သူတို့အကုန်လုံးက အသေခံတပ်သားတွေပဲ
Vol. 010 Ch. 986
အမှန်တကယ်ပင် သူတို့သည် တခြားအဂ္ဂိရတ်ပညာရှင်များနှင့် မတူပေ။ ရှားကျောင်ထျန်နှင့် ကျောင်ရှန်းချီတို့သည် ကြက်ဖအိုကြီးများမဟုတ်ကြပဲ ချောမောသော အမျိုးသားနှစ်ယောက်ဖြစ်လေသည်။
ရှားကျောင်ထန်သည် အဖြူရောင်ဝတ်ဆင်ထားပြီး ကျက်သရေရှိကာ တင့်တယ်သည်။ ကျောင်ရှန်းချီသည် အပြာရောင်ဝတ်စုံရှည်ဝတ်ထားကာ စွဲမက်ဖွယ်ကောင်းကာ ဆွဲဆောင်မှုရှိသည်။
သူတို့နှစ်ယောက်လုံးသည် သပ်ရပ်ကာခွကျပြီး အထက်စီးဆန်ကြ သည်။ ရှီမာယူယူ ကောက်ချက်ချလေသည်။ အဂ္ဂိရတ်ပညာရှင်များသည် သန့်ရှင်းမှု ကိုစွဲလမ်းကာ အပြင်ပိုင်းပုံသဏ္ဍာန်ကို ဂရုစိုက်ကြသည်။ အထက်စီးဆန်ကြသူများသည် ကိုယ့်ကိုယ် တစ်သက်လုံးငယ်ရွယ်အောင် နေကြသည်။
“ဘယ်လိုလုပ် ငါတို့်ကိုရှာတွေ့တာလဲ” ရှားကျောင်ထျန်နှင့် မုန့်ဆန်းချွယ်တို့သည် ပိုရင်းနှီးကြသည်။ ထို့ကြောင့် သူလျှောက်သွားကာ မုန့်ဆန်းချွယ်၏ ပခုံးကိုကိုင်ပြီးမေးလေသည်။
“ယူယူရှာတွေ့တာ” မုန့်ဆန်းချွယ် ပြောလေသည်။
“ဒီကောင်လေးကလား” အာလုံးသည် အံ့သြသွားကြလေသည်။ ဒီကောင်လေးက အားကောင်းတဲ့ပုံမပေါက်ပါဘူး။ သူတို့ကိုဘယ်လိုရှာတွေ့ တာလဲ။
“ကျွန်တော့်မှာ အကူရှိလို့ပါ” ရှီမာယူယူ ပြောလိုက်သည် “သူတို့က ဆရာတို့ကိုရှာတွေ့တာပါ”
ပြောပြီးနောက်တွင် နီရဲပျားများသည် သစ်ပင်အလယ်မှ ပန်းကိုဝိုင်းထား ရာမှ ပျံလာကြလေသည်။ သူတို့သည် ရှီမာယူယူဆီပျံလာပြီး သူမကို နှစ်ပတ် ပတ်ကာ ပျံသွားကြလေသည်။
“သေစမ်း အဲဒါတွေက နီရဲပျားတွေလား” ရှားကျောင်ထျန် အော်လိုက် လေသည်။ သူသည် သူတို့ကိုဖမ်းမည်ပြုသော်လည်း သူ့ဒဏ်ရာမှာ ပြင်းထန် သဖြင့် သူ့ဘေးတွင်ရပ်နေသော ဂေါင်ကျိဟုန်သည် သူ့ကိုတားလိုက်လေ သည်။
“ဥက္ကဌ ဒဏ်ရာကပြင်းထန်တယ် မပြေးနဲ့”
သူပြောလိုက်သည်နှင့် ရှားကျောင်ထျန်သည် နှုတ်ခမ်းတွန့်လိုက်သည်။ သူသည် မကျေနပ်သော်လည်း နီရဲပျားများနောက် မလိုက်တော့ပေ။ သူ ရှီမာယူယူဘက်လှည့်ကာ မေးလေသည် “အဲဒါတွေက နီရဲပျားတွေမလား”
ထိုလူအိုကြီး၏ မျက်လုံးမှာ စူးရှမည်ဟု ရှီမာယူယူထင်မထားပေ။ နီရဲ ပျားများကိုဖုံးကွယ်ထားသော်လည်း သူ သတိထားမိသည်။
“ဟား ငါသိနေတယ်” ရှားကျောင်ထျန်သည် ရှီမာယူယူ၏ နှုတ်ဆိတ်ပြီး ဝန်ခံနေသည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာအော်လေသည် “မင်းမှာ ဘယ်လိုလုပ် နီရဲပျားတွေအဲလောက်အများကြီးရှိနေရတာလဲ။ သူတို့ကို ဘယ် ကတွေ့လာတာလဲ၊ နီရဲပျားဘုရင်မကိုရော တွေ့ခဲ့တာလား”
“ဥက္ကဌ သူ့ကို လန့်အောင်လုပ်နေပြီ” ဂေါင်ဂျီဟုန်သည် သူ့ကို သတိ ပေးလေသည်။
ရှားကျောင်ထျန်သည် ဂေါင်ဂျီဟုန်၏ စကားကို နားထောင်သည်ကို ရှီမာယူယူတွေ့လိုက်ရသည်။ သူသည် ရှားကျောင်ဟုန်၏ ကိုယ်ပိုင် ကိုယ်ရံတော်ဟု မုန့်ဆန်းချွယ်ပြောသော်လည်း သူတို့၏ ဆက်ဆံရေးမှာ အနည်းငယ်ကွာခြားသည်ကို တွေ့လိုက်ရသည်။ သူပြောသည်နှင့် ရှားကျောင်ထျန် နားထောင်သည်။
နောက်မှပင် သူမသိလိုက်သည်မှာ ဂေါင်ဂျီဟုန်သည် ရှားကျောင်ထျန် နောက်လိုက်လာသည်မှာ နှစ်ပေါင်းရာချီရှီနေပြီဖြစ်သည်။ သူတို့သည် ငယ်စဉ်ကပင် သူငယ်ချင်းများဖြစ်ကြကာ နှစ်ပေါင်းထောင်ချီပြီး အတူရှိခဲ့ကြ သည်။ သူတို့သည် သခင်နှင့် ကိုယ်ရံတော်ဟု အမည်ခံသာရှိကြကာ တကယ် တော့ မိသားစုလိုပင်ဖြစ်သည်။ ထို့အပြင် ရှားကျောင်ထျန် မနာခံသော ကြောင့် ဂေါင်ဂျီဟုန် သေလုနီးပါးဖြစ်ခဲ့ဖူးသည်။ သူ့တွင် အပြစ်ခံစားရသဖြင့် နှစ်ပေါင်းများစွာ ပေါင်းသင်းလာသော ဂေါင်ဂျီဟုန်ကို နာခံခြင်းဖြစ်သည်။
“ဒီလောက်နီရဲပျားများနေတာဆိုရင် မင်းမှာ နီရဲပျားဘုရင်မရှိရမယ် ဟုတ်တယ်မလား” ကျောင်ရှန်းချိ ပြုံးလေသည် “ငါတို့ပြန်ရောက်ရင် သူမကို ပြပေးလို့ရမလား”
ရှီမာယူယူ ခေါင်းညိတ်လိုက်ရာ ကျောင်ရှန်းချီ၏ မျက်နှာမှာ ပိုတောက်ပ လာသည်။
ဝူလင်းယူသည် ဘေးတွင်ရှိနေကာ ရှီမာယူယူ၏ လက်ကိုဆုပ်ကိုင် လိုက်သည်။ ရှီမာယူယူသည် လန့်သွားကာ သူ့ကိုလှည့်ကြည့်လိုက်သည်။
ကျောင်ရှန်းချီသည် ဝူလင်းယူ၏ အေးစက်သောရောင်ဝါကြောင့် လန့် သွားကာ အန္တရာယ်ကိုခံစားမိလိုက်သည်။ သူ ရှုပ်ထွေးသွားကာ မေးလိုက် သည် “ဒါက…”
“သူ..” ရှီမာယူယူ အနည်းငယ်ရှက်ရွံ့သွားသည်။ သူမသည် ယောက်ျား လေးပုံစံဝတ်ထားကာ သူသည် သူမလက်ကိုကိုင်ထားသည်။ တခြားသူများ အထင်လွဲနိုင်သည့်အခြေအနေဖြစ်သည်။
“ဟားဟား လောင်ကျောင် မပြောနိုင်ဘူးလား” ရှားကျောင်ထျန်သည် ပြုံးပြီးပြောလိုက်သည် “ဒီလောက်သိသာနေတာကို သူတို့အတူရှိနေတာပဲ”
ကျောင်ရှန်းချိ မျက်မှောင်ကြုတ်လိုက်သည်။
ရှားကျောင်ထျန်သည် သူ့ဘေးလျှောက်သွားကာ ပခုံးကိုပုတ်ပြီးပြော လေသည် “ဒါမျိုးတွေတွေ့ရင် မအံ့သြနဲ့လို့ငါပြောပါတယ်၊ တစ်ယောက်နဲ့ တစ်ယောက်ချစ်ရင် ဒီလိုမျိုးတွေလည်းရှိတာပဲ”
“…..”
ရှီမာယူယူသည် အလွန်ရှက်မိသည်။ သူမကို ယောက်ျားလေး အထင် နှင့် ယောက်ျားလေးနှင့်တွဲနေသည်ဟု ထင်သွားကြသည်။
“ယူယူလေး မကြောက်ပါနဲ့ လောင်ကျောင်က ဒီလိုပဲ” ရှားကျောင်ထျန် သည် ရှီမာယူယူဘေးလာကာ ပြောလေသည် “လာခဲ့ ပြောပါဥိး မင်းက ဘာလဲ အပေါ်လား အောက်လား”
ထိုစကားကိုကြားလိုက်သည်နှင့် သူမ မျက်နှာမှာနီရဲသွားလေသည်။
သူမသည် အထက်ပုဂ္ဂိုလ်လား အောက်ပုဂ္ဂိုလ်လားဟု သူတို့မေးနေ သည်။
“နားလည်မှုလွဲနေပါပြီ ကျွန်တော်တို့က ဆရာတို့ထင်သလိုမဟုတ်ပါဘူး” သူမ ရှင်းပြလေသည်။ သူတို့ ဆက်ဆံရေးကိုအထင်မမှားကြနဲ့။ သူမက မိန်းကလေး ဟုတ်ပြီလား။
“မရှက်ပါနဲ့ ဒါကိစ္စကြီးမဟုတ်ဘူး၊ သူများတွေအကြည့်ကြောင့်နဲ့ မအောင့်ထားနဲ့၊ အင်း ငါ မင်းကိုထောက်ခံပါတယ်” ရှားကျောင်ထျန်သည် သူမကို အခိုင်အမာပြောလေသည်။
သွားထောက်ခံနေလိုက်၊ ဒီလူကြီးတော့ ရှီမာယူယူသည် သူ့ကိုစိတ်ထဲမှ ကျိန်ဆဲမိသည်။
ရှီမာယူယူ၏ အပြုအမူကို ဝူလင်းယူမြင်သောအခါ နှုတ်ခမ်းတွင် ပြုံးယောင်သမ်းသွားသည်။ သူမသည် သူတစ်ဦးတည်းသာမြင်ရသည့်အရာ ဖြစ်သည်။
ထိုသည်မှာ အားလုံး၏ အတွေးကိုထောက်ခံသလိုပိုဖြစ်သွားလေသည်။
ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် သူမ မိန်းကလေးဖြစ်သည်ကို သိကြသဖြင့် အထင်မလွဲကြပေ။ သူတို့သည် ဝူလင်းယူ၏ သရုပ်မှန်ကိုသာ သိ ချင်ကြသည်။
ပင်လယ်ကြယ်မှတပည့်များသာ ဆိုးဝါးစွာခံစားရလေသည်။ ထိုလမ်း တစ်လျှောက်တွင် အများစုမှာ သူမ၏ ဆွဲဆောင်မှုတွင်ကျရှုံးပြီး သူမကို ကြိတ် သဘောကျနေခဲ့ကြသည်။ သို့သော် သူတို့သည် ဖွင့်မပြောရသေးခင်မှာပင် ထိုအဖြစ်နှင့်တွေ့ရလေသည်။ သူတို့သဘောကျတဲ့ ကောင်လေးက ယောက်ျားလေးကိုပဲ သဘောကျတာကိုး။ သူတို့သည် သူတို့၏ အသည်းကွဲ သံကို ကြားနေရသလိုပင်။
“ဟုတ်သားပဲ ငါ သူတို့ကိုမေ့တော့မလို့” ရှားကျောင်ထျန် ပြောလေ သည် “ယူယူလေး အဲဒါကိုနောက်မှပြောကြမယ် ဒီကောင်တွေကိုအရင်ရှင်း ကြတာပေါ့”
သည်လိုနှင့် သူတို့သည် တောင်သို့ဦးတည်လေသည်။
ရှီမာယူယူသည် ဟန့်မြောင်ရွှမ်အား သိမ်မွေ့စွာကြည့်လိုက်ရာ ဟန့်မြောင်ရွှမ်သည် နောက်မှမေးဦးမည်ဟူသော အဓိပ္ပာယ်ဖြင့်ပြန်ကြည့်လေ သည်။ သူတို့သည် မုန့်ဆန်းချွယ်နှင့် တခြားသူများနောက်လိုက်ခဲ့ကြလေ သည်။
ရှီမာယူယူ ဝူလင်းယူအားကြည့်လိုက်ရာ သူ့မျက်နှာမှ ရိုးသားမှုကို တွေ့ ရသဖြင့် စိတ်မဆိုးရက်ပေ။ သက်ပြင်းချကာ သူမ ဆင်းခဲ့လိုက်သည်။
သူမ၏ အပြုအမူကိုဝူလင်းယူမြင်သောအခါ ပိုပြီးပြုံးလိုက်သည်။
“ဥက္ကဌ သူတို့ကဘယ်သူတွေလဲ” ကျန်းဖေ မေးလေသည်။
“ဘယ်သူတွေဖြစ်ဦးမှာလဲ အတွင်းဒေသက ကောင်စုတ်တွေပေါ့” ရှားကျောင်ထျန် ပြန်ဖြေလေသည် “ယူယူလေး မင်းအဆိပ်ကဘယ်လောက် ကြာအောင်ခံလဲ”
“၂နာရီ ၃နာရီတော့ မလှုပ်နိုင်လောက်ဘူး” ရှီမာယူယူ ပြောလေသည်။
“ကောင်းတယ်” ရှားကျောင်ထျန် ပြောလေသည် “ဒါဆိုရင် အချိန်ကျရင် ငါသူတို့ကို သေချာစစ်မေးရမယ်”
“ဟင်း ကျုပ်ဆီက ဘာသတင်းမှရဖို့မတွေးထားနဲ့” အနက်ဝတ်လူ ပြော လေသည် “ကျုပ်က ကျုပ်သခင်ကိုဘယ်တော့မှ သစ္စာမဖောက်ဘူး”
“အဲဒါမင်းကိစ္စမဟုတ်ဘူး” ရှားကျောင်ထျန်သည် အဖြူရောင်ဆေးကို ထုတ်လိုက်သည်။ သူ ထိုဆေးကိုမြင်သောအခါ အနက်ဝတ်လူသည် တုန်လှုပ်သွားလေသည်။
“ပိုးကောင်၁၀၀ဆေး”
“ဟုတ်တယ်” ရှားကျောင်ထျန် ပြုံးလိုက်သည် “လာခဲ့ ဒီဆေးစားလိုက် ဒါဆိုရင် မင်းငါ့ကိုလိမ်လိမ်မာမာနဲ့ အမှန်ကိုပြောမှာပဲ”
“အိမ်မက်မက်နေလိုက်” အနက်ဝတ်လူသည် ထိုပိုးကောင်၁၀၀ဆေး၏ ကြောက်မက်ဖွယ်ကောင်းပုံကို ရှင်းရှင်းလင်းလင်းသိထားသည်။ သူသည် ပါးစပ်ထဲတွင် ဖွက်ထားသော အဆိပ်ကိုစားလိုက်ရာ လျင်မြန်စွာ သေဆုံး သွားလေသည်။
တခြားသူများသည် ထိုအရာကိုမြင်သောအခါ အဆိပ်စားကာ သေကြောင်းကြံကြလေသည်။
ရှားကျောင်ထျန်သည် သူတို့ ထိုအတိုင်းသေသွားလိမ့်မည်ဟု ထင် မထားပေ။ သူသည် အချိန်မှီမတားလိုက်နိုင်သောကြောင့် ထိုလူများသည် သေသွားကြသည်။
“ကြည့်ရတာ သူတို့ကအသေခံတပ်သားတွေဖြစ်ရမယ်” အနီပြောလေ သည် “ဒါပေမဲ့ အတွင်းဂိုဏ်းမှာ အများကြီးရှိသေးတယ်”
“သူတို့ကိုရှာကြည့်လိုက် သဲလွန်စများတွေ့မလားလို့ ကြည့်လိုက်” ရှားကျောင်ထျန် အမိန့်ပေးလေသည်။
ဂေါင်ကျိဟုန်သည် သူ့ကိုကြည့်ပြီး အစောင့်များဘက်လှည့်ကာ “သူတို့ ကိုသွားရှာလိုက် သဲလွန်စတွေ့မလားကြည့်လိုက်”
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
ရှီမာယူယူသည် ဂေါင်ကျိဟုန်ကိုကြည့်ပြီးနောက် ရှားကျောင်ထျန်ကို ကြည့်လိုက်သည်။ မတူညီသောတစ်ခုခုကို အနံ့ရလိုက်သဖြင့် သူမ မျက်စိ လည်သွားသည်။
***