← Chapters

အသနားခံခြင်း

Vol. 25 Ch. 369

အသနားခံခြင်း

Vol. 25 Ch. 369

မန်နေဂျာ ကျောက် ၏အမည်မှာ ကျောက်ဝမ်ဘို ဖြစ်သည်။

လွန်ခဲ့သည့်လအနည်းငယ်ကကျောက်ဝမ်ဘိုသည် ရှောင်ဝူလက်ကားစီးတီး၏ ဥက္ကဌ၊ ဒါရိုက်တာနှင့် အထွေထွေမန်နေဂျာ တို့ကလင်းဖန် ကို မည်မျှ လေးစားကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိနေပါသည်။

ရှောင်ဝူလက်ကားစီးတီးသည် ယခင်ကဲ့သို့ပင်ဆိုလျှင်၊ ၎င်းသည် သာမန်လက်ကားကုမ္ပဏီတစ်ခုသာဖြစ်သည်။

သို့သော် ယနေ့ ရှောင်ဝူလက်ကားစီးတီးသည် ဟန်စီဒီ နှင့် အလွန်နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုကို ထူထောင်ထားသည်။

ထို့ကြောင့်ဝန်ထမ်းအားလုံး၏ ၀င်ငွေနှင့် အခွင့်အရေးသည် နောက်ပိုင်းတွင် သိသိသာသာ တိုးလာသည်။

သိရန်……

ယနေ့တွင်ဟန်စီဒီရေမွှေးသည် တရုတ်နိုင်ငံ၊ အထူးသဖြင့် ချန် ပြည်နယ်တွင် အလွန်လူသိများသည်။

မတော်တဆမှုတစ်ခုကြောင့်ကျောက်ဝမ်ဘိုသည် ရှောင်ဝူလက်ကားစီးတီးသည်ဟန်စီဒီနှင့်ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမှာလင်းဖန်ကြောင့်ဆိုတာကိုသိခဲ့ရသည်။

ထို့အတွက်ကြောင့် လင်းဖန်သည် ကျောက်ဝမ်ဘို၏စိတ်ထဲတွင်နတ်ဘုရားသဖွယ်တည်ရှိသည်။

ထို့ကြောင့် လင်းဖန်ကို မြင်သောအခါ အလွန်လေးစားစွာနှုတ်ဆက်ခြင်းဖြစ်သည်။

…………

လင်းဖန်သည်ရှောင်ဝူလက်ကားစီးတီးသို့သွားသည့်အခါတွင်ကျောက်ဝမ်ဘိုသည်လင်းဖန်ကိုအဝေးကနေသာကြည့်နေခဲ့သည်။

ထို့ကြောင့်လင်းဖန်သည် ကျောက်ဝမ်ဘို ကို လုံးဝ မမြင်ခဲ့ပေ။

လင်းဖန်သည် ကျောက်ဝမ်ဘိုကိုမသိသော်လည်းကျောက်ဝမ်ဘိုကတော့လင်းဖန်ကိုသိလေသည်။

ကျောက်ဝမ်ဘို က သူ့ကိုယ်သူ အဆောတလျင် မိတ်ဆက်လိုက်သည် “ငါ့နာမည်က ကျောက်ဝမ်ဘိုပါ၊ ငါက ရှောင်ဝူ လက်ကားစီးတီးရဲ့ စီးပွားရေးမန်နေဂျာပါ။”

သည် ထိုစကားကိုကြားသောအခါတွင်တစ်ခုခုကိုနားလည်လိုက်သည်။

ဝမ်ရှက “ကျောက်..မန်နေဂျာ ကျောက်သူ့ကို သိလို့လား” လို့သူမကမေးလိုက်လေသည်။

သူမဒီလိုပြောတဲ့အခါ ဝမ်ရှဟာ ဆိုးရွားတဲ့ ကြိုတင်သတိပေးချက်တစ်ခုကိုရရှိခဲ့သည်။

ရှောင်ဝူလက်ကားစီးတီး၏စီးပွားရေးမန်နေဂျာသည်ယခင်ကအာဏာအရမမရှိပေ။

ဟန်စိဒီနှင့်ပူးပေါင်းပြီးတဲ့နောက်မှာသာအာဏာရှိလာတော့သည်။

ဘာလို့ဆိုဟန်စီဒီထုတ်ရေမွှေးများ၏ဝယ်လိုအားသည်အချိန်နှင့်တပြေးညီတဖြည်းဖြည်းနှင့်တိုးတက်နေလေသည်။ထို့ကြောင့်​ထိုမွှေးကနေအမြတ်စွန်းအများကြီးကိုရရှိလေသည်။

အဲ့အပြင်မန်နေဂျာသည်လူတစ်ယောက်နဲ့ညစာစားမယ်ဆိုတာနဲ့စာချုပ်တော့သေချာပေါက်ချုပ်ဖြစ်မှာသေချာသည်။

ထို့အတွက်ကြောင့်ဝမ်ရှသည် ကျောက်ဝမ်ဘို ကို ညစာစားရန် ချိန်းလိုက်သောအခါတွင်ကျောက်ဝမ်ဘိုကလက်ခံခဲ့သည်။အဲ့အတွက်ကြောင့် သူမသည် ငွေရှာဖို့ကသေချာနေပြီဆိုပြီးတွေးထားလေသည်။

ထိုအချိန်တွင် ကျောက်ဝမ်ဘိုက”သိပါတယ်မစ္စ ဝမ်၊ မင်းကမစ္စတာလင်းနဲ့သိတယ်ဆိုတာကိုမသိခဲ့တဲ့အတွက်တောင်းပန်ပါတယ်..”

လင်းဖန် က “တောင်းပန်စရာမလိုပါဘူး။ ငါမစ္စဝမ်ကို မသိဘူး၊ မူဇောင်နဲ့ ငါက ညီအကိုတွေပါ။”

“လွန်ခဲ့တဲ့ရက်အနည်းငယ်က မူဇောင် ရဲ့ဖခင်ဟာ အဆင့်မြင့်အဆုတ်ကင်ဆာရောဂါဆိုတဲ့မှားယွင်းနေတဲ့ရောဂါကိုသိရှိခဲ့ပြီးနောက်မှာတော့ မူဇောင်ရဲ့မိသားစုက သူမကို ယွမ် 100,000 ပြန်မဆပ်နိုင်တော့မှာကို မစ္စ ဝမ်က ကြောက်နေခဲ့တယ်။”

“ဒါကြောင့်ငါကငါ့ညီအစ်ကိုကိုယ်စား ယွမ် 100,000 ပြန်ဆပ်ပေးခဲ့သည်။”

“တစ်ချိန်တည်းမှာပဲ ငါ့ညီမူဇောင်က သူမနဲ့ လုံးဝအဆက်အသွယ်ဖြတ်ခဲ့တယ်။”

လင်းဖန်၏ လေသံသည် အလွန်ရိုးစင်းသည်။

သို့သော်လည်း ကျောက်ဝမ်ဘိုသည် လင်းဖန်သည်ဝမ်ရှကို မည်မျှ မုန်းတီးသည်ကို အလွယ်တကူ ကြားနိုင်သည်။

ကျောက်ဝမ်ဘိုက ဝမ်ရှ ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး “ဒီလို သွေးအေးတဲ့ မိန်းမမျိုးကို ငါ တစ်ခါမှ မတွေ့ဖူးဘူး။ ဒါတောင် ငါတို့ ရှောင်ဝယလက်ကားစီးတီးနဲ့ ပူးပေါင်းတဲ့ဆက်ဆံရေး ထူထောင်ချင်သေးတယ်”

“ကျွန်တော် သူမလှည့်စားတာခံရလုလုနီးပါးဖြစ်ခဲ့တယ်။”

“ကျွန်ုပ်တို့၏ ရှောင်ဝူလက်ကားစီတီးသည် ထိုသို့သောလူနှင့် ပူးပေါင်းဆောင်ရွက်သောဆက်ဆံရေးကို ဘယ်သောအခါမှ ထူထောင်မည်မဟုတ်ပါ။”

ဝမ်ရှသည်ဒါကိုကြားလိုက်သောအခါသူမမျက်နှာတစ်ခုလုံး ဖြူဖျော့သွားဆလသည်။

ရှောင်ဝူလက်ကားစီးတီးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် သူမသည် ဆိုင်တစ်ဆိုင်ငှားပြီး အရာများစွာကို ပြင်ဆင်ခဲ့သည်။

မပူးပေါင်းနိုင်ရင် အများကြီးရှုံးဆုံးမှာ သေချာသည်။

“မန်နေဂျာကျောက်၊ မန်နေဂျာကျောက် ငါတို့ တစ်စကားပြောပြီးပြီ မဟုတ်ဘူးလား၊ မင်းရဲ့ ကတိကို ဖျက်လို့လို့မရဘူး!” ဝမ်ရှကပြောလိုက်သည်။

လင်းဖန်သည်ဝမ်ရှ နှင့် သူကောင်းမွန်သောဆက်ဆံရေးရှိသည်ဟု လွဲမှားစွာထင်ခဲ့လျှင် ရလဒ်က....

ကျောက်ဝမ်ဘိုက အော်ပြောလိုက်သည်။”အဲ့ဒါအရင်ကလေ။အခုတေည့နင့်ရဲ့ပုံစံအမှန်ကိုသိတော့ငါဂတိဖျက်တာမှားလား!”

စကားပြောပြီးနောက် လင်းဖန်ကို တိတ်တဆိတ် စိုက်ကြည့်နေလိုက်သည်။

ထိုအချိန်တွင် ဝမ်ရှကလည်းဥာဏ်ကောင်းလေသည်။ဒီအရာအားလုံးကမစ္စတာလင်းကြောင့်ဖြစ်ပုံရသည်။

ထို့ကြောင့် သူမသည် ကမန်းကတန်း ကွေးညွတ်ပြီး “ရှောင်မူ(မူဇောင်ရဲ့အိမ်နာမည်လိုမျိုး)၊ မင်းက မစ္စတာလင်းကို မေးပေးလို့ရမလား၊ ငါက မင်းအဒေါ်ပါ။”

မူဇောင် က အေးစက်စွာပြောလိုက်သည် “အဒေါ်ဘာအဒေါ်လဲ....ငါတို့မိသားစုက မင်းနဲ့ဘာမှမဆိုင်တော့ဘူး!”

ဝမ်ရှ သည်မူဇောင်၏ အေးစက်သောအမူအရာကိုကြည့်ကာ သူ့မဘာပြောပြောအသုံးမဝင်ကြောင်း သူမနားလည်လိုက်သည်။

ဒါကြောင့် ဝမ်ရှက မူဒန်နဲ့ လီဂျန်ကို ထပ်ပြောသည်။”အစ်ကိုကြီး၊ခယ်မတို့ ရှောင်မူက ငါ့ကို တစ်ခုခုပြောပေးဖို့ကူညီပေးပါအုံး’’

မူဒန်နှင့် လိဂျန်တို့သည်တုံ့ပြန်ခြင်းမရှိပေ။

ဝမ်ရှက အနည်းငယ် စိုးရိမ်သောလေသံဖြင့် “အကိုကြီး၊ ခယ်မ၊ ရှောင်ဝူ လက်ကားစီးတီးနဲ့ စာချုပ်ချုပ်ဖို့အတွက် ဒန်ဟီ နဲ့ ကျွန်တော်ဟာ ငွေအားလုံးကို ရင်းနှီးမြှုပ်နှံရုံတင်မကဘူး၊ ဘဏ်ကနေတောင်ပိုက်ဆံချေးထားသေးတယ်…”

“ရှောင်ဝူလက်ကားစီးတီးနဲ့စာချုပ်မချုပ်နိုင်ရင်၊ငါတို့လမ်းမှာတောင်းစားဖို့ပဲကျန်တော့တယ်”

“မင်းငါ့ကိုမသနားဘူးလား၊ ဒန်ဟီကိုရောမသနားဘူးလား”

ထို့နောက် ဝမ်ရှသည် မူဒန်ဟီ ကို ထပ်မံညွှန်ပြပြီး မူဒန်ဘက်လှည့်ကာ “အစ်ကို၊ ဒန်ဟီ က လဲမင်းညီလေးပဲလေ’’

ဝမ်ရှ က အရမ်းစကားပြောတတ်တယ်လို့ ပြောရမည်ဖြစ်သည်။

သယမစကားပြောတာကိုကြားပြီးနောက် မူဒန်၏ ရှုံ့တွနေသောမျက်နှာသည် သည်းမခံနိုင်မှုအပြည့်ရှိသည်။

ထို့ကြောင့်တစ်ခုခုပြောချင်သလို ပါးစပ်ကိုဖွင့်လိုက်သည်။

All Chapters