← Chapters

သူ့ကို အနိုင်ယူဖို့က ပြဿနာ မရှိဘူး

Vol. 111 Ch. 1663

သူ့ကို အနိုင်ယူဖို့က ပြဿနာ မရှိဘူး

Vol. 111 Ch. 1663

ဝူတလင်၏ အမူအရာကို မြင်တော့ လီရှန်းဟွေ့ အလျင်အမြန် ရောက်ချလာပြီး “ ဆရာ … သူက ဒီတိုင်း ကျောင်းသားလေးပဲလေ… ကိုယ့်အဆင့်အတန်းကြီးနဲ့ ပြိုင်တုလို့ သင့်မှာလား ….”

“ ငါသူ့ကို လေးလေးနက်နက် ထားမနေပါဘူး … သူကိုက မကျေမနပ်ဖြစ်နေတာ … ဒါကြောင့် ငါက လိုက်ကစားပေးရုံ သပ်သပ်ပဲ …” ဝူတလင် ပြောလိုက်ပြီး “ မင်း သဘောတူရဲလား ကောင်လေး …”

“ ကျုပ် ခင်များနဲ့ ပြိုင်ချင်တာ မဟုတ်ဘူး .. ဒီတိုင်း ခင်များကိုက ကျုပ်ကို ပစ်မှတ်ထားနေတာ … ဒီတော့ ကျုပ်လည်း ဘာတတ်နိုင်တော့မှာ …”

“ မင်းက ငါ့ကို ပြန်ပြီး အပြစ်တင်နေတယ်ပေါ့ ဟုတ်လား …”

“ အပိုစာသား ရွတ်နေတာတွေ တော်လိုက်တော့ … ခုပဲ သွားပြီး မြင်းလား မြည်းလားဆိုတာ သေချာကြည့်ကြမယ်… ကိရိယာတွေလည်း အဆင်သင့် ဖြစ်နေပြီဆိုမှတော့ တစ်ခါတည်း စကြတာပေါ့ …”

လီရှန်းဟွေ့ ဒေါသထွက်သွားခဲ့၏။

ဒီကောင် ယုံကြည်ချက် လွန်ကဲ မနေလွန်းဘူးလား …

သူ တကယ်ကြီး ဝူတလင်ကို ကူရိရန်လိုမျိုး အောက်မေ့နေတယ်….

“ တော်တော့ …”

လီရှန်းဟွေ့သည် လင်းရီအား ဘေးသို့ ဆွဲခေါ်သွားပြီး တီးတိုးပြောလိုက်၏။

“ ငါ မင်းကို ပြောမယ်… ဆရာဝူက အထူးတပ်ဖွဲ့မှာ လက်ဖြောင့်တပ်သား ဖြစ်ခဲ့ဖူးတဲ့လူနော်… အခု အနားယူလိုက်လို့ အထင်မသေးလိုက်နဲ့ … သူ့ရဲ့ အပစ်ခတ် စွမ်းရည်တွေက ကျဆင်းသွားတာ မဟုတ်ဘူး … ကိုယ့်ဒုက္ခကိုယ် မရှာစမ်းနဲ့ … “

“ ခင်များ ပြောသလိုဆို သူက တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ …”

“ အထင်ကြီးဖို့ ကောင်းရုံတင် မဟုတ်ဘူး … သောက်ရမ်း အထင်ကြီးဖို့ ကောင်းတာ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ မြန်မြန် ဆရာဝူကို ပြန်ပြီး တောင်းပန်လိုက် … လူငယ်ဆိုတော့ သွေးပူတတ်တဲ့ သဘာဝမို့ လူကြီးက ထောက်ရှုပြီး ခွင့်လွှတ်ပေးလို့ ရတယ်… မဟုတ်ရင် မင်းမှာ ရွေးချယ်စရာ ရှိတော့မှာ မဟုတ်ဘူး …”

“ စကားဆိုတာ ကျွံပြီးရင် ပြန်နှုတ်လို့ မရတဲ့ သဘာဝ ရှိတယ်… ဘာပဲ ဆိုဆို ကျုပ်တို့တွေက စကားတည်တဲ့ ယောက်ျားကောင်းတွေပဲလေ… ဒီ အခြေအနေအထိ ရောက်လာပြီးမှတော့ တောင်းပန်လိုက်မယ်ဆိုရင် ကျုပ် အရှက် ကျုပ် ပြန်ခွဲသလို ဖြစ်မသွားဘူးလား …”

“ မင်း စာမေးပွဲ မအောင်ချင်ဘူးလို့ လာမပြောနဲ့ …” လီရှန်းဟွေ့ မလိုလားစွာဖြင့် ပြောလိုက်ပြီး “ ခေါင်းဆောင်ကြီးနဲ့ ငါက မင်းကို ဂရုစိုက်ပေးချင်ရင်တောင် မင်းရဲ့ ရမှတ်တွေက ကောင်းနေမှ ဖြစ်မှာ … မင်းရဲ့ ပျှမ်းမျှစွမ်းဆောင်ရည်က အောက်ဆုံးဖြစ်နေရင် မင်းကို ကူညီပေးဖို့ ကြိုးစားတာက အတင်းအဖျင်းတွေကို ဖိတ်ခေါ်သလို ဖြစ်ပြီး ကိုင်တွယ်ဖို့ ခက်တယ်…”

“ နေ့ခင်းတုန်းက မလေ့ကျင့်လိုက်ရဘူးဆိုပေမယ့် ကျုပ်ရဲ့ စွမ်းဆောင်ရည်တွေက လုံးဝကြီး ဆိုးရွားနေမယ်လို့ သက်သေမပြနိုင်ဘူးလေ… ကျုပ်မှာ အတွေ့အကြုံ နည်းနည်း ရှိပါတယ်… စောင့်သာ ကြည့်စမ်းပါ…”

“ ငါ ဘာများ ပြောနိုင်တော့မှာ …”

“ အဲ့တာဆို ဘာမှ မပြောနဲ့ … ဒီတိုင်း စောင့်သာကြည့်… ကျုပ်ရဲ့ နည်းစနစ်တွေနဲ့ ရမှတ်ကောင်း ရနိုင်မယ်လို့ ယုံကြည်တယ်…”

လီရှန်းဟွေ့ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းမိလိုက်သည်။ သူ့ဘက်က ဒီလောက် အများကြီး ပြောပြီးဖြစ်သော်လည်း လင်းရီမှာ ကိုယ့်အတွေးနှင့်ကိုယ် ယုံကြည်ချက် အပြည့်ဖြစ်နေလေသည်။ သူ တတ်နိုင်သည့်အရာကား မရှိတော့ချေ။

လင်းရီ ဝူတလင်အား ကြည့်၍ “ အခု စကြစို့ …”

“ အားလုံး ရယ်ဒီပဲ … မင်း အဆင်သင့်ဖြစ်ရင် ရှေ့ကသွားလိုက် ..” ဝူတလင် ပြောလိုက်ပြီး “ ငါ ပြီးမှဆိုရင် မင်းအပေါ် ဖိအား ပေးသလို ဖြစ်မှာစိုးတယ်…”

“ မဟုတ်တာ … ခင်များ အရင်သွားပါ ….” လင်းရီ ပြောလိုက်ပြီး “ ကျုပ်လည်း ကျုပ်ပြီးမှဆို ခင်များ ဖိအားများမှာ စိုးတယ်…”

“ ဖက်ခ် … အဲ့တာ ဘယ်လိုစကားမျိုးတုန်း … သူ တကယ်ကြီး နည်းပြဝူကို ဖိအားပေးသလို ဖြစ်မှာစိုးတယ်ပေါ့ … အဲ့သာ လူစကားရော ဟုတ်ရဲ့လား …” ကျိုးရှင်းဟိုင် မပြောဘဲ မနေနိုင်ချေ။

“ ငါတော့ ဒီကောင် လျှောက်ပြောနေတယ်လို့ပဲထင်တယ်… ပေါက်တတ်ကရတွေ ပြောပြီး တတ်နိုင်သလောက် အချိန်ဆွဲနေတာပေါ့ …” တင်းချောင် ပြောလိုက်၏။

“ အချိန်ဆွဲနေလို့ ဘာ အသုံးဝင်မှာ … နောက်ဆုံးရလဒ်က ထူးသွားမှာမို့လို့လား …” “ သူ့အဆင့်နဲ့များ နည်းပြဝူက အမှတ် 50 အသာစီးပေးရင်တောင် အေးဆေးလေး နိုင်တယ်… 10 မှတ်ကတော့ ပြောမနေနဲ့တော့ …”

“ သဘောတူတယ်…” တင်းချောင် ပြောလိုက်သည်။

“ ပြီးတော့ ဒီ အကဲဖြတ်မှုက သေနတ်ဖြုတ်တာနဲ့ သေနတ်ဆင်တာလည်း ပါတယ်… အဲ့ဒီ အပိုင်းလေးတောင် မအောင်ဘူးဆိုရင် သေနတ်ပစ်ဖို့ အရည်အချင်း မမှီဘူး…”

“ ဟင် … ဒီမှာ သေနတ်ဖြုတ် ၊ သေနတ်ဆင်ရတာတွေလည်း ပါတယ်ပေါ့ …”

လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့ရ၏။ ဤသည်က တော်တော်လေး လက်တွေ့ဆန်နေသည်။

“ ရတယ်… မင်း အဲ့ဒီအပိုင်း ဖြေစရာ မလိုဘူး … ငါတို့ကြား ကွာဟချက်က 10 မှတ်အတွင်း ရှိသရွေ့ မင်းကို အမှတ်ပြည့်ပေးမယ်…”

“ ကျုပ်ကို စိတ်ပူမနေပါနဲ့ … မျှမျှတတပဲ လုပ်ကြတာပေါ့ … မဟုတ်ရင် ကျုပ် နိုင်သွားလည်း စိတ်ထဲ နေလို့ ကောင်းမှာ မဟုတ်ဘူး …”

“ စောက်ကျိုးနည်း …” ကျန်းဖန့် အော်ဟစ်မိသွားခဲ့ပြီး “ လင်းကော … မင်း ဂေါက်နေတာလား … အဲ့တာ သေနတ်အစစ်ကြီးနော် … မင်းက လူသစ်လေး ရှိတာ ဒီကောင်တွေ ဘယ်လို ဖြုတ်တပ်ရမလဲဆိုတာ သိလို့လား …”

“ အရင်ကတော့ မလုပ်ဖူးဘူး … ဒါပေမယ့် ခက်တယ်လို့လည်း မထင်ပါဘူး …”

ကျန်းဖန့် သူ့နဖူးသူ ပြန်ရိုက်၍ လင်းရီအတွက် မျှော်လင့်ချက်မဲ့သွားသည့်သယောင် ခံစားလိုက်ရသည်။

ကူရိရန်ပင် မျက်မှောင်ကြုတ်လိုက်မိ၏။

ဒီကောင် ဘာတွေ စဉ်းစားနေတာ …

လူသစ်လေးကများ အဲ့လို မောက်မာတဲ့ စကားလုံးတွေ ပြောဝံ့နေတယ်ပေါ့ …

“ မဆိုးဘူး .. မင်းလို စိတ်ဝင်စားစရာ ကောင်းတဲ့ လူငယ်မျိုး မတွေ့တာ အတော်ကြာပြီ…”

ဝူတလင် ဒေါသထွက်လွန်း၍ ရယ်မောမိသွားခဲ့၏။ “ ဒီနေ့ ငါ့ တကယ့် အရည်အချင်းတွေ မပြရင် ငါ့ကို အဘိုးကြီး တစ်ယောက်ပါကွာဆိုပြီး လူတွေ အထင်သေးနေကြတော့မှာပဲ ….”

“ ဒါဆိုလည်း စကြတာပေါ့ … ခင်များ ဘယ်လောက်တော်လဲ ကျုပ်သိအောင် ပြစမ်းပါ …”

ဝူတလင် အေးတိအေးစက် နှာမှုတ်လိုက်သည်။ အခြားသူများကလည်း သူ့အနားတွင် ဝန်းရံလိုက်ကြ၏။ ဤသည်က လေ့လာရန် ရှားရှားပါးပါး အခွင့်အရေးကောင်းပင်။ သူတို့ သေချာလေး သင်ယူကြရမည် ဖြစ်၏။

“ နည်းပြဝူ … ကျုပ် အချိန်မှတ်ပေးမယ်…” ကျိုးရှင်းဟိုင်မှ လက်ပါးစေ တစ်ယောက်ကဲ့သို့ ပြောလိုက်၏။

“ ကျုပ်က ပစ်မှတ်စာရွက် သွားယူပေးမယ်…” တင်းချောင်က ပြောလိုက်ခြင်းပင်။

မိနစ် အနည်းငယ် ကြာပြီးနောက် တင်းချောင် အဆင်သင့် ဖြစ်သည်ကို မြင်တော့ ဝူတလင်သည် လက်ထဲတွင် သေနတ်ကို ချိန်ဆကြည့်လိုက်သည်။ “ အချိန်မရွေး စဖို့ အသင့်ပဲ …”

ကျိုးရှင်းဟိုင် ခေါင်းညိမ့်လိုက်၏။ “ ၃… ၂ .. ၁ … စ …”

စကားဆုံးသည်နှင့် လူအုပ်ကြီးမှာ ခရက် ခရက် အသံများအား အတွဲလိုက် ကြားလိုက်ရလေသည်။

အကောင်း ပကတိ ပစ္စတို တစ်လက်အား အပိုင်းအပိုင်း အစစ ဖြစ်ရန်အတွက် စက္ကန့်အနည်းငယ်မျှသာ ကြာညောင်းလိုက်သည်။ ထို့နောက် ဝူတလင်သည် အလွန်လျှင်မြန်သည့် အမြန်နှုန်းဖြင့် ပြန်ပြီး တပ်ဆင်သည်။

“ ဘုရားရေ .. ၁၃ စက္ကန့် …”

ဤအချိန်ကို ကြားလိုက်ရတော့ လူတိုင်း တအံ့တအား မြည်တမ်းမိသွားခဲ့ကြသည်။

“ မနက်ခင်းတုန်းက နည်းပြဝူ ငါတို့ကို လက်တွေ့စမ်းပြတုန်းက ၁၄ စက္ကန့် မလား … တစ်စက္ကန့် တိုးတက်လာဦးမယ်တောင် မထင်ထားဘူး .. ဒါကြီးကတော့ များသွားပြီ…”

ဝူတလင်၏ ရလဒ်က ရှိနေကြသည့် လူတိုင်းကို အံ့အားတကြီး ဖြစ်သွားစေခဲ့၏။

လီရှန်းဟွေ့ပင် အံ့အားသင့်သွားခဲ့လေသည်။ သူ၏ အကောင်းဆုံး ရလဒ်သည်ပင် ၁၄ စက္ကန့်မျှ ရှိသည်။ ဆရာကတော့ ဆရာပါပင်။

ကူရိရန် လင်းရီအား ကြည့်လိုက်၏။

သေနတ်တောင် တစ်ခါမှ မကိုင်ဖူးတဲ့ ကောင်ကများ ဆရာဝူနဲ့ ပြိုင်ချင်နေတယ်ပေါ့ … နေ့ခင်းကြောင်တောင် အိပ်မက် လာမက်နေတယ်…

သူမ အရင်က ဒီကောင့်ကို သင်ခန်းစာ မပေးနိုင်ခဲ့ဘူး … ဒါပေမယ့် ဒီနေ့တော့ တစ်စုံတစ်ယောက်က သူမအစား သင်ခန်းစာ ပေးနိုင်တော့မယ်…

သူ၏ အချိန်မှတ်တမ်းကို သိလိုက်ရတော့ ဝူတလင် အလွန်အမင်း ကျေနပ်အားရသွားခဲ့သည်။ ထို့နောက် ပစ်မှတ် စာရွက်သို့ ချိန်ရွယ်၍ ခလုတ်အား ဆွဲလိုက်လေသည်။

ဘန်း ဘန်း ဘန်း ဘန်း ……

ဆယ်ချက်ဆက်တိုက် တရစပ် ပစ်ခတ်သွားခဲ့၏။

လူတိုင်းမှာ နောက်ဆုံး ရလဒ် ထွက်ပေါ်လာမည်ကို အသက်အောင့်ပြီး စောင့်ဆိုင်းနေကြလေသည်။

“ ချောင်ကော … နည်းပြဝူ အမှတ်ဘယ်လောက်ရလဲ ..” ကျိုးရှင်းဟိုင် မေးမြန်းလိုက်၏။

တင်းချောင် ပစ်မှတ်စာရွက်အား ကြည့်၍ “ ၉၇ မှတ် ….”

ဤရလဒ်ကို ကြားတော့ လူတိုင်း ပါးစပ်ပြန် မစေ့နိုင်လောက်သည်အထိ အံ့အားသင့်သွားခဲ့ကြသည်။

“ မနက်ခင်းတုန်းက ငါမှတ်မိတာ နည်းပြဝူရဲ့ ရလဒ်က ၉၆ မှတ်မလား … အခုကျ ၉၇ မှတ် … အဘိုးကြီးကတော့ အသက်ကြီးလာလေ ပိုပြီး ကြောက်စရာ ကောင်းလာလေပါလား …” ကျိုးရှင်းဟိုင် ပြောလိုက်သည်။

ကျန်းဖန့်နှင့် ကျန်သူများမှာ လင်းရီအား ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် ကြည့်လိုက်ကြ၏။

ထိုကဲ့သို့ ကောင်းကင်အား ဖီဆန်နေသည့် ရလဒ်ဖြင့် နည်းပြလီပင် ထိုအဘိုးကြီး၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ အစ်ကိုရီဆိုလို့ကတော့ ပြောနေစရာပင် မလိုချေ။

ဝူတလင်သည် သေနတ်ကို စားပွဲပေါ်သို့ ပြန်တင်ထားလိုက်၏။

သူ၏ ရလဒ်အား အကျေနပ်ကြီး ကျေနပ်နေသည်မှာ အသိသာကြီးပင်။

“ မင်း အလှည့်ပဲ … မင်း ဘာတတ်နိုင်လဲ ငါ့ကိုပြ …”

“ အဲ့လောက် မမြန်နဲ့လေ…”

လင်းရီ စားပွဲသို့ လျှောက်လှမ်းသွားပြီး လက်ထဲတွင် သေနတ်အား ချိန်ဆကြည့်လိုက်သည်။

“ ကျန်းဖန့် … ငါ့ကို အချိန်ကူမှတ်ထားပေးဦး …”

“ ဟင် … အချိန်မှတ်ထားပေးရမယ်…”

“ သေနတ်တပ်တာနဲ့ ဖြုတ်တာအတွက် အချိန်မှတ်စက် ရှိတယ်မဟုတ်ဘူးလား … မင်းလုပ်လေ…”

“ လင်းကော … မင်း လာပြီး နောက်မနေစမ်းနဲ့ … မင်း အရင်က သေနတ်တောင် တစ်ခါမှ မထိဖူးတာ စနစ်တကျ ဖြုတ်တပ်တာတွေ ဘယ်လိုသိမှာ …”

“ သူ ခုနကပဲ ဖြုတ်တပ်ပြသွားခဲ့တယ်မဟုတ်ဘူးလား … ငါကြည့်ပြီး သင်ယူလိုက်တာ တတ်တောင် တတ်မြောက်လုနီးပါး ဖြစ်နေပြီ… အဘိုးကြီးကို ကျော်နိုင်ဖို့က မဖြစ်နိုင်ဘူးလို့တော့ မထင်ဘူး …”

All Chapters