← Chapters

အဖေအမေအော်ခေါ်ရလောက်အောင် ရိုက်ပစ်မယ်

Vol. 010 Ch. 983

အဖေအမေအော်ခေါ်ရလောက်အောင် ရိုက်ပစ်မယ်

Vol. 010 Ch. 983

“ကျွန်မတို့နဲ့ ကပ်နေချင်တာလား” ကျန်းဖေသည် ရွှီဂန်းကို မျက်စိ ထောင့်မှကြည့်ကာ ချက်ချင်းပင်ငြင်းဆန်လိုက်သည် “ကျွန်မက ကျွန်မမုန်းတဲ့ သူတွေနဲ့ မနေချင်ဘူး”

အာ… တကယ့်ကို ပြတ်သားတဲ့ ငြင်းဆန်မှုပဲ။

ရွှီဂန်းသည် အရှက်ကင်းမဲ့သော်လည်း မျက်နှာထားမထိန်းနိုင်ပေ။ သူ သည် မုန့်ဆန်းချွယ်ဘက်ကြည့်ကာ ပြောလေသည် “ဒါရိုက်တာမုန့် ကျွန်တော်တို့နဲ့ အဖွဲ့လုပ်ချင်လား”

မုန့်ဆန်းချွယ်သည် သူ့မျက်နှာမှ လုပ်ယူထားသော တောက်ပသော အပြုံးကိုကြည့်ပြီး ချက်ချင်းပင် ရွံ့ရှာသွားလေသည်။ သူ ခေါင်းရမ်းလိုက် သည် “မဟုတ်ဘူး မလုပ်ဘူး ငါ မင်းတို့ရုပ်ဆိုးကြီးတွေကိုမကြည့်ချင်ဘူး”

“….”

သူသည် ကျန်းဖေထက်ပင် တည့်တိုးကျသေးသည်။

“အဲလိုဆိုမှတော့ မတတ်နိုင်တော့ဘူးလေ ကိုယ်တွေရဲ့ မိတ်ဆွေ ဟောင်းကိုပဲ ရှာရတော့မှာပေါ့” ရွှီဂန်းသည် အနည်းငယ်ရှက်ရွံ့စွာပြောလေ သည်။

သို့သော် သူထိုသို့စကားမျိုးပြောသော်လည်း တခြားသူများသည် လှုပ် ပင်မလှုပ်ပေ။ ကြည့်ရသည်မှာ သူသည် ထွက်သွားလိုသည့်ပုံမရှိပဲ သူတို့ တားမည်ကို စောင့်နေသည့်ပုံပင်။

ရှီမာယူယူသည် ရွှီဂန်းကိုကြည့်ပြီး နှုတ်ခမ်းတွန့်လိုက်သည်။ သူမသည် တောင်ကြားမှဆင်းလာကာ မုန့်ဆန်းချွယ်ဆီသို့သွားပြီး ပြောလိုက်သည် “ဒါရိုက်တာမုန့် လူများရင် အင်အားများတယ်လို့ပြောခဲ့တယ်မလား”

“ဟင်…” မုန့်ဆန်းချွယ်သည် အံ့သြစွာဖြင့် မျက်ခုံးများကိုပင့်လိုက် သည်။ သူသည် ရှီမာယူယူ သူ့ကိုကြည့်သောအကြည့်ကိုမြင်သောအခါ ချက်ချင်းပင် နားလည်လိုက်သည်။ သူ နောက်ပြန်ဆုတ်ကာ ပြောလိုက်သည် “အင်း အရင်ကတော့ပြောဖူးတယ်”

ရွှီဂန်း ထိုစကားကိုကြားလိုက်သည်နှင့် ပျော်ရွှင်သွားသည် “ဟုတ်တယ် လေ ဒါရိုက်တာမုန့် လူများရင် အင်အားများတာပဲ၊ တကယ်လို့ ဝိညာဉ်သားရဲ တွေနဲ့တွေ့ရင် ကျွန်တော်တို့ရှိတယ်ဆိုရင် ရှင်းဖို့ပိုလွယ်တာပေါ့”

“အဲလိုထင်ရပါတယ်” မုန့်ဆန်းချွယ် ပြောလေသည် “ဒါပေမဲ့ လူများတာ လည်းအားနည်းချက်ဖြစ်နိုင်တယ်”

“ဒါပေမဲ့ အခုရွေးစရာမရှိဘူးလေ” ရှီမာယူယူ ပြောလေသည် “ဒီက အခြေအနေက အဲလောက်မကောင်းဘူး ကျွန်တော်တို့လူအင်အားဖြည့်ထား ရမယ်”

ရှီမာယူယူ သူတို့အစားပြောပေးလိမ့်မည်ဟု ရွှီဂန်းမထင်ထားသဖြင့် ပြုံး ပြီးပြောလိုက်သည် “ဒီမိတ်ဆွေလေးပြောတာမှန်တယ်၊ အခုအခြေအနေက ထူးခြားတယ်၊ အကုန်လုံးအတူရှိနေရင် ပိုကောင်းတယ်”

မုန့်ဆန်းချွယ်သည် ကျန်းဖေ၏ အမြင်ကိုမေးသည့်အနေနှင့် ကြည့် လိုက်သည်။

ကျန်းဖေသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “ရှင်တို့နေ ချင်ရင်တော့ ထွက်မသွားအောင်လုပ်ပေးရမှာပေါ့”

ထိုစကားသည် ခွင့်ပြုသည်ဟု မှတ်ယူရမည်။

ရှီမာယူယူက သူတို့ကိုခေါ်သွားချင်မှတော့ သူမကိုလေးစားပေးရမှာ ပေါ့။

ထို့အပြင် ဒီနေ့သူတို့ရဲ့ တုန့်ပြန်မှုကိုကြည့်ရတာ သူမ စိတ်တွင်တွေးပြီး သားရှိရမယ်။ ရှီမာယူယူက အကြောင်းအရှိပဲ သူတို့ကိုခေါ်ခဲ့မှာမဟုတ်ဘူး။

“ခင်ဗျားတောင်အဲလိုပြောမှတော့ မင်းတို့နေပေါ့၊ ဒါပေမဲ့ အန္တရာယ် တွေ့ရင် ငါတို့အနောက်မှာပုန်းနေဖို့မတွေးနဲ့” မုန့်ဆန်းချွယ်သည် သူတို့ လိုက် လာမည်ကို သဘောမကျလှပေ။

ရွှီဂန်းသည် သူတို့သဘောတူသည်ကို သဘောကျကာ ပြုံးပြီးပြောလေ သည် “ဒါပေါ့ ဒါပေါ့”

သူပြောရင်းနှင့် ရှောင်ချီကို တစ်ချက်ကြည့်လိုက်သေးသည်။

ဒီလိုပစ္စည်းနဲ့ သူမသာရှိရင် ဘယ်လောက်အားကောင်းတဲ့ ဝိညာဉ် သားရဲနဲ့တွေ့တွေ့ ပြေးစရာမလိုတော့ဘူးလေ။

ဒီကလေးက တကယ်ပဲ သူ့ကိုစိတ်လှုပ်ရှားစေတာပဲ။ သူသာ သူမကို ပိုင်ဆိုင်လိုက်ရရင် နန်းတော်သခင်ရာထူးကိုတက်သွားမှာပဲ။ ဒီ နန်းတော်ခွဲ သခင်အစုတ်အပြတ်နေရာမှာ နေစရာမလိုတော့ဘူး။

“အဲလိုဆိုမှတော့ ဆက်သွားကြတာပေါ့” မုန့်ဆန်းချွယ် ပြောလိုက် သည်။

“ဆက်သွားမယ်ဟုတ်လား ဘယ်သွားကြမှာလဲ”

“ဒီမှာဘာမှရှာမတွေ့ဘူး အဲတော့ အတွင်းထဲနက်တဲ့ထိ သွားမလို့” ရှီမာယူယူ ပြောလိုက်သည် “နန်းတော်ခွဲသခင်ရွှီ ကျွန်တော်တို့နဲ့လိုက်မှာ သေချာရဲ့လား”

ဝံလက်ငှက်နန်းတော်မှလူများ၏ အမူအရာပြောင်းသွားကြသည်။ သူတို့ သည် ဝိညာဉ်သားရဲများနှင့် တွေ့ခဲ့ပြီးပြီ။ သူတို့သာ ပိုနက်သည့်နေရာသွား ပါက ပိုအားကောင်းတဲ့အကောင်တွေနဲ့ မတွေ့နိုင်ဘူးလား။ သူတို့နဲ့သွားတာ က ပိုပြီးအန္တရာယ်များနေမလား။

“နန်းတော်သခင်” တပည့်တစ်ယောက်သည် သူ့ကိုနောက်ပြန်ဆုတ်ရန် လှုံ့ဆော်လေသည်။

ရွှီဂန်းသည် တွေဝေပြီးနောက် အံကြိတ်ကာ ပြောလေသည် “ငါတို့အတူ သွားရမယ်”

“စဉ်းစားပြီးပြီလား” မုန့်ဆန်းချွယ် မေးလေသည် “ဝိညာဉ်သားရဲနဲ့တွေ့ ရင် ခင်ဗျားတို့ကိုဂရုမစိုက်နိုင်တာလည်းဖြစ်နိုင်တယ်နော်”

“ရပါတယ်” ရွှီဂန်းသည် အခိုင်အမာပြောလေသည်။ သူယုံကြည်သည်။ ရှောင်ချီနှင့် မုန့်ဆန်းချွယ်သာရှိလျှင် သူတို့အတွက်ဘာမှမဖြစ်နိုင်ပေ။

သိုပသော် နောက်ပိုင်းဖြစ်လာသည်များမှာ သူထင်ထားသည်နှင့် တခြားစီဖြစ်နေခဲ့သည်။

ဝံလက်ငှက်နန်းတော်မှလူများ သူတို့နှင့်လိုက်လာသည့်အချိန်မှစ၍ သူတို့သည် ဝိညာဉ်သားရဲများနှင့်တွေ့လေသည်။ ဝိညာဉ်သားရဲများသည် သူတို့ကို အမြဲတိုကခိုက်ကာ ပင်လယ်ကြယ်နန်းတော်မှလူများကို အခက် တွေ့စေသည်။ ဂိုဏ်းမှလူများလည်း အနည်းနှင့်အများ တိုက်ခိုက်ခံရလေ သည်။

ရှောင်ချီသည် ရှီမာယူယူအနောက်တွင် ရပ်နေကာ တိုက်ပွဲတွင် ဝင်မပါ ပေ။

“ဒါရိုက်တာမုန့် ကျွန်တော်တို့ အကျဉ်းအကြပ်ထဲရောက်နေတာကို လျစ်လျူရှုတာလား” လူတစ်ယောက်က အော်လေသည်။

“ငါက လျစ်လျူရှုတာမဟုတ်ဘူး ကိုယ့်ဝိညာဉ်သားရဲကိုယ်တိုက်နေ တာ” မုန့်ဆန်းချွယ်သည် အလွန်ရိုးသားစွာပြောလေသည်။

ရွှီဂန်းသည် ပေါက်ကွဲတော့မလို ဒေါသထွက်လေသည်။ ကိုယ့်ဝိညာဉ် သားရဲကိုယ်တိုက်ရတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ မျက်လုံးအပြူးသားနဲ့ ကြည့်နေတဲ့ ရှောင်ချီရောပါလား။

သူတို့ ဝိညာဉ်သားရဲတွေနဲ့တိုက်ခိုက်နေရလို့ အလုပ်များနေတာကို သတိထားမိမယ်လို့ မထင်ထားဘူးမလား။ သူတို့ဂိုဏ်းအဖွဲ့သားတွေက သူတို့အကြပ်အတည်းဖြစ်နောကို ရပ်ပြီးလျစ်လျူရှုနေတာပဲ။

ပင်လယ်ကြယ်နန်းတော်မှလူများသည် တစ်ကြိမ်တွင် ဝိညာဉ်သားရဲ တစ်ကောင်ကို လူနှစ်ယောက် သုံးယောက်ရှင်းကြသည်။

ကမ္ဘာကြီးကဘာတွေဖြစ်နေတာလဲ။ ဝိညာဉ်သားရဲတွေက တခြားသူ တွေနောက်မလိုက်ပဲ သူတို့နောက်ပဲ ဘာလို့လိုက်နေတာလဲ။ အဲဒီဝိညာဉ် သားရဲတွေက လူသားကိုမတိုက်ခိုက်ဘူးလား။

ရှီမာယူယူနှင့်အဖွဲ့သည် တောင်ကြားတွင်ရပ်ပြီး အောက်မှမြင်ကွင်းကို ပျော်ရွှင်စွာကြည့်နေလသည်။

“ငါတို့ဒီလိုလုပ်တာ အရှက်မဲ့ရာမကျဘူးလား” စူးရှောင်ရှောင်သည် ခေါင်းကုတ်လိုက်သည်။ သို့သော် သူဆင်းပြီး သူတို့ကိုကူညီရန် ရည်ရွယ်ချက် မရှိပေ။

“ငါတို့ဘာမှာမှမလုပ်ခဲ့တာ၊ ဟုတ်ပြီလား ငါတို့ခန္ဓာကိုယ်မှာ ပစ္စည်းလေး နည်းနည်းထည့်လိုက်တာ” ဟန့်မြောင်ရွှမ်သည် လက်ပိုက်ကာ ရယ်လေ သည်။

“ဒါပေမဲ့ ပင်လယ်ကြယ်နန်းတော်ကလူတွေက ငါတို့နဲ့အတူသွားလာခဲ့ ကြတာလေ၊ သူတို့လည်း ငါတို့အနံ့ရှိနေမှာပဲ၊ အဲဒီဝိညာဉ်သားရဲတွေက သူတို့ ကိုမတိုက်ခိုက်ရဘူးမလား” ဝေ့ကျန်းပြောလေသည် “ဒါပေမဲ့ စဉ်းစားစရာ ဒီဆေးအမှုန့်ကို ဝိညာဉ်သားရဲတွေမုန်းတယ်ဆိုတာကို ဘယ်လိုတွေ့ထား တာလဲ”

“ဆရာက ဒီလိုထူးဆန်းတဲ့အရာတွေကို တီထွင်ရတာကိုကြိုက်တယ်” စူးရှောင်ရှောင် ပြန်ဖြေလေသည်။

ဝေ့ကျန်း ပခုံးတွန့်လေသည် “ကောင်းပြီလေ ငါ သူ့ကို စောစော တကည်းက တွေးမိသင့်တယ်၊ သူက အမြဲတမ်းထူးဆန်းတာတွေ တွေးနေ တာ”

“ဆေးအမှုန့်က ဝိညာဉ်သားရဲတွေအမုန်းဆုံးပဲ ဆရာကလည်း စိတ်ဝင် စားစရာကောင်းတဲ့ အကြံရှိလည်းရှိတတ်တယ်” ရှုဂျင်းအကြောင်းတွေးရင်း နှင့် ရှီမာယူယူသည် ပြုံးလိုက်သည်။

လူအများစုသည် ဆေးအမှုန့်များကို လေ့လာရာတွင် သာမန်တည်ငြိမ် သောအဆင့်တွင်ရှိသော ဝိညာဉ်သားရဲများအကြောင်းကိုသာ လေ့လာခဲ့ကြ သည်။ ဘယ်သူကများ ရူးသွပ်နေတဲ့ ဝိညာဉ်သားရဲတွေအကြောင်းကို လေ့လာမိမှာလဲ။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီဆေးအမှုန့်က တကယ်ပဲ ငါတို့အတွက် အသုံးဝင် တယ်” မုန့်ဆန်းချွယ် ပြောလေသည် “ကောင်းပြီ ငါတို့မှာ ဒီပစ္စည်းရှိတယ် မလား ငါ့ကိုနည်းနည်းပေး နောက်ကျရင် သုံးရအောင်လို့”

“ဟုတ် ဆရာက အများကြီးလုပ်ထားတယ်” ရှီမာယူယူသည် ပုလင်း တချို့ထုတ်ကာ မုန့်ဆန်းချွယ် ကိုပေးလိုက်သည်။

မုန့်ဆန်းချွယ်သည် အားရပါးရပြုံးကာ ပစ္စည်းကိုယူလိုက်သည်။ ရှုဂျင်း သည် သူတို့ကို ဘာပစ္စည်းမှမပေးဖူးပေ။ သူ့တပည့်က ဒီလောက်အများကြီး ပေးမယ်လို့ ဘယ်သူထင်မိမှာလဲ။

“အဲလူတွေကို သင်ခန်းစာကောင်းကောင်းပေးလိုက်၊ လူသားဒိုင်းကာ အဖြစ်သုံးတယ်ဆိုတာ ဘယ်လိုအရသာလဲဆိုတာ သူတို့ကိုမြည်းစမ်းကြည့် ခိုင်းလိုက်” ရှီမာယူယူ ပြောလိုက်သည်။

“ပင်လယ်ကြယ်နန်းတော်ကလူတွေလည်း ရလဒ်ကိုသဘောကျမှာပါ သူတို့ကို ငရဲကိုရင်ဆိုင်ခိုင်းရတာထက် အများကြီးခံစားရတာသက်သာတယ်” ဟန့်မြောင်ရွှမ် ပြောလေသည်။

ထိုအခါမှပင် ဝံလက်ငှက်နန်းတော်မှလူများကို ရှီမာယူယူ မထားခဲ့သည့် ရည်ရွယ်ချက်ကို သူတို့နားလည်သွားကြသည်။ သူမ ဒီလိုလုပ်လိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။

“ဒီလောက်မုန်းစရာကောင်းအောင်နေဖို့ ဘယ်သူကပြောလို့လဲ” ရှောင်ချီသည် ဝိညာဉ်သားရဲများကိုရှင်းပြီး လှည့်ကာပြောလေသည်။

ရှီမာယူယူ၏ အမူအရာသည် ရုတ်တရက်ပြောင်းသွားကာ အားလုံးကို ပြောလိုက်သည် “ပျားတွေသတင်းပို့တယ် ဥက္ကဌရဲ့ အရိပ်အယောင်တွေ့ တယ်တဲ့”

***

All Chapters