← Chapters

ယူယူ၏ လှုပ်ရှားမှု

Vol. 010 Ch. 990

ယူယူ၏ လှုပ်ရှားမှု

Vol. 010 Ch. 990

ပွဲကြည့်ပရိသတ်များ၏ အမြင်တွင် အဂ္ဂိရတ်ညာရှင်အသင်းမှလူကို ရိုက် ခြင်းသည် ကျားမြီးဆွဲသလို ကိုယ့်သေတွင်းကိုယ်တူူးခြင်းဖြစ်သည်။

ဒီလိုမဖြစ်ခဲ့တာ ဘယ်နနှစ်တောင်ကြာနေပြီလဲ။ အနည်းဆုံးတော့ သူတို့ အရင်က ကြုံဖူးသည့်သူမရှိပေ။

“မင်းတို့ သတ္တိရှိလှချည်လား ငါတို့အဂ္ဂိရတ်ပညာရှင်အသင်းကလူကို တောင်ရိုက်ရဲတယ်” အစောင့်ခေါင်းဆောင်သည် ထရပ်ရင်း ဖုရှောင်တိုင်ကို အော်လေသည်။

“ဟင်း ဒီကြီးဒေါ်ကြီးက မင်းတို့ကိုရိုက်လိုက်တာ” ရှောင်ချီသည် တည်းခိုဆောင်မှ ခုန်ထွက်လာပြီး ခါးထောက်ကာ သူတို့ကို မျက်နှာချင်းဆိုင် လိုက်သည်။

“မင်းတို့ ကောင်းကင်ဂိုဏ်းက ကျောင်းသားတွေက ဒီနေရာကို ကောင်းကင်ဂိုဏ်းလို့ထင်နေတာလား” ကျန်လွီအာသည် မတ်တပ်ရပ်ကာ “ဟင်း မင်းတို့စောင့်ကြည့်နေ မင်းတို့အားလုံးကို ငရဲကိုပို့ပေးမယ်”

“ငါတို့ သေတာမသေတာထက် မင်းမှာ အဲလိုပြောဖို့အရည်အချင်းမရှိ ဘူး၊ ငါသိတာတစ်ခုပဲရှိတယ် မင်းမနိုင်ရင်တော့ သေမှာပဲ” ရှောင်ချီ ပြော လိုက်သည်။

ရှီမာယူယူသည် အထဲမှထွက်လာပြီး ရှောင်ချီဘေးတွင် ရပ်ကာ ထို အဂ္ဂိရတ်ပညာရှင်အသင်းမှလူများကိုကြည့်ပြီး ပြောလိုက်သည် “ငါတို့ဒီမှာပဲရှိ မယ်၊ အဂ္ဂိရတ်ပညာရှင်အသင်းက အကျိုးအကြောင်းမဆီလျော်ပဲ ငါတို့်ကို အပြစ်ပေးချင်ရင်တော့ ဒီမှာပဲစောင့်နေမယ်”

“မင်းကဘယ်သူလဲ” ကျန်လွီအာသည် ရှီမာယူယူအား ကြည့်လိုက် သည်။ အစောပိုင်းက သူမကိုမမြင်မိပေ။ သို့သော် ရှောင်ချီ သူမကိုကြည့် သည့် အကြည့်အရ သူမသည် ထိုနေရာ၏ ပြောရေးဆိုခွင့်ရှိသူနှင့် တူသည်။

ဒါဆိုရင် ဒီနောက်လိုက်ကောင်မလေးက သူတို့လူကိုရိုက်လိုက်တာပေါ့။ အကုန်လုံးက ဒီလူက မြှောက်ပေးတာပေါ့။

“ငါလား” ရှီမာယူယူသည် နတ်ဆိုးကဲ့သို့ပြုံးလိုက်သည် “ကောင်းကင် ဂိုဏ်းက ရှီမာယူယူပဲ သေချာရှင်းအောင်မှတ်ထားလိုက်”

“ဟင်း ငါ မင်းကိုမှတ်ထားမယ် စောင့်ကြည့်နေလိုက် သွားမယ်” ကျန်လွီအာသည် သူမလူများကို ဦးဆောင်ကာ ထွက်သွားလေသည်။

ဝိုင်းကြည့်နေသော လူအုပ်သည် အဂ္ဂိရတ်ပညာရှင်အသင်းမှလူများ မှောင်မိုက်စွာထွက်သွားသည်ကို ကြည့်ပြီး အလွန်သိချင်နေမိသည်။

အရင်ကဆိုလျှင် သူတို့သည် လွှမ်းမိုးပြီး ဗိုလ်ကျကြသည်။ သူတို့ ဘာလို့ အဲလောက်လွယ်လွယ်နဲ့ လက်လျော့သွားကြတာလဲ။

“ကောင်းကင်ဂိုဏ်းက ကျောင်းသားတွေက အဂ္ဂိရတ်ပညာရှင်အသင်း ကို ဒီနေ့ရန်စလိုက်ပြီ သူတို့ ဒီတစ်ခါတော့သွားပြီ”

“စောင့်ကြည့်ဦး သူတို့ လွယ်လွယ်နဲ့လက်လျော့မှာမဟုတ်ဘူး”

“ဟီး ဟီး ကြည့်ဖို့စိတ်ဝင်စားစရာတော့ တွေ့ပြီ”

“…..”

ထိုလူများထွက်သွားချိန်တွင် ပွဲကြည့်ပရိတ်သတ်များသည် နောက်လာ မည့်ပွဲကို စောင့်ကြည့်မည့်သူများနေသည်ကို သတိထားမိလိုက်ကြသည်။

ဖုရှောင်တိုင်သည် ရှီမာယူယူဘေးသို့လျှောက်သွားကာ ပြောလိုက် သည် “မင်းဒီလိုလုပ်ဖို့မလိုပါဘူး ဒီကိစ္စက ငါ့ဆီပဲလာတာ”

ကျန်လွီအာ၏ ထွက်မသွားခင်အကြည့်ကို သူမမြင်သောအခါ ကျန်လွီအာသည် ရှီမာယူယူ အသက်ရှင်သည်အထိ မျိုသိပ်ထားနိုင်မည် မဟုတ်သည်ကို သိလိုက်သည်။ အခု သူမဒီလိုထွက်သွားတာကို နောက်ကျ ရင် ရှီမာယူယူဆီကို သေချာပေါက် ပြဿနာလာရှာမှာပဲ။

“ရှောင်ချီလုပ်တာက ငါလုပ်ခဲ့တာနဲ့ သိပ်မကွာဘူး” ရှီမာယူယူ ပြော လိုက်သည် “ပြောရင်းနဲ့ ငါတို့အကုန်လုံးက တစ်ကျောင်းတည်းသားတွေပဲ မင်း အနိုင်ကျင့်ခံနေရတာကို ဘယ်လိုလုပ်ရပ်ကြည့်နေနိုင်မှာလဲ အဲဒါက ငါ တို့ကျောင်းရဲ့ အကျင့်မဟုတ်ဘူးလေ”

“ကျေးဇူးတင်ပါတယ်” ဖုရှောင်တိုင်သည် သူမအား ရင်ထဲထိစွာဖြင့် ကြည့်လေသည်။

“ကျေးဇူးတင်စရာမလိုပါဘူး ဒါရိုက်တာမုန့်လာရင် ဘယ်လိုနစ်နာမှုမျိုး ကိုမှ ခံစားခွင့်ပြုမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ကောင်းပြီ တခြားဒဏ်ရာရတဲ့သူတွေကို သွားကြည့်ရအောင်”

“အင်း”

ဖုရှောင်တိုင်သည် ခေါင်းညိတ်ပြီးလမ်းလျှောက်ကာ အစောပိုင်းက ဒဏ်ရာရထားသောကျောင်းသားများကို သွားကြည့်လေသည်။

“မင်းက ကျောင်းရဲ့ ကျောင်းသားတွေကိုကာကွယ်ခဲ့တယ်ဆိုတာ ကျောင်းအုပ်ယွမ်သိရင်တော့ သူပျော်မှာပဲ” ရှီမာယူယူသည် ရှောင်ချီ၏ ပခုံး ကိုဖက်ပြီး ပြောလေသည်။

ရှောင်ချီ ရယ်မောလိုက်သည်။

သူမ ထိုအချိန်အတွင်းတွင် ကျောင်းမှကျောင်းသားများကို ကာကွယ် ပေးမည်ဟု လောင်ယွမ်ကို ကတိပေးခဲ့သည်။ သူမ ကတိတည်သည်ဟု မှတ်ယူ၍ရသွားပြီ။

“ဝင်ရအောင်” ရှီမာယူယူသည် ရှောင်ချီကို ဖက်ကာ ပြန်ဝင်လေသည်။

အပေါ်ထပ်တွင် ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် သူမကို အပေါ်ထပ်မှကြည့်နေကြသည်။

“စီနီယာအစ်မဘာဖြစ်လို့လဲ”

“မင်းက နည်းနည်းထူးဆန်းတယ်” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

ရှီမာယူယူသည် ကျော်ကြားသည်ကို မနှစ်သက်သော်လည်း အစော ပိုင်းက သူမထွက်သွားသည်နှင့် ကိစ္စအားလုံးသည် သူမကိုဦးတည်လာခဲ့ သည်။

“ဟုတ်လား” ရှီမာယူယူ ပြုံးလိုက်သည်။

“ဟုတ်တယ်” ဟန့်မြောင်ရွှမ်သည် သေချာသလိုပြောလေသည် “ဘာ လုပ်မလို့လဲ”

“ဘာမှမဟုတ်ပါဘူး အဂ္ဂိရတ်ပညာရှင်အသင်းအကြောင်းကို နည်းနည်း သိချင်လို့ သွားကြည့်ချင်လို့ပါ” ရှီမာယူယူ စကားဆုံးသည်နှင့် သူတို့ကို ဖြတ် ကျော်ကာ သူမအခန်းသို့လျှောက်သွားလိုက်သည်။

ဝူလင်းယူသည် အခန်းထဲတွင်နေခဲ့ကာ အပြင်မထွက်ပေ။ ဆိုလိုသည် မှာ အပြင်မှအဖြစ်အပျက်ကို သူ မသိခြင်းမဟုတ်။

သူသည် အိပ်ရာပေါ်တွင်လှဲကာ ညာဘက်လက်ဖြင့် ခေါင်းကိုထောက် ထားပြီး ညာဘက်လက်ဖြင့် သူမကို လာရန် လက်ယက်ခေါ်လိုက်သည်။

ရှီမာယူယူ အိပ်ရာဘက်သို့လာပြီး ထိုင်ရာ သူသည် သူမကိုအနောက်မှ သိုင်းဖက်ပြီး မေးလေသည် “အဂ္ဂိရတ်ပညာရှင်အသင်းကိုဘာလို့သွားချင်တာ လဲ”

“မှန်းကြည့်လေ” ရှီမာယူယူသည် သူ့ကိုမှီပြီး ခန့်မှန်းခိုင်းလေသည်။

“သေချာတာတော့ အဲဒီမှာကောင်းတာမရှိဘူး” ဝူလင်းယူသည် မေးစေ့ ကို သူမလည်တိုင်ပေါ်မှီတင်ထားကာ လက်များသည် သူမကို ဖက်ထား သည်။

ရှီမာယူယူသည် လက်ကိုဆန့်ထုတ်ကာ သူ၏ လက်ချောင်းရှည်များနှင့် ကစားနေသည် “ကျွန်တော်က မကောင်းတာလုပ်ရင်ရော”

“အင်း ဘာမှမဖြစ်ဘူး မင်းလုပ်သမျှက သင့်တော်နေတာပဲ” ဝူလင်းယူ သည် သူမ စကားနောက်လိုက်ပြောပေးကာ “ဒါဆို ကိုယ့်ကိုပြော မင်း ဘာကို လုပ်မလို့လဲ”

ရှီမာယူယူ ပြုံးပြီးပြောလိုက်သည် “အဲနောက်လိုက်အိုကြီးတွေ ပြန်မလာ ခင် ဗုဒ္ဓမှိုကို သွားယူလိုက်ဦးမယ် အဲဒါမှ အကုန်ရှင်းပြီသားဖြစ်မှာ”

“ဗုဒ္ဓမှိုအား အဲဒါကဘာအတွက်လိုတာလဲ”

“ကျွန်တော်လိုချင်တာမဟုတ်ဘူး မိုဒိဆန်းလိုချင်တာ” ရှီမာယူယူ ပြော လိုက်သည်။

သူမသည် မိုဒိဆန်းနှင့်တွေ့ခဲ့သည့် အကြောင်းကိုပြောပြရာ ဝူလင်းယူ သည် သူမပြောပြသည်ကို ကြားသောအခါ မပျော်မရွှင်ဖြစ်သွားပြီး သူမ ပခုံး ကို ကိုက်ပြီးပြောလေသည် “တခြားယောက်ျားလေးရဲ့ ကိစ္စကို ဘာတွေအဲ လောက်တောင် စိတ်ပူပေးနေရတာလဲ”

“အစ်ကို့ကိစ္စကျ ကျွန်တော့်စိတ်ထဲမထည့်ထားသလိုမျိုး ပြောနေတယ်” ရှီမာယူယူသည် လက်ကိုဆန့်ထုတ်ကာ သူ့ခေါင်းကိုခေါက်လိုက်သည်။

“ကိုယ့်အကူအညီလိုလား” ဝူလင်းယူ မေးလေသည်။

“မလိုဘူး ဒီမှာပဲစောင့်နေပေး ကျွန်တော်လုပ်ရမယ့်ဟာပဲ မနက်ဖြန် နောက်ဆုံးထားပြန်လာမယ်”

“အဲလောက်သေချာလား”

“ကျွန်တော် မနက်ဖြန်မှပြန်မလာနိုင်ရင် လာပြီးခေါ်ပေး” မုန့်ဆန်းချွယ် သည် သူမကိုထိုနေရာတွင် ကြာအောင်နေခွင့်မပြုသည်ကိုသိသည်။ သူက လည်း သူမကို စိတ်မချသဖြင့် သူစိတ်ကျေနပ်အောင်တော့ ကိုင်တွယ်ခိုင်းရဦး မည်။

“အဂ္ဂိရတ်ပညာရှင်အသင်းရဲ့ အရှိန်နှုန်းနဲ့ဆိုရင် သူတို့မရောက်ခင် နောက်ထပ်နာရီဝက်လောက်လိုသေးတယ် ကိုယ်နဲ့ နည်းနည်းလောက် အိပ်ပေး” ဝူလင်းယူသည် ရှီမာယူယူကို ဖက်ရင်းလှဲချလိုက်သည်။

သူတို့နှစ်ယောက်သည် အိပ်ရာပေါ်တွင်လှဲပြီး စကားပြောကြရာ နာရီ ဝက်အကြာတွင် အဂ္ဂိရတ်ပညာရှင်အသင်းမှလူများရောက်လာကြသည်။

“ရှီမာယူယူနဲ့ ဟိုကောင်မလေးဘယ်မှာလဲ” လော့မင်သည် တည်းခို ဆောင်သို့ သူ့လူများကို ဦးဆောင်ခေါ်လာပြီး ပင်မဧည့်ခန်းတွင် လာအော် လေသည်။

“သြော် တပ်မှူးလော့လာပြီပဲ” ဆိုင်ရှင်သည် လော့မင်ကိုမြင်သောအခါ ကောင်တာအနောက်တွင် မတ်တပ်ရပ်နေရာမှ အရှေ့သို့လာပြီး ပြောလေ သည် “ကျွန်တော်ဘာဝန်ဆောင်မှုပေးရမလဲ”

“ကောင်းကင်ဂိုဏ်းက ရှီမာယူယူနဲ့ အဲဒီကောင်မလေးရှိသေးလား” လော့မင်သည် သူ့ကိုပင်မကြည့်တော့ပဲ တည်းခိုဆောင်တစ်ခုလုံးကို ဝေ့ဝဲ ကြည့်လိုက်သည်။

“ရှိပါတယ် ရှိပါတယ်” ဆိုင်ရှင် ပြောလိုက်သည် “အခုပဲ သွားခေါ်လိုက် ပါမယ်”

“မလိုဘူး ကျွန်တော်တို့လာပြီ” ရှီမာယူယူသည် ရှောင်ချီနှင့်အတူ အောက်သို့ဆင်းပြီး လော့မင်အားကြည့်ပြီး ပြောလိုက်လေသည် “ခင်ဗျားတို့ လှုပ်ရှားမှုက တကယ်နှေးတာပဲ ကျွန်တော်တို့စောင့်နေတာကြာပြီ ကြည့်ရ တာ အဂ္ဂိရတ်ပညာရှင်အသင်းက အဲလောက်အစွမ်းအစမရှိဘူးထင်တယ်”

“ဟင်း အသင်းရဲ့အစောင့်တွေကိုရိုက်တယ် မင်းကိုအပြစ်ပေးရမယ် သူတို့ကိုဖမ်းလိုက်” လော့မင်သည် လက်ဝေ့ရမ်းလိုက်ရာ ထိုအစောင့်များ သည် ချက်ချင်းပင် သူတို့ကိုဖမ်းလေသည်။

ဖုရှောင်တိုင်နှင့် တခြားသူများသည် အောက်သို့ဆင်းလိုက်ချင်သော် လည်း ဟန့်မြောင်ရွှမ်က တားလေသည် “မစိုးရိမ်နဲ့ ပြီးသွားလိမ့်မယ် ဒါရိုက်တာမုန့်နဲ့ တခြားသူတွေလည်း ခဏနေပြန်လာလိမ့်မယ်”

“ကျွန်တော်တို့ကိုဖမ်းတာက ခင်ဗျားတို့ကဘာအခွင့်အရေးနဲ့လဲ” ရှီမာယူူယူသည် ဟန်ဆောင်နေလိုက်သည်။

“အကောင်းဆုံးအကြောင်းပြချက်ကတော့ ဒီနေရာက တိမ်ပင်လယ်မြို့ ပဲ” လော့မင်သည် အေးစက်စွာချောင်းဟန့်လိုက်ပြီး “သူတို့ကိုခေါ်သွားလိုက်”

“လွှတ် ငါတို့ဘာသာသွားမယ်” ရှီမာယူယူသည် သူတို့ဆီမှရုန်းကာ လော့မင်အားစိုက်ကြည့်ပြီး ပြောလိုက်သည် “ဒီနေ့ ကျွန်တော်တို့ကို ခင်ဗျား က ဖိတ်တယ် ဒါပေမဲ့ မနက်ဖြန်ကျရင်တော့ နောင်တမရနဲ့”

“ကောင်းကင်ဂိုဏ်းက ကျောင်းသားတစ်ယောက်လောက်ကများ ငါ့ကို နောင်တရအောင်မလုပ်နိုင်ပါဘူး သူတို့ကိုခေါ်သွားလိုက်”

All Chapters