← Chapters

ရွှမ်းချုံ

Vol. 010 Ch. 991

ရွှမ်းချုံ

Vol. 010 Ch. 991

လော့မင်သည် လက်ကိုဝေ့ရမ်းလိုက်ရာ ထိုလူများသည် ရှီမာယူယူနှင့် ရှောင်ချီကို ခေါ်သွားကြလေသည်။

အပြင်ရှိလူများသည် ရှီမာယူယူနှင့် ရှောင်ချီတို့ကို အသင်းမှလူများ ခေါ် သွားသည်ကို တွေ့လိုက်ရသည်။ တချို့မှာသနားကြကာ တချို့မှာ ခိုးကြည့် ကြသည်။

“ငါပြောသလိုပဲ အသင်းကိုပြဿနာရှာတဲ့သူတွေက သေတွင်းတူးတာပဲ”

“အာ… ကောင်းကင်ဂိုဏ်းက တခြားကျောင်းတွေနဲ့ယှဉ်ရင် ပြိုင်ဘက် ကင်းတယ်လို့ ကြားဖူးတယ်.. ဆေးအဖွဲ့ခွဲရဲ့ အဂ္ဂိရတ်ပြိုင်ပွဲမှာ သူတို့နေရာ တော့ အန္တရာယ်များနေပြီ၊ ပြီးတော့ ဒီတစ်ကြိမ်ကို ဂိုဏ်းကမအောင်မြင်မှာ စိုး ရတယ်”

“အဲဒါက မသေချာသေးဘူး ကောင်းကင်ဂိုဏ်းကလူတွေက အခြေခိုင် တာမဟုတ်ဘူး ဒါပေမဲ့ ဒီတစ်ကြိမ်တော့ မုန့်ဆန်းချွယ်လာတယ်၊ သူက ဟိုလူ ရှုဂျင်းလောက်မတော်ပေမဲ့ သူဒေါသထွက်ရင် ကြောက်ဖို့ကောင်းတယ် ပြီးတော့ သူက သူ့ကျောင်းသားတွေရဲ့အကာအကွယ်ပဲ”

“ဒါဆိုရင် ကြည့်စရာပွဲကြီးပွဲကောင်းပဲ”

“စောင့်ကြည့်ကြတာပေါ့”

…..

ရှီမာယူယူနှင့် ရှောင်ချီတို့သည် လော့မင်တို့နောက်လိုက်ကာ အဂ္ဂိရတ် ပညာရှင်အသင်းသို့ သွားကြလေသည်။ သူတို့သည် အရှေ့တံခါးမှမဝင်ပဲ အနောက်တံခါးမှဝင်ကြလေသည်။

“သူတို့ကို ထောင်ကိုခေါ်သွားလိုက် ငါ သခင်မလေးကို သတင်းသွားပို့ လိုက်ဦးမယ်” လော့မင်သည် သူ့အစောင့်များကို အမိန့်ပေးလေသည် “သတိ ထားကြ တခြားသူတွေမသိစေနဲ့”

“ဟုတ်ကဲ့ပါ တပ်မှူး”

“မင်းတို့ ဒီဘဝမျိုးကိုပျော်မွေ့လိုက်ကြ” လော့မင်သည် ရှီမာယူယူနှင့် ရှောင်ချီတို့ကိုကြည့်ပြီးနောက်တွင် အစောင့်များသည် သူတို့ကိုခေါ်သွားလေ သည်။

သူတို့သည် တခြားခြံဝန်းများနှင့်မတူသော ခြံဝန်းနှစ်ခု ဖြတ်သွားကြ သည်။ ခြံဝန်းတစ်ခုချင်းစီတွင် ဆေးပင်များစွာ စိုက်ပျိုးထားသည်။

သူတို့သည် ခြံဝန်းများကို ဖြတ်ကျော်ကာ ထောင်ဆီသို့ ဦးတည်ကြလေ သည်။

ရှောင်ချီသည် ရှီမာယူယူလက်ကို ကိုင်ထားသည်။ သူမသည် မျက်စိ မှိတ်ပြလိုက်သည်။ ရှောင်ချီတို့ ဘယ်တော့ လှုပ်ရှားကြမှာလဲ။

ရှီမာယူယူသည် ပတ်ဝန်းကျင်အား စစ်ဆေးလိုက်သည်။ ထိုနေရာသည် ချောင်ကျသဖြင့် တစ်ဦးတစ်ယောက်မျှမရှိပေ။ ထို့ကြောင့် သူမ တိတ်တဆိတ် လှုပ်ရှားပြီး နေရာတစ်ခုလုံးကို အနံ့တစ်ခုဖြန်းလိုက်သည်။

“တစ်ခုခုအနံ့မရဘူးလား” အစောင့်တစ်ယောက်သည် မျက်မှောင် ကြုတ်ကာ ဘေးမှလူကိုမေးလေသည်။

“ကြည့်ရတာ အနံ့ထွက်တဲ့အရာတစ်ခုခုတော့ရှိတဲ့ပုံပဲ” ထိုလူပြန်ဖြေ လေသည်။ “အရင်ကဒီလိုအနံ့မျိုးမရှိပါဘူး”

“ဒါက…မကောင်းတော့ဘူး…”

ထိုလူသည် စကားပင်မဆုံးလိုက် လဲကျသွားသည်။

တခြားသူများသည် ဘာဖြစ်သွားသည်ကို နားမလည်လိုက်ခင်မှာပင် လဲကျသွားသည်။

“ယူယူ ရှောင်ချီလည်းလိုက်မယ်” ရှောင်ချီသည် သူမဘေးမှလူကိုကန် လိုက်သည်။

“မင်းဒီမှာနေပြီး စောင့်ကြည့်နေ” ရှီမာယူယူ ငြင်းလိုက်သည် “တခြားသူ တွေမသိစေနဲ့ ပြီးတော့ မင်းက ဝိညာဉ်အတားအဆီးထဲဝင်လို့ရတာလည်း မဟုတ်ဘူး”

“ကောင်းပြီလေ ရှောင်ချီ ဒီမှာပဲစောင့်နေလိုက်မယ်” ရှောင်ချီသည် ချက်ချင်းပင် သဘောတူလိုက်သည်။

ရှီမာယူယူသည် သူမပျားများ ညွှန်ပြသောနေရာသို့လိုက်ရာ အစောင့် များကို ရှောင်နိုင်သည်။ သူမသည် ဆေးဥယျာဉ်ဟုခေါ်သောနေရာကို ချောမွေ့စွာပင် ရောက်လေသည်။

ထင်ထားသည့်အတိုင်းပင် ဆေးဥယျာဉ်အပြင်တွင် ဝိညာဉ်အတား အဆီးအလွှာတစ်ခုရှိလေသည်။ ထိုနေရာတွင် ပရိယာယ်များသော လေဟာ ပြင် အတိအကျတစ်ခုရှိနေသည်။

သူမသည် ဟိန်းသံလေးကို ဆင့်ခေါ်ပြီး သူနှင့်ပေါင်းကာ တိုက်ရိုက်ပင် ဝင်သွားလိုက်သည်။

ဝိညာဉ်အတားအဆီးကြောင့် ထိုနေရာတွင် စောင့်ကြပ်သည့်သူမရှိ သဖြင့် ရှီမာယူယူ ဝင်သွားနိုင်ခြင်းဖြစ်သည်။

သူမသည် ဆေးဥယျာဉ်အား ဝေ့ဝဲကြည့်ပြီး နှုတ်ခမ်းတွန့်လိုက်သည်။ ထိုနေရာရှိ ပစ္စည်းများသည် ကောင်းမွန်လှသည်မဟုတ်ပေ။ တချို့မှာ သူမ၏ ဝိညာဉ်စေတီထဲမှပစ္စည်းများထက်ပင် အရည်အသွေးညံ့သည်။ သူမ မျက်လုံး ထဲတွင် အရေးကြီးလှသည်မဟုတ်။

“ဆေးဥယျာဉ်ရဲ့ တတိယပန်းအိပ်ယာကိုသွားလိုက်ရင် ဘေးမှာ ဝိညာဉ် အသီးပင်ရှိလိမ့်မယ် ပြီးတာနဲ့ သစ်ပင်အောက်ကနေ အရှေ့ဘက်ကို ခြေလှမ်း ၁၀လှမ်းလျှောက်” သူမ ရေရွတ်ပြီး လျှောက်သွားရာ မြေသားနုသောနေရာသို့ ရောက်လေသည်။

ထိုမြေနေရာသည် ပွယောင်းနေကာ မြေသားမှာလည်း လတ်ဆတ် တုန်းပင်။ မိုဒိဆန်း၏ ညွှန်ကြားချက်အတိုင်း သူမ နှစ်ကြိမ်မျှတူးလိုက်ရာ ကျောက်စိမ်းသေတ္တာတစ်လုံးကိုတွေ့လေသည်။

သူမသည် ကျောက်စိမ်းသေတ္တာကို ကောက်ယူလိုက်သော်လည်း ဖွင့် မကြည့်ပေ။ အနံ့သည် တခြားသူများကို အာရုံစိုက်မိသွားမည်ကို သူမ စိုးရိမ် သည်။ စဉ်းစားလိုက်သည်နှင့် သူမသည် ဝိညာဉ်စေတီအတွင်းမှ မိုဒိဆန်းကို ပေးလိုက်သည်။

သူမ မတ်တပ်ရပ်လိုက်ချိန်တွင် အနီးနားတွင် မြေသားဖြင့်ဖုံးထားသော ဆေးပင်တစ်ခုကိုတွေ့လိုက်သည်။ သူမ သွားပြီး မြေသားကိုဖယ်လိုက် ကာ ဆေးပင်အရွက်ကို ကြည့်လိုက်သည်။

“ဒီနေရာမှာ ဗုဒ္ဓမှိုစိုက်ခဲ့တာပဲ” နွေးထွေးသောအသံသည် အနောက်မှ ထွက်လာသည်။

ရှီမာယူယူ လန့်သွားသည်။ သူမ လျင်မြန်စွာလှည့်ကြည့်လိုက်ရာ ဘီးတပ်ကုလားထိုင်တွင် ထိုင်နေသော လူကြီးတစ်ယောက်သည် သူမကို ပြုံး ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သို့သော် သူ့အကြည့်မှာ အာရုံစူးစိုက်မှုမရှိပေ။ ထို့ကြောင့် သူသည် အမြင်အာရုံနှင့်ပတ်သတ်ပြီး ပြဿနာရှိသူတစ်ယောက်ဖြစ်နိုင်သည်။

ဒီလူ ဒီမှာဘယ်တုန်းကပေါ်လာတာလဲ။ သူမ ဘာလို့သတိမထားမိတာ လဲ။ သူမ ဗုဒ္ဓမှိုကိုတူးတာကို သူ မြင်သွားလား မမြင်သွားဘူးလား မပြော တတ်ဘူး။

သူမသည် လူမိသွားသည့်အတွက် ရှက်ရွံ့ခြင်းမရှိပဲ သူမရှေ့မှလူကို တည်ငြိမ်စွာကြည့်လိုက်သည်။

လက်များသည် ဘီးတပ်ကုလားထိုင်၏ လက်တင်များတွင် တင်ထား သည်။ ချောမောလှသောမျက်နှာနှင့် မျက်ခုံးများအကြားတွင် ပင်ပန်းနွမ်းနယ် မှုကို မြင်နေရသည်။

သူသည် ရှီမာယူယူကို ပေါ့ပါးစွာကြည့်နေသည်။ သူမ၏ လှုပ်ရှားမှုကို သူ မြင်လိုက်တာလား မမြင်လိုက်တာလား။

“ခင်ဗျားဘယ်သူဘဲ ဘယ်တုန်းကရောက်လာတာလဲ” ရှီမာယူယူသည် အရှေ့သို့နှစ်လှမ်းတိုးပြီး သူ့ကို သတိနှင့်ကြည့်လိုက်သည်။

“ငါက အမြဲဒီမှာရှိနေတာပဲ မင်းကသာ သတိမထားမိတာ” ထိုလူ ပြော လေသည် “မင်းငါ့ကို ရွှမ်းချုံလို့ခေါ်လို့ရတယ်”

“ရွှမ်းချုံဟုတ်လား” ရှီမာယူယူသည် ခေတ္တမျှစဉ်းစားလိုက်သည်။ သူမ သည် ထိုနာမည်ပြောသည်ကို တစ်ခါမှမကြားခဲ့ဖူးပေ။ သူ၏ သရုပ်မှန်ကို လည်း သူမ မသိပေ။

“ဟုတ်တယ်” ရွှမ်းချုံသည် ပြုံးပြီး ခေါင်းညိတ်လေသည်။

“ခင်ဗျားကဒီမှာအမြဲရှိနေတာလား” ရှီမာယူယူသည် စမ်းသပ်ပြီးမေး လိုက်သည်။

“ဟုတ်တယ်” ရွှမ်းချုံ ဝန်ခံသော်လည်း သူမကို သူ မြင်ရသည် မမြင်ရ သည်ကို မပြောပေ။

“ဒီမှာဘာလုပ်နေတာလဲ”

“ဆေးပင်တွေအနံ့ရှုနေတာ”

ဆေးပင်တွေအနံ့ရှုနေတာ ဟုတ်လား။

ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ သူက ဗုဒ္ဒမှိုအနံ့ရလို့ ဒီကို ရောက်လာတာလား။

“မင်းစိုးရိမ်ဖို့မလိုပါဘူး မင်းကိစ္စကို ငါဘယ်သူ့ကိုမှမပြောဘူး” ရွှမ်းချုံ သည် သူမစိုးရိမ်နေသည့်အရာကို ပြောလေသည်။

သူ တကယ်မြင်လိုက်တာပဲ။

မဟုတ်ဘူး သူက သူမစဉ်းစားနေတာကို ဘယ်လိုသိတာလဲ။

သူမ ဒီကိစ္စကို ဘယ်လိုရှင်းရမလဲဆိုသည်ကို စဉ်းစားရင်း သူ့ကိုကြည့် လိုက်သည်။

“မင်းကိစ္စက ငါနဲ့မဆိုင်ဘူးလေ” ရွှမ်းချုံရှင်းပြလေသည်။

“ဘာလို့ ကျွန်တော့်ကိုကူညီပြီး လျှို့ဝှက်ပေးတာလဲ” ရှီမာယူယူ နားမလည်ပေ။

“ဘာလို့လဲဆိုတော့ အဂ္ဂိရတ်ပညာရှင်အသင်းနဲ့ ငါနဲ့က ဘာမမှမဆိုင် ဘူးလေ” ရွှမ်းချုံ ပြောလေသည် “ငါက မျက်စိမမြင်တဲ့လူတစ်ယောက် မသန် မစွမ်းဖြစ်နေတဲ့လူတစ်ယောက်ပဲ၊ ငါဂရုမစိုက်တဲ့ကိစ္စတွေကို လျစ်လျူရှုလို့ရ တယ်”

သူ၏ အဖြေကို သူမ ဘာကြောင့်စိတ်ပျက်သွားသလဲဆိုသည်ကို ရှီမာယူယူမသိပေ။

“ဒါဆို ဘာလို့ဒီကိုရောက်လာတာလဲ တကယ်ပဲ ဆေးပင်အနံ့ရှုဖို့လား” သူမ မယုံပေ။

“ဘာအရောင်လဲဆိုတာကို မမြင်ရတဲ့လူတစ်ယောက်အဖို့ အနံ့ကပဲ ကမ္ဘာကြီးကိုသိမြင်ဖို့အရေးကြီးတဲ့နည်းလမ်းပဲ” ရွှမ်းချုံ လက်ချောင်းများကို ယှက်လိုက်သည် “ကမ္ဘာကြီးကပစ္စည်းတွေက ဘယ်လိုမျိုးလဲဆိုတာ ငါ မမြင် နိုင်ပေမဲ့ အနံ့ကိုတော့ခံလို့ရတယ်”

“တစ်ခုမှမမြင်ဖူးဘူးလား” သူ၏ အေးချမ်းသောပုံစံကိုကြည့်ပြီး ရှီမာယူယူ လျှောက်သွားလိုက်သည်။

“ငါ ၁နှစ် ၂နှစ်သားအရွယ်ကတော့ မြင်ရတယ်လို့ တခြားသူတွေပြော တယ် အဲတော့ လုံးဝမမြင်ဖူးတာတော့မဟုတ်ဘူး၊ ဒါပေမဲ့ အဲတုန်းက မှတ်ဉာဏ်တော့ ငါ့ဆီမှာမရှိဘူး” ရွှမ်းချုံ ရယ်ဖွယ်ပြောလေသည်။

၁နှစ် ၂နှစ်သားအရွယ်ကလေးတွင် မှတ်ဉာဏ်ရှိမည်မဟုတ်ပေ။ ထိုအချိန်က ကမ္ဘာကြီးကိုမြင်ရလျှင်တောင် ဘယ်လိုလုပ်မှတ်မိနိုင်မလဲ။

အဲတော့ ကောင်းကင်အရောင် ဘယ်လိုရှိတယ်၊ ပန်းတွေက ဘာနဲ့တူ တယ်ဆိုတာကို သူ မသိခဲ့ဘူးပေါ့။

“သမားတော်နဲ့ပြကြည့်လား”

“ပြတယ် ဒါပေမဲ့ အကြောင်းအရင်းကိုသိတဲ့ သမားတော်မရှိဘူး ငါက လည်းမမြင်ရဘူး ကျင့်သားရနေပါပြီ”

“ဒါပေမဲ့ ခင်ဗျားကမ္ဘာကြီးကိုမြင်ချင်တယ်မလား” ရှီမာယူယူ ပြောလိုက် သည် “အနီးအနားက ပစ္စည်း တွေကို အံ့ဖွယ်အာရုံနဲ့ အာရုံခံတာထက်စာရင် ကမ္ဘာကြီးကဘယ်လိုပုံစံရှိလဲ ကောင်းကင်က ဘယ်လိုအရောင်ရှိလဲ အရောင် ဆိုတာဘာလဲဆိုတာကို ခင်ဗျားသိချင်တယ်”

ရွှမ်းချုံ၏ အပြုံးသည် တဖြည်းဖြည်းလေးနက်လာကာ ပြောလေသည် “မင်းက ငါ့လိုလူကိုနားလည်တာပဲ အတွေ့အကြုံရှိဖူးလို့လား”

***

All Chapters