အသေခံမလား အညံ့ခံမလား
Vol. 010 Ch. 984
ဥက္ကဌ၏ သတင်းကြားသည်နှင့် မုန့်ဆန်းချွယ်နှင့် တခြားသူများသည် ချက်ချင်းပင်ကြည့်လိုက်ကြသည်။
ထိုကဲ့သို့သတင်းမျိုးသည် ချက်ချင်းထည့်တွက်၍မရပေ။ ပျားများသည် နေရာအနှံ့ရှိနေကာ သူတို့ကိုရှာရသည်ကပင် ကြာဦးမည်။
“ဘယ်နေရာလဲဆိုတာ မြန်မြန်ရှာရမယ်၊ ပျားတွေပို့တဲ့သတင်းတွေအရ အဲဒီကအခြေအနေကအဲလောက်မကောင်းဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဘာတွေဖြစ်တာလဲ” ဝေ့ကျန်း ပြောလေသည်။
“သူတို့အဝိုင်းခံနေရတယ်လို့ ပျားတွေပြောတယ်၊ အဲဒါတွေရဲ့နောက်မှာ ကြိုးကိုင်သူရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “အခုလက်ရှိမြင်ကွင်းအရ သူတို့က မပြန်ချင်တာမဟုတ်ဘူး မပြန်နိုင်တာပဲ”
“တစ်ယောက်ယောက်ကတော့ အသင်းဥက္ကဌနဲ့ ဆေးအဖွဲ့ခွဲ ခေါင်းဆောင်တို့ကို တိမ်ပင်လယ်မြို့ အပြင်မှာ လုပ်ကြံရဲနေပြီ” ဟန့်မြောင်ရွှမ် သည် တုန်လှုပ်ကာ အော်လေသည်။
“ကိုယ့်ကျင့်တရားမရှိတဲ့သူတွေကတော့ အမြဲရှိတတ်တာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒီနေရာကဝိညာဉ်သားရဲတွေကိုရှင်းပြီးတာနဲ့ အဲဒီကိုသွား ကြမယ်”
“အခုချက်ချင်းသွားပြီး သူတို့ကိုကယ်ဖို့မလိုဘူးလား” ဝေ့ကျန်း မေးလေ သည်။
“သူတို့နည်းနည်းတော့ တောင့်ခံနိုင်သေးတယ်” ရှီမာယူယူ ပြောလိုက် သည် “အရင်ဆုံး ကျွန်တော်တို့နောက်ကလူတွေကိုအရင်ရှင်းရမယ်၊ သူတို့ကို ခေါ်သွားရတာက မျက်စိရှုပ်တယ်”
“….”
သူတို့က မျက်စိရှုပ်စရာဆိုရင် ဘာလို့ဒီလောက်အကြာကြီး အတူခေါ်ခဲ့ သေးလဲ။
ပင်လယ်ကြယ်နန်းတော်မှလူများသည် နှစ်ယောက် သုံးယောက်တွဲကာ ဝိညာဉ်သားရဲများကို တိုက်ခိုက်ကြရာ လျင်မြန်စွာပင် ရှင်းပြီးလေသည်။ မကြာမီတွင် ဝံလက်ငှက်နန်းတော်မှလူများသည် ဝိညာဉ်သားရဲများနှင့် တိုက်ခိုက်ရင်းကျန်လေသည်။
“ဒါရိုက်တာမုန့် ကျွန်တော်တို့ထပ်ပြီးမတောင့်ခံနိုင်တော့ဘူး ဘာမကူညီ ပဲရပ်ကြည့်နေတော့မှာလား” ပင်လယ်ကြယ်နန်းတော်မှလူများသည် တိုက်ပွဲ ပြီးသွားသည်ကို ရွှီဂန်းမြင်သည်။ သူတို့သာ တိုက်ခိုက်ရန်ကျန်နေသဖြင့် သူ သည် မုန့်ဆန်းချွယ်တို့ကိုအော်လိုက်သည်။
“ရှင့်အတွက် တခြားသူတွေကကာပေးတာကို ကြိုက်တယ်မလား အခု ဘယ်လိုခံစားရလဲ” ကျန်းဖေ နှာမှုတ်လေသည်။
“မင်းသမီးကျန်း ကျွန်တော်အဲစကားတွေကိုမပြောဖူးဘူး ဘာလို့ ကျွန်တော်တို့ကို လုပ်ကြံပြောနေရတာလဲ” ရွှီဂန်း ပြောလေသည်။
“ကိုယ့်ကိုယ်ကိုအသိဆုံးဖြစ်မှာပါ အဲစကားတွေကိုပြောခဲ့လား မပြောခဲ့ ဘူးလားဆိုတာကို” ကျန်းဖေပြောလေသည် “ရှင်က တခြားသူတွေကို စွန့်ပစ် ခဲ့တယ် အခု အစွန့်ပစ်ခံရတဲ့ခံစားချက်ကို ခံစားလို့ရပြီလား”
“မင်းတို့သိနေတာလား” ရွှီဂန်း၏ မျက်အိမ်များ လှုပ်ခတ်သွားသည်။ အဲတုန်းက သူတို့မရှိတာ သေချာနေတာကို… မျက်စိနဲ့တပ်အပ်မြင်ရသလို ဘယ်လိုလုပ်ပြောနိုင်ရတာလဲ။
“ဒါပေါ့” ကျန်းဖေ ပြောလေသည် “ရှင်တို့ သူတို့ကိုဘယ်လိုထောင် ချောက်ဆင်ခဲ့လဲဆိုတာလည်းသိတယ်၊ သူတို့ကို လူသားဒိုင်းကာအဖြစ်သုံးခဲ့ တယ်ဆိုတာလည်း ကျွန်မတို့သိတယ်၊ ရွှီဂန်း ရှင်အဲဒါတွေကိုလုပ်ခဲ့တာပဲ ဘယ်လိုလုပ်ထပ်လုပ်ဖို့တွေးနိုင်ရတာလဲ”
“မင်းတို့ဘယ်လိုသိတာလဲ” ရွှီဂန်းသည် မယုံရဲပေ။
“ကျွန်မတို့နည်းလမ်းနဲ့ ကျွန်မတို့ရှိတာပေါ့၊ ရှင်အဲဒီမှာရပ်ပြီး ကျွန်မတို့ ကိုအော်နေမဲ့အစား ဝိညာဉ်သားရဲတွေကိုရှင်းဖို့လုပ်ပါလား၊ ဒီမှာက ရှင့်ရဲ့ နောက်ဆုံးအကြိမ်ဖြစ်မလားဆိုတာ ဘယ်သူသိမလဲ”
ရွှီဂန်းသည် သူမစကားများကြောင့် သွေးများပင်အန်တော့မလိုပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဝိညာဉ်သားရဲတစ်ကောင်သည် သူ့ကို တိုက်ခိုက်ရာ လွင့်သွားလေသည်။ သူသည် အထွတ်အထိပ်အဆင့်သားရဲ အရှေ့သို့ ကျလျက်သားဖြစ်သွားသည်။ ထိုအကောင်သည် ခြေဆန့်ကာ သူ့ကို ကြမ်းတမ်းစွာတင်းခြေလိုက်သည်။ တစ်ချိန်တည်းမှာပင် ခြေထောက် ပင့်လိုက်ရာ အသားစများဖြစ်သွားလေသည်။
နန်းတော်ခွဲသခင်သည် ဒီတိုင်းသေသွားလေပြီ။ သတင်းသာထွက်သွား လို့ကတော့ တော်တော်ရှက်စရာကောင်းမှာပဲ။
ဝံလက်ငှက်နန်းတော်မှလူများသည် သူတို့ခေါင်းဆောင်သေသွားသည် ကိုမြင်သောအခါ သူတို့လည်း တိုက်ခိုက်ရင်းသေတော့မည်ကိုသိကြသည်။ ထိုဝိညာဉ်သားရဲများသည် သူတို့ကို လျင်မြန်စွာပင် ချေမှုန်းကြသည်။
ဝိညာဉ်သားရဲများသည် တောင်ကြားမှအားလုံးကိုသတ်ဖြတ်ပြီးသော အခါ အပေါ်တွင်ရပ်နေသောသူများဆီသို့ သွားလေသည်။
ရှောင်ချီ ရောင်ဝါလွှတ်လိုက်ရာ ဝိညာဉ်သားရဲများသည် မြေပေါ်လဲကျ သွားပြီး တုန်ယင်နေကြသည်။
“အသေခံမလား အညံ့ခံမလား”
ထိုဝိညာဉ်သားရဲများသည် အဆိပ်ကြောင့်ရူးသွပ်နေကြသော်လည်း သူတို့၏ ဆုံးဖြတ်နိုင်စွမ်း လုံးဝမရှိသည်တော့မဟုတ်ပေ။ ရှောင်ချီ သူတို့ကို ထိုသို့ခြိမ်းခြောက်ပြီးနောက်တွင် အမြှီးများကုပ်သွားကြသည်။ ရှောင်ချီ ဖိအား ကိုလွှတ်လိုက်သည်နှင့် သူတို့သည် လှည့်မကြည့်ပဲပြေးကြလေသည်။
ရှီမာယူယူသည် အလောင်းများကို မီးသဂြိုဟ်ပြီးသည်နှင့် ဟာစွန်ကို ခေါ်ထုတ်လိုက်သည်။ သူမသည် အားလုံးကိုလှည့်ပြီး ပြောလိုက်သည် “သွား ကြမယ်”
ပင်လယ်ကြယ်နန်းတော်မှလူများသည် အစပိုင်းတွင် ဘာဖြစ်နေသည် ကို မသိကြပေ။ လမ်းရောက်မှပင် ဥက္ကဌသတင်းရခဲ့သည်ကိုသိလိုက်ရသည်။
သူတို့သည် ထိုနေရာ၏ အတွင်းပိုင်းထိသွားရာ လမ်းတစ်လျှောက်တွင် ဝိညာဉ်သားရဲများစွာနှင့်တွေ့လေသည်။ သို့သော် ရှောင်ချီရှိသဖြင့် ထိုအသိ စိတ်မဲ့နေသော ဝိညာဉ်သားရဲများသည် ချက်ချင်းထွက်သွားကြလေသည်။
အဂ္ဂိရတ်ပညာရှင်အသင်းဥက္ကဌ ရှားကျောင်ထျန်နှင့် ဆေးအဖွဲ့ခွဲ ခေါင်းဆောင် ကျောင်ရှန်းချီတို့သည် လက်ရှိတွင် တောင်တန်းတွင် သူတို့လူ များကိုဦးဆောင်ကာ တိုက်ပွဲကိုဦးဆောင်နေသည်။
တစ်ယောက်ချင်းစီတွင် ဒဏ်ရာပြင်းထန်စွာရထားကာ ဝိညာဉ်စွမ်းအင် များ ကျဆင်းနေလေပြီ။ သူတို့တွင် ဝိညာဉ်အရည်အချင်းများစွာရှိ၍ ဝိညာဉ် စွမ်းအင်များ ထပ်ခါထပ်ခါ ဖြည့်နိုင်၍ တော်သေးသည်။
“ဥက္ကဌ၊ အဖွဲ့ခွဲခေါင်းဆောင် ကျွန်တော်တို့ ဒီအတိုင်းဆက်သွားလို့မရ ဘူး၊ ဆရာတို့အရင်သွားနှင့်လိုက်ပါ” အဂ္ဂိရတ်ပညာရှင်အသင်း၏ အစောင့် ခေါင်းဆောင်၊ ရှားချန်းချီ၏ ကိုယ်ရံတော်၊ ဂေါင်ကျိဟုန် ပြောလေသည်။
“ဟား ဟား ထွက်ပြေးဖို့စဉ်းစားနေတာလား ငါတို့ဒီလောက်လူများတာ ထွက်ပြေးလို့ရမှာလား” အနက်ဝတ်လူကြီးသည် ကျယ်လောင်စွာအော်ရယ် လေသည်။ “ငါတို့ဒီလောက်လူအများကြီးနဲ့ မင်းတို့မှာအတောင်ပံရှိရင်တောင် မလွတ်နိုင်ဘူး”
“မင်းကိုဘယ်သူလွှတ်လိုက်တာလဲ” ကျောင်ရှန်းချီသည် ရင်ဘတ်ကို ကိုင်ထားကာ ပြောလေသည်။ သူ၏အသားအရေသည် ဖျော့တော့နေကာ အနီရောင်ဝတ်ထားသော မိန်းကလေးမှ တွဲထားသည်။ သူ၏ပုံစံသည် မတည်ငြိမ်ဖြစ်ကာ သူ့ဒဏ်ရာမှာလည်း မနည်းလှပေ။
“ခင်ဗျား ငရဲရောက်တာနဲ့ ကျုပ်တို့ကိုဘယ်သူလွှတ်လိုက်လဲဆိုတာ သိ မှာပဲ” ထိုအနက်ဝတ်လူကြီး ပြောလေသည် “ကျူပ်တကယ်ပဲ ကောင်းကောင်း တောင့်ခံနိုင်တာပဲ ဒါပေမဲ့ ခင်ဗျားကမနာခံတတ်ဘူးပဲ”
“မင်းက အဲနေရာကပဲ” ရှားကျောင်ထျန်သည် သူ့စကားများကိုကြား သည်နှင့် ချက်ချင်းပင် တုန့်ပြန်လေသည်။
“ဥက္ကဌရှားက ဆေးရူးလို့ ကျုပ်အမြဲပြောနေတာ၊ ခင်ဗျား အဲလောက် ဉာဏ်ကောင်းမယ်လို့မထင်ထားဘူး သိထားပြီးမှတော့ လိမ်လိမ်မာမာနဲ့ပဲ ငရဲကို သွားလိုက်တော့” ထိုအနက်ဝတ်လူကြီးသည် လူသတ်မည့်ရောင်ဝါ လွှတ်လိုက်ပြီး “ခင်ဗျားသေသွားတာနဲ့ ဘယ်သူမှငါတို့လမ်းကို လာရပ်တော့ မှာ မဟုတ်ဘူး”
“အဲတော့ ဒါတွေအကုန်လုံးကိုလုပ်တာမင်းပေါ့” ရှားကျောင်ထျန်သည် ဒဏ်ရာရထားကာ စကားပြောလိုက်သည်နှင့် သွေးများသည် ရင်ဘတ်မှ တက်လာသည်။ သို့သော် သူ မျိုချလိုက်သည်။
“ဟုတ်တယ်” အနက်ဝတ်လူသည် ဖုံးထားသော မျက်နှာဖုံးကိုဆွဲချွတ် ပြီးပြောလေသည် “အဲဒါကြောင့် ကျုပ်တို့ခေါင်းဆောင်ရဲ့ တောင်းဆိုချက်ကို မြန်မြန်သဘောတူသင့်တယ် ဒါဆိုရင် ဒီနေ့လိုအခြေအနေမျိုးထိရောက်မှာ မဟုတ်ဘူး၊ အဲလိုဆိုရင် ဂုဏ်နဲ့ နာမည်ရဦးမယ်၊ ခင်ဗျားအတွက် နောင်တရဖို့ အခွင့်အရေးတောင်မရှိလိုက်တာ နှမြောဖို့ကောင်းတယ်”
“ထွီ” ရှားကျောင်ထျန်သည် သူတို့ကို တံထွေးထွေးလိုက်ရာ အနီးအနား တွင်ပုန်းနေသောသူများသည် သူ၏ ကလေးဆန်မှုကို ကျိတ်ရယ်ကြလေ သည်။
“ငါ့ကိုအဲလိုမကြည့်နဲ့ မင်းအကြိုက်လိုက်စေချင်တာလား မဖြစ်နိုင်တာ” ကျောင်ရှန်းချီသည် သူတို့၏ အထင်သေးသောအမူအရာများကိုကြည့်လိုက် သည်။
“ဟင်း ခင်ဗျားတို့က ကျုပ်တို့အတွက်ဘာအတွက်မှ မလိုအပ်တော့ဘူး” ထိုအနက်ဝတ်လူသည် ပြုံးလိုက်သည် “ခင်ဗျားကသေချင်မှတော့ ခင်ဗျား ကိုယ်စား တစ်ယောက်ယောက်ကတော့ နန်းတော်ကို စောင့်ရှောက်ပြီး ဆုံးဖြတ်ချက်တွေချပေးရမှာပေါ့”
“မင်းက အဲလူတွေနဲ့ တစ်ကျိတ်တည်းတစ်ဉာဏ်တည်းမှန်း အခုမှငါ သိလိုက်ပြီ မဟုတ်ရင် ငါတို့ဘာလုပ်နေလဲဆိုတာ မင်းသိမှာမဟုတ်ဘူး ဆုန်းချောင်းဂျီ အမှိုက် ငါပြန်သွားရင် သူ့ကိုသတ်မလားဆိုတာ စောင့်ကြည့် နေလိုက်”
“ဟားဟား အဲလိုလုပ်ဖို့အတွက် အသက်ရှင်ပါစေဦး” အနက်ဝတ်လူ သည် ပြုံးလိုက်သည် “ဒါတွေက စိတ်ကူးယဉ်တာဖြစ်နေတာတော့ နှမြောစရာ ပဲ အခုပဲ ခင်ဗျားတို့ကိုငရဲပို့ပေးလိုက်မယ် တိုက်တော့”
“အဖွဲ့ခွဲခေါင်းဆောင် ဥက္ကဌနဲ့ ပြေးတော့ ကျွန်မသူတို့ကို ခုခံထားမယ်” အနီဝတ်အမျိုးသမီးသည် ကျောင်ရှန်းချီကိုတွဲထားရာမှ တခြားသူဆီလွှဲပေး လိုက်သည်။
“အနီ မလုပ်နဲ့ မင်းသွားလိုက် မင်းရဲ့အရည်အချင်းနဲ့ဆိုရင် လွတ်နိုင် တယ်” ကျောင်ရှန်းချီသည် သူမကို အရှေ့သို့မသွားစေချင်သဖြင့် ဆုပ်ကိုင် လိုက်သည်။
“ဟင်း ဒီနေ့ တစ်ယောက်မှမလွတ်စေရဘူး” အနက်ဝတ်လူပြောလေ သည် “တိုက်တော့ တစ်ယောက်မှအရှင်မထားနဲ့”
“နားလည်ပါပြီ”
အံ့ဖွယ်စံတင်အဆင့်၁၀ယောက်သည် ရှားကျောင်ထျန်ကိုတိုက်ခိုက်ရာ အခြေအနေသည် ကြောက်မက်ဖွယ်ဖြစ်သွားသည်။
***