← Chapters

ပြဿနာကတံခါးလာခေါက်တယ်

Vol. 010 Ch. 989

ပြဿနာကတံခါးလာခေါက်တယ်

Vol. 010 Ch. 989

အဆုံးသတ်ကိုတော့ပြောစရာပင်မလိုပေ။ ရှောင်ချီသည် ဟန့်မြောင်ရွှမ် ၏ အခန်းသို့အပို့ခံလိုက်ရပြီး ဝူလင်းယူသည်အောင်မြင်စွာပင် ရာထူးတက် သွားလေသည်။

ရာထူးတက်သွားသည်ဟု ရှီမာယူယူ တွေးလိုက်သည်နှင့် တုန်ယင် သွားသည်။

ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့နှစ်ယောက်လုံးသည် ရှီမာယူယူ အခန်းနောက်လိုက်သွားကြသည်။ တံခါးပိတ်လိုက်သည်နှင့် နှစ်ယောက် သား ဝူလင်းယူကိုစိုက်ကြည့်လေသည်။

“သူက ဘယ်သူလဲ” ဟန့်မြောင်ရွှမ် မေးလေသည်။

သူတို့၏ ဂျူနီယာညီမလေး အလိမ်မခံရရေးအတွက် သူတို့ ထိုလူကို အသေးစိတ်စစ်ဆေးကြည့်ရမည်။

သူတို့က သူမအတွက် ဂိတ်စောင့်ဖြစ်ပေးရမယ်။

ရှီမာယူယူသည် ဝူလင်းယူ၏ သရုပ်မှန်ကို ပြောသင့်မပြောသင့်ကို မေး သည့်အနေနှင့် ဝူလင်းယူအား ကြည့်လိုက်သည်။

ဝူလင်းယူသည် ချက်ချင်းပင် သူ၏ ထင်ယောင်ထင်မှား တည်ဆောက်မှု ကိုပိတ်လိုက်ရာ သူ၏ မူလပုံစံအဖြစ်ရောက်သွားသည်။

“ရှင် ရှင်က ဝူလင်းယူလား” ဟန့်မြောင်ရွှမ်သည် ဝူလင်းယူကိုမြင်လိုက် ချိန်တွင် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

သူမ လူမမှားတာတော့ မှန်တယ်မလား။ မဟုတ်ရင် သူမရှေ့မှာ တံလျှပ် မပေါ်လာဘူးလေ။ ဂျူနီယာညီမလေးရဲ့ ချစ်သူက တကယ်ပဲ ပညာရှိစံအိမ် တော်ရဲ့ မြင့်မြတ်သောသားတော်လား။

“ဟန်မဆောင်တော့ပဲ ဝန်ခံပါတယ်” ဝူလင်းယူ လျှောက်သွားပြီး ရှီမာယူယူကို ဖက်လိုက်သည် “ခင်ဗျားတို့ သူမကိုလုပ်ပေးတာတွေကို ကျွန်တော့်ရဲ့ယူယူက ပြောပါတယ် ကျေးဇူးတင်ပါတယ်”

ရှီမာယူယူ မျက်ခုံးပင့်တက်သွားသည်။ ဒီလူရဲ့ မြင့်မြတ်သောသားတော် ကိုယ်နေဟန်ထားက ထပ်ထွက်လာပြန်ပြီ။

“အာ အဲဒါက… ကျေးဇူးတင်ဖို့မလိုပါဘူး သူမက ကျွန်မတို့ရဲ့ ဂျူနီယာ ညီမလေးပဲကို” ဟန့်မြောင်ရွှမ်သည် အနည်းငယ်တွန့်သွားသည်။

“စီနီယာအစ်မ အဲလောက်ကြီးချဲ့ကားစရာမလိုပါဘူး” ရှီမာယူယူသည် နှဖူးတွင် အရေများတွန့်နေသော သူမကိုကြည့်လိုက်သည်။

“မင်းမသိလို့ သူက သူမ ချီးကျူးဖူးတဲ့ တစ်ဦးတည်းသော ယောက်ျား လေးပဲ” စူးရှောင်ရှောင်ပြောလေသည် “အခု သူက သူမရှေ့ကိုရုတ်တရက် ပေါ်လာတော့ သူမက သေချာပေါက် စကားတွေပျောက်ဆုံးသွားပြီပေါ့”

ရှီမာယူယူ၏ မျက်လုံးပြူးကျယ်သွားပြီး ဟန့်မြောင်ရွှမ်အား မယုံကြည် စွာကြည့်လိုက်သည်။

ဝူလင်းယူ၏ ဟန်ဆောင်မှုကို သူမ တကယ်ပဲချီးကျူးခဲ့တာလား။ အဲဒါ က သူ့ရဲ့အသွင်ပြောင်းတဲ့အရည်အချင်းကပဲ ကောင်းလွန်းနေတာလား မဟုတ်ရင် သူမကပဲ အလွယ်တကူ အလိမ်ခံတတ်လို့လား။

“ဒါပေမဲ့ ဂျူနီယာညီမလေး မင်းက ပညာရှိစံအိမ်တော်နဲ့  ပဋိပက္ခရှိတယ် မလား” ပညာရှိစံအိမ်တော်နှင့် ရန်ငြိုးရှိကြောင်း ရှီမာယူယူ တစ်ခါပြော သည်ကို ကြားဖူးသဖြင့် ဟန့်မြောင်ရွှမ်သတိရသွားသည်။

“ဒါပေမဲ့ သူက ကျွန်တော့်ရဲ့ စီနီယာအစ်ကိုလည်းဖြစ်တယ်” ရှီမာယူယူ ပြောလိုက်သည် “ဘာပဲဖြစ်ဖြစ် ကျွန်တော်လုပ်ချင်တာကို သူမတားသရွေ့ တော့အဆင်ပြေတယ်လေ”

သူက သူမကို မတားတဲ့အပြင် ကူညီပေးလိုက်သေးတယ်။

“သြော် ကောင်းတာပေါ့” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “ဟူး ငါ့ ကောင်မလေးက သွေးဆောင်ခံရတယ်လို့ ငါ ဘာလို့ခံစားမိနေတာပါလိမ့်”

“….”

“ငါထင်တာ ငါ ဂျူနီယာညီမလေးနဲ့နေတာပိုကောင်းမယ်ထင်တယ် မင်း တို့နှစ်ယောက်တည်းနေတာမသင့်တော်ဘူး” ဟန့်မြောင်ရွှမ်သည် ရုတ်တရက် အကြံပေးလေသည်။

“အခု ခင်ဗျားဝင်လာတော့ တကယ်ပဲ ယောက်ျားလေးနဲ့ မိန်းကလေး လာတယ်လို့ထင်ရတယ်” ဝူလင်းယူ ပြောလိုက်သ်ည။

“….”

“အဲဒါဆိုလည်း ကောင်းပြီလေ ဂျူနီယာညီမလေး မင်း….”

“ဘုန်း”

ဟန့်မြောင်ရွှမ်၏ စကားပင်မဆုံးလိုက် အောက်ထပ်မှ ပေါက်ကွဲသံထွက် လာပြီးနောက် အဂ္ဂိရတ်ပညာရှင်အသင်းမှ ကျောင်းသားများ၏ အော်သံ ထွက်လာသည်။

“အောက်ဆင်းပြီး ကြည့်ရအောင်”

ရှီမာယူယူသည် ပြောရင်းနှင့် အောက်ထပ်သို့ ပြေးဆင်းလေသည်။ ဟန့်မြောင်ရွှမ်နှင့် တခြားသူများလည်း သူမနောက်လိုက်သွားကြသည်။

တည်းခိုဆောင်၏ ဧည့်ခန်းမှစားပွဲသည် ကျိုးပဲ့နေကာ ကျောင်းမှ ကျောင်းသားနှစ်ယောက်သည် ရင်ဘတ်ကိုကိုင်ကာ ကြမ်းပေါ်တွင်လဲကျနေ ပြီး ညည်းတွားနေသည်။

တခြားသူများသည် ဧည့်ခန်းအလယ်တွင်ရပ်ကာ ဖုရှောင်တိုင်ကို အလယ်တွင်ဝိုင်းထားကြသည်။

အဂ္ဂိရတ်ပညာရှင်အသင်း၏ အစောင့်များသည် အပြင်ဝင်ပေါက်တွင် ရှိ နေကြသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက်လက်များ ဆုပ်ကိုင် ထားပြီး ကျောင်းသားများကို ဝိုင်းထားကြသည်။ အစိမ်းရောင်ဝတ်ထားသော မိန်းကလေးသည် အရှေ့တွင်ရပ်ကာ ရှည်လျားသော ကြာပွတ်ကိုကိုင်ထား သည်။

“ဟင်း ငါအရင်ကပြောဖူးတယ်မလား မင်းတို့ဒီမြို့မှာရှိနေသရွေ့ကို လွတ်ဖို့လမ်းမရှိပါဘူးလို့” ကျန်လွီအာသည် ဖုရှောင်တိုင်အား အထင်သေး စွာကြည့်ပြီး လက်ထဲမှကြာပွတ်ကိုဆွဲလိုက်သည်။

ဖုရှောင်တိုင်သည် ကျောင်းသားများကို ဖြတ်ကျော်ပြီး အရှေ့သို့သွား ကာ ကျန်လွီအာနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူမသည် အေးစက်သော အသံဖြင့်ပြောလေသည် “ဆေးဖက်ဝင်အပင်ကို ငါအရင်ရွေးထားတာ.. ပြီးတော့ မင်းအတင်းလုယူသွားတာကိုလည်း ငါလျစ်လျူရှုခဲ့တယ် အခု မင်း က ငါတို့ကိုတောင်ရိုက်နေပြီ မင်းကအကျိုးအကြောင်းမသင့်ပဲ ကြမ်းတမ်း တာပဲ”

“ငါက အကျိုးအကြောင့်မသင့်ပဲကြမ်းတမ်းတော့ဘာဖြစ်လဲ” ကျန်လွီအာသည် နတ်ဆိုးကဲ့သို့ပြုံးလိုက်ပြီး “ငါ့မှာအဲလိုလုပ်ဖို့ အင်အားရှိ တယ်၊ မင်းမှာရှိလား မင်းမှာရှိရင်လည်း အဲလိုလုပ်လိုက်လေ”

“မင်း….” ဖုရှောင်တိုင်သည် သူမ၏ အရှက်ကင်းမဲ့ပုံကို ဒေါသဖြစ်သွား သဖြင့် ဘာစကားမှထွက်မလာတော့ပေ “မင်းဘာလိုချင်တာလဲ”

“ရှင်းပါတယ် ဒီသခင်မလေးကိုဒူးထောက်ပြီးတော့ မင်းမှားတာကိုဝန်ခံ လိုက်၊ မင်းက ဒီသခင်မလေးကို မဆန့်ကျင်ခဲ့သင့်ဘူး နောက်တစ်ခါ ဒီ သခင် မလေးကိုတွေ့ရင် မင်းရဲ့ကြီးဒေါ်ကိုတွေ့သလိုမျိုး နှုတ်ဆက်ရမယ်၊ ဒါဆိုရင် မင်းကို ငါသက်ညှာပေးမယ်” ကျန်လွီအာ ပြောလေသည်။

“ဆုတောင်းနေလိုက်” ဖုရှောင်တိုင်သည် ချက်ချင်းပင် ငြင်းဆန်လိုက် သည်။ ဒီလိုလူမျိုးကို ဒူးထောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

“မလုပ်ချင်ဘူးလား ဒါဆိုရင် လုပ်ချင်တဲ့အထိ ရိုက်ပေးရမှာပေါ့” ကျန်လွီအာသည် ပြောရင်းနှင့် လက်ထဲမှကြာပွတ်ကို ဖုရှောင်တိုင်ဆီသို့ ဝေ့ရမ်းလိုက်လေသည်။

“ဂျူနီယာအစ်မ ဘေးကိုရှောင်လိုက်” ကျောင်းမှကျောင်းသားများသည် ဖုရှောင်တိုင်အား ဘေးသို့ဆွဲလိုက်ရာ ကပ်သီလေးရှောင်လိုက်နိုင်သည်။

ကျန်လွီအာသည် မရိုက်လိုက်နိုင်သဖြင့် ဘေးမှအစောင့်များကို ပြော လိုက်သည် “အဲလူတွေကို ဖမ်းလိုက်”

“ဟုတ်ကဲ့ပါ သခင်မလေး”

ကျောင်းမှ ကျောင်းသားများသည် အဂ္ဂိရတ်ပညာရှင်များဖြစ်ကြသည်။ သူတို့၏ စွမ်းအားသည် အစကပင် တခြားသူများထက် နည်းသည်။ အခု သူတို့သည် အစောင့်များနှင့် တိုက်ခိုက်ရာ ပြိုင်ဘက်မဖြစ်နိုင်ပေ။ သူတို့သည် ဖိအားပေးလိုက်ရာ ကျောင်းသားများမလှုပ်နိုင်ဖြစ်သွားလေသည်။

“ဟင်း အခု မင်းတို့ဘယ်ပြေးမလဲကြည့်ကြတာပေါ့” ကျန်လွီအာသည် အေးစက်စွာဖြင့် မဲ့ပြုံးပြုံးလိုက်ပြီး ကြာပွတ်ကိုဆက်ပြီး ရမ်းလေသည်။

ဖုရှောင်တိုင်သည်လည်း သူမ၏လက်နက်ကိုထုတ်ပြီး ရှေ့ထွက်လေ သည်။ သို့သော် စွမ်းအားမမျှတသဖြင့် အချိန်တိုအတွင်း၌ပင် မရှုမလှဖြစ်သွား သည်။

ရှီမာယူယူသည် အောက်မှမြင်ကွင်းကိုအပေါ်မှကြည့်ပြီး ပြောလိုက် သည် “အဲစည်းမရှိတဲ့ သခင်မလေးတွေက ဘာလို့ကြာပွတ်ကို ကြိုက်ကြမှန်း ငါနားကိုမလည်နိုင်ဘူး၊ ကြာပွတ်တွေကပဲ သူတို့ရဲ့ သောင်းကျန်းမှုကို ထောက်ပံ့နေလို့များလား”

“အဲလိုဖြစ်နိုင်တယ်” ဟန့်မြောင်ရွှမ် ပြောလေသည် “ငါကတော့ ကြာပွတ်သုံးတဲ့သူတွေကို အမုန်းဆုံးပဲ”

“ရှောင်ချီရောပဲ” ရှောင်ချီ ပြောလိုက်သည် “ဟင်း ရှောင်ချီကို ကြည့်နေ လိုက်”

ရှောင်ချီသည် ပြောရင်းနှင့် ခုန်ဆင်းသွားသည်။

“သူမကို မသတ်နဲ့နော်” ရှီမာယူယူသည် သူမကို အော်လိုက်သည်။

ဖုရှောင်တိုင်သည် နံရံကိုမှီထားပြီး ကျန်လွီအာမှ သူမမျက်နှာကို ဓားဖြင့် မွှမ်းမည်ကို စောင့်နေချိန်တွင် ရှောင်ချီ၏ အော်သံကိုကြားလိုက်ရသည်။

“ရုပ်ဆိုးလိုက်တဲ့ ကြာပွတ်ကို ဟန်နဲ့ပန်နဲ့ ထုတ်ပြနေသေးတယ်”

ရှောင်ချီသည် စကားဆုံးသည်နှင့် ကြာပွတ်ကို ဆောင့်ဆွဲလိုက်သည်။ ကြာပွတ်တစ်ခုလုံးသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားလေသည်။

“ရှောင်ချီရဲ့ခန္ဓာကိုယ်က ဝိညာဉ်သားရဲတစ်ကောင်ကို ယှဉ်နိုင်တယ်” ဟန့်မြောင်ရွှမ်သည် တက်တစ်ချက်ခေါက်ရင်း ရှောင်ချီသည် လက်ဗလာဖြင့် ဝိညာဉ်လက်နက်တစ်ခုကို ဖျက်ဆီးလိုက်သည်ကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ ဖြင့် ရေရွတ်လိုက်သည်။

ရှောင်ချီသည် သူမနှင့် တူသည်ဟု ရှီမာယူယူခံစားရသည်။ အရင်က သူမသည် တခြားတစ်ယောက်၏ ကြာပွတ်ကိုဖျက်ဆီးခဲ့ဖူးပြီး အခု သူမသည် ထိုအတိုင်းပင်ပြုလုပ်နေသည်။

ကျန်လွီအာသည် တုန့်ပြန်ချိန်ပင်မရလိုက်ပဲ သူမ၏ ဝိညာဉ်လက်နက် သည် ဖျက်ဆီးခံလိုက်ရသည်။ အထူးသဖြင့် တစ်ဖက်လူမှာ ကလေးတစ် ယောက်ဖြစ်နေသည်။ သူမသည် ရုတ်တရက် ကြောင်သွားပြီးမှ ကျယ်လောင် စွာအော်လိုက်သည် “မင်းက ဘယ်သူလဲ”

“ငါက မင်းရဲ့ ကြီးဒေါ်ပဲ” ရှောင်ချီသည် ပြောပြီးသည်နှင့် သူမ ဝမ်းဗိုက် ဆီသို့ကန်လိုက်ရာ သူမသည် စားပွဲဆီသို့လွှင့်သွားပြီး စားပွဲမှာကျိုးသွား သည်။ စားပွဲကျိုးပဲ့သွားခြင်းသည် အစောပိုင်းက ဂိုဏ်းမှကျောင်းသားများတွင် ဖြစ်ပျက်သကဲ့သို့ဖြစ်လေသည်။

“သခင်မလေး”

အဂ္ဂိရတ်ပညာရှင်အသင်းမှ အစောင့်များ ပျာယာခတ်သွားကြသည်။ ကျန်လွီအာသည် သူတို့ရှေ့တွင်ပင် အရိုက်ခံလိုက်ရသည်။ ဒီသတင်းသာ ထွက်သွားရင် သူတို့ဂုဏ်သတင်းကဘယ်လိုဖြစ်သွားမှာလဲ။ သူတို့ပြန်သွား ရင် သေချာပေါက် အပြစ်ပေးခံရတော့မှာပဲ။

ရှောင်ချီသည် ကလေးတစ်ယောက်ဖြစ်သည်ကို သူတို့ ဂရုမစိုက်တော့ ပဲ ရှောင်ချီတစ်ယောက်တည်းကို အားလုံးပေါင်းပြီးတိုက်ကြလေသည်။

“ဟင်း”

ရှောင်ချီ၏ အရိပ်သည် ဖျတ်လပ်ကာ အားလုံးသည် မူးဝေသွားသလို ခံစားရပြီး ထိုအစောင့်များသည် လမ်းပေါ်သို့လွင့်သွားကြလေသည်။

“အာ…”

“အား…”

အစောင့်များသည် မြေပေါ်သို့ ကြမ်းတမ်းစွာကျသွားသဖြင့် အော်ကြ လေသည်။

လမ်းပေါ်မှလူများသည် ရုတ်တရက် လှုပ်ခတ်သွားမှုကြောင့် လန့်သွား ကြပြီး အနီးကပ်လာကြည့်ရာ အဂ္ဂိရတ်ပညာရှင်အသင်းမှ လူများအရိုက်ခံ ထားရသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ဘေးတွင်ပုန်းကာ လှုပ်ရှားမှု များကို စောင့်ကြည့်ကြလေသည်။

တိမ်ပင်လယ်မြို့တော်၏ အဂ္ဂိရတ်ပညာရှင်အသင်းသည် အရင်က တစ်ခါမှ အရိုက်မခံရဖူးပေ။ အဲလူတွေက အခုတော့လုပ်လိုက်ပြီပဲ။ အခြေအနေကို မသိတဲ့လူတွေက ဘယ်သူတွေဖြစ်မလဲဟု သူတို့သိချင်နေ ကြသည်။

***

All Chapters