← Chapters

အာရုံအသိခံစားနိုင်သောဒါရိုက်တာ

Vol. 010 Ch. 987

အာရုံအသိခံစားနိုင်သောဒါရိုက်တာ

Vol. 010 Ch. 987

အစောင့်များသည် ရှာပြီးနောက် မတ်တပ်ရပ်ကာ ပြောလေသည် “ခေါင်းဆောင် ဘာမှမတွေ့ပါဘူး”

ထိုလူများတွင် သူတို့၏ သရုပ်မှန်ကိုဖော်ပြသည့် မည်သည့် အမှတ်အသားမှမရှိပေ။

“သူတို့မှော်ဝင်လက်စွပ်မှာရှိမလားကြည့်ကြည့်လိုက်” ဟုန်ယိ ပြောလေ သည်။

ဟုန်ယိ၏ ဂုဏ်ရာထူးမှာမနိမ့်သည်ကို ရှီမာယူယူတွေ့လိုက်သည်။ သူမ ပြောလိုက်သည်နှင့် အစောင့်များသည် မှော်ဝင်လက်စွပ်ကိုစစ်ဆေးကြလေ သည်။

သို့သော် ထိုလူများသည် ကျရှုံးမှုကိုပါပြင်ဆင်ထားသဖြင့် သူတို့ သရုပ်မှန်ကိုဖော်ပြမည့် မည်သည့်အရာကိုမှသယ်ဆောင်မလာပေ။ ထို့ကြောင့် ထိုမှော်ဝင်လက်စွပ်တွင်ရှာဖွေခြင်းသည် ဝိညာဉ်လက်နက်တချို့ အပြင်ဘာမှထွက်မလာပေ။

“သူတို့က အသေခံတပ်သားတွေဆိုမှတော့ ဘာမှချန်ထားခဲ့မှာမဟုတ် ဘူး” မုန့်ဆန်းချွယ် ပြောလေသည်။

“သူတို့ သရုပ်မှန်ကိုမရှာတွေ့ရင် သက်သေကတော့ ပျောက်သွားပြီ”

“မဟုတ်ဘူး မပျောက်ဘူး” ရှားကျောင်ထျန် ပြောလေသည် “အသင်းကို ပြန်သွားရင် ဒီနောက်ကွယ်ကဘယ်သူလဲဆိုတာသိရမှာပဲ”

ထိုကဲ့သို့ကိစ္စများကို အတွင်းပိုင်းဒေသမှ အဂ္ဂိရတ်ပညာရှင်အသင်းနှင့် ဆေးအဖွဲ့ခွဲမှ သစ္စာဖောက်တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်နိုင်သည်။ ထိုလူ များသေသွားသော်လည်း အဂ္ဂိရတ်ပညာရှင်သစ္စာဖောက်များသည် ထိုနေရာ တွင်ရှိနေသေးသည်။ သစ္စာဖောက်ကိုရှာတွေ့လျှင် နောက်ကွယ်မှလူကိုရှာ တွေ့နိုင်သည်။

“သက်သေမရှိပဲနဲ့ အဲလူတွေကိုရှာဖို့မလွယ်မှာစိုးတယ်” ကျန်းဖေသည် စိုးရိမ်စွာဖြင့် ပြောလေသည်။

“ဟင်း သူတို့ဝန်မခံရင် ဝန်ခံတဲ့အထိ ရိုက်ရမှာပေါ့” ဟုန်ယိ နှာမှုတ်လေ သည်။

ထိုအရာကိုမြင်ရသည်မှာ အလှလေးဟုန်ယိသည် စိတ်ရှည်သည့်သူ မဟုတ်သည်မှာမြင်သာသည်။

“အခု အဂ္ဂိရတ်ပြိုင်ပွဲရောက်ဖို့ ၁၂ရက်လောက်ပဲလိုတော့တယ်၊ စောစောပြန်သွားကြတာပေါ့” မုန့်ဆန်းချွယ် ပြောလေသည် “ငါတို့ပြန်မသွား ရင် ပြိုင်ပွဲမှာ ငါတို့နေရာတွေအလုခံရတော့မယ်”

“ဟင်း တကယ်သာအဲလိုဆိုရင် မင်းတို့သစ္စာဖောက်ကို ရှာဖို့မလိုတော့ ပါဘူး” ရှားကျောင်ထျန် ပြောလေသည်။ သူတို့ကို ထိခိုက်အောင်လုပ်သည့်သူ ကိုတွေးလိုက်ချိန်တွင် သူတို့သည်ဒေါသဖြစ်ကာ သစ္စာဖောက်များကို ဆွဲပြီး ရိုက်ချင်မိသည်။

သူတို့သည် သားရဲပျံများခေါ်ထုတ်ကာ တိမ်ပင်လယ်မြို့သို့ ပျံသွား လိုက်ကြသည်။ ဒဏ်ရာရထားသူများသည် ဒဏ်ရာများကို စွမ်းအင်ဖြင့်ကုသ ကြလေသည်။ ဒဏ်ရာအနည်းဆုံးသူမှာ မုန့်ဆန်းချွယ်နှင့် စကားပြောလာ သည်။

ထူးခြားသည်မှာ အလွန်အမင်းဒဏ်ရာရထားသူတစ်ယောက်သည် စွမ်းအင်ကိုမသုံးပဲ ဆေးသောက်ရုံသာသောက်လေသည်။

“ယူယူလေး မင်းတို့ဘယ်လိုလုပ်အတူရှိသွားလဲပြောလို့ရလား” ရှားကျောင်ထျန်သည် ရှီမာယူယူဘေးတွင်ထိုင်ကာ ပြုံးပြီးမေးလေသည်။

ဝူလင်းယူသည် သူမ၏ နောက်တစ်ဖက်တွင်ရှိနေကာ သူမကို ကူဖြေ ပေးရန်စိတ်ကူးမရှိပဲ သူမအဖြေကိုသာ စောင့်နေလေသည်။

ရှီမာယူယူသည် ထိုမေးခွန်းကိုမဖြေလိုသဖြင့် ပြောလိုက်သည် “ခေါင်းဆောင်ဂေါင်က ဆရာ့ကိုလက်မခံလို့ အကြံလိုချင်လို့လား”

ရှားကျောင်ထျန်၏ မျက်နှာမှအပြုံးသည် အေးခဲသွားသည်။ သူသည် သူတို့စကားများကို တခြားသူများကြားမည်စိုးသဖြင့် အတားအဆီးလုပ်လိုက် သည်။

“မင်းက အကင်းပါးတာပဲ တစ်ချက်တည်းကြည့်တာနဲ့သိတယ်”

“…..” ဆရာလည်းအကင်းပါးတာပဲ။

ရှီမာယူယူသည် ပြောချလိုက်ချင်သော်လည်း ကျယ်လောင်စွာမပြော လိုက်ပေ။ သူမသည် ပြုံးကာ ပြောလိုက်သည် “ဒါရိုက်တာ ရိုးသားလိုက်ပါ ဒါမျိုးကဖိအားပေးလို့မရဘူး သူ့အလိုလိုဖြစ်လာတာ၊ ဆရာသူ့ကို ဖိအားပေး လေလေ ပြန်တွန်းမှာပဲ”

ရှားကျောင်ထျန်သည် တရားထိုင်နေသည့် ဂေါင်ဂျီဟုန်ကိုကြည့်ပြီး ပြောလေသည် “သူက ငါ့ကိုမကြိုက်တာမဟုတ်ဘူး ငါနဲ့အတူမရှိချင်တာ၊ မင်း နဲ့မင်းအဖော်တို့က လူသိရှင်ကြားဖော်ပြဖို့မကြောက်ကြဘူး”

“ဒါဆိုရင် သူ့ကိုအချိန်နည်းနည်းပေးလိုက်ပါ” ရှီမာယူယူ ပြောလိုက် သည် “ဆရာ သူ့ကိုသဘောကျရင် သူ့အလိုကိုလိုက်လိုက်ပါ၊ သူ့ကို မပျော် အောင်လုပ်မိရင် ဆရာကိုယ့်ကိုယ်ကိုပဲ ဒေါသထွက်ပြီး ဝမ်းနည်းရလိမ့်မယ်”

“အဲလိုပဲ”

“အဲဒါကြောင့် သူက ဆက်ဆံရေးကိုဖော်ထုတ်ချင်ရင် ဖော်ထုတ်လိုက်ပါ သူ မဖော်ထုတ်ချင်ရင် မဖော်ထုတ်ပါနဲ့ ဆရာတို့နှစ်ယောက်ပျော်ရင်ရပြီလေ”

“ဒါပေမဲ့ ငါကသူများတွေအသိအမှတ်ပြုတာခံချင်သေးတယ်လေ၊ ဒါပေမဲ့ ငါ့ဂုဏ်သြဇာကို သက်ရောက်လိမ့်မယ်လို့ သူပြောတယ်” ရှားကျောင် ထျန် ပြောလေသည် “အဲဒါကြောင့်ပဲ ငါတို့ခဏခဏရန်ဖြစ်ကြတယ်”

ရှီမာယူယူ ဒေါသထွက်သွားလေသည်။ ဒီလူကြီးကတော့ သူမကို သူ့ လူယုံများထင်နေလား။

သူမသည် သနားစရာကောင်းသည်ဟု ထင်မိသည်။

“တကယ်တော့ ဆရာတို့ဘယ်သူမှမမှားပါဘူး” သူမသည် လူရိုက်ချင် စိတ်ကိုမျိုသိပ်ကာ ပြောလေသည် “ဆရာတို့က တစ်ယောက်နဲ့တစ်ယောက် စဉ်းစားပေးတာပါ ဒါပေမဲ့ ကျွန်တော်ကတော့ ခေါင်းဆောင်ဂေါင်နဲ့ အတွေး တူတယ်”

“ဘာလို့လဲ”

“စဉ်းစားကြည့်လေ ဆရာက အဂ္ဂိရတ်ပညာရှင်အသင်းရဲ့ဥက္ကဌလေ ပြီးတော့ အပြင်နဲ့အတွင်းပိုင်းဒေသတွေက ဆရာ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိ ကြတာ” ရှီမာယူယူ ပြောလိုက်သည် “လူတွေရဲ့မျက်လုံးမှာတော့ ဆရာက အားလုံးရဲ့အထက်မှာရှိတဲ့ အဂ္ဂိရတ်သခင်တွေရဲ့ ဆရာပဲ ဆရာက ယောက်ျားလေးကိုသဘောကျတယ်ဆိုတာ တခြားသူတွေသိရင် ဆရာ့ရဲ့ ပုံရိပ်က ကျသွားမှာပဲ၊ သူက ဆရာ့ကိုသဘောကျတယ် အဲတော့ တခြားသူ တွေအထင်သေးမှာကို မခံနိုင်ဘူး”

ရှားကျောင်ထျန်သည် ခေတ္တမျှတိတ်သွားပြီးနောက် ပြုံးလေသည် “မင်း ပြောတာကို ငါနားလည်ပါတယ် ဒါပေမဲ့ ငါ သူနဲ့အချိန်ပြည့်ရှိနေချင်တာ တခြားသူတွေရဲ့နောက်ကွယ်မှာရှိချင်တာမဟုတ်ဘူး”

“ဆရာက ယောက်ျားလေးတွေကြိုက်တာမဟုတ်ဘူး ဆရာ သဘောကျ တဲ့သူက ယောက်ျားလေးဖြစ်နေတာ” ရှီမာယူယူသည် သူမခံစားရသည်ကို ပြောပြလေသည် “ဒါပေမဲ့ ဆရာ သူ့ကိုသဘောကျရင် သူ့ကိုလည်းစဉ်းစား ပေးသင့်တယ်”

ရှားကျောင်ထျန်သည် သူမအား တက်ကြွစွာကြည့်လေသည်။ သူသည် လူယုံရသွားသလိုခံစားရလေသည်။ သူသည် အရင်ကမိန်းကလေးများကို နှစ်သက်ဖူးသည်။ အခု ဂေါင်ဂျီဟုန်မှလွဲပြီး တခြားယောက်ျားလေးများကို ထူးခြားသည်ဟု မခံစားရပေ။ သူမ ပြောသလိုပင် သူ ယောက်ျားလေးများကို သဘောကျသည်မဟုတ်ပဲ သူ သဘောကျသူသည် ယောက်ျားလေးဖြစ်နေ ခြင်းပင်။

ရှီမာယူယူသည် သူ့အမူအရာကြောင့် ကြောက်လာသည်။ သူမ မပြော သင့်သည့်စကားကိုပြောမိသလား။

“အဟွတ် သူ့အတွက်စဉ်းစားပေးလို့မင်းပြောတယ်နော်၊ ငါက သူ့ အတွက် မလုံလောက်သေးလို့လား ငါသူ့ကို နာမည်တစ်ခုပေးချင်တယ်” ရှားကျောင်ထျန်သည် သူမအားကြည့်ပြီးပြောလေသည်။

“ဆရာက သူ့ကို ဖြောင့်မတ်ပြီး တောက်ပတဲ့သရုပ်မှန်ကိုပေးချင်တယ် ရည်ရွယ်ချက်ကတော့ကောင်းပါတယ်” ရှီမာယူယူသည် ဝူလင်းယူအား မှီပြီး ဆက်ပြောလေသည် “ဒါပေမဲ့ ဆရာစဉ်းစားဖူးလား ဆရာတို့ကိစ္စကိုကြေညာ လိုက်ရင် သူ့ကိုထိခိုက်စေမယ်၊ သူကပဲ ဆရာ့ကိုမြူဆွယ်ပြီးတော့ မကောင်း အောင်လုပ်လိုက်တယ်လို့ တခြားသူတွေထင်လိမ့်မယ် အဲလိုဆိုရင် ရိုင်းစိုင်း တာတွေက သူ့ဆီကျရောက်လာမှာပဲ၊ ဆရာတို့နှစ်ယောက်လုံးကို သူတို့ပြော ရဲမယ်ထင်လား သူ့ကိုပဲမဲပြီးအပြောခံရမှာကို ဆရာသဘောကျရဲ့လား”

ရှားကျောင်ထျန်သည် တိတ်ဆိတ်သွားသည်။ သူသည် အရင်က ထိုအရာကို တစ်ခါမှမတွေးခဲ့ဖူးပေ။ သူသည် တခြားသူများအထင်သေးမည် ကို ဂရုမစိုက်ခဲ့ပေ။ သို့သော် ဂေါင်ဂျီဟုန်ကို တစ်ကမ္ဘာလုံးမှ စောက်ကားမည် ကိုလည်း မလိုလားပေ။

“တစ်ယောက်နဲ့တစ်ယောက်ချစ်တာက လူနှစ်ယောက်ကြားက ကိစ္စပါ ဆရာက သူ့ကိုသဘောကျသလို သူကလည်း ဆရာ့ကိုသဘောကျတယ် အဲဒါဆိုတော်ပြီလေ၊ တကယ်တော့ အပြင်လူတွေရဲ့အမြင်က လုံးဝကိစ္စမရှိပါ ဘူး ချီးမြှောက်တာဖြစ်ဖြစ် ကဲ့ရဲ့တာဖြစ်ဖြစ် ဆရာတို့နှစ်ယောက်နဲ့မဆိုင်ဘူး လေ၊ ပြီးတော့ ဆရာတို့နှစ်ယောက်ရဲ့ဘဝပဲ” ရှီမာယူယူသည် သူမ၏ အတွေး ကိုပြောပြလေသည်။

ရှားကျောင်ထျန်သည် ရုတ်တရက် ရှီမာယူယူအကြောင်းတွေးမိကာ သူမ ပခုံးကိုပုတ်လိုက်ပြီး ပြောလိုက်သည် “ရှောင်ယူယူက ငါထင်ထားတာ ထက်တောင် မြင်တတ်တာပဲ မင်းကအဲဒါကြောင့် စိုးရိမ်တာမရှိတာကိုး မင်း ပြောတာကို ငါနားလည်ပါပြီ ကျေးဇူးပဲ”

သူပြောပြီးနောက်တွင် အတားအဆီးဖြုတ်ကာ ဂေါင်ဂျီဟုန်ဆီသို့သွား လေသည်။

ရှီမာယူယူသည် နှုတ်ခမ်းကိုက်လိုက်သည်။ နားလည်မှတော့ သူမကို ဘာလို့ဝင်ပါခိုင်းနေသေးလဲ။

ဝူလင်းယူသည် သူမဘေးမှရယ်နေမိသည်။ သူမသည် သူ့ကိုကြည့် လိုက်ရာ သူ၏ဝံ့ကြွားသော မျက်နှာထားကိုတွေ့လိုက်ရလေသည်။ သူမ လက်ဆန့်ထုတ်ပြီး သူ့မျက်နှာကိုထိလိုက်သည်။ ရှားကျောင်ထျန်၏ အမြင် တွင်တော့ သူမသည် တခြားသူများ၏ အတွေးကိုဂရုမစိုက်ဟု မြင်မိလေ သည်။

ဝူလင်းယူသည် သူမ၏ လက်သေးသေးလေးကို ဆုပ်ကိုင်ပြီး သူမ နား နားသို့ လေသံဖြင့် ပြောလေသည် “မင်းပြောတာကို ကိုယ်သဘောကျတယ် မင်းသာ ယောက်ျားလေးဆိုလည်း ကိုယ်မင်းကို ကြိုက်မိဦးမယ်ထင်တယ်”

“သွားစမ်းပါ” ရှီမာယူယူသည် သူ့ကိုငေါက်ငမ်းလိုက်သည်။ သူလက်ခံ နိုင်လျှင်တောင် သူမ လက်မခံနိုင်ပေ။ သူမ မခွဲခြားနိုင်လျှင်တောင် ထိုကဲ့သို့ ရက်မျိုးရောက်လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ပေ။

ကံကောင်းစွာပင် သူတို့သည် ပုံမှန်ဖြစ်နေသည်။

“ဟားဟားဟား…” သူမကိုထိုပုံစံအတိုင်းမြင်တိုင်းတွင် ဝူလင်းယူ ရယ်မောမိသည်။

ပျားများ၏ ထောက်လှမ်းမှုနှင့် လမ်းတစ်လျှောက်ရှိ အခက်အခဲများကို ရှောင်တိမ်းပြီး တိမ်ပင်လယ်မြို့သို့ ချောမွေ့စွာရောက်လေသည်။

***

All Chapters