သန့်ရှင်းသောဝိညာဉ်
Vol. 010 Ch. 992
ရှီမာယူယူသည် ခေါင်းရမ်းလိုက်သည်။ သူမသည် မျက်စိကန်းသည်မျိုး မဖြစ်ဖူးပေ။ သူမသည် သေခြင်းကိုသာတွေ့ကြုံဖူးကာ အမျိုးမျိုးအဖုံဖုံကို မြင် ခဲ့ရသည်။ ထို့ကြောင့် သူမသည် တခြားသူများထက် အတွေးများခြင်းဖြစ် သည်။
ပြီးတော့ သူမ၏ ဝိညာဉ်သည် အလွန်ပါးနပ်သောကြောင့် တခြားသူများ ၏အတွေးကို အလွယ်တကူပင် ခံစားနိုင်သည်။
“အဲလိုမဟုတ်ရင် ဘယ်လိုလုပ်သိတာလဲ”
“ခင်ဗျားပဲပြောခဲ့တာလေ ဒီနေရာကိုအနံ့ရှုဖို့လာတယ်လို့၊ ကမ္ဘာကြီးရဲ့ အနံ့ကို သိချင်တဲ့လူတစ်ယောက်က ကမ္ဘာကြီးကိုလည်းသိချင်နေမှာပဲ” ရှီမာယူယူ ဆက်ပြောလိုက်သည် “ကျွန်တော်ပြောတာ မှားလို့လား”
“ဟီးဟီး” သူသည် ရယ်ရုံသာရယ်ကာ မငြင်းဆန်ပေ။
“ခင်ဗျားက အဂ္ဂိရတ်ပညာရှင်အသင်းကမဟုတ်ဘူးဆို… ဆိုတော့ ခင်ဗျားရဲ့ မျက်လုံးကုဖို့ ဒီကိုလူလာရှာတာလား” ရှီမာယူယူသည် ထိုလူအား အကဲခတ်ကြည့်သည်။ သူ့ခန္ဓာကိုယ်မှ ရောင်ဝါသည် သူနှင့်စကားပြောလို စိတ်ကို ဖြစ်စေသည်။
“အဲလိုဆိုပါတော့” ရွှမ်းချုံ ပြန်ဖြေလေသည်။
“ဒါဆိုရင် ကုပေးမယ့်သူကိုတွေ့ပြီလား”
ရွှမ်းချုံ ခေါင်းရမ်းလိုက်သည် “ငါက သူတို့ဥက္ကဌကိုတွေ့ချင်တာ ဒါပေမဲ့ သူတို့ကဒီမှာမရှိဘူး”
ရှားကျောင်ထျန်ကမှ ဒီမှာမရှိတာ ဘယ်ရှာတွေ့ပါ့မလဲ။ ရှီမာယူယူ တိတ်တဆိတ် ဝေဖန်မိသည်။
“အဲတော့ သူတို့ပြန်လာတာကို ဒီအသင်းမှာစောင့်နေတာပေါ့… မဟုတ် သေးပါဘူး ဒီမှာဝိညာဉ်အတားအဆီးရှိတယ်လေ ဘယ်လိုလုပ်ဝင်လာတာလဲ” ရှီမာယူယူ သံသယဖြင့်မေးလိုက်သည်။
“ဒီဝိညာဉ်အတားအဆီးကိုငါလုပ်ထားတာ ငါဝင်လာနိုင်တာပေါ့” ရွှမ်းချုံ သည် ဆက်ပြောလေသည် “လွန်ခဲ့တဲ့ရက်က အသင်းရဲ့ ရတနာအခိုးခံရ တယ်လို့ကြားတယ် ဒုဥက္ကဌက ဝိညာဉ်အတားအဆီးပြင်ဖို့ ငါ့ကိုအကူအညီ တောင်းလာတာ၊ ငါ ဝိညာဉ်အတားအဆီးကို အထူးလုပ်ထားတာ ဒါပေမဲ့ ကြည့်ရတာ မင်းအတွက် အသုံးမဝင်ဘူးထင်တယ်”
ရှီမာယူယူသည် သူ့စကားများကို လျစ်လျူရှုသည့်အနေနှင့် ပခုံးတွန့် လိုက်သည်။
သို့သော် သူမကို အံ့သြမှုအဖြစ်စေဆုံးမှာ ထိုဝိညာဉ်အတားအဆီးကို သူ ပြုပြင်ထားခြင်းဆိုသည့်အရာပင်။ အဂ္ဂိရတ်ပညာရှင်အသင်းမှ ဝိညာဉ် အတားအဆီးကို ပြုပြင်ခိုင်းခြင်းမှာ ထိုလူသည် အားအလွန်ကောင်းသည်ဟု ဆိုလိုခြင်းဖြစ်သည်။
နှမြောစရာပင် သူသည် မျက်မမြင်တစ်ယောက်ဖြစ်ကာ ခြေနှစ်ဖက်မှာ လည်း ချို့တဲ့နေသည်။
“မင်းက ဒီကိုဗုဒ္ဓမှိုရှာဖို့လာတာလား အရင်ကလူနဲ့ တစ်ဖွဲ့တည်းလား” သူမ ဝိညာဉ်အတားအဆီးကို မည်သို့ဖြတ်လာသည်ကို ရွှမ်းချုံ မမေးပေ။
“ကျွန်တော်က အရင်ကတစ်ယောက်လားဆိုပြီး ဘာလို့မမေးတာလဲ” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။
“ငါ ဝိညာဉ်အတားအဆီးပြုပြင်ဖို့လာတုန်းက သူ့ရဲ့ကျန်ခဲ့တဲ့အနံ့ကို အနံ့ခံမိတယ်၊ မင်းအနံ့နဲ့ ကွာတယ် မင်းအနံ့က သန့်ရှင်းတယ်” ရွှမ်းချုံ ပြော လေသည်။
“သန့်ရှင်းတယ်ဟုတ်လား အနံ့က သန့်ရှင်းတယ်ဆိုတာရှိသေးတာလား” ရှီမာယူယူသည် သိချင်စိတ်ဖြင့် မေးလေသည်။
အနံ့အသက်မကောင်းဟုသာ သူမကြားဖူးသည်။ သန့်ရှင်းသောအနံ့ဟူ ၍ မကြားဖူးပေ။
“ရှိတာပေါ့” ရွှမ်းချုံ ရယ်မောလိုက်သည်။
“ဒါဆိုရင် ချီးကျူးတာလို့ပဲ သတ်မှတ်လိုက်ပါမယ်” ရှီမာယူယူ ဆက် ပြောလေသည် “ကျွန်တော် လုပ်စရာရှိသေးလို့ ဒီလောက်နဲ့ပဲ ရပ်ကြတာပေါ့”
“နောက်တစ်ခါ ထပ်တွေ့ဖို့မျှော်လင့်ပါတယ်” ရွှမ်းချုံ ပြောလေသည်။
“အင်း” ရှီမာယူယူသည် ခြေနှစ်လှမ်းလှမ်းပြီးနောက်တွင် အနောက်ပြန် လှည့်ကြည့်ကာ “ဒါကို လျှို့ဝှက်ထားပေးနိုင်မလား”
“အင်း” ရွှမ်းချုံ ခေါင်းညိတ်လေသည်။
“ကျေးဇူးတင်ပါတယ် ပြီးတော့ ခင်ဗျား ဥက္ကဌကိုရှာတယ်ဆိုရင် သူ ရက် အနည်းငယ်အတွင်းပြန်ရောက်ပါလိမ့်မယ် နှုတ်ဆက်ပါတယ်” သူ မမြင်ရ သည်ကို ရှီမာယူယူသိသော်လည်း ထွက်မသွားခင်ကို လက်ဝေ့ရမ်းပြခဲ့သည်။
သူမ ထွက်သွားပြီးနောက်တွင် အရိပ်တစ်ခုသည် ရွှမ်းချုံအနောက်တွင် ပေါ်လာသည်။
“သခင် ဒီလူကိုစစ်ကြည့်ချင်လား”
ရွှမ်းချုံ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ကာ ဖျော့တော့စွာပြောလေ သည် “အနံ့သန့်ရှင်းတဲ့သူကို တွေ့ခဲတယ်ဆိုတော့ သူ့အကြာင်းသိတာလည်း ကောင်းတာပဲ၊ သူမသိအောင်လုပ်ဖို့ သတိထားဦး တချို့လူတွေက သူတို့ အကြောင်း တခြားသူတွေစုံစမ်းတာကိုမကြိုက်ကြဘူး”
“ဟုတ်ကဲ့ပါ” ထိုလူသည် ပြန်ဖြေပြီးနောက်တွင် ပျောက်ကွယ်သွားလေ သည်။
ရွှမ်းချုံသည် ကိုယ်တိုင်ကုလားထိုင်တွန်းကာ ထိုဆေးပင်များကို ရှောင်ရှားပြီး ဆေးဥယျာဉ်မှထွက်သွားလေသည်။
ရှီမာယူယူသည် မူလနေရာသို့ပြန်လာသည်။ ရှောင်ချီသည် ပုရွက်ဆိတ် များ အိမ်ပြောင်းနေသည်ကို ပျင်းရိစွာကြည့်နေလေသည်။ သူမ ပြန်လာ သည်ကို တွေ့သောအခါ လက်ထဲမှ သစ်ကိုင်းကိုပစ်ပြီး ပြောလိုက်သည် “နောက်ဆုံးတော့ ပြန်လာပြီပဲ ဘာလို့ဒီ်လောက်ကြာနေရတာလဲ တစ်ခုခုများ ဖြစ်လို့လား”
“နောက်မှ ပြောပြမယ်” ရှီမာယူယူသည် ဖြေဆေးထုတ်ကာ လေထဲသို့ ဖြူးလိုက်သည်။ ထို့နောက် ရှောင်ချီကို မြေပေါ်သို့ဆွဲကာ မေ့လဲဟန်ဆောင် လေသည်။
အစောင့်များသည် ဖြေဆေးအနံ့ရသည်နှင့် အသိစိတ်ပြန်ဝင်လာသည်။ သူတို့မေ့လဲသွားခဲ့သည်ကို သိပြီးနောက်တွင် လန့်ပြီးထခုန်ကြလေသည်။
“ထတော့ ထတော့” နိုးလာသောအစောင့်များသည် သူ့ဘေးမှလူကို လှုပ်နိုးရာ တခြားသူများလည်း ပြန်သတိရလာသည်။
“ဘာဖြစ်သွားတာလဲ”
“ငါလည်းမသိဘူး အကုန်လုံး မေ့လဲသွားတာပဲ”
“ဒါဆိုရင် တရားခံကဒီမှာရှိသေးလား”
“ရှိသေးတယ် သူတို့ဟိုမှာလဲနေတယ်”
“အိုး.. မြန်မြန် သူတို့ကိုနှိုးလိုက်”
“အစ်ကိုကြီး ဘာဖြစ်သွားတာလဲ”
“တချို့သခင်တွေ အဆိပ်ဖော်နေတာထင်တယ်၊ တရားခံတွေ ဒီမှာရှိ တယ်ဆိုတော့ ရပါတယ် သွားမယ် သူတို့ကို ထောင်ကိုခေါ်သွားမယ်”
ရှီမာယူယူနှင့် ရှောင်ချီတို့ အနှိုးခံရပြီးနောက်တွင် ဘာမှမသိသလိုနှင့် ထောင်ဆီသို့ လိုက်သွားလေသည်။
“ဝင်လိုက်”
ထိုလူများသည် သူတို့နှစ်ယောက်ကို ထောင်သို့တွန်းပို့ပြီးနောက် သော့ ခတ်ကာ သူတို့ကိုမကြည့်ပဲ ထွက်သွားြကေလသည်။
အဂ္ဂိရတ်ပညာရှင်အသင်း၏ ထောင်မှာသန့်ရှင်းပြီး ပိုးဟတ်များ ကြွက် များမရှိသလို မှောင်မိုက်ခြင်း စိုစွတ်ခြင်းလည်းရှိမနေပေ။ ပတ်ဝန်းကျင်မှာ အနည်းငယ်ဆိုးဝါးသည်မှလွဲပြီး တခြားအရာများသည် လက်ခံနိုင်လောက် စရာဖြစ်သည်။
ရှီမာယူယူသည် သန့်ရှင်းသောနေရာကိုရှာပြီး ထိုင်လိုက်ရာ ရှောင်ချီ ရောက်လာပြီး သူမဘေးတွင်ထိုင်ပြီးမေးလေသည် “ခုနက ဘာဖြစ်ခဲ့တာလဲ”
“ငါ လူတစ်ယောက်တွေ့ခဲ့တယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“လူတစ်ယောက်ကိုတွေ့ခဲ့တယ်ဟုတ်လား” ရှောင်ချီသည် တုန်လှုပ်စွာ အော်လေသည် “ပေါ်သွားလား”
ရှီမာယူယူ ခေါင်းညိတ်ပြီး ရွှမ်းချုံအကြောင်းကို သူမကို ပြောပြလေ သည်။
“ကန်းပြီး မသန်မစွမ်းဖြစ်နေသေးတယ်၊ ယူယူ ဗုဒ္ဓမှိုယူတာကို သူ တကယ်ပဲ တွေ့ခဲ့တာလား” ရှောင်ချီသည် ယုံကြည်မှုကင်းမဲ့စွာဖြင့် မေးလေ သည်။
“သူ မမြင်ရပေမယ့် ခံစားလို့ရတယ်လေ” ရှီမာယူယူ ဆက်ပြောလေ သည် “ပြီးတော့ တချို့လူတွေက မျက်စိကမမြင်ရပေမယ့် သူတို့ရဲ့ အံ့ဖွယ် အာရုံကနေခံစားနိုင်တယ်”
“မှန်တယ်” ရှောင်ချီ ဆက်ပြောလေသည် “ဒါဆိုရင် သူက လျှို့ဝှက်ပေး ထားပါ့မလား”
“လျှို့ဝှက်ပေးလောက်မှာပါ” ရှီမာယူယူ ဆက်ပြောလေသည် “သူက စပ်စုတဲ့လူနဲ့မတူဘူး၊ သူသာ တကယ်ပဲငါ့ကိုတိုင်ချင်တယ်ဆိုရင် လူခေါ်လိုက် ပြီ်လေ၊ ပြီးတော့ သူ တခြားသူတွေကိုပြောရင်တောင် ငါ ဘယ်လိုပုံလဲဆိုတာ နဲ့ ငါ့သရုပ်မှန်ကိုသူ သိမှာမဟုတ်ဘူး၊ သူ ငါ့အနံ့ကိုရှာနိုင်တယ်ဆိုရင် ငါ အနံ့ ပြောင်းလို့ရတာပဲ၊ ဒါပေမဲ့ ဘယ်သူမှ ငါ့ကိုအနံ့နဲ့တင်မရှာနိုင်ဘူး”
“ယူယူ့မှာ အစီအစဉ်ရှိပြီးသားကိုး” ရှောင်ချီ ဆက်ပြောလေသည် “အဲဒါ ကြောင့် စိတ်မပူတာကိုး”
“ကောင်းပြီ အခုပြောပြီးပြီဆိုတော့ ဒီမှာပဲစောင့်ရုံပေါ့” ရှီမာယူယူသည် ပြောပြီးသည်နှင့် မျက်လုံးပိတ်ကာ တရားထိုင်ပြီး အနံ့ကိုပြောင်းလေသည်။
“ယူယူ ဒီမှာဘယ်လောက်ကြာအောင်စောင့်ရမှာလဲ” ရှောင်ချီ မေးလေ သည်။
“အနည်းဆုံးတော့ မနက်ဖြန်လောက်ထိပေါ့ မှန်းရသလောက်ဆိုရင်” ရှီမာယူယူ ဆက်ပြောလေသည် “တကယ်လို့ ဒါရိုက်တာမုန့်တို့ မနက်ဖြန် မလာဘူးဆိုရင် စီနီယာအစ်ကိုလာပြီး ထုတ်ပေးလိမ့်မယ်”
“ဒါဆိုရင် ဒီမှာဘယ်လောက်ကြာအောင်နေရမှာလဲ”
ရှောင်ချီသည် ပျင်းနေသည်။ ထိုနေရာတွင် ဝိညာဉ်စေတီအတွင်းလည်း မသွားနိုင်သောကြောင့် သူမ ရှီမာယူယူကို အတုယူပြီး ကျင့်ကြံရုံသာရှိသည်။
ရှီမာယူယူသည် တစ်ရက်ပင်ကြာအောင် မစောင့်ရလိုက်။ အပြင်မှ လှုပ်ရှားသံများကြားရပြီးနောက်တွင် ထောင်တံခါးပွင့်သံနှင့်အတူ ဘီးလုံးသံ ကြားရလေသည်။
ရှီမာယူယူသည် သူမဆီလာသောလူများကို စောင့်ကြည့်ပြီး တုန်လှုပ်စွာ ဖြင့် မေးလေသည် “ရွှမ်းချုံ ဘာလို့ရောက်လာတာလဲ”
သူမ ဗုဒ္ဓမှိုကိုယူသွားတယ်ဆိုတဲ့သတင်းကို သူ ဖြန့်လိုက်ပြီလား။
ရွှမ်းချုံအနားမှလူများသည် ထောင်စောင့်ကို အကြည့်ချင်းဖလှယ်လိုက် ရာ ထောင်စောင့်သည် ချက်ချင်းပင်တံခါးဖွင့်ပေးပြီး ကိုယ်တိုင်ပင် ရှီမာယူယူ ကိုထုတ်ပေးရင်း ရယ်မောရင်းပြောလေသည် “သခင်ရှီမာက သခင်ရွှမ်းချုံရဲ့ မိတ်ဆွေဖြစ်လိမ့်မယ်လို့ မထင်ထားဘူး တွေ့ရတာဝမ်းသာပါတယ် ဒါတွေက နားလည်မှုလွဲသွားတာဖြစ်မယ်လို့ မထင်ထားဘူး ကျေးဇူးပြုပြီး သခင်ရှီမာ ထွက်လာခဲ့ပါ”
ရှီမာယူယူသည် ရွှမ်းချုံအားကြည့်လိုက်သည်။ ဘာတွေဖြစ်နေတာလဲ။
***