← Chapters

ငါ့အကြောင်း တွေးနေတယ်ဆိုတာနဲ့တင် လုံလောက်ပြီ

Vol. 111 Ch. 1665

ငါ့အကြောင်း တွေးနေတယ်ဆိုတာနဲ့တင် လုံလောက်ပြီ

Vol. 111 Ch. 1665

ထိုညတွင် စာမေးပွဲ ပြီးဆုံးပြီးနောက် လင်းရီနှင့် အခြားသူများ၏ ထရိန်နင်သည်လည်း အဆုံးသတ်သွားခဲ့လေသည်။

လူ အယောက် လေးဆယ်ကျော်မှာ အလုပ်ရရှိမှု အခမ်းအနားအတွက် အကြိုအောင်ပွဲခံကြ၏။ အလုပ်အကိုင် အသေးစိတ်ကိုတော့ သုံးရက်နေလျှင် သူတို့ သိရပြီ ဖြစ်၏။

ဤကြားရက်များတွင်တော့ သူတို့ စိတ်နှစ်သက်သလို နေထိုင်နိုင်သည်။

“ သွားစို့ … ငါ ကဏန်း အင်ပါယာ စံအိမ်မှာ စားပွဲ တစ်လုံး ဘွတ်ကင်ယူထားတယ်… ဒီ ထရိန်နင်ကြီးက နောက်ဆုံးတော့ ပြီးသွားပြီ… ဒီနေ့တော့ ကောင်းကောင်း သောက်ကြမယ်….” ကျိုးရှင်းဟိုင် ပြောလိုက်သည်။

“ ငါ အဲ့ဒီ နေရာကို သိတယ်…” ဆံပင်အတိုနှင့် မိန်းကလေးတစ်ယောက်မှ ပြောလာပြီး “ အဲ့နေရာက ဈေးတော်တော်ကြီးတယ်… ငါ တုံယင်းမှာ သုံးလေးခေါက်လောက် တွေ့ဖူးတယ်…”

“ ဈေးက မသေးတာ မှန်တယ်… ဒါပေမယ့် စိတ်မပူနဲ့ … ငါ့အိမ်က အဲ့မှာ အသိတစ်ချို့ရှိတယ်… ဒီတော့ ၃၀ ရာခိုင်နှုန်း ဒစ်စကောင့်ရပြီး ကုန်ကျစရိတ်ကို မျှပေးကြမယ်ဆိုရင် ဘယ်လောက်မှ ကုန်ကျတော့မှာ မဟုတ်ဘူး …” ကျိုးရှင်းဟိုင် ပြောလိုက်သည်။

“ မင်းတို့ကောင်တွေ နည်းနည်းပါးပါး ယောက်ျားပီသစမ်းပါ … ဒီမှာ ယောက်ျားလေးတွေ ဒီလောက်များတာ မင်းတို့ကောင်တွေက မိန်းကလေးတွေနား ပိုက်ဆံတောင်းချင်သေးတာလား … ငါတို့ တစ်ယောက်ကို နောက်ထပ် နည်းနည်းလောက် စိုက်ထုတ်လိုက်တော့ကော ဘာဖြစ်သွားမှာမို့လို့ .. “ ကျန်းဖန့်မှ ဝင်ပြော၏။

“ အဲ့လို မရဘူး … ခုကတည်းက ရှင်းအောင် လုပ်ထားမယ်… သူများအပေါ် မှီခိုပြီး စားသောက်တယ်ဆိုတာ ငါတို့ရဲ့ ပုံစံ မဟုတ်ဘူး …” ကျန်းဇီရှင်း ပြောလိုက်ပြီး “ ဒီနေ့ ငါတို့ ကဏန်း အင်ပါယာ စံအိမ်ကို သွားကြမယ်.. ပြီးရင် ဘေလ်ကို မျှမျှတတ ရှင်းကြမယ်…”

ပြောစကားများ အတိုင်း အမျိုးသမီးတို့သည်လည်း အမျိုးသားများကဲ့သို့ တတ်နိုင်စွမ်း ရှိကြသည့် လူများပင်။ ကျန်းဇီရှင်း၏ အကြံပြုမှုက အမျိုးသမီး အားလုံး၏ ပံ့ပိုးမှုကို ရရှိသွားခဲ့လေသည်။

မည်သူ တစ်ဦးတစ်ယောက်ကမျှ ငွေကြေး ကြွယ်ဝနေခြင်း မရှိသော်လည်း ကုန်ကျစရိတ်ကို အားလုံးက မျှခံကြမည်ဆိုပါက လူတိုင်း တတ်နိုင်သည့် ပမာဏအတွင်း၌သာ ရှိလေသည်။

“ လင်းကော … နင် ဒီနေ့ စုဝေးပွဲကိုတော့ လာမယ်မလား …” ကျန်းဇီရှင်းမှ လင်းရီအား ကြည့်၍ မေးမြန်းလိုက်၏။

“ ငါလည်း ဘာလုပ်စရာမှ မရှိတာ … အတူသွားကြတာပေါ့ …”

ကနေဦးတုန်းကတော့ လင်းရီသည် ကျီချင်းရန်အား ထမင်းအတူစားရန် ခေါ်တော့မလို့ပင်။ သို့သော် သူမက လတ်တလော အလုပ်ရှုပ်နေပြီး ဤသည်ကလည်း အုပ်စုလိုက် စုဝေးပွဲ ဖြစ်သဖြင့် သူ့အဖို့ မသွားလို့ မသင့်သည်ကို နားလည်လေသည်။ ထို့ကြောင့် သဘောတူလိုက်၏။

“ ဒါဆိုလည်း ဘာတွေစောင့်နေကြတာ … အတူသွားကြစို့ … ဒီနေ့တော့ အမူးသောက်ကြမယ်…”

အစီအစဉ်အား ဆုံးဖြတ်ပြီးသည့်နောက် လူတိုင်း အဝတ်အစားလဲရန် ပြန်သွားခဲ့ကြ၏။

အမျိုးသားများကတော့ ထွေထူး အလုပ်ရှုပ် ခံမနေကြချေ။ အဆင်ပြေရာသာ ကောက်ဝတ်လိုက်ကြ၏။ သို့သော် အမျိုးသမီးတို့ကတော့ အတော်လေး စိတ်လှုပ်ရှားနေကြသည်။ နေ့တိုင်းနေ့ လေ့ကျင့်ရေးကြောင့် ထရိန်နင် ယူနီဖောင်းကိုသာ ဝတ်ဆင်နိုင်လေသည်။ ထို့ကြောင့် ပုံမှန် အဝတ်အစား လှလှလေးများ ဝတ်နိုင်တော့မည်ဆိုတော့ အားလုံးက ပျော်ရွှင်နေကြ၏။

ထို့ပြင် ဖော်လံဖား ကျိုးရှင်းဟိုင်ကလည်း လီရှန်းဟွေ့နှင့် ကူရိရန်ကို ဖိတ်ကြားထားသေးသည်။

ကနေဦးတုန်းက နှစ်ယောက်မှာ ငြင်းပယ်ချင်သော်လည်း လူတိုင်း၏ စိတ်အားထက်သန်မှုကို မတောင့်ခံနိုင်သဖြင့် ဦးဆောင်ရာနောက် လိုက်ပါရုံသာ တတ်နိုင်တော့သည်။

လူတိုင်းက အဝတ်အစား လဲနေကြစဉ် လီရှန်းဟွေ့သည် လင်းရီအား ရုံးခန်းသို့ ဆင့်ခေါ်လိုက်၏။

အထဲတွင် စားပွဲ နှစ်လုံးနှင့် ကုတင် တစ်လုံး ရှိနေပြီး အလုပ်လည်း လုပ် ၊ အနားယူ၍လည်း ရသည့် နေရာပင်။

သို့သော် ကူရိရန်လည်း အတူရှိနေပြီး သူမကတော့ အထဲမှ ထွက်ခွာရန် ဟန်ပြင်နေ၏။

“ ထရိန်နင် ပြီးပြီဆိုတော့ ဘယ်လိုခံစားရလဲ …”

ထိုအခိုက်အတန့်တွင် လီရှန်းဟွေ့၏ လေသံမှာ လေးနက် တည်ကြည်နေခြင်း မရှိတော့ချေ။ သူငယ်ချင်းဟောင်း တစ်ယောက်ကဲ့သို့ ပေါ့ပေါ့ပါးပါး စကားပြောနေသည်။

“ တော်တော်လေး ကောင်းပါတယ်… ပြင်းထန်မှုက သိပ်မမြင့်ပါဘူး …”

“ ကောင်လေး … မင်းရဲ့ ကာယ ကြံ့ခိုင်မှုက ဒီနှစ်တွေ တစ်လျှောက် ငါတွေ့ဖူးသမျှထဲ အမြင့်ဆုံးပဲ ..” လီရှန်းဟွေ့ ပြုံးလိုက်ပြီး “ ငါ အထက်ကြီးပိုင်းတွေဆီ မင်းကို ငါတို့ရဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေး အသင်းထဲ ခေါ်ဖို့ တင်ပြထားပြီးပြီ… သုံးရက်နေရင် အလုပ်စလို့ရပြီ…”

“ ဒါ အစောပိုင်း သတင်း ပေါက်ကြားမှု တစ်ရပ်အနေနဲ့ ထည့်တွက်လို့ရလား …”

“ ကောင်လေး … မင်း ဝမ်းသာစမ်း … ကျန်တဲ့သူဆို ဒီလို အလေးပေး ဆက်ဆံခံရမှုမျိုး ရချင်တာတောင် မရဘူးနော်…” လီရှန်းဟွေ့ ပြောလိုက်ပြီး “ နောင်ကျ ကောင်းကောင်း စွမ်းဆောင်ပြလိုက် … ငါ မင်းကို မြင့်မြင့်မှန်းထားတယ်… “

“ ကျေးဇူးပဲ …”

“ ဒါပေမယ့် မင်းက ဝန်ထမ်းသစ်ဆိုတော့ တိုက်ရိုက်ကြီး လွှဲပြောင်းပေးလို့က မရဘူး … အရင်ဆုံး အရပ်သား ပြဿနာ တစ်ချို့ကို ကိုင်တွယ်ရမယ်… မင်းမှာ အတွေ့အကြုံ ရှိလာပြီဆိုမှ ငါ့ဘက်က လွှဲပြောင်းပေးမယ်… ဒါက လိုကိုလိုအပ်တဲ့ လုပ်ငန်းစဉ်ပဲ … နားလည်မှု မလွဲနဲ့ …”

“ ပြဿနာ မရှိဘူး … ကျုပ်က ဒီတိုင်း မူလီတစ်ချောင်းပဲလေ… ဝက်အူလှည့်တဲ့ဘက် ကျုပ်သွားရမှာပဲ …”

ကူရိရန်မှာ မျက်လုံးလှန်မိလိုက်ပြီး စိတ်ထဲတွင် ကျိန်ဆဲလိုက်၏။

‘ ပေါက်တတ်ကရတွေ…. ‘

“ ကောင်လေး … ငါ့အထင် မင်းရဲ့ အကြီးမားဆုံး အားသာချက်က မင်းရဲ့ ခွန်အားပြီးရင် မဟုတ်တာတွေ လျှောက်ပြောတာပဲ ဖြစ်ရမယ်…” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ဒါပေမယ့် မင်းကို တခြား ပြောရမယ့်ဟာ ရှိသေးတယ်… နောင်ကျ မင်းနဲ့ ကူလေးက လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာမှာဆိုတော့ မင်းတို့မှာ ရန်ငြိုးရန်စတွေ ရှိထားရင် သင်ပုန်းချေလိုက်တော့ … ဘာပဲ ဖြစ်ဖြစ် မင်းက ယောက်ျားပဲလေ… သဘောထားကြီးလိုက်စမ်းပါ …”

“ အဓိကက ပြဿနာက သေးလွန်းနေတာပဲ … သေးလွန်းလို့ ကျောဘက်ရင်ဘက်တောင် ခွဲခြားရ ခက်နေတယ်… ကျုပ်လည်း တကယ်ကို ရွေးချယ်စရာ မရှိတာ …”

လီရှန်းဟွေ့က လင်းရီ၏ စကားကို နားမလည်သော်လည်း ကူရိရန်က နားလည်သည်။

“ နင်ပဲ ကျောဘက် ရင်ဘက် ခွဲမရတဲ့လူလေ…”

“ ငါ့ရဲ့ ဥစ္စာက တကယ်ကြီး ရှေ့ဘက် နောက်ဘက် ကွဲတယ်…. တခြား လုပ်ဆောင်ချက်တွေရော ရှိသေးတယ် မထင်ဘူးလား …”

ကူရိရန် “ …. “

“ တော်ပြီ တော်ပြီ… ငါက ဒီတိုင်း ပြောနေတာ … မင်းတို့က ဘာလို့ ထပ်ပြီး ရန်ဖြစ်နေကြတာ …” လီရှန်းဟွေ့ ကူကယ်ရာမဲ့နေပြီး သူ၏ အကြံမှာ အသုံးမဝင်သည့်ဟန်ပင်။

“ ကောင်းပြီ.. သွားကြစို့ … အားလုံးလည်း အဆင်သင့် ဖြစ်လောက်ရောပေါ့ … နောက်မကျခင် သွားကြမယ်…”

သုံးယောက်သား ရုံးခန်းထဲက ထွက်လာခဲ့ကြသည်။

ဝန်း၏ ဝင်ပေါက်ဝတွင် လင်းရီ ရပ်တန့်၍ တက္ကစီတစ်စင်းအား လက်ပြလိုက်လေသည်။ သို့သော် လီရှန်းဟွေ့၏ တားမြစ်ခြင်းကို ခံလိုက်ရသည်။

“ ငါတို့ ကူလေးရဲ့ ကားနဲ့ သွားကြမှာ ဘာလို့ တက္ကစီ ငှားနေဦးမှာ …”

“ သူ့ကားက အရမ်းသေးတယ်… ထိုင်ရတာ သက်တောင့်သက်သာ မရှိဘူး …”

ကူရိရန် “ …. “

လီရှန်းဟွေ့ “ …. “

ဒီကောင် ဒါပဲ ခလုတ် လာလာတိုက်နေတယ်…

လီရှန်းဟွေ့လည်း သူတို့နှစ်ယောက်ကြားရှိ အမုန်းတရားတို့မှာ အချိန်တိုအတွင်း ဖြေရှင်းနိုင်သည့်အရာ မဟုတ်သည်ကို နားလည်သည်။ ထို့ကြောင့် တွန်းအား မပေးတော့ချေ။

သူနှင့် ကူရိရန်တို့ ကားထဲ အရင် ဝင်သွားနှင့်ကြသည်။

နောက်မှ နီးကပ်စွာဖြင့် လင်းရီလည်း တက္ကစီ တစ်စင်း ငှားကာ ကဏန်း အင်ပါယာ စံအိမ်သို့ ထွက်လာခဲ့လိုက်၏။

သို့သော် လမ်းတွင် လီချူးဟန်ထံမှ ဝီချက်မက်ဆေ့ချ် ဝင်လာသည်။

“ နင် အဆင်ပြေရင် ဖုန်းခေါ်လာခဲ့ဦး …”

လီချူးဟန် မက်ဆေ့ချ်ပို့လာခဲ့သည့်အခါတိုင်း ဤသို့ချည်းပင်။ ဘယ်တော့မှ ပြောင်းလဲ မသွားခဲ့ချေ။

လင်းရီ ဖုန်းနံပါတ်အား နှိပ်လိုက်၏။ “ ဘာဖြစ်လို့လဲ …”

“ ထရိန်နင် ပြီးပြီလား … ငါမှတ်မိသလောက်ဆို ဒီနေ့က နောက်ဆုံးနေ့မလား …”

“ အင်း … ပြီးပြီလေ… လူတိုင်းက စုဝေးကြမယ်ဆိုလို့ အခု စားသောက်ဆိုင်ကို သွားနေတာ …”

“ နင့် ပစ္စည်းတွေရော ထုပ်ပိုးပြီးပြီလား … ငါ မနက်ဖြန် အားတယ်… နင့်ဆီ လာပြီး ပစ္စည်းတွေ ကူသိမ်းပေးမယ်လေ…”

“ ကောင်းသားပဲ … ပစ္စည်းတွေသိမ်းပြီးရင် လမ်းအတူ လျှောက်ကြတာပေါ့ …”

အကယ်၍ အခြားတစ်ယောက် ဖြစ်ခဲ့မည်ဆိုပါက လင်းရီ လာခွင့် ပြုလိမ့်မည် မဟုတ်ချေ။ ပစ္စည်းက အနည်းငယ်သာလျှင် ရှိပြီး သူတစ်ယောက်တည်းနှင့် ဖြစ်လေသည်။

သို့သော် လီချူးဟန်မှာမူ ကွဲပြား၏။ နှစ်ယောက်အတူ ကုန်ဆုံးရသည့် အချိန်တို့က အမှန်ပင် မရှိသလောက် နည်းပါးလှသည်။

ယခု သူ့တွင် အချိန်ရှိပြီ ဖြစ်သဖြင့် သူမနှင့် ကုန်ဆုံးလိုသည်မှာ သဘာဝပင်။

“ အွန်း … ဒါဆို ငါ မနက်ဖြန် ၈ နာရီ လာခဲ့မယ်… နင့်ဘက်ကရော … အဲ့အချိန် အဆင်ပြေတယ်မလား ..”

“ မလိုဘူး … ငါ ဒီည မင်းရဲ့ နေရာလာခဲ့မယ်… ပြီးမှ မနက်ဖြန် အတူသွားကြတာပေါ့ …”

“ တကယ် …”

လီချူးဟန် အသံကို မြင့်လိုက်မိ၏။ သူမ၏ အသံမှ တဆင့် သူမ ရင်ခုန် စိတ်လှုပ်ရှားနေကြောင်း ပြောနိုင်လေသည်။

“ ဘာလို့ လိမ်ရမှာ … တကယ်မို့လို့ပေါ့….”

“ အဲ့တာဆို ငါနင့်ကို စောင့်နေမယ်…”

“ အင်း … စောစောပြန်လာခဲ့မယ်…”

“ အိုကေ ..” လီချူးဟန် ပြောလိုက်ပြီး “ ငါ နင့်ကို ပြောစရာ ရှိသေးတယ်…. မာကျားလျန်လို့ ခေါ်တဲ့ လူက မနက်ဖြန် ဆယ်နာရီ စတီးရိုး ခွဲစိတ်မှု လုပ်တော့မှာ … ဒါပေမယ့် ငါ အရိုးအထူးကု ဌာနက ဒါရိုက်တာစွန်းဆီက ကြားမိတာတော့ ခွဲစိတ်မှု ပြီးရင် ဟောင်ကောင်ကို ပြန်တော့မယ်ဆိုလားပဲ … သေတော့ မသေချာဘူးပေါ့ …”

“ မင်းက ဒါတောင် သိတယ်ပေါ့ … သူများတွေ သံသယ မဝင်ဘူးလား …”

“ ဟင့်အင်း …” လီချူးဟန် ပြောလိုက်ပြီး “ သူ့ရဲ့ နှလုံးကလည်း သိပ်မဟန်ဘူး … ခွဲစိတ်မှု မစခင် ဒါရိုက်တာစွန်းက ငါ့ကို ဆွေးနွေးမှုမှာ ပါဝင်ပေးဖို့ တောင်းဆိုလာတယ်လေ… အဲ့ဒီတုန်းက မာကျားလျန်ရဲ့ အခြေအနေကို သူများ မရိပ်မိအောင် မေးလိုက်တာ …”

“ ဝိုး … တော်လိုက်တာ ..” လင်းရီ ပြောလိုက်ပြီး “ လူတွေဆီက သတင်းတွေတောင် နှိုက်တတ်နေပြီပေါ့ … မဆိုးဘူးပဲ …”

“ ခိခိ …” လီချူးဟန် ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ပြီး “ အဲ့တာ နင့်ဆီက သင်ထားတာလေ…”

“ ကောင်းပြီ… အဲ့အကြောင်း ခု မပြောသေးနဲ့ဦး … ငါ အခု ဆိုင်ရောက်တော့မှာ … တခြား ရှိသေးရင် ညတွေ့မှ ပြောကြမယ်လေ…”

“ အလျင်လိုစရာ မလိုပါဘူး … နင် အရမ်း မြန်မြန်ကြီး မထွက်ခဲ့လည်း ရတယ်… မဟုတ်ရင် တခြားသူတွေက နင့်ကို ပွဲမတိုးဘူး ထင်နေဦးမယ်…”

“ ဘာဂရုစိုက်နေရမှာ … မင်းက ကိုယ့်ရဲ့ ဦးစားပေးပဲလေ…”

“ နင် ငါ့အကြောင်း တွေးနေတယ်ဆိုတာနဲ့တင် ဒီက လုံလောက်ပါပြီ.. ကျန်တာတွေ မလိုပါဘူး …”

“ မွ …. ချစ်လိုက်တာ …”

“ ငါလည်း ချစ်တယ်…”

အနည်းငယ် အီစီကလီ လုပ်ပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။

အမှန်တော့ စားသောက်ဆိုင်သို့ ရောက်ရန်က အနည်းငယ် လိုပါသေးသည်။ သူ ဖုန်းချချင်သည့် အကြောင်းအရင်းက ကျီချင်းရန် ဖုန်းခေါ်လာနေသောကြောင့်ပင်။

“ လူကြီးမင်းလင်း … ထရိန်နင်က အခုဆို ပြီးလောက်ရောပေါ့ … နင် ဘယ်လို ခံစားရလဲ … ဘယ်တော့ ပြန်လာဖို့ရော စိတ်ကူးထားလဲ ….” သူမ ချစ်စဖွယ်ကောင်းစွာ မေးမြန်းလာသည်။

“ ဒီနေ့တော့ ပြန်လာဖို့ မဖြစ်နိုင်သေးဘူး … ဒီမှာ တခြား ကိစ္စလေးတွေ ရှိနေသေးလို့ … မနက်ဖြန် မွန်းလွဲပိုင်းဆိုရင်ကော … ရုံးမှာ တွေ့ကြမယ်လေ…”

“ ငါ လာပြီး အထုပ်အပိုးတွေ သိမ်းကူရဦးမလား …”

“ အဲ့လောက်ထိ အလုပ်ရှုပ်ခံစရာ မလိုပါဘူးကွာ … များတာလည်း မဟုတ်တာကို … ကိုယ့်ဘာကိုယ် လုပ်လို့ရတယ်…”

“ ဒါဆိုလည်း နင့်ဖို့ ကြိုဆိုပွဲ အခမ်းအနား ပြင်ထားပေးမယ်လေ..”

“ အင်း … ဟုတ်ပြီ… ချစ်တယ်နော် မွ ….”

ဒရိုင်ဘာ “ ??? “

ဆရာကြီးပဲ ….

စာစဉ် (၁၁၁) ပြီး၏။

All Chapters