အရှက်မရှိတဲ့လူတစ်ယောက်
Vol. 010 Ch. 982
သူတို့သည် ထိုနေရာတွင် အချိန်အတန်ကြာနေလေသည်။ ထိုအချိန် တွင် အတွင်းပိုင်းမှ အော်သံကြားလိုက်သည်နှင့် တစ်စုံတစ်ခုဖြစ်နေသည်ကို သူတို့သိလိုက်သည်။ သူတို့အပြေးသွားကြည့်ရာ တောင်အကွေ့ရောက် သောအခါ ဝိညာဉ်သားရဲများနှင့်တိုက်ခိုက်နေသော လူတစ်စုကိုတွေ့လေ သည်။
“သူတို့လား” ရှီမာယူယူသည် သူတို့ကိုမှတ်မိသည်။
“ဝံလက်ငှက်နန်းတော်လား သူတို့ကဘာဖြစ်လို့လဲ” ဝူလင်းယူ မေး လေသည်။
ရှီမာယူယူသည် အဖြစ်အပျက်များကိုရှင်းပြရာ သူသည် သူတို့ကို ရန်လို လေသည်။
သူတို့က အရေးမပါသောလူများဖြစ်သော်လည်း သူတို့က သူ၏ယူယူကို လူသားတံတိုင်းအဖြစ်လုပ်ချင်နေမှတော့ သူက အကြွေးဆပ်ပေးရမှာပေါ့။
“ကိုယ်ရှင်းပေးရမလား” သူ မျက်မှောင်ကြုတ်လိုက်သည်။
“မလိုဘူးရယ် ပင်လယ်ကြယ်နန်းတော်က သူတို့ကို သင်ခန်းစာပေး လိမ့်မယ်” ရှီမာယူယူ သူ့ကိုတားလိုက်သည်။
သူသာ ဝင်ပါလိုက်ပါက သူတို့သည်မျက်လုံးအပြူးသားဖြင့် သေရမည်။ သူတို့သည် ဖြည်းညင်းစွာသေရမည်မဟုတ်ပေ။
ဝူလင်းယူသည် ရှီမာယူယူ၏ ဆိုလိုရင်းကိုသဘောပေါက်သည်။ သူ့ကို တိုက်ရိုက်ဝင်မပါခိုင်းသော်လည်း သူသည် သူတို့ကို မြင်ပြင်းကပ်လှပြီ။
ဝံလက်ငှက်နန်းတော်မှလူများကို ဝိညာဉ်သားရဲများလိုက်သည်မှာ အတော်ကြာလှသဖြင့် သေသွားပြီဟုအားလုံးက ထင်ထားခဲ့ကြသည်။ သို့သော် သူတို့သည် ပင်လယ်ကြယ်နန်းတော်ဟု ပြောရုံရှိသေးသည် သူတို့ ကိုတောင်ကြားတွင် အနားယူနေသည်ကိုတွေ့လိုက်ရသည်။ သူတို့၏ အလို လိုသိစိတ်ကြောင့်လား သို့မဟုတ် သူတို့ပြဿနာတက်၍လားတော့မသိ သူ တို့သည် မုန့်ဆန်းချွယ်နှင့် တခြားသူများဆီသို့ပြေးကြလေသည်။
ဝံလက်ငှက်နန်းတော်မှလူများ သူတို့ဆီသို့ပြေးလာသည်ကို ပင်လယ် ကြယ်နန်းတော်မှတွေ့သောအခါ ဒေါသထွက်ကြလေသည်။
သေစမ်း သူတို့ကို လူသားဒိုင်းကာအနေနဲ့ သုံးမယ်လို့ပြောပြီးတော့ အခု အဲလိုလာလုပ်နေတာလား။ သူတို့ကို အထင်သေးတာလား။
“မင်းသမီးကျန်း ကျွန်တော်တို့ကိုကယ်ပါ”
ဝံလက်ငှက်နန်းတော်မှလူများသည် အော်ပြီးပြေးလေသည်။ သူတို့ သည် လူတစ်ယောက်မှလျော့မသွားသော်လည်း အခြေအနေမှာမဟုန်လှပေ။ ထို့ကြောင့် ကျေနပ်လှသည်မဟုတ်။ သို့သော် ထိုအကြောင်းကို တွေးနေရ မည့်အချိန်မဟုတ်ပေ။ သူတို့သည် ထိုဝိညာဉ်သားရဲများကိုအရင် အဆုံးသတ် ပေးရဦးမည်။
ထိုအရာကိုမြင်သော ဝိညာဉ်သားရဲများသည် ပင်လယ်ကြယ်နန်းတော် မှလူများနှင့် ဂိုဏ်းမှလူများကို ပြောင်းတိုက်ခိုက်တော့သည်။
“သေစမ်း သူတို့က တကယ်ပဲအရှက်မရှိတာပဲ”
ရှောင်ချီသည် ထိုဝံလက်ငှက်နန်းတော်မှလူများကို ရိုက်မည်အပြုတွင် ဟန့်မြောင်ရွှမ် သူမကိုတားပြီး ပြောလိုက်သည် “အရင်ဆုံးဒီဝိညာဉ်သားရဲ တွေကို ရှင်းရအောင်”
ရှောင်ချီ ဒေါသထွက်သော်လည်း စကားနားထောင်ကာ ထိုဝိညာဉ် သားရဲများကိုရှင်းလေသည်။
သူမသည် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြေးသွားပြီး ထိုဝိညာဉ် သားရဲများကို ရက်စက်စွာ ရိုက်နှက်လေသည်။ သူမ၏ ရိုက်ချက်များသည် ကြောက်မက်ဖွယ်ကောင်းပြီး သူမ၏ အရှိန်မှာလည်း လျင်မြန်သည်။ အားနည်းသည့်အကောင်ဆိုလျှင် တစ်ချက်နှင့်သတ်နိုင်ပြီး သန်မာသည့် အကောင်ဆိုလျှင် နှစ်ချက် သုံးချက်ဖြင့် နိဂုံးချုပ်လိုက်နိုင်သည်။
လျင်မြန်စွာပင် ထိုအပြေးလာသော ဝိညာဉ်သားရဲများ အဆုံးသတ်သွား လေသည်။
ရှောင်ချီ မည်မျှသန်မာသည်ကို ပင်လယ်ကြယ်နန်းတော်မှလူများမြင် သောအခါ ပါးစပ်အဟောင်းသားဖြင့် မှင်တက်ကြလေသည်။
“မင်း မင်းက လူရောဟုတ်သေးရဲ့လား” ကျန်းမန့်သည် ကြယ်ကိုတွေ့ လိုက်ရသလိုပင်။ ဒီကောင်မလေးက ဘယ်လိုလုပ်ဒီလောက်အားကောင်းနေ ရတာလဲ။
“သူမက လူသားမဟုတ်ဘူး” ကျန်းဖေ ပြောလေသည် “လူသားဆိုရင် ဒီအရွယ်မှာမှ ကျင့်ကြံမှုကိုစတာ၊ ဒီလောက်သန်မာဖို့မဖြစ်နိုင်ဘူး၊ သူမက ကိုယ်ယောင်ဖျောက်နေတဲ့ အံ့ဖွယ်သားရဲဖြစ်လောက်မယ်”
“အဲလောက်အားကောင်းတာ အဲဒါကြောင့် သူတို့က သူမကိုခေါ်လာ တာကိုး”
ကျန်းဖေသည် မုန့်ဆန်းချွယ်နှင့် တခြားသူများကိုကြည့်လိုက်သည်။ ဂိုဏ်းမှလူနည်းသော်လည်း သူတို့၏ အရည်အချင်းသည် မြင့်မားကြသည်။
ဝံလက်ငှက်နန်းတော်မှလူများသည် ပိုအံ့သြကြသည်။ အစပိုင်း သူတို့ ထင်ထားခဲ့သည်မှာ ထိုလူများသည် သူတို့ ပြေးနိုင်ရန်အတွက် အချိန်ဆွဲပေးရုံ မျှသာ တွေးထားခဲ့ကြသည်။ ဝိညာဉ်သားရဲများကို ရှင်းပစ်လိမ့်မည်ဟု သူတို့ ထင်မထားကြပေ။ ထို့အပြင် လက်ဗလာဖြင့်ရှင်းခဲ့ခြင်းဖြစ်သည်။
“အဲကောင်မလေးကဘယ်သူလဲ ဘယ်လိုလုပ်အဲလောက် အားကောင်း နေရတာလဲ” ဝံလက်ငှက်နန်းတော်မှလူတစ်ယောက်သည် အော်လိုက်လေ သည်။
သူတို့၏ ခေါင်းဆောင်၊ နန်းတော်ခွဲသခင်တို့၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားကာ သိချင်လိုသည့်စိတ်ပြင်းပြပြီး ရှောင်ချီကိုကြည့်လေ သည်။
သူမမှားဘူးဆိုရင် ဒီကောင်မလေးက ကောင်းကင်ဂိုဏ်းကဖြစ်ရမယ်။ အစပိုင်းတုန်းက ဒီလိုကောင်မလေးငယ်ငယ်လေးကို သူတို့နဲ့ခေါ်သွားရင် သူတို့ကို ဆွဲချမယ်ဆိုပြီး ဘာလို့တွေးခဲ့မိတာပါလိမ့်။ သူမက ဒီလိုအသွင် ပြောင်းထားတဲ့ ဝိညာဉ်သားရဲဖြစ်လိမ့်မယ်လို့ သူမတွေးခဲ့မိဘူးပဲ။
တကယ်လို့ ဒီကောင်မလေးသာ သူတို့လူဖြစ်ခဲ့ရင်…
ရှောင်ချီသည် ကျောရိုးထဲမှကြက်သီးထကာ သူမကို ကြည့်နေသော လူကို လှည့်ပြီးစိုက်ကြည့်လိုက်သည်။ သူမသည် အနောက်ကို တစ်ချက် ကြည့်လိုက်ပြီး ရှီမာယူယူနှင့် ဝူလင်းယူတို့ဘက်သို့ လျှောက်သွားလိုက်သည်။
“နန်းတော်ခွဲသခင်၊ ဒါဘာအဓိပ္ပယ်လဲ ရှင်က ဝိညာဉ်သားရဲတွေကို ကျွန်မတို့ဘက်တကယ်ခေါ်လာတာလား၊ ကျွန်မတို့ကို ပြဿနာတက်အောင် လို့လား ရှင်က ကျွန်မတို့ကိုသတ်ဖို့ကြိုးစားနေတာပဲ” ကျန်းဖေ၏ စကားလုံး များသည် အလွန် စူးရှနေသည်။
ဝံလက်ငှက်နန်းတော်တွင် ရွှီဂန်းသည် နန်းတော်ခွဲသခင်တစ်ယောက် အနေနှင့်သာရှိသဖြင့် သူ့အနေနှင့် ကျန်းဖန်၏ စကားလုံးများသည် အနာပေါ် ဒုတ်ကျသကဲ့သို့ နားခါးလှသည်။
သို့သော် ပင်လယ်ကြယ်နန်းတော်၏ ဒေါသအကြည့်များနှင့် ရင်ဆိုင်ရ သောအခါ အပြုံးကိုအတင်းလုပ်ပြုံးကာ ကျေးဇူးတင်သည့်အမူအရာဖြင့် လက်အုပ်ချီပြီး ပြောလေသည် “မင်းသမီးကျန်း နားလည်မှုလွဲနေပါပြီ၊ မင်းသမီးတို့ဒီမှာရှိမယ်ဆိုတာ ကျွန်တော်တို့မထင်ထားလို့ပါ၊ ပြီးတော့ မင်းသမီးတို့ကိုမြင်လိုက်တော့ မသိစိတ်ကနေ အကူအညီတောင်းမိတာပါ၊ ကျွန်တော်တို့က ဒုက္ခရောက်အောင်လုပ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”
“ရှင်တို့က ကျွန်မတို့ကို လူသားဒိုင်းကာအဖြစ်လုပ်မယ်လို့ ပြောခဲ့တယ် လေ အခုမှလာငြင်းချင်တာလား” မိန်းကလေးတပည့်တစ်ဦးသည် သူ့ကို တည့်တိုးပြောလေသည်။
ရွှီဂန်းသည် လန့်သွားသည်။ သူတကယ်ပင် ပြောခဲ့သည်။ သို့သော် သူတို့က အဝေးမှာရှိနေတာကို ဘယ်လိုဖြစ်လို့သိသွားတာလဲ။ သူတို့က သတင်းတွေရနေတာများလား။
သို့သော် မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် သူမနှင့် ရန်မဖြစ်ရဲပေ။ သူ ပြုံးပြီး ငြင်းလိုက်သည် “ဘာကိုဆိုလိုတာလဲ၊ ကျွန်တော်တို့က ဘယ်လိုလုပ် အဲလိုမျိုးပြောမှာလဲ”
“ဟင်း ပြောလားမပြောလားဆိုတာ ကိုယ့်ကိုယ်ကိုသိမှာပေါ့” ကျန်းမန့် နှာမှုတ်လေသည်။
“ကျွန်တော်တို့ တကယ်ပဲအဲလိုမပြောခဲ့ပါဘူး” ရွှီဂန်းသည် သူတို့ ဘယ်လိုသိသလဲဆိုသည်ကို နားမလည်နိုင်ဖြစ်နေသည်။ သို့သော် သူဆက် မပြောလိုသဖြင့် မေးလိုက်သည် “ခင်ဗျားတို့လည်း တစ်ယောက်မှမဆုံးရှုံး လိုက်ပါဘူး၊ တိုက်ပွဲမှာလည်း ဘာဆုံးရှုံးမှုမှမရှိဘူး အဲဒီဝိညာဉ်သားရဲတွေနဲ့ မတွေ့ခဲ့ဘူးလား”
“မတွေ့ဘူး ဒီနေ့ကိုကျွန်မတို့ ဘယ်ဝိညာဉ်သားရဲမှမတွေ့ဘူး” ကျန်းဖေ ငြင်းဆန်လေသည် “ဘာလဲ ရှင်တို့က အများကြီးတွေ့ခဲ့တာလား သြော် ဟုတ်သားပဲ ရှင်တို့က အင်အားကြီး၃ခုစုထားတာပဲ ဘာလို့ရှင်တစ် ယောက်ပဲကျန်ခဲ့တာလဲ”
“ခင်ဗျားတို့က တကယ်ပဲ တစ်ကောင်တစ်လေတောင်မတွေ့ခဲ့ဘူးလား” ဝံလက်ငှက်နန်းတော်မှလူများသည် သူတို့ကိုမယုံကြည်နိုင်သောမျက်လုံးများ ဖြင့် ကြည့်လေသည်။
“ဟုတ်တယ်လေ” ဟန့်မြောင်ရွှမ်၏ မျက်လုံးများပြောင်းသွားပြီးပြော လေသည် “ကျွန်မတို့က အန္တရာယ်အများဆုံးနေရာလို့ ရှင်တို့ပြောခဲ့တယ် နော် အဲဒါဆိုရင် ဘာလို့ တစ်ကောင်မှမတွေ့ရတာလဲ ရှင်တို့တစ်ခုခုများလွဲလို့ လား”
သူမ၏ အမူအရာသည် နားမလည်နိုင်ဖြစ်ရသည်။ သူတို့က တကယ်ပဲ အဲဒီမှာ ဝိညာဉ်သားရဲတစ်ကောင်မှမတွေ့ခဲ့ရဘူးလား။
ဝံလက်ငှက်နန်းတော်မှလူများသည် စိတ်လွတ်သွားသလိုခံစားရလေ သည်။
သူတို့ကို အန္တရာယ်အများဆုံးဧရိယာကိုပေးလိုက်တာပါ ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်ရတာလဲ။ သူတို့ကြိုသိခဲ့ရင် အဲနေရာကို သူတို့သွားတာပေါ့။
“သြော် ဟုတ်သားပဲ ရှင်တို့နဲ့ရှိခဲ့တဲ့လူတွေဘယ်လိုဖြစ်သွားလဲဆိုတာ မပြောပြရသေးဘူးနော်” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “သူတို့ မသေ လောက်ပါဘူးနော် သူတို့ကို လူသားဒိုင်းကာအနေနဲ့ သုံးလိုက်တာလား”
သူမသည် ပွင့်လင်းစွာပြောလိုက်သဖြင့် အနာပေါ်ဒုတ်ကျသလိုဖြစ်သွား သည်။ ထိုအခိုက်အတန့်တွင် သူတို့ တုန်ယင်သွားကြသည်။
ရွှီဂန်းသည် တောင်စဉ်ရေမရဆက်ပြောလေသည်။ သူ၏ မျက်နှာတွင် နောင်တနှင့် နာကျင်မှုများကိုဖော်ပြနေသည်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဝိညာဉ်သားရဲတွေတိုက်ခိုက်တာက အားကောင်းလို့ဖြစ်တာလေ၊ သူတု့ိ အင်အားကိုခွဲချင်တာနဲ့ ကျွန်တော် တို့မတတ်သာပဲလူခွဲပြီးပြေးရတာ ဘာလဲ သူတို့ကို မတွေ့လို့လား”
ရှီမာယူယူသည် တောင်ကြားတွင်ရှိနေကာ ထိုအရှက်မရှိသောလူကို လေးစားမိနေသည်။
သူတို့သည် ထိုလူများကို ဆွဲချထားခဲ့သည်မှာရှင်းနေပါလျက်နှင့် လူခွဲ လိုက်သည်ဟု ပြောနေသည်။
ဒီလူရဲ့ အရေက တော်ရုံထူတာမဟုတ်ဘူးပဲ။
“ကျွန်တော်တို့လာကြတာက နောက်ကွယ်ကကိစ္စကိုဖော်ထုတ်ချင်လို့ လေ အဲတော့ အတူတူသွားကြတာပေါ့” ရွှီဂန်းသည် စတင်လှည့်ကွက်ပြောင်း လေသည်။
***