြန်လိုက်ချေ။ ထင်မှတ်ထားသည့်အတိုင်း သူ အတွက်မှားသွားပြန်ပြီ ဖြစ်၏။

သူ စေလွှတ်လိုက်သည့် လူများက အဖမ်းခံသွားရလောက်ချေပြီ။ မဟုတ်ပါက လင်းရီသည် သူ၏ ဖုန်းနံပါတ်အား ရရှိနိုင်မည် မဟုတ်ချေ။

“ မင်းက အတော်ဆုံးပဲ … ငါ မာစမ်း … ကျေကျေနပ်နပ်ပြီး အရှုံးဝန်ခံတယ်….”

“ ငါ အရင်က ပြောခဲ့ပြီးပြီ… မင်း ထပ်ပြီး ပြဿနာ ရှာနေဦးမယ်ဆိုရင် ငါမင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူးဆိုတာ မင်း အဲ့စကား မှတ်မိသေးတယ်မလား …”

“ ဟက် … မှတ်မိတော့ရော ဘာဖြစ်လဲ … မမှတ်မိတော့ရော မင်း ဘာလုပ်ချင်လဲ … ငါမင်းကို ကြောက်မယ်များ ထင်နေလား ….”

မာစန်း အကြောက်အလန့် ကင်းမဲ့နေသည်။

သူ စေလွှတ်လိုက်သည့် လူနှစ်ယောက်ကို ဟောင်ကောင်မှတဆင့် တကူးတက ခေါ်ယူထားခြင်း ဖြစ်သည်။ လင်းရီတွင် သူ၏ ဖုန်းနံပါတ် ရှိသော်လည်း သူ ဤနေရာ၌ ရှိနေသည်ကိုတော့ မသိလောက်သေးချေ။

သူ့အား လက်စားချေချင်လျှင်ပင် ချေနိုင်မှာ မဟုတ်ချေ။ ထို့ပြင် ဤသည်က ဆေးရုံဖြစ်ပြီး အများပြည်သူ သွားလာလှုပ်ရှားသည့် နေရာတစ်ခုပင်။ သူ့တွင် သတ္တိအဆတစ်ရာ ရှိနေလျှင်ပင် ဤနေရာ၌ ပြဿနာ လာရှာဝံ့လိမ့်မည် မဟုတ်ဟု မာစန်း ယုံကြည်သည်။

“ ငါတို့ ကြည့်ကြတာပေါ့ .. မင်း ပြီးမှ နောင်တမရနဲ့ …”

“ ငါ .. မာစန်းလည်း မင်းကို စောင့်နေတယ်… ငါက လူတစ်ယောက်ဆီမှာ နှစ်ခါ ဘယ်တော့မှ မရှုံးဘူး … ငါတို့ ထပ်တွေ့တဲ့အခါကျရင် မင်း အရင်ကလို ပြန်ထွက်သွားနိုင်မယ် စိတ်မကူးလိုက်နဲ့ …”

“ ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့ … ဒီတစ်ကြိမ် ဘယ်သူနိုင်မလဲ …”

“ ငါစောင့်နေမယ်…”

မာစန်း စကားများများ ပြောမနေဘဲ ဖုန်းချလိုက်၏။ သို့သော် သူမ၏ အမူအရာမှာတော့ ကောင်းမွန်နေခြင်း မရှိချေ။

သူ ဂရုတစိုက်နှင့် စီစဉ်ထားခဲ့သည့် အကြံအစည်က ထပ်မံ၍ ကျရှုံးသွားခဲ့ပြန်သည်။ ဤသည်က သူ့အတွက် ထိုးနှက်ချက်ကြီး တစ်ခု ဖြစ်၏။

“ ဘယ်သူလဲ ဖုန်းခေါ်လာတာ … ဘာတွေ ပြောသွားလို့ မင်း အမူအရာက ဒီလောက်တောင် ဖြူဖပ်ဖြူလျော် ဖြစ်နေတာလဲ …”

“ လင်းရီ … ငါ လွှတ်ထားတဲ့ လူနှစ်ယောက်လည်း အဖမ်းခံလိုက်ရပြီ…”

အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီးနောက် လီဟွာရှင်း ပြောလာခဲ့၏။

“ ငါတို့ သူ့ကို အထင်သေးနေမိခဲ့တာပဲ … ခုတော့ ငြိမ်နေလိုက်ဦး … သူ့ကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းကို အရင်စဉ်းစားကြမယ်… မဟုတ်ရင် ငါတို့ ဟွာရှက စီးပွားရေးတွေ ဖွံ့ဖြိုးနိုင်မှာ မဟုတ်ဘူး …”

မာစန်း ခေါင်းညိမ့်လိုက်၏။ “ ငါလည်း အဲ့လို စဉ်းစားနေတာ … သူက ကျိုးဟိုင်မှာ ဂုဏ်သတင်း တော်တော် ကြီးတဲ့လူဆိုတော့ ငါတို့ရဲ့ အဓိကမြေပေါ်မှာ စီးပွားရေး ချဲ့ထွင်တဲ့အခါကျ ခက်ခဲအောင် လုပ်လာနိုင်တယ်… သူနဲ့ ထိပ်တိုက်တွေ့ရမယ့် အရေးကိုတော့ ရှောင်ဖယ်လို့ ရနိုင်မှာ မဟုတ်ဘူး …”

“ ဒါဆို မင်း ဒီကိစ္စ ဘယ်လိုဆက်လုပ်ဖို့ စဉ်းစားထားလဲ …”

“ အချိန်တစ်ခုလောက်အထိတော့ သူ့ကို သွားမထိသေးဘူး …” မာစန်း ပြောလိုက်ပြီး “ ငါ့ရဲ့ အခု အခြေအနေကလည်း တည်ငြိမ်နေပြီ… သန်ဘက်ခါ ခြေထောက်ခွဲစိတ်ပြီးရင် ငါ ဟောင်ကောင်ကို ပြန်မယ်… အဲ့နေရာက ငါတို့ရဲ့ အခြေစိုက် စခန်းပဲ … အဲ့ကနေဆို ထိန်းချုပ်လို့ ပိုကောင်းတယ်.. ပိုပြီးလည်း အန္တရာယ်ကင်းတယ်…”

“ မင်းပြောတဲ့ အတိုင်း လုပ်ကြတာပေါ့ … ဒါပေမယ့် သပ်သပ်ရပ်ရပ်တော့ ရှိပါစေ ….”

“ ဥက္ကဌလီ … မင်း စိတ်ချ… ငါ ဒီကိစ္စကို ကောင်းကောင်းကိုင်တွယ်လိုက်မယ်…”

……………..

ရဲစခန်းထဲက ထွက်လာခဲ့ပြီးနောက် လင်းရီ ခေတ္တမျှ စဉ်းစားလိုက်ပြီး ကျီချင်းရန်ထံသို့ မသွားရန် ဆုံးဖြတ်ချက် ချလိုက်၏။

သူမက ဤကိစ္စရပ်တွင် အမှောင်တွင်းသို့ ရောက်နေသည့် လူတစ်ယောက်ဖြစ်ပြီး ဤအကြောင်းနှင့် ပတ်သက်၍လည်း ဘာတစ်ခုမျှ သိထားခြင်း မရှိချေ။ သို့တိုင်အောင် သူမ သိဖို့လည်း မလိုချေ။ မဟုတ်ပါက စိတ်ထဲ ကြောက်လန့်နေမှာဖြစ်၏။

ထိုအကြောင်း တွေးတောမိတော့ လင်းရီ တက္ကစီငှား၍ လီချူးဟန်၏ အိမ်သို့ ပြန်လာခဲ့လိုက်သည်။

တံခါးကို အသံမမြည်အောင် ဖွင့်၍ အထဲသို့ ဝင်လိုက်သည့်အခါ အထဲတွင်လည်း တိတ်ဆိတ်နေသည်ကို လင်းရီ သတိထားမိလိုက်လေသည်။ သူ ဝင်သွားကြည့်လိုက်တော့ လီချူးဟန်မှာ အိပ်ပျော်နေပြီး ဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။

လင်းရီ အဝတ်များအား တိတ်တဆိတ် ချွတ်၍ လီချူးဟန်၏ ကုတင်ပေါ်သို့ တွားသွား တက်လာခဲ့။

သူမ ဘေးတွင် တစ်စုံတစ်ရာကို ခံစားမိတော့ လီချူးဟန်မှာ ကြောက်လန့်နေသည့် သမင်ငယ်ကဲ့သို့ မျက်လုံးအား ရုတ်ချည်း ဖွင့်လာသည်။ လင်းရီ ဖြစ်နေသည်ကို သတိထားမိတော့မှ သူမ၏ ရင်ဘက်အား စိတ်သက်သာရစွာ ဖိနှိပ်လိုက်မိသည်။ သူမ ကြောက်လန့်သွားခဲ့သည်မှာ သိသာထင်ရှားလှ၏။

“ နင်ပြန်လာတာကို ဘာလို့ ငါ့ကို မပြောတာ …”

“ စပရိုက်ဖြစ်စေချင်လို့လေ… ဘယ်လိုလဲ … စပရိုက် မဖြစ်သွားဘူးလား …”

“ နင်ကြပ်ကြပ်လုပ် .. နောက်ခါကျ နှလုံး ခွဲစိတ်ခန်းထဲ ဝင်ရမယ့်လူက ငါဖြစ်သွားလိမ့်မယ် သိလား …” လီချူးဟန် ချစ်စဖွယ် အမူအရာဖြင့် ပြောလိုက်၏။

“ လာ လာ … နွေဦးရဲ့ ညတစ်ညက ရွှေနဲ့စပ်ပြီး အဖိုးထိုက်တယ်… အိပ်ရမယ့် အချိန်ပဲ …”

လီချူးဟန် လင်းရီအား ပြုံးကြည့်နေရင်း “ ဒါပေမယ့် ခုက နေ့ခင်းကြီးလေ…”

“ အဲ့လိုအရာမျိုးက နေ့နဲ့ည ခွဲနေစရာ မလိုဘူး … ရာသီဥတုက ဒီလောက်ကောင်းတာ ဘာမှမလုပ်ရင် နှမြောဖို့ ကောင်းတာပေါ့……”

၎င်းနောက် နှစ်ယောက်လုံး အပေါ်သို့ စောင်အဖြူတစ်ထည် ခြုံလွှမ်းသွားခဲ့တော့သည်။

( ဤနေရာတွင် စာလုံးပေါင်း ၁၈.၄၆ သန်းအား ချန်လှပ်ထားခဲ့ပါသည်။ အကြောင်းအရာ အသေးစိတ်အား ဖတ်ရှုလိုပါက . . . . . . ) 😉

All Chapters