မမြင်ဖူးသေး…
Vol. 014 Ch. 1395
ရီဖူရှင်းက ယူချင်းကို ကြည့်လိုက်ကာ ယူချင်း၏ ကျင့်စဉ်နှင့် ခန္ဓာကိုယ်သန်စွမ်းမှုက တကယ့်ကို ထူးခြားလှသည်ဟု တွေးလိုက်သည်။
ယူချင်းသည် သေဆုံးခြင်းအငွေ့အသက်များကို လျစ်လျူရှုနိုင်ရုံသာမက ဝါးမျိုခြင်းပင် ပြုလုပ်နိုင်၏။ သေဆုံးခြင်းအငွေ့အသက်များက သူ့ကို ဆက်လက်တိုက်စားနေသော်လည်း ခြိမ်းခြောက်နိုင်စွမ်းတော့ မရှိပေ။
တန်ခိုးရှင်များ တစ်ဦးပြီး တစ်ဦး ရှေ့သို့ ဆက်သွားနေကြပြီး သူတို့အားလုံးသည် ကိုယ်ပိုင်စွမ်းအင်များကို အသုံးချကာ ရင်ဆိုင်တိုက်ခိုက်နေကြသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ ကျန်းယွမ်သည်လည်း ကမ္ဘာပျက် လျှပ်စီးအလင်း ဝင်္ကပါနှင့်အတူ ကောင်းကင်ထက်တွင် ပေါ်ပေါက်လာသည်။ မိုးကြိုးရှစ်သွယ် လျှပ်စီးတို့က ဝင်္ကပါမှ ကျဆင်းလာပြီး ထိုနေရာတစ်ခုလုံးကို ဖျက်ဆီးသွားသည်။ သေဆုံးခြင်းအငွေ့အသက်များက အနားသို့ပင် မကပ်နိုင်ပေ။
ခရမ်းရင့်ကောင်းကင်နန်းတော်မှ အခြားတန်ခိုးရှင်များသည်လည်း သူတို့၏ လက်များကို တစ်ချိန်တည်း၌ မြှောက်လိုက်ကြသည်။ အကန့်အသတ်မဲ့ မိုးကြိုးစွမ်းအားများက ထိုဝင်္ကပါအတွင်း ပေါင်းစပ်သွားပြီး ပိုမို အစွမ်းထက်အောင် ပြုလုပ်လိုက်ကာ သူတို့အနားရှိ အငွေ့အသက်များ အားလုံးကို အဝေးသို့ ဆုတ်ခွာသွားစေသည်။
“အဲဒီသစ်ပင်ကို သတိထား” ကျန်းယွမ်က ပြောလိုက်သည်။ ထိုသစ်ပင်သည် ဆက်လက်ကြီးထွားနေဆဲ ဖြစ်ကာ အငွေ့အသက်များသည် နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။ ထိုပျံ့နှံ့သွားသည့် အငွေ့အသက်များက နေရာတခွင်ကို ဖုံးလွှမ်းထားပြီး ယင်းတိုက်ခိုက်မှုသည် များပြားလှသည့် တန်ခိုးရှင်များ၊ နတ်ဆိုးများနှင့် လူသားများကို သတ်ဖြတ်ပစ်သည်။ ထို့နောက် ထိုသူများမှာ သစ်ပင် ကြီးထွားလာစေရန် အာဟာရအဖြစ် ပြောင်းလဲခံရပေသည်။
များပြားလှသည့် တန်ခိုးရှင်များက သေဆုံးခြင်းချောက်ကမ်းပါးကို ဆက်လက် ဖြတ်သန်းရန် ရည်ရွယ်နေကြသည်။
မူလတောင်တန်းက တားမြစ်နယ်မြေ ဖြစ်နေရသည်မှာ အံသြဖွယ်မရှိပေ။ နတ်ဆိုးသားရဲများသာမက နတ်ဆိုးအင်ပါယာများသည်ပင် အကြောက်တရားများ ပြည့်နေရမည့် နေရာဖြစ်သည်။ ဂူထျန်းရှင်း ပေါ်ပေါက်လာမှုနှင့် မူလတောင်တန်းရှိ နတ်ဆိုးတိမ်တိုက်များကြောင့် မဟုတ်ပါက ဤမျှ များပြားသည့် လေ့လာသူများ ရှိလိမ့်မည်မဟုတ်ပေ။
ထိုအခိုက်တွင် လူအများတို့က စတင်၍ နောင်တရလာကြပေသည်။
ကောင်းကင်တွင် ကြောက်မက်ဖွယ် ဆင်အော်သံများ ထွက်ပေါ်လာခဲ့သည်။ ရလဒ်အနေဖြင့် လူတိုင်း၏ နားစည်များက တုန်ခါသွားကြရပေသည်။ လူတိုင်းက မော့ကြည့်လိုက်လျှင် နတ်ဆိုးသားရဲတစ်စုကို မြင်လိုက်ကြရ၏။
မဟာလမ်းစဥ်၏ သေဆုံးခြင်းအငွေ့အသက်များနှင့် နွယ်များသည် ဖိနှိပ်ခံထားရရာ ဖြတ်ကျော်နိုင်စွမ်း မရှိကြပေ။ ဆင်များ၏ လှုပ်ရှားမှုက နှေးကွေးသည်ဟု ထင်မှတ်ရသော်လည်း အမှန်တကယ်တော့ သူတို့သည် အခြားသော တန်ခိုးရှင်များကို ယှဥ်နိုင်ပေသည်။
ရီဖူရှင်းနှင့် သူ့အနီးရှိ လူများမှာလည်း သူတို့၏ အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်သည်။ သူသည် တောက်ပသည့် ဓားစွမ်းအားကို မီးတောက်လမ်းစဥ်နှင့် တွဲ၍ ထုတ်ဖော်၏။ သူ၏ ဘေးမှ ရှားရှင်းယွန်သည် ကပ်ဆိုးဓားစွမ်းရည်ကို သူမ၏ ကြာပန်းစွမ်းအားများနှင့် တွဲစပ်ကာ ထုတ်ဖော်ကာ သူမအား အဆုံးမဲ့ စွမ်းအားများ ပေးစွမ်းနေသည်။
လေထဲမှ သေဆုံးခြင်း အငွေ့အသက်များက တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ ရှားရှင်းယွန်ဆီသို့ တိုးဝင်လာသည်။
သို့သော် ထိုနွယ်များ၏ တိုက်ခိုက်မှု အများစုသည် သူမအနီးမှ ပြန်လည်မွေးဖွားခြင်းအဆင့် များ၏ ရှင်းလင်းဖယ်ထုတ်ခြင်းကို ခံကြရပေသည်။
လှုပ်ရှားသံများကို ကြားလိုက်ရပြီး သေဆုံးခြင်း သစ်ပင်တစ်ပင်မှ အရေအတွက် များပြားလှသော အကိုင်းအခက်များက တစ်ခုပြီးတစ်ခု သူတို့ထံသို့ ရောက်ရှိလာလေသည်။ ပိုဆိုးသည်မှာ ကောင်းကင်ရှိ အဆုံးမဲ့ သေဆုံးခြင်းအငွေ့အသက်များက သူတို့ကို လွှမ်းမိုးလာခြင်း ဖြစ်သည်။
အခြားသူများကို တိုက်ခိုက်နေသည့် အငွေ့အသက်များသည်ပင် ရှားရှင်းယွန်ဆီသို့ အရူးအမူး တိုးဝင်လာနေသည်။
“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ” ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ ချင်ရွှမ်ကန်းက ရှေ့သို့ တိုးလိုက်ကာ သူ၏ လက်ကို မ ၍ သူ့ရှေ့မှ အရာအားလုံးကို ဖျက်ဆီးလိုက်သည်။ သို့သော်လည်း နွယ်များနှင့် အငွေ့အသက်တို့က ဘက်ပေါင်းစုံမှ ဆက်လက် ရောက်ရှိလာနေပြီး သူ့ကို ရှောင်တိမ်းကာ မင်းသမီးထံသို့ သွားရန် ကြိုးစားနေသည်။
အလွန်ကြီးမားသည့် သေဆုံးခြင်းသစ်ပင်က တစ်ခုခုကို အာရုံခံမိပုံရလေသည်။ ကြီးမားသော နွယ်တစ်ခုပြီးတစ်ခုက သူမဘက်သို့ တိုးဝင်လာနေသည်။
“သတိထား” ချင်ရွှမ်ကန်းက အော်လိုက်သည်။ သူသည် ရှေ့သို့ လှမ်းလိုက်ကာ ကြောက်မက်ဖွယ် အလင်းတို့ဖြစ်ပေါ်စေပြီး နွယ်များကို ပိတ်ဆို့ကာဆီးထားလိုက်သည်။ သို့သော် နွယ်များက အရေအတွက် အကန့်အသတ်မဲ့ကာ ပစ်မှတ်ထံသို့ အဆကမပြတ် တိုးဝင်နေသည်။
“မင်းသမီးကို ကာကွယ်ကြ” ရီဖူရှင်း၏ အမူအရာက ကြီးစွာ ပြောင်းလဲသွားသည်။ တန်ခိုးရှင်များ အားလုံးသည် ရှားရှင်းယွန်၏ ဘေးသို့ ရောက်ရှိလာပြီး ရောက်လာသမျှ တိုက်ခိုက်မှုများကို ခုခံနေကြသည်။
ဘုန်း... ဘုန်း.... ဘုန်း....
ပြင်းထန်သည့် တိုက်ခိုက်မှုတို့က ဆက်လက်၍ ထွက်ပေါ်လာကာ နွယ်များနှင့် ထိပ်တိုက်တွေ့သည်။
ထိုသေဆုံးခြင်းအငွေ့အသက်များက နေရာအနှံ့တွင် ရှိနေပြီး သူတို့၏ ခန္ဓာကိုယ်များ ကြားမှ ထွက်ကာ ရှားရှင်းယွန်ဆီသို့ ဦးတည်နေ၏။
“မီးတောက်ကို ထုတ်သုံး…”
ရီဖူရှင်းက အော်လိုက်သည်။ ဝူယုံးနှင့် အခြား ပြန်လည်မွေးဖွားခြင်းအဆင့်များက တောက်ပနေသည့် မီးတောက်များကို တပြိုင်တည်း ထုတ်ဖော်လိုက်ကြပြီး သူတို့၏ အနီးဝန်းကျင်ကို လောင်ကျွမ်းစေသော်လည်း သေဆုံးခြင်းအငွေ့အသက်များက မီးတောက်များကို ဖြတ်သန်းသွားရန် အခွင့်အရေးအား ချောင်းနေပေသည်။
ကြီးမားသော လူစုက ဝန်းရံပေးထားသည့် ရှားရှင်းယွန်သည် တဖြည်းဖြည်း ဖြူဖျော့လာ၏။ သူမ၏ ကပ်ဘေးဓားစွမ်းအားများက ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး ရောက်လာသမျှသော သေဆုံးခြင်းစွမ်းအားစီးကြောင်းများကို ဖြတ်တောက်လိုက်သည်။
တောက်ပ၍ သန့်စင်သည့် ကြာပန်းများက သူမအနီးတွင် ရစ်ပတ်ထားပြီး ဝင်ရောက်လာသည့် အငွေ့အသက်တို့ကို တားဆီးနေသည်။
ခရက်...
နွယ်များသည် ကြာပန်းအလင်း အကာအကွယ်ကို ဖြတ်သန်းထိုးဖောက်လာသည်။ နက်မှောင်သည့် အရှိန်အဝါများက သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်လာကာ သူမ၏ သန့်ရှင်းစင်ကြယ်သည့် ခန္ဓာကိုယ်အား အနက်ရောင် အရှိန်အဝါ အလွှာဖြင့် ဖုံးလွှမ်းသွားသည်။
အသက်ဓာတ်များက ပို၍ လျင်မြန်စွာ လှည့်ပတ်နေပြီးတော့ သူမက ထိုအနက်ရောင် စွမ်းအားများကို ရှင်းလင်းပစ်နေသော်လည်း သေဆုံးခြင်းအငွေ့အသက်များက အဆုံးမရှိသကဲ့သို့ ထင်မှတ်ရကာ သူမ ခန္ဓာကိုယ်ကိုသာ လိုချင်နေပုံရလေသည်။
“သေခြင်းနဲ့ ရှင်ခြင်း။ မဟာလမ်းစဥ်ရဲ့ အသက်စွမ်းအား” ရီဖူရှင်းက တစ်ခုခုကို သတိပြုမိသွားကာ ပြောလိုက်သည်။ “မင်း စွမ်းအားတွေကို ပြန်ရုတ်သိမ်းလိုက်”
“နောက်ကျသွားပြီ” ရှားရှင်းယွန်က ရီဖူရှင်းကို ကြည့်လိုက်သည်။ သူမက ယခုချိန်မှ စွမ်းအားများကို ရုတ်သိမ်းလိုက်လျှင်လည်း သေဆုံးခြင်းက သူမကို ချက်ချင်း ဝါးမျိုသွားလိမ့်မည် ဖြစ်သည်။ သူမ၏ ရှင်သန်ခြင်းစွမ်းအားများနှင့် ထိုသေဆုံးခြင်း စွမ်းအားတို့ကို ဆက်လက်တိုက်ခိုက်နေရန်သာ တတ်နိုင်လေသည်။
သူမသည် ထွက်ပြေးရန် နည်းလမ်းမရှိပေ။
“ဘာတွေဖြစ်ကုန်တာလဲ”
အနီးတဝိုက်ရှိ တန်ခိုးရှင်များမှာ ဇဝေဇဝါနှင့် ကြည့်နေကြသည်။ သူတို့ကို တိုက်ခိုက်နေသည့် အရှိန်အဝါများက ရုတ်တရက် ပျောက်ကွယ်သွားပြီး ဦးတည်ရာတစ်ခုသို့ တိုးဝင်သွားလေသည်။
သူတို့သည် အနီးသို့ လှည့်ကြည့်လိုက်ကြကာ မရေတွက်နိုင်သော ရှေးဟောင်းသစ်ပင် အကိုင်းအခက်များ နှင့် သေဆုံးခြင်းအငွေ့အသက်တို့က ရှားရှင်းယွန်ဆီသို့ တိုးဝင်သွားသည်ကို မြင်လိုက်ရလေသည်။
ထိုအချိန်၌ ချင်ရွှမ်ကန်း၏ လက်ထဲတွင် ကြီးမားသော သေဆုံးခြင်းသစ်ပင်နွယ်တို့နှင့် ပြည့်နှက်နေသည်။ သူတို့အနီးရှိ ပြန်လည်မွေးဖွားခြင်းအဆင့်များ အားလုံးသည် နတ်မီးလျှံများကို အရူးအမူး ထုတ်ဖော်လိုက်ကြပြီး ရှားရှင်းယွန်ထံသို့ တိုက်ခိုက်မှုကို တားဆီးနေကြသည်။
ဘုန်း…
ထိုနေရာရှေ့မှ မြေပြင်သည် ချက်ချင်း ကွဲအက်လာပြီး မြေပြင်တွင် နက်မှောင်သည့် နွယ်များ ထိုးထွက်လာကာ ရှားရှင်းယွန်ဆီသို့ တိုးဝင်သွားကာ သူမကို ရစ်ပတ်လိုက်ပြီး အသက်စွမ်းအားများကို စုပ်ယူနေသည်။
ရီဖူရှင်းက ရှေ့သို့ တက်လိုက်သည်။ သူ၏ သက်စောင့်ဟော်နန်းအတွင်း မီးဝိညာဥ်လုံးဆီမှ ကြောက်မက်ဖွယ် လမ်းစဥ်မီးတောက်တို့ ထွက်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်က ပြောင်းလဲသွားပြီး ချက်ချင်းပင် အဆုံးမဲ့ မီးလျှံများဖြင့် လွှမ်းခြုံသွားခဲ့သည်။ သူသည် မီးလျှံစစ်နတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားလသည်။
သူက မီးလျှံများဖြင့် လွှမ်းခြုံ၍ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။ မရေတွက်နိုင်သည့် မီးလျှံလက်များက ရှားရှင်းယွန်အား ရစ်ပတ်ထားသည့် အနက်ရောင်နွယ်များကို ဆွဲယူလိုက်ကာ ယင်းတို့ကို ချက်ချင်း လောင်ကျွမ်းပစ်စေလိုက်သည်။
သို့သော် သူတို့အနီးရှိ သေဆုံးခြင်းစွမ်းအားများက သူမ၏ ခန္ဓာကိုယ်တွင်းသို့ ဆက်လက်၍ ကျူးကျော်ဝင်ရောက်နေသည်။
သေဆုံးခြင်းစွမ်းအား၏ အရိပ်အငွေ့များက သူမ မျက်နှာပေါ်တွင် ပေါ်ပေါက်လာကာ သူမကို ဖြူဖျော့လာစေသည်။
သူမသည် ရီဖူရှင်းထံသို့ အလွန် ဝမ်းနည်းစွာဖြင့် ကြည့်လိုက်သည်။
သူမက ဤတားမြစ်နေရာ၌ သေဆုံးသွားရတော့မည်လား။
မူလတောင်တန်းသည် နတ်ဆိုးဘုံ၏ တားမြစ်နယ်မြေအဖြစ် ကျော်ကြားပေသည်။
ရီဖူရှင်းက ရှားရှင်းယွန်ဆီမှ ဝမ်းနည်းမှုများကို ခံစားမိပေသည်။ သူက သူမအား မူလတောင်တန်းသို့ ခေါ်ဆောင်လာခြင်းကို နောင်တရလာမိ၏။
ဘုန်း...
ရှားရှင်းယွန်၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ် မဟာလမ်းစဥ် စွမ်းအားများ ပေါက်ကွဲထွက်လာကာ ရန်ဟောင်စွမ်းအားများ ထုတ်လွှတ်လာသည်။ သူမ၏ ခန္ဓာကိုယ်အတွင်းမှ သေဆုံးခြင်းအငွေ့အသက်တို့က ချက်ချင်းပင် သန့်စင်ရှင်းလင်းခံလိုက်ရသည်။ ရီဖူရှင်းက ရှားရှင်းယွန်၏ နောက်တွင် အင်ပါယာရှားပုံရိပ် ပေါက်ပေါက်လာသည်ကို မြင်တွေ့ရလေသည်။
“အင်ပါယာရှား” ရီဖူရှင်းက မျှော်လင့်ချက်တို့ ယှက်သန်းလာသော်လည်း သူ ထိုအင်ပါယာထံသို့ ကြည့်မိသည့်အခါ ချက်ချင်း သတိပြုမိလိုက်သည်က သုန်မှုန်နေသည့် အမူအရာဖြင့် မျက်မှောင်တင်းတင်း ကြုတ်ထားခြင်းကို ဖြစ်လေသည်။
ထိုကြီးမားသော သစ်ပင်က သူ့ကို မလွယ်ကူသလို ခံစားမိစေသည်။
ဝုန်း…
ကျယ်ပြောသည့် အဆုံးမဲ့ ချောက်ကမ်းပါးက တုန်ခါလာသည်။ မရေတွက်နိုင်သည့် သေဆုံးခြင်း သစ်ပင်များက ချောက်ကမ်းပါးတစ်ခုလုံးကို ဖြတ်သန်းထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ် သေဆုံးခြင်းစွမ်းအားများက ကျယ်ပြောလှသည့် အဆုံးမဲ့ ချောက်ကမ်းပါးကို ဖုံးလွှမ်းထားသည်။
“သူမက ငါတို့ အားလုံးကို သတ်ပစ်လိမ့်မယ်”
ရင်ကျိုးတောင်မှ လူအများကြားတွင်ရှိသော နတ်မြေခွေးနန်းတော်၏ ဟူချမ့်က ရှားရှင်းယွန်ထံမှ ထွက်ပေါ်လာသည့် ပြင်းထန်သော ရန်ဟောင်စွမ်းအားတို့ကြောင့် အံ့အားသင့်နေသည်။
သို့သော် ဤသည်က မူလတောင်တန်းဖြစ်ပြီး များပြားလှသည့် နတ်ဆိုးအင်ပါယာများနှင့် ရန်ဟောင်များကို မြှုပ်နှံခဲ့ရသည့် နေရာဖြစ်သည်။ မှတ်တမ်းများအရ မူလတောင်တန်းကို လွှမ်းမိုးထားသည့် မဟာလမ်းစဥ်စွမ်းအားများသည် အစွမ်းထက်သည့် အရှိန်အဝါတို့ ပေါ်ထွက်လာခြင်းက ထိုစွမ်းအားများကို ဆွဲဆောင်ခံရသလို ဖြစ်ပေလိမ့်မည်။
ရန်ဟောင်စွမ်းအားသည် သေဆုံးခြင်းစွမ်းအားများ ပို၍ ပြင်းထန်လာစေရန် ရန်စခဲ့ပြီး သူတို့အားလုံးကို အသက်ဝင်စေလိမ့်မည်။
ထို့ကြောင့် ရန်ဟောင်များ သည်နေရာကို လာရောက်ခြင်းက ဆိုးဝါးသော ဆုံးဖြတ်ချက်ဖြစ်ပေသည်။
ရန်ဟောင်များ၏ ဖြစ်တည်မှုသည် သူတို့အားလုံးကို အကျိုးအမြတ်ရစေမည့်အစား သေခြင်းဖြင့် အဆုံးသတ်စေလိမ့်မည်။
ချောက်ကမ်းပါးက တုန်ခါလာပြီး သေဆုံးခြင်းစွမ်းအားများက နေရာတစ်ခုလုံးကို ဖုံးလွှမ်းလာသည်။ လူအများတို့၏ မျက်နှာများက အလွန် တည်ငြိမ်လာ၏။ ပုံရိပ်တစ်ခုသည် ထိုနတ်သစ်ပင်များဆီမှ မြင့်တက်လာပြီး တုန်ခါသံများကို အဆက်မပြတ်ကြားနေရသည်။
“အဲဒါ ဘာကြီးလဲ”
လူအများသည် သူတို့၏ အာရုံကို ထိုနေရာသို့ ပြောင်းရွှေ့လိုက်သည်။ သူတို့၏ စိတ်များက ဆက်လက်၍ တုန်ခါနေသည်။
သေဆုံးခြင်း သစ်ပင်၏ အလယ်တွင် မရေတွက်နိုင်သော နွယ်တို့ဖြင့် ရစ်ပတ်ထားသည့် အလွန်ကြီးမားသော ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ထိုပုံရိပ်သည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသကဲ့သို့ အနက်ရောင်အငွေ့တို့ဖြင့် ဖုံးလွှမ်းထားသည်။ ထိုသူ၏ ရှည်လျားသော ဆံပင်များက လွင့်ဝဲနေပြီး သေဆုံးခြင်းစွမ်းအားကလွဲလျှင် မည်သည့် စွမ်းအားအရှိန်အဝါကိုမှ အာရုံခံ၍ မရပေ။
သေစမ်း…
လူအများ၏ နှလုံးသားများက အပြင်းအထန် ခုန်လှုပ်လာပြီး ထိုအရာက မူလတောင်တန်းတွင် သတ်ဖြတ်ခံလိုက်ရသည့် အလွန် အစွမ်းထက်သော သူတစ်ဦးဦး ဖြစ်နေမလားဟု တွေးမိလိုက်ကြသည်။
သေဆုံးပြီးသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သော်လည်း ထိုအရာက ချောက်ကမ်းပါးကို သေဆုံးခြင်းချောက်ကမ်းပါးအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိနေသေးပေ၏။
ထို့အပြင် ထိုဖြစ်တည်မှုက သေဆုံးပြီးနောက်၌ပင် မတူကွဲပြားသည့် ရှင်သန်မှုကို ဖက်တွယ်ထားကာ အနီးရှိ မည်သည့် ရှင်သန်ခြင်းစွမ်းအားကိုမဆို ဝါးမျိုဖျက်ဆီးပစ်ရန် ရည်ရွယ်ပေသည်။
ထိုအရာက သေခြင်းမှ ပြန်ရှင်သန်လာရန် ကြိုးစားနေသည်လား။
ဘုန်း....
အင်ပါယာရှားသည် ရှားရှင်းယွန်အား အပေါ်သို့ ခေါ်ဆောင်သွားပြီး အလွန် လျင်မြန်သည့် အရှိန်ဖြင့် လေထဲသို့ ထိုးတက်သွားသည်။ သို့သော် သေဆုံးခြင်းသစ်ပင်၏ မရေတွက်နိုင်သည့် နွယ်များက ကောင်းကင်ထိ ထိုးတက်လာကာ လေထုကို လွှမ်းခြုံ၍ ကောင်းကင်ကိုပင် ဝါးမျိုတော့မတတ် ဖုံးလွှမ်းလာသည်။
ရန်ဟောင်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး အင်ပါယာရှားသည် အဆုံးမဲ့ ကပ်ဘေးအလင်းတို့ကို ထုတ်လွှတ်လိုက်သည်။ သူက မော့ကြည့်လိုက်ပြီး သူ့ထံသို့ အကန့်အသတ်မဲ့ နွယ်များ တိုးဝင်လာသည့်အား မြင်တွေ့ပေသည်။ သူ၏ မျက်နှာက သုန်မှုန်သွားကာ ရှေ့သို့ ဆက်သွားရင်း ပြောလိုက်သည်။
“မြန်မြန်”
သူ ပြောပြီးသည်နှင့် သူ၏ အရိပ်က အဆုံးမဲ့ ကပ်ဘေးအလင်းများကို ထုတ်လွှတ်လိုက်၏။ ထိုကောင်းကင်ကို ဖုံးလွှမ်းထားသည့် နွယ်များက ချက်ချင်းပင် မည်သည့်အရာမှ မကျန်သည်အထိ ပျောက်ကွယ်သွားခဲ့သည်။ မရေတွက်နိုင်သည့် ရှေးဟောင်းသစ်ပင်များက ခုတ်ဖြတ်ခံခဲ့ရကာ ကြောက်မက်ဖွယ် အလင်းများက ထိုသေဆုံးခြင်းသစ်ပင်ကို ဖိအားပေးပြီး ရှားရှင်းယွန်အတွက် ပြေးခွင့်သာရန် ကြံစည်သည်။
ရှားရှင်းယွန်သည် တစ်ဘက်ကို လှည့်ကာ ရှေ့ကို ဆက်သွားလိုက်၏။
ဘုန်း...
အင်ပါယာရှား၏ မဟာလမ်းစဥ်စွမ်းအားများသည် ကျယ်လောင်သောအသံနှင့်အတူ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားပြီး အစအနပင် မကျန်ရစ်ခဲ့ပေ။ သေဆုံးခြင်း၏ နွယ်များသည် ခဏအတွင်း လေထဲသို့ ထိုးတက်ကာ ရှားရှင်းယွန်၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ကာ ရှေ့သို့ သွားနေသည့် သူမအား တားဆီးလိုက်သည်။ သူမ၏ ခန္ဓာကိုယ်အတွင်းမှ အသက်စွမ်းအားများက အရူးအမူစုပ်ယူခံနေရ၏။ သူမ၏ ခန္ဓာကိုယ်သည် ထိုပေါ်ပေါက်လာသည့် သေဆုံးခြင်းသစ်ပင်ဆီသို့ ဆွဲယူခံလိုက်ရသည်။
“သူမတော့ သွားပြီပဲ” လူအများက ရေရွတ်လိုက်ကြသည်။ ရန်ဟောင်စွမ်းအားများကို ထုတ်ဖော်၍ ရင်ဆိုင်ခဲ့သော်ငြား သူမအား ကယ်တင်ရန် ကျရှုံးခဲ့ပေသည်။
တစ်စုံတစ်ယောက်က လေထဲသို့ ခုန်တက်လာကာ ရှားရှင်းယွန်၏ ဘေးသို့ ရောက်လာသည်။ မရေတွက်နိုင်သည့် မီးလျှံလက်များက သေဆုံးခြင်းနွယ်များကို ဆွဲယူလိုက်ကာ လောင်ကျွမ်းပြာချပစ်ရန် ရည်ရွယ်ပြီး ယင်းတို့ ရှေ့သို့ ဆက်သွားနေခြင်းမှ တားဆီးလိုက်သည်။
ရှားရှင်းယွန်သည် ထိုကြီးမားသည့် မီးလျှံခန္ဓာကိုယ်ကို မော့ကြည့်လိုက်စဥ်တွင် သူမ၏ ခန္ဓာကိုယ်အတွင်းမှ အသက်စွမ်းအားများကတော့ အရူးအမူး စုပ်ယူခံနေရပေသည်။
ကြည့်ရသည်မှာ သူမက အမှန်တကယ် သေဆုံးရတော့မည် ထင်သည်။
ထိုကြီးမားသည့် မီးလျှံခန္ဓာကိုယ်မှ ချောမောသည့် မျက်နှာကို မြင်တွေ့လိုက်ရသည်။ သူမသည် ထိုမျက်နှာကို ကြည့်ရင်း သူမ၏ မျက်လုံးထောင့်မှ မျက်ရည်တို့ စီးကျလာသည်။
သူက နောင်တ တရားတို့နှင့်အတူ သေဆုံးရတော့မည် ထင်သည်။
သူမ၏ နှုတ်ခမ်းတို့က တွန့်ချိုးသွားပြီး တစ်ခုခုကို ပြောရန် ရည်ရွယ်လိုက်သော်လည်း မည်သည့် အသံမှ ထွက်ပေါ်မလာခဲ့ပေ။
သူမသည် တစ်ခုခုကို ရုတ်တရက် ပြန်စဥ်းစားကာ ပြုံးလိုက်သည်။ ထိုအပြုံးက ခဏလေးဖြစ်သော်လည်း မယုံကြည်နိုင်လောက်အောင် လှပပေသည်။ ထိုခဏတွင် သူမက အလှပဆုံး မှတ်ဉာဏ်တို့အား ချန်ရစ်ခဲ့ရန် ရည်ရွယ်ပုံ ရလေသည်။
“နှုတ်ဆက်ခဲ့တယ်နော်…”
ရှားရှင်းယွန်သည် သူမ၏ ခန္ဓာကိုယ်က အောက်သို့ ဆက်လက်ဆွဲချခံနေရရင်း နူးညံ့စွာ ပြောလိုက်သည်။ သူမ ကျဆင်းနေခြင်းက ရပ်တန့်မည်ပုံမရှိပေ။
အင်ပါယာရှားပင် မရပ်တန့်နိုင်ခဲ့သည့် တစ်စုံတစ်ခုကို ရီဖူရှင်းက ရပ်တန့်နိုင်ရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။
ရီဖူရှင်း၏ နှလုံးသားက အလွန် နာကျင်ခံစားနေရ၏။ ထိုမြင်ကွင်းသည် သူ၏ ကြောက်မက်ဖွယ် မှတ်ဉာဏ်အချို့ကို အမှတ်ရစေပြီး ထိုမှတ်ဉာဏ်များက သူ့ကို အနာကျင်စေခဲ့ဆုံးအရာများ ဖြစ်သည်။
“မင်းသမီးက ပြုံးလိုက်ရင် အရမ်းလှတာပဲ။ မိန်းကလေး အဝတ်အစားတွေသာ ဝတ်ရင် ပိုပြီးတော့တောင် ကြည့်လို့ လှမှာ သေချာတယ်”
ရီဖူရှင်းက ရုတ်တရက် ပြောလိုက်သည်။ ရှားရှင်းယွန်က ကြက်သေသေသွားလေသည်။ ထို့နောက် ရီဖူရှင်းသည် ရှေ့သို့ တိုးလိုက်ရာ သူ၏မီးလျှံခန္ဓာကိုယ်က သူမ အနောက်သို့ ရောက်ရှိသွားသည်။ မီးလျှံလက်များကို ဆန့်တန်းလိုက်ကာ သူမအား အနောက်မှ ထွေးပွေ့လိုက်၏။
“ကျုပ် အဲဒါကို မမြင်ရမချင်း နှုတ်ဆက်မှာမဟုတ်ဘူး။” ရီဖူရှင်းက ထပ်ပြောလိုက်သည်။ ထိုအခိုက်တွင် သူမ၏ အားနည်းသော ခန္ဓာကိုယ်လေးက စစ်နတ်ဘုရား၏ မီးလျှံများဖြင့် ထွေးပွေ့ခံထားရပေသည်။
မီးလျှံစွမ်းအားများက သူမ၏ မျက်နှာထက်တွင် ရောင်ပြန်ဟပ်နေသည်။ ရှားရှင်းယွန်သည် ထိုနေရာမှ စီးဆင်းလာသော နွေးထွေးမှုတို့ကို ခံစားရပြီး မျက်ရည်တို့ ကျဆင်းလာလေသည်။
***