← Chapters

လေဟာပြင်အပြောင်းအလဲ

Vol. 010 Ch. 985

လေဟာပြင်အပြောင်းအလဲ

Vol. 010 Ch. 985

အဂ္ဂိရတ်ပညာရှင်အသင်းနှင့် ဆေးအဖွဲ့ခွဲအစောင့်များသည် ချက်ချင်း ပင် ထိုလူနှစ်ယောက်ကိုအလယ်တွင်ထားလိုက်ပြီး တိုက်ခိုက်မှုကို တုန့်ပြန် ရန် ပြင်ဆင်လေသည်။

သေဆုံးခြင်းကိုရင်ဆိုင်မည့်အမူအရာများသည် သူတို့မျက်နှာတွင်ရှိနေ ကြသည်။ သူတို့သည် ဒီနေ့ရောက်လာမည့် မည်သည့်အဖြစ်အပျက်ကိုမဆို ရင်ဆိုင်ရန်ပြင်ဆင်ထားကြသည်။

သူတို့တွင် ပြိုင်ဘက်များစွာရှိကာ တစ်ယောက်ချင်းသည် ဝိညာဉ် စွမ်းအင်ပေါများကြသည်။ ထိုပြိုင်ဘက်များတွင် စွမ်းအင်ပြည့်ဝကြသည်။ သူတို့ကရော…. သူတို့မှာတော့ အလွန်အမင်းဒဏ်ရာရထားပြီး ဝိညာဉ် စွမ်းအင်ကုန်လုနီးပါးပင်။ ဆေးများကြောင့် တောင့်ခံထားနိုင်သော်လည်း သူတို့လူအင်အားနှင့် ဘေးကင်းစွာ တိုက်ခိုက်နိုင်မည်မဟုတ်ပေ။

သူတို့ခေါင်းဆောင်များ ထွက်ပြေးရန်အချိန်ဆွဲပေးနိုင်ရုံလောက်သာရ မည်။

ဒါပေမဲ့ ပြိုင်ဘက်တွေ သူတို့နားကပ်လာတော့ ဘာလို့ တိုက်ခိုက်တာ ရပ်သွားကြတာလဲ။

အဲလူတွေက သေချာပေါက်စွမ်းအားရှိနေလျက်နဲ့ ဘယ်လိုဖြစ်လို့ ရုတ်တရက် ရပ်သွားတာလဲ။

ထိုလူများလည်း တစ်ခုခုဖြစ်နေပြီကို သိလိုက်သည်။ သူတို့တိုက်ခိုက်မှု က ကျရောက်တော့မှာကို ဘာလို့ သူတို့ကိုဝေးဝေးသွားတယ်လို့ ခံစားရနေရ တာလဲ။ သူတို့ တိုက်ခိုက်မှုက အဲလူတွေဆီမရောက်နိုင်ဘူးလား။

“ဥက္ကဌ ဘာတွေဖြစ်နေတာလဲ”

“လေဟာပြင်ပိတ်ခြင်း” အနီသည် ပျော်ရွှင်စွာ အော်လေသည် “ကျွန်တော်တို့ကို တစ်ယောက်ယောက်တော့လာကယ်ပြီ”

“လေဟာပြင်ပိတ်ခြင်းဟုတ်လား ဘယ်သူကများဒီလောက်ကျယ်တဲ့ နေရာကိုပိတ်နိုင်တာလဲ” ဂေါင်ကျိဟုန် မျက်မှောင်ကြုတ်လေသည်။

သူသိသလောက်ဆိုလျှင် ဒီလောက်ကျယ်တဲ့နေရာကို ထိန်းချုပ်နိုင် သည့်သူ အလယ်ပိုင်းဒေသတွင် တစ်ယောက်မှမရှိပေ။ ဒီလိုအချိန်မှာ အတွင်းပိုင်းဒေသကလူများ ဒီမှာပေါ်လာတာလား။ ဘယ်ဟာကများ သူတို့ကို လက်ခံလိုက်လို့လဲ။

“ဘယ်သူပဲဖြစ်ဖြစ် သူတို့နဲ့တစ်ဖွဲ့တည်းတော့မဖြစ်နိုင်ဘူး” ရှားကျောင် ထျန် ပြောလေသည်။

ထိုအချိန်တွင် အေးစက်သောအသံသည် အဖွဲ့နောက်မှထွက်လာ သည်။

“လေဟာပြင်ပြောင်းလဲခြင်း ပြောင်း…”

ထိုအသံကိုကြားလိုက်သည်နှင့် တစ်ပြိုင်နက် အားလုံးသည် မီတာ၁၀၀ အဝေးရှိ တောင်ထိပ်တွင် ပေါ်လာကြသည်။

“မင်းကဘယ်သူလဲ”

အနက်ဝတ်လူသည် အလယ်မှလူများရုတ်တရက်ပျောက်သွားမည်ဟု မထင်ထားပေ။ သူတို့ရှိနေသည်ကို သူခံစားမိချိန်တွင် သူလှည့်ပြီး သူတို့ကို မျက်နှာချင်းဆိုင်လိုက်သည်။

ဘာဖြစ်သွားသည်ကို သူမသိလိုက်ခင်မှာပင် ကောင်းကင်မှ မီးလုံးလေး များကျလာသည်မှာတော့ နှမြောစရာကောင်းသည်။

“ဘုန်း”

“အုန်း”

“ချွတ်”

ပေါက်ကွဲသံမှာ သစ်ပင်များမှထွက်လာရာ အဂ္ဂိရတ်ပညာရှင်အသင်းနှင့် ဆေးအဖွဲ့ခွဲမှလူများသည် မှင်တက်သွားကြသည်။ ထိုရုတ်တရက်ဆန်မှု သည် သူတို့ကို ရှုပ်ထွေးသွားစေသည်။

ရှီမာယူယူသည် ဟာသွန်အား တွဲရင်းမေးလိုက်သည် “ဘယ်လိုနေလဲ”

ဟာစွန်၏ နှုတ်ခမ်းဘေးတွင် သွေးများစီးကျလာကာ သူအားနည်းစွာ လက်ရမ်းပြီး ပြောလိုက်သည် “အဆင်ပြေတယ် ဆေးသောက်ပြီးနားလိုက်ရင် ရပြီ”

“ဒါဆို မင်းပြန်သွားလိုက်တော့” ရှီမာယူယူသည် သူ့ကို ဆေးတချို့ပေး လိုက်သည်။

သူခေါင်းညိတ်ပြီးနောက် ရှီမာယူယူသည် သူ့ကိုသိမ်းလိုက်သည်။

အဂ္ဂိရတ်ပညာရှင်အသင်းမှလူများသည် အတန်ကြာမှပင် အဖြစ်အပျက် များကို နားလည်သွားကြသည်။ လေဟာပြင်ပိတ်ခြင်းကို အသုံးပြုပြီး သူတို့ကို ကယ်လိုက်သူမှာ ဝိညာဉ်သားရဲတစ်ကောင်ဖြစ်လိမ့်မည်စု သူတို့ မထင်ထား ခဲ့ကြပေ။

“ရွှေမြွေသီးအနံ့ပဲ” ရှားကျောင်ထျန်သည် ဆေးအနံ့ကိုအဝေးမှရကာ ရှီမာယူယူအား စိတ်အားထက်သန်စွာကြည့်လိုက်သည်။

ကျောင်ရှန်းချီသည်လည်း အနံ့ရသည်။ သူသည် သွားရည်ကျနေသော လူကိုဆွဲထားကာ ပြောလေသည် “အဲဒါကိုအာရုံမရောက်သေးနဲ့ဦး ဒီက ကိစ္စ ကိုတောင် မဖြေရှင်းရသေးဘူး”

ရှားကျောင်ထျန်သည် အကြည့်များပြန်ရုတ်ပြီးနောက် အောက်သို့ ကြည့်လိုက်ရာ မြင်ကွင်းကြောင့်မှင်တက်သွားလေသည်။

“ဒါက.. ဘာတွေဖြစ်သွားတာလဲ” သူ ကြောင်တောင်တောင်ဖြင့် မျက်တောင်ခတ်ကာ မြင်ရသည်ကို မယုံကြည်နိုင်ဖြစ်နေသည်။

သတ္တုလုံးလေးများသည် လူတစ်ဝက်လောက်ကို သဂြိုဟ်ပြီးသားဖြစ် လေသည်။ အားကောင်းသောသူများသည် မြန်ဆန်သောလှုပ်ရှားမှုကြောင့် နောက်ဆုံးအခိုက်အတန့်တွင် ဝိညာဉ်စွမ်းအင်ဖြင့် သူတို့ကိုယ်သူတို့ ကာကွယ်လိုက်နိုင်သည်။ အစပိုင်းတွင် သူတို့လွတ်နိုင်မည်ထင်ထားသော် လည်း ခြေကားယားလက်ကားယားကျလေသည်။ တချို့မှာ မျက်နှာနှင့်ကျ ကြသည်။

“ဘာတွေဖြစ်သွားတာလဲ”

သူတို့မှာလူအရေအတွက်များသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်း အသတ်ခံလိုက်ရသည်။ ၁၈၀ဒီဂရီ ပြောင်းပြန်ဖြစ်သွားသည်။

“ဂျူနီယာမောင်လေး မင်းရဲ့အဆိပ်က အဲလောက်အသုံးဝင်မယ်လို့ မထင်ထားဘူးပဲ ဧကရာဇ်အဆင့်ကျွမ်းကျင်သူတောင် မခံနိုင်ဘူး၊ ထပ်ရှိသေး လား ငါ့ကိုနည်းနည်းပေး နောက်တစ်ခေါက်သုံးလို့ရအောင်လို့” ဟန့်မြောင်ရွှမ်သည် သူတို့၏အဖြစ်အပျက်ကိုမြင်သောအခါ ပြုံးလိုက်သည်။

“မရှိတော့ဘူး ဒါပေမဲ့ နည်းလမ်းကိုတော့ နောက်မှပြောပြမယ်” ရှီမာယူယူ ပြောလိုက်သည်။

ဆေးအမှုန့်သည် ဝမ်စီမြောင်ကိုပေးခဲ့သည့်မှ အကျန်ဖြစ်သည်။ နောက်ပိုင်းတွင် သူမ အလုပ်များခဲ့သဖြင့် ဆေးဖော်ရန်အချိန်မရှိခဲ့ပေ။

“နည်းလမ်းလည်းကောင်းတာပဲ” ဟန့်မြောင်ရွှမ် ပြောလေသည်။

“သူအကုန်လုံးတို့ကို ငါတို့သတ်လိုက်တာလား” ကျန်းမန့်သည် မှောင် မိုက်နေသော တိုက်ပွဲလွင်ပြင်ကိုကြည့်ပြီး မရှင်းနိုင်ဖြစ်နေသည်။

သူတို့သည် ရောက်သည်မှာ ခဏသာရှိသေးသည်။ ပြိုင်ဘက်များသည် အရေအတွက်များကာ သူတို့ထက်ပင်သန်မာသောကြောင့် ချက်ချင်းထွက် လာပြီး မကယ်နိုင်ပေ။

အားလုံးသည်စောင့်ကြည့်ပြီးနောက် ရှီမာယူယူသည် ဟာစွန်ကိုခေါ် ထုတ်ခဲ့သည်။ ထို့နောက်တွင် သူမသည် မိုးကြိုးကျည်လုံးကိုသုံးခဲသည်။ သူမ သည် ထိုအထဲတွင်ဆေးအမှုန့်များထည့်ထားခဲ့သည်။ ထို့နောက် ဟာစွန်ကို ပစ်ခိုင်းပြီး သူတို့လူများကို ကယ်ထုတ်ခဲ့သည်။

အစပိုင်းတွင် ထိုနည်းလမ်းသည် အသုံးဝင်မည်ဟုမထင်ခဲ့ပေ။ အကြောင်းမှာ သူတို့ကို ကယ်ထုတ်ရမည်မှာ မဖြစ်နိုင်ဟု ထင်ခဲ့သောကြောင့် ပင်။ ထိုသတ္တုလုံးလေးများသည် ထိုမျှလောက်လည်း ကြောက်ဖို့မကောင်း ပေ။

သို့သော် ရှီမာယူယူ၏ ထက်မြက်မှုကြောင့် ထိုကဲ့သို့ပြင်းထန်မှုဖြစ်လာ သည်။ သူမသည်လည်း သတ္တုလုံးလေးများကို စိတ်ဝင်စားလာသည်။

“အခုသတိရသွားပြီ အဲဒါတွေက အပြင်မှာခေတ်စားတဲ့ အရမ်းအား ကောင်းတဲ့ မိုးကြိုးကျည်တွေပဲ” ရွှန်ချင်း အော်လေသည် “ဟုတ်တယ် အဲဒါ တွေက သေချာပေါက် မိုးကြိုးကျည်တွေပဲ အဲလောက်အားကောင်းမယ်လို့ မထင်ထားဘူး”

“အခုပြောမှပဲ ငါလည်းစဉ်းစားမိသွားပြီ မိုးကြိုးကျည်တွေက တကယ်ပဲ အဲလိုပုံစံပဲ အဲဒါတွေကို ကိုယ်တိုင်သုံးရမယ်လို့ မထင်မိဘူး”

ကျန်းဖေနှင့် မုန့်ဆန်းချွယ်တို့တောင်ကြားသို့ ဆင်းသွားချိန်တွင် ပင်လယ်ကြယ်နန်းတော်မှတပည့်များသည် ဆွေးနွေးနေကြသည်။ သူတို့ သည် ရှားကျောင်ထျန်နှင့် တခြားသူများသည် သူ့ကိုအရိုအသေပေးကြလေ သည်။

“အဖွဲ့ခွဲခေါင်းဆောင် ဥက္ကဌရှား”

ကျောင်ရှန်းချီသည် ရှီမာယူယူကို စိုက်ကြည့်ပြီး သူတို့ကို လက်ဝေ့ လိုက်သည် “ထပါ”

“ကျေးဇူးတင်ပါတယ် အဖွဲ့ခွဲခေါင်းဆောင်”

ရှီမာယူယူသည် ဘာစကားမှမပြောပဲနှင့် ဟန့်မြောင်ရွှမ်အားကြည့် လိုက်သည်။ သူမသည် မျက်လုံးနှင့် ဆက်သွယ်လိုက်သည်; ကျွန်တော်တို့က ဆေးအဖွဲ့ခွဲခေါင်းဆောင်နဲ့ ဥက္ကဌကိုတွေ့ရင် အရိုအသေပေးရမှာလား။

ဟန့်မြောင်ရွှမ်သည် မျက်ခုံးပင့်ကာ ပြန်ဖြေလေသည်; သူတို့ရဲ့ ရာထူး ကိုမသိဘူးလား။

ရှီမာယူယူသည် ဆွံ့အသွားသည်။ ကောင်းကင်ဂိုဏ်းသည် မှီခိုကင်း သည့် အင်အားစုဖြစ်သည်ဟု သူမ အမြဲတွေးခဲ့သည်။ ကြည့်ရတာအဲလို မဟုတ်ဘူးပဲ။

“ငါတို့ကိုကယ်တဲ့အတွက်ကျေးဇူးတင်ပါတယ်” ကျောင်ရှန်းချီသည် မုန့်ဆန်းချွယ်နှင့်တခြားသူများကို ပြောသော်လည်း အကြည့်မှာ ရှီမာယူယူဆီ သို့ရောက်နေသည်။

မုန့်ဆန်းချွယ် ထိုအရာကိုမြင်သောအခါ ရှီမာယူယူကို လက်ဝေ့ပြပြီး ထိုနေရာတွင် လာရပ်ရန်ခေါ်လေသည်။

“ရှီမာယူယူ အဖွဲ့ခွဲခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်” သူမသည် ကျောင်ရှန်းချီကို လက်အုပ်ချီလိုက်သော်လည်း အရိုအသေမပေးပေ။

“မင်းက ရှီမာယူယူလို့ခေါ်တာလား ရှုဂျင်းတပည့်လား” ကျောင်ရှန်းချီ သည် ရှီမာယူယူကို အကဲခတ်ကာ သူမမျက်လုံးများတွင် အံ့သြမှုကိုတွေ့ရ လေသည်။ သူ ရှင်းပြလိုက်သည် “မင်းဆရာက အရည်အချင်းရှိတဲ့တပည့်ကို လက်ခံလိုက်တယ်လို့ ပြောတယ်”

ရှုဂျင်းသည် သူမနာမည်ကိုပြောပြလိမ့်မည်ဟု ရှီမာယူယူ မထင်ထား သဖြင့် အံ့သြမိလေသည်။

“မင်းဆရာက ရူးသွပ်တဲ့နတ်ဆိုးတွေကို လေ့လာတယ်ဆိုတာ မသိဘူး လား” ကျောင်ရှန်းချီသည် သူမကိုပြုံးပြီးကြည့်လေသည်။

“အာ.. ကျွန်တော်မသိခဲ့ဘူး” ရှီမာယူယူ ခေါင်းရမ်းလေသည်။ သူမ သည် အမှန်တကယ်ပင် ရှုဂျင်း၏ ဝါသနာကိုမသိခဲ့ပေ။

“ဟာစွန်ငှက်က မင်းရဲ့ စာချုပ်သားရဲလား” မေးခွန်းဆိုသော်လည်း ကျောင်ရှန်းချီ၏ အသံမှာ သေချာနေသည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ ထိုသည်မှာ လေဟာပြင်ဝိညာဉ် သားရဲဖြစ်ပြီး ဟာစွန်မှလွဲ၍ တခြားငှက်ကိုမတွေ့ဖူးပေ။

“ကျေးဇူးတင်ကြောင်းပြောပေးပါ” ကျောင်ရှန်းချီသည် ပြုံးပြီးပြောလေ သည်။

“ပြောလိုက်ပါ့မယ်” ရှီမာယူယူ ခေါင်းညိတ်လေသည်။

ဆေးအဖွဲ့ခွဲခေါင်းဆောင်နှင့် အဂ္ဂိရတ်ပညာရှင်အသင်းဥက္ကဌတို့မှာ လူအိုကြီးများဖြစ်သည်ဟု သူမထင်ခဲ့သည်။ အမှန်တကယ် သူတို့မှာ ချောမောပြီး ဆွဲဆောင်မှုရှိနေသောကြောင့် သူမ အံ့သြရသည်။ အထူးသဖြင့် သူမကို ပြုံးပြချိန်တွင်ဖြစ်သည်။ အင်း… တကယ်ပဲ သက်တောင့်သက်သာ မဖြစ်စေတာပဲ။ အဝေးမှပင် ဖိအားနိမ့်သည်ကို သူမခံစားနိုင်သည်။

***

All Chapters