← Chapters

သူက သူမအခန်းထဲမှာနေချင်တယ်

Vol. 010 Ch. 988

သူက သူမအခန်းထဲမှာနေချင်တယ်

Vol. 010 Ch. 988

“သူတို့အစောင့်တွေကိုလဲထားတာပဲ” ကျောင်ရှန်းချီသည် ခဏကြာ လေ့လာပြီးနောက် လေးနက်သောအသံဖြင့်ပြောလေသည်။

“အဲဒါဆရာတို့လူတွေမဟုတ်ဘူးလား” ဟန့်မြောင်ရွှမ် မေးလိုက်သည်။

“အင်း” ရှားကျောင်ထျန်၏ အမူအရာသည် လွန်စွာကြည့်ရဆိုးနေ သည်။

“ဆရာတို့က ခေါင်းဆောင်တွေမဟုတ်ဘူးလား အဲလူတွေကလည်း ဆရာတို့ရဲ့လူမဟုတ်ဘူးလား” ရှောင်ချီ မေးခွန်းထုတ်လေသည်။

“အဲလူတွေကိုမရင်းနှီးဘူး” ကျောင်ရှန်းချီ ပြန်ဖြေလေသည် “သူတို့က အသင်းကလူတွေမဟုတ်တာဖြစ်နိုင်တယ်”

“သူတို့က အသင်းကလူတွေမဟုတ်တာကို ဒီမှာဘာလုပ်နေကြတာလဲ”

“ဒါသေချာပေါက် သူလျှိုရဲ့စကားကြောင့်ပဲ” ဟန့်မြောင်ရွှမ် ပြောလေ သည် “အဲလိုဆိုမှတော့ ကျွန်မတို့ဝင်လို့ဖြစ်ရဲ့လား ဝင်သွားလိုက်ရင် အန္တရာယ်များမလား”

“စမ်းကြည့်တာပေါ့” ဟုန်ယိ ပြောလေသည်။

“တံခါးဖွင့်မရရင်ဘယ်လိုလုပ်မလဲ” မုန့်ဆန်းချွယ် မေးလေသည် “အစောပိုင်းက ငါတို့ကောက်ချက်ချထားပုံအရဆိုရင် တိမ်ပင်လယ်မြို့ကို သူတို့ထိန်းချုပ်ထားလိုက်ပြီပဲ”

“အဲတော့…”

“သူတို့က ဆရာတို့ရဲ့မျက်နှာကိုမမှတ်မိနိုင်ဘူး ဆရာတို့နှစ်ယောက်က သေသွားပြီပဲ” ရှီမာယူယူ ပြောလေသည် “ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဆရာ တို့ကိုဟိုမှာသတ်ခဲ့ပြီ မြို့ထဲကလူတွေကအဲဒါကိုသိကြမှာမဟုတ်ဘူး”

“….”

ကောင်းလိုက်တဲ့တပည့်…

“ယူယူပြောတာမှန်တယ် ခင်ဗျားတို့က အပြင်မှာအသတ်ခံလိုက်ရပြီဆို တော့ အထဲကလူတွေမသိလောက်ဘူး” မုန့်ဆန်းချွယ် ပြောလေသည် “ပြီးတော့ ဒီမှာလူတွေပိုများတယ်၊ ခင်ဗျားတို့မှာ ကိုယ့်လူကိုယ်ရှိတယ်ဆို ပေမဲ့ သူတို့ကမြန်မြန်မလာနိုင်ဘူးထင်တယ်”

“အမှန်ပဲ” ဟုန်ယိ ပြောလေသည် “ဆရာတို့ကဒီမှာမရှိတော့ သူတို့က အဲလူတွေရဲ့အမိန့်ကိုနာခံရမှာပဲ”

“ဒါဆိုကျွန်မတို့မဝင်ရဘူးလား” ကျန်းမန့်မေးလေသည်။

“ဝင်ဖို့နည်းလမ်းစဉ်းစားရမယ်” ဂေါင်ဂျီဟုန် ပြောလေသည် “ငါတို့ဝင် သွားနိုင်ရင်တော့ အကုန်လုံးရဲ့ရှေ့မှာ သူတို့မငြင်းရဲပါဘူး”

“ဒါဆိုရင် ဝင်နိုင်ရင်ဖြစ်ပြီ” ကျန်းဖေပြောလေသည် “ပြီးတော့ ဒီနေရာ မှာ လှုပ်လှုပ်ရှားရှားဖြစ်မှာကို ကြိုတွေးပြီးအဲလူတွေကပြင်ဆင်ထားမှာပဲ”

“ဖြောင့်မတ်တဲ့ သူလျှိုဆိုတာနည်းပါတယ် သူတို့ကိုရှင်းဖို့ကမခက်ဘူး” ရှားကျောင်ထျန် ပြောလေသည်။

“ဒါပေမဲ့ တစ်ယောက်ချင်းစီရှင်းပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

“ဒါဆိုရင် ခိုးဝင်သွားလို့ရတယ်”

“အဲဒါလည်းမဖြစ်နိုင်ဘူး” ကျောင်ရှန်းချီ ပြောလေသည် “တိမ်ပင်လယ် မြို့ကို အဲလောက်လွယ်လွယ်နဲ့ခိုးဝင်လို့ရရင် ထူးခြားဆန်းပြားတဲ့မြို့တော်လို့ မခေါ်တော့ဘူး”

“ထူးခြားဆန်းပြားတဲ့မြို့တော်ဟုတ်လား” ရှီမာယူယူသည် သူမထက် သူအနည်းငယ် ပိုသိလိုသိငြား ဝူလင်းယူအားကြည့်လိုက်သည်။

“တိမ်ပင်လယ်မြို့တော်က အဂ္ဂိရတ်ပညာရှင်အသင်းနဲ့ ဆေးအဖွဲ့ခွဲတွေ ရှိတဲ့မြို့ဆိုတာကို လူအများသိကြတယ်၊ ဒါပေမဲ့ ဘယ်နေရာမှာရှိလဲဆိုတာကို သူတို့မသိကြဘူး” ဝူလင်းယူ ပြောလေသည် “ပုံမှန်ဆိုရင် အဲနေရာကိုဝင်ဖို့က မဖြစ်နိုင်ဘူး၊ ဒီမှာ လုံခြုံရေးတည်ဆောက်မှုနဲ့ ဝိညာဉ်အတားအဆီးတွေရှိ တယ်၊ သူတို့က တည်ဆောက်မှုသခင်အသင်းနဲ့လည်း ရင်းနှီးတယ်ဆိုတာ မင်းလည်းသိတာပဲ”

“ကျွန်တော်တို့ခိုးဝင်ချင်တယ်ဆိုရင်ရော” ရှီမာယူယူ မေးလိုက်သည်။

“မေးစရာကိုမလိုတာ ပေါ်သွားမှာပဲ”

“ဘယ်အင်အားကြီးက ဘယ်သူမဆိုလား”

“ဧကရာဇ်တစ်ယောက်ဆိုရင်တောင် အသုံးမဝင်ဘူး” ဝူလင်းယူ ပခုံး တွန့်လေသည်။

“….”

အဓိပ္ပာယ်မရှိလိုက်တာ။ ဒီအချိန်တွေမှာ ဧကရာဇ်တစ်ပါးဆိုတာရော ရှိခဲ့လို့လား။

သူမသည် ဝူလင်းယူအားစိုက်ကြည့်ပြီး သူမကို စိုက်ကြည့်နေသော မုန့်ဆန်းချွယ်ဘက်သို့လှည့် ကြည့်လိုက်သည်။

“ဒါရိုက်တာမုန့် ကျွန်တော့်ကိုဘာလို့အဲလိုကြည့်နေတာလဲ” သူမ လည်တိုင်သည် အနည်းငယ်ပုဝင်သွားသည်။

“မင်းမှာ ခိုးဝင်ဖို့နည်းလမ်းရှိတယ်မလား”

“….”

၁၀မိနစ်ကျော်ကြာပြီးနောက်တွင် သူတို့သည် တိမ်တိုက်များကိုဖြတ် ကာ မြို့တံတိုင်းအောက်သို့ရောက်လေသည်။ အခုချိန်တွင်တော့ ပင်လယ် ကြယ်နန်းတော်မှလူများနှင့် ကျောင်းမှလူများဖြစ်ကြလေသည်။

“ကျွန်မတို့ကဒီအတိုင်းဝင်သွားမှာ ဒါပေမဲ့ ဥက္ကဌနဲ့ တခြားသူတွေက ရော” ကျန်းမန့်မေးလိုက်သည်။

“အချိန်ရောက်ရင်သိလိမ့်မယ်” မုန့်ဆန်းချွယ် ပြောလေသည် “အခု မြို့ ထဲဝင်ရအောင်”

သူတို့သည် မြို့တံခါးကိုလာရာ စောင့်ကြပ်နေသောအစောင့်များသည် သူတို့ကို အမြန်ပင်သတိပြုမိလေသည်။

“ဘယ်သူလဲ”

“ငါတို့ပြန်လာတာ” မုန့်ဆန်းချွယ် ပြန်ဖြေလေသည် “၁၀ရက်လောက် ကြာသွားတာနဲ့ ငါတို့ကိုမမှတ်မိတော့ဘူးလို့တော့မပြောနဲ့နော်”

“ဖိတ်စာ”

မုန့်ဆန်းချွယ်သည် ဖိတ်စာဖွင့်လိုက်ရာ တံဆိပ်ပေါ်လာသည်။

“တံခါးဖွင့်”

မြို့တံခါးသည် ဖြေးညင်းစွာပွင့်သွားရာ မုန့်ဆန်းချွယ်တို့အဖွဲ့သည် လမ်းလျှောက်ဝင်လိုက်ကြသည်။ ပြီးနောက်တွင် မြို့တံခါးသည် ချက်ချင်းပင် ပိတ်သွားလေသည်။

“အဲလူတွေပြန်လာပြီလို့ ဥက္ကဌနဲ့ တခြားသူတွေကို သတင်းသွားပို့လိုက်” အစောင့်ခေါင်းဆောင်သည် သူ့လူတစ်ယောက်ကိုအမိန့်ပေးလေသည်။

“ဟုတ်ကဲ့ပါ” ထိုအစောင့်သည် အမိန့်ရပြီးနောက် ထွက်သွားလေ သည်။

“အဲလူတွေအသက်ရှင်လျက်ပြန်လာမယ်လို့ မထင်ထားဘူး ဆိုလိုတာ က အစီအစဉ်အပြောင်းအလဲရှိတာလား….”

မုန့်ဆန်းချွယ်၊ ကျန်းဖေနှင့် တခြားသူများသည် ဆေးအဖွဲ့ခွဲသို့ထွက် သွားချိန်တွင် ရှီမာယူယူနှင့် ဟန့်မြောင်ရွှမ်တို့သည် တည်းခိုဆောင်သို့ပြန်ကြ လေသည်။

“ပြန်လာပြီလား ဒီ့ထက်နောက်ကျရင် စိတ်ပူလို့သေတော့မယ်” ဖုရှောင် တိုင်သည် နောက်ထပ်မိန်းကလေးအဂ္ဂိရတ်ပညာရှင်ဖြစ်ကာ ရှီမာယူယူနှင့် ဟန့်မြောင်ရွှမ်တို့ပြန်လာသည်ကို မြင်သောအခါ ကြိုဆိုလေသည်။

တခြားကျောင်းသားများနှင့် ဆရာများလည်းသူတို့ကိုတွေ့သောအခါ ဆင်းလာကြလေသည်။

“ဘာဖြစ်လို့လဲ” ရှီမာယူယူသည် သူတို့မျက်နှာမှစိုးရိမ်မှုများကိုမြင် သောအခါ မေးလိုက်သည် “တစ်ခုခုဖြစ်လို့လား”

“ပြဿနာတက်တာ ငါတို့မဟုတ်ဘူး မင်းတို့ကိုအပြင်လွှတ်တယ်လို့ ကြားတယ် အပြင်သွားတဲ့တချို့လူတွေဆို သွားပြီးပြန်တောင်မလာသေးဘူး” ဖုရှောင်တိုင် ပြောလေသည် “မင်းတို့ရက်တွေအများကြီးထွက်သွားတာလေ မင်းတို့ပြန်မလာမှာကိုစိုးရိမ်နေကြတာ”

“အဲဒါကို ဘယ်သူ့ဆီကကြားတာလဲ” ရှီမာယူယူ မေးလိုက်သည်။

သူမသည် ထိုကိစ္စကို တခြားကျောင်းသားများကိုမပြောပြခဲ့ပေ။ ဆေး အဖွဲ့ခွဲနှင့် အဂ္ဂိရတ်ပညာရှင်အသင်းမှလူများလည်း ပြောမည်မဟုတ်ပေ။ သို့သော် သူတို့သိနေသည်။

“ငါတို့မသွားခင်ကို အစိမ်းရောင်ဝတ်ထားတဲ့ မိန်းကလေးနဲ့ သူတို့ လူတွေပြောတာကြားလိုက်တာ” ဖုရှောင်တိုင် ပြောလေသည်။

“သူမက ဘယ်သူလဲ”

“ကြည့်ရတာ အသင်းကသခင်မလေးထင်တယ်” ဖုရှောင်တိုင် ပြန်ဖြေ လေသည် “ငါတို့ပြိုင်ပွဲဝင်ခွင့်ကို ဖျက်မယ်လို့ဆိုပြီး သူမအဘိုးကို ပြော မယ်လို့ပြောတယ်”

“ပြိုင်ပွဲဝင်ခွင့်ကို ဖျက်မယ့်အဘိုးလား… ကြည့်ရတာ သူ့သြဇာက ကြီး တဲ့ပုံပဲ” ရှီမာယူယူ ပြောလိုက်သည် “သူမနားရွက်ကိုဘယ်လိုတံတွေးဆွတ် လိုက်လို့လဲ”

သူတို့သည် အဆက်အသွယ်မရှိသော်လည်း ထိုစကားကိုကြားရသည် မှာ သူမသည် မည်သို့မိန်းကလေးဖြစ်သည်ကို တွေးကြည့်၍ရသည်။

“အကုန်လုံးကငါ့အမှားတွေပါ ငါနဲ့ သူမနဲ့က ဆေးဖက်ဝင်အပင် မျက်စိကျတာသွားတူနေတာ ပြီတော့ ရန်ပွဲဖြစ်သွားတာပဲ” ဖုရှောင်တိုင် ပြော လေသည်။

“အခု ဒါရိုက်တာမုန့်ပြန်လာပြီပဲ ပြဿနာမဖြစ်နိုင်ပါဘူး” ရှီမာယူယူ ပြောလေသည် “အဲသခင်မလေးဘာပဲဖြစ်ဖြစ် စိတ်ထဲထားဖို့မလိုပါဘူး”

“ဒါရိုက်တာမုန့်ရော” ဆရာတစ်ယောက် မေးလေသည်။

“သူက ဆေးအဖွဲ့ခွဲသွားတယ်၊ ခဏနေရင်ပြန်လာမှာပါ” ရှီမာယူယူ သည် ပြောပြီးနောက် သူမဘေးတွင်ထိုင်နေသော ဝူလင်းယူဘက်သို့လှည့် လိုက်သည် “ကျွန်တော် အစ်ကို့အခန်းကိုလိုက်ပို့မယ်”

“မလိုဘူး ကိုယ်မင်းအခန်းမှာနေမယ်” ဝူလင်းယူ ပြောလေသည်။

“မရဘူး”

“မဖြစ်ဘူး”

ကန့်ကွက်သောအသံနှစ်သံသည် တစ်ချိန်တည်းထွက်လာကာ တစ်ယောက်မှာ ရှီမာယူယူဖြစ်ပြီး နောက်တစ်ယောက်မှာ ရှောင်ချီဖြစ်သည်။

“ရှောင်ချီက ယူယူနဲ့နေမှာ ဘာလို့အစ်ကိုကဝင်နေမှာလဲ” ရှောင်ချီ သည် လက်နှစ်ဖက်ကိုခါးတွင်ထောက်ထားကာ စူးရှသောအသံဖြင့် အော် လေသည်။

“မင်းက မိန်းကလေးလေ မိန်းကလေးက မိန်းကလေးတွေနဲ့ပဲနေသင့် တယ် မင်းရဲ့စီနီယာအစ်မနဲ့သွားနေလိုက်” ဝူလင်းယူ ပြောလေသည်။

“အခန်းတွေဒီလောက်များနေတာ အစ်ကို့ဘာသာသွားနေ” ရှီမာယူယူ ဆန့်ကျင်နေတုန်းပင်။

“အခန်းလွတ်မရှိတော့ဘူး” ဝူလင်းယူသည် အပြစ်ကင်းသလိုဖြေလေ သည်။

“ဘယ်လိုလုပ်သိလဲ”

“ခန့်မှန်းလိုက်တာလေ မယုံရင် ဆိုင်ရှင်ကိုမေးကြည့်လိုက်”

ရှီမာယူယူသည် ဝူလင်းယူကိုကြည့်ပြီး ကောင်တာအနောက်ကိုကြည့် လိုက်သည်။

ဆိုင်ရှင်သည် လူအားလုံးသူ့ကိုကြည့်သည်ကိုမြင်ပြီး ဝူလင်းယူသည် လက်မှလက်စွပ်လှည့်လိုက်သည်ကိုမြင်သောအခါ သွားဖြဲပြီးပြောလေသည် “ကျွန်တော်တောင်းပန်ပါတယ် ဒီမှာအခန်းလွတ်မရှိတော့ပါဘူး”

“အခန်းလွတ်မရှိတော့ဘူးလား ခုနက နည်းနည်းရှိသေးတယ်လို့ပြော လိုက်တယ်မလား၊ ခုနက ခင်ဗျားစားပွဲထိုးကိုပြောတာကြားလိုက်ပါတယ်” ဖုရှောင်တိုင်သည် နားမလည်နိုင်စွာပြောလေသည်။

“အဲဒါက လူတစ်ယောက်ယူသွားပြီ” ဆိုင်ရှင်ပြောလေသည် “အဲတော့ အခုအခန်းလွတ်မရှိတော့ဘူး၊ ဒီမှာနေချင်ရင်တော့ ကိုယ့်ဘာသာကြံဖန်လိုက် တော့”

ရှီမာယူယူသည် ဝူလင်းယူအားကြည့်လိုက်ရာ သူမှန်သည်ဟူသည့် အမူအရာနှင့် မျက်နှာမှအပြုံးကိုမြင်သောအခါ စိတ်တိုမိလေသည်။

***

All Chapters