← Chapters

မိတ်ဆွေဖြစ်ခွင့်တောင်းဆိုမှု

Vol. 010 Ch. 993

မိတ်ဆွေဖြစ်ခွင့်တောင်းဆိုမှု

Vol. 010 Ch. 993

“ခင်ဗျားက” ရှီမာယူယူနှင့် ရှောင်ချီတို့ထောင်အပြင်သို့ရောက် သောအခါ သတ်လတ်ပိုင်းအရွယ်လူတစ်ယောက်သည် သူတို့ကို ကိုယ်တိုင် လာနှုတ်ဆက်လေသည်။

“ငါက ကျန်ရှင်းပါ ကျန်လွီအာရဲ့ အဘိုးပါ” ကျန်ရှင်းပြုံးလိုက်သည် “ငါ့ ရဲ့ မရင့်ကျက်တဲ့မြေးမက မင်းတို့နှစ်ယောက်ကို အနှောင့်အယှက်ပေးမိသွား ပြီ သူမကိုယ်စား ငါကပဲတောင်းပန်ပါတယ်၊ မင်းတို့ သူမကို ခွင့်လွှတ်ပြီး ဗွေ မယူဖို့ မျှော်လင့်ပါတယ်”

ကျန်လွီအာရဲ့ အဘိုးဟုတ်လား။ ကောင်းကင်ဂိုဏ်းကို ပြိုင်ပွဲကနေ ထုတ်နိုင်တဲ့အဲလူလား။

အခု သူက ခြစ်ကုတ်ပြီးတော့ အရိုအသေလာပေးနေတာက သူက ကျန်လွီအာပြောသလို လုပ်နိုင်တဲ့စွမ်းရည်မရှိလို့ပဲလား မဟုတ်ရင် ရွှမ်းချုံရဲ့ ရာထူးက သူမယှဉ်နိုင်လောက်အောင် မြင့်လွန်းနေလို့ပဲလား။

ထိုအရာများသည် နောက်မှဟု သူမ ကိုယ်ပိုင်အသိစိတ်မှပြောနေ သည်။

“တကယ်လို့ သူမသာ ကိုယ်တိုင် ကျွန်တော်တို့ကိုလာပြဿနာမရှာရင် ဘာမှမဖြစ်သလိုမှတ်ယူပေးလို့ရပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်ပါတယ် ဟုတ်ပါတယ် ငါကိုယ်တိုင် အဲကောင်မလေးကို အပြစ် ပေးလိုက်ပါမယ်၊ သူမကို ဗွေမယူတဲ့အတွက် ကျေးဇူးတင်ပါတယ်” ကျန်ရှင်း သည် တောင်းပန်စွာဖြင့်ပြုံးပြီးပြောလေသည်။

ရှီမာယူယူသည် ရွှမ်းချုံဆီသို့လျှောက်သွားပြီး “ခင်ဗျားကဘာလို့လာ တာလဲ ကျွန်တော်တို့ကို ခေါ်သွားဖို့လား”

“ငါကြားလိုက်တာနဲ့ လာခဲ့တာ” ရွှမ်းချုံဆက်ပြောလေသည် “သွားမယ် မင်းကို တောင်းဆိုစရာရှိတယ်”

“ကျွန်တော့်ကိုတောင်းဆိုစရာရှိတယ်ဟုတ်လား” ရှီမာယူယူသည် အံ့သြသွားသော်လည်း ခေါင်းညိတ်ကာ “ဒါဆိုရင် အပြင်မှာပြောကြတာပေါ့”

သူတို့ထောင်မှထွက်လာချိန်တွင် ရွှမ်းချုံသည် ကျန်ရှင်းကိုပြောလေ သည် “ဒုဥက္ကဌကျန် ဒီကိစ္စကိုဖြေရှင်းပြီးပြီဆိုမှတော့ ကျွန်တော် ခင်ဗျားအချိန် ကို လုမယူတော့ပါဘူး”

ကျန်ရှင်းသည် သက်တမ်းကြာအောင်နေလာပြီဖြစ်သဖြင့် ရွှမ်းချုံ သူ့ကို သွားခိုင်းသည်ကို နားလည်သည်။ သူပြုံးပြီးပြောလိုက်သည် “ကျွန်တော် လည်းလုပ်စရာရှိသေးတယ် ဒါဆိုရင် ခင်ဗျားတို့ကိုမနှောင့်ယှက်တော့ဘူး နှုတ်ဆက်ပါတယ်”

သူသည် ရွှမ်းချုံကို လက်အုပ်ချီပြီးနောက် ထွက်သွားလေသည်။

“မင်း သံသယများနေမယ်ဆိုတာ ငါသိတယ် အရင်ဆုံးဒီနေရာကနေ ထွက်သွားကြတာပေါ့ ပြီးမှ မင်းကိုဖြည်းဖြည်းချင်းပြောပြမယ်” ရွှမ်းချုံပြောပြီး နောက်တွင် ဘီးတပ်ကုလားထိုင်ပေါ်ထိုင်ပြီး ထွက်သွားလေသည်။

ရှီမာယူယူနှင့် ရှောင်ချီတို့ သူ့နောက်လိုက်သွားပြီး အဂ္ဂိရတ်ပညာရှင် အသင်းမှထွက်ပြီး ခြံဝန်းငယ်တစ်ခုသို့လာလိုက်သည်။

“ဒါဘယ်နေရာလဲ” ရှောင်ချီ မေးလေသည်။

“ငါ့ရဲ့ယာယီနေအိမ်” ရွှမ်းချုံ ပြန်ဖြေလေသည်။

ထိုအချိန်တွင် တံခါးမကြီးသည် အထဲမှပွင့်သွားပြီး အစေခံတစ်ယောက် ထွက်လာပြီး ပြောလေသည် “သခင် ပြန်လာပြီလား”

အစေခံသည် ရွှမ်းချုံဆီသို့အလောတကြီးလာပြီး သူ့ဘီးတပ် ကုလားထိုင်ကို ကိုင်ပြီး အားထည့်ကာ ဘီးတပ်ကုလားထိုင်ကို တွန်းလေ သည်။

“ရွှမ်းချုံ ကျွန်တော်တို့ကိုဘာလို့ဒီကိုခေါ်လာတာလဲ” ရှီမာယူယူ မေး လိုက်သည်။

“မင်းကို တောင်းဆိုစရာတစ်ခုရှိလို့” ရွှမ်းချုံ ရှင်းပြလေသည်။

ရှီမာယူယူ သိချင်နေသော်လည်း သူ အသေးစိတ်မပြောပြသည်ကို ကြည့်ပြီး သူ့နောက်ကိုသာလိုက်ခဲ့သည်။

“စိတ်လှုပ်ရှားစရာမလိုပါဘူး အန္တရာယ်များတာ မတောင်းဆိုပါဘူး” ရွှမ်းချုံ ဆက်ပြောလေသည် “ငါ တစ်ခုကြားထားတာရှိလို့ မင်းကို ကူညီပေးဖို့ တောင်းဆိုချင်လို့”

“ကျွန်တော် ဘာကူညီပေးရမလဲ” ရှီမာယူယူ မေးလိုက်သည်။

“ရောက်ရင်သိလိမ့်မယ်”

ရွှမ်းချုံသည် သူမကိုခြံအနောက်သို့ခေါ်သွားလေသည်။ ပန်းပင်များ ရှုပ်ပွနေသည့်အစား ထိုနေရာတွင် ပန်းအိုးဖြင့်စိုက်ထားသော ပန်းပင် နှစ်ပင် ရှိလေသည်။ ငွေရောင်ပင်စည်၊ မြစိမ်းရောင်အပ်အရွက်များ၊ ပန်းမျိုးစိပ် အနည်းငယ်ပွင့်နေကြသည်။

“ဟိုနားကအဲနှစ်ပင်ကိုမြင်လား” ရွှမ်းချုံ မေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူ မမြင်ရသည်ကိုတွေးပြီး သူမ ပြန်ဖြေလိုက်သည် “မြင်ရပါတယ်”

“အဲဒါဘာလဲဆိုတာ သိလား”

“အဲဒါ ပျောက်ကွယ်သွားတဲ့ ငွေရောင်အမြစ်သာကူမလား” ရှီမာယူယူ စမ်းပြောကြည့်လေသည်။

“မင်းက တကယ်ပဲဗဟုသုတရှိတာပဲ” ရွှမ်းချုံရယ်မောလိုက်သည်။ ထို အပင်နှစ်ပင်အား ရှီမာယူယူ သိနေခြင်းအတွက် သူမအံ့သြတော့ပေ။

ငွေရောင်အမြစ်သာကူသည် ရှေးဟောင်းအချိန်များက အဂ္ဂိရတ်ပညာ ရှင်များ အသုံးပြုခဲ့သည့် ရွှေမြွေအသီးလောက်ကောင်းသည့် ဆေးပင်ဖြစ် သည်။ သို့သော် မသိနိုင်သောတချို့အကြောင်းများကြောင့် ပျောက်ကွယ် သွားခဲ့သည်။

ရွှမ်းချုံတွင် ထိုအပင်ရှိလိမ့်မည်ဟု ထင်မထားခဲ့ပေ။

“အဲပန်းပင်တွေက အရမ်းလှတာပဲ အရသာရှိမှာပဲ” ရှောင်ချီသည် ထို ပန်းများကိုကြည့်ပြီး သားရည်ကျနေလေသည်။

“ငွေအမြစ်သာကူက ပန်းကိုဆေးအဖြစ်သုံးခဲ့ပေမဲ့ အသီးလောက် သက်ရောက်မှုမရှိဘူး၊ ဒါပေမဲ့ ငါ သူတို့ကိုတွေ့ပြီးတဲ့အချိန်ကစပြီး အသီးကို မမြင်ခဲ့ဘူး ပန်းပဲပွင့်တယ်” ရွှမ်းချုံသည် နှမြောတသစွာပြောလေသည်။

“ဘာလို့လဲ အိုးအသေးထဲမှာစိုက်လို့လား”

“ဟီးဟီး” ရှောင်ချီ ပြောလိုက်သောစကားကိုကြားပြီးနောက်တွင် ရွှမ်ချုံ သည် ရယ်မောပြီး ခေါင်းရမ်းကာ ပြောလေသည် “အဲနှစ်ပင်က နေရာမယူဘူး အထဲက မြေသားကလည်းလုံလောက်တယ်”

“ဒါဆိုရင် ဘာလို့လဲ” ရှောင်ချီသည် ပိုသိချင်လာသည်။

“ဘာလို့လဲဆိုတော့ သူတို့ဝတ်ဆံကိုမဖြန့်နိုင်လို့ပဲ” ရှီမာယူယူ ပြော လိုက်သည်။

“မဖြန့်နိုင်ဘူးဆိုတာ ဘာကိုပြောတာလဲ” ရှောင်ချီသည် ပန်းပွင့်မှ အသီး ပြောင်းလဲသည်ကို အရင်ကမမြင်ဖူးပေ။ ထို့ကြောင့် ဘာအတွက်သုံးသည်ကို သူမ မသိပေ။

ရှီမာယူယူသည် သူမကို ရိုးရိုးရှင်းရှင်း ရှင်းပြရာ သူမသည် ချက်ချင်းပင် နားလည်သွားလေသည်။

“ပန်းပွင့်ကနေ အသီးသီးဖို့ကိုအဲလောက် ဒုက္ခများမယ်မှန်းမသိခဲ့ဘူး ဒါပေမဲ့ ဒီမှာဘာပျားမှမရှိဘူးလား” ရှောင်ချီသည် ငွေအမြစ်သာကူဆီသို့ လျှောက်သွားပြီး လက်ကိုဆန့်ထုတ်ကာ ပျားဖမ်းလေသည်။

သူမ လက်ထဲမှတစ်ကောင်အပြင် ပန်းနားတွင် ပျံကနေသော အကောင် အနည်းငယ်ရှိသည်။

“ပုံမှန်ပျားက အသုံးမဝင်ဘူး” ရွှမ်းချုံဆက်ပြောလေသည် “ငါတို့ ပျား အမျိုးအစားအများကြီးနဲ့ စမ်းသပ်ပြီးပြီ”

သူ သူမကိုဘာကြောင့်ရှာသလဲဆိုသည်ကို ရှီမာယူယူ နားလည်သွား လေပြီ။

“ဒီတစ်ခေါက် တိမ်ပင်လယ်မြို့ကိုလာရတဲ့ ရည်ရွယ်ချက်တစ်ခုက အဂ္ဂိရတ်ပညာရှင်အသင်းကလူတွေကို ကြည့်ခိုင်းစေချင်လို့ပဲ၊ ဆုန့်ချောင်းဂျီ ပြောတာတော့ ငွေအမြစ်သာကူရဲ့ ဝတ်ဆံကိုဖြန့်ဖို့အတွက် နီရဲပျားလိုတယ် တဲ့၊ နီရဲပျားတွေနည်းလာလို့ပဲ ငွေအမြစ်သာကူကလည်း ပျောက်ကွယ်ခဲ့တာ”

ထင်ထားသည့်အတိုင်းပင်…

နီရဲပျားဟု သူပြောသည်ကို ရှီမာယူယူကြားလိုက်သည်နှင့် သူ သူမကို ရှာသည့်အကြောင်းအရင်းကို ပိုသေချာသွားသည်။ ဒါပေမဲ့ သူမမှာ နီရဲပျားရှိ တာကို သူဘယ်လိုသိတာလဲ။

ထိုသို့စဉ်းစားကြည့်ရာ သူနှင့် ဥယျာဉ်ထဲတွင်တွေ့ခဲ့သည်ကို ပြန်တွေးမိ သည်။ သူ သေချာပေါက် သူမရဲ့ သရုပ်မှန်ကို လူလွှတ်ပြီးစုံစမ်းခဲ့မှာပဲ။ သူမ နီရဲပျားတွေကို သုံးခဲ့တယ်ဆိုတာ သိဖို့က မခက်ဘူးလေ။

အနည်းဆုံးတော့ သူ့လိုလူအတွက် မခက်ဘူး။

ရွှမ်းချုံသည် ရှီမာယူယူကိုကြည့်ပြီး မေးလိုက်သည် “ငါ့ကိုကူညီချင်ရဲ့ လား”

“လျှို့ဝှက်ထားပေးတဲ့အတွက်လား” ရှီမာယူယူသည် မျက်ခုံးများကိုပင့် လိုက်သည်။

ရွှမ်းချုံသည် ခေါင်းရမ်းလိုက်သည် “မိတ်ဆွေဖြစ်ခွင့် တောင်းဆိုတာပါ”

“မိတ်ဆွေလား” ရှီမာယူယူသည် သူ့ကိုသံသယဖြင့်ကြည့်လိုက်သည်။

သူ့ရာထူးဂုဏ်နဲ့ တခြားသူနဲ့ မိတ်ဆွေဖြစ်ရတာ ဘာလို့အဲလောက်လွယ် နေတာလဲ။

“ဘာလို့လဲ ငါက မသန်မစွမ်းမို့လို့ ရှောင်ချင်လို့လား” ရွှမ်းချုံသည် နှုတ်ခမ်းထောင့်မှ ကိုယ့်ကိုယ်ကို လှောင်ပြောင်သည့် အပြုံးကိုဖုံးကွယ်လိုက် သည်။

“မဟုတ်ပါဘူး ခင်ဗျားရာထူးကမြင့်တာကို ခံစားမိလို့ပါ ကျွန်တော့်လို ဘာမှမဟုတ်တဲ့သူနဲ့ ဘာလို့ မိတ်ဆွေဖြစ်ချင်တာလဲလို့ပါ” ရှီမာယူယူ ရှင်းပြ လေသည်။

“မင်းကိုပြောပြီးသားပဲ မင်းအနံ့ကသန့်ရှင်းတယ်လို့” ရွှမ်းချုံ ဆက်ပြော လေသည် “မင်းပြောသလိုပဲ ငါ့မှာ မိတ်ဆွေနည်းတယ် ဒါပေမဲ့ ငါက သန့်ရှင်း တဲ့လူကိုသဘောကျတယ်”

“ကျွန်တော့်လက်က သွေးတွေစွန်းထင်းနေပြီ သွေးအနံ့မရဘူးလား” ရှီမာယူယူ ပြောလိုက်သည်။

“မရပါဘူး” ရွှမ်းချုံ ဆက်ပြောလေသည် “ဘယ်လိုလဲ ငါ့ကို ဒါနဲ့ ပတ်သတ်ပြီး ကူညီချင်လား”

ရှီမာယူယူ ရယ်မောပြီး ငွေအမြစ်သာကူနှစ်ပင်ဆီသို့ကြည့်ရင်း စဉ်းစား လိုက်ရာ နီရဲပျားများ ပျံထွက်လာသည်။

သူမတွင် နီရဲပျားများရှိသည်ကို သူ သိပြီးမှတော့ ကူညီလိုက်တာက မထိခိုက်နိုင်ပါဘူး။ ပြီးတော့ သူက သူမ လျှို့ဝှက်ချက်ကိုလည်း ထိန်းသိမ်း ပေးထားတာမလား။

ထိုနီရဲပျားများသည် ပျံထွက်လာပြီးနောက် ငွေအမြစ်သာကူအပင်ဆီသို့ ပျံသွားပြီး ပန်းများအနားတွင် ယောက်ယက်ခတ်နေသည်။

“အသီးသီးရင် ကျွန်တော်ကြည့်လို့ရမလား”

“ရတယ်” ရွှမ်းချုံသည် မမြင်ရသော်လည်း သူ၏ အံ့ဖွယ်အသိနှင့် ပျား များသည် ပျားရည်စုနေသည်ကို သိသည်။ နှုတ်ခမ်းထောင့်မှ အပြုံးသည် လေးနက်သွားပြီး “ငါမမြင်ရတာတော့ နှမြောဖို့ကောင်းတယ် မဟုတ်ရင် သူတို့ ဘယ်လိုပုံလဲဆိုတာ ငါမြင်ရမှာပဲ”

ရှီမာယူယူ တွေးပြီးပြောလိုက်သည် “ကျွန်တော်က သမားတော်လည်း ဟုတ်တယ် ကျွန်တော့်ကို ကြည့်ခိုင်းစေချင်လား”

သူ၏ သရုပ်မှန်ကို သူမ မသိသေးသော်လည်း သူသည် အဂ္ဂိရတ်ပညာ ရှင်အသင်းမှ မရှုပ်ရဲသည့်သူတစ်ယောက်ဖြစ်သည်နှင့်အညီ မိတ်ဆွေဖွဲ့ထား သည်မှာ ကောင်းသည်။

***

All Chapters