← Chapters

ချိပ်ပိတ်ခြင်းပြဿနာ

Vol. 010 Ch. 994

ချိပ်ပိတ်ခြင်းပြဿနာ

Vol. 010 Ch. 994

“မင်းက သမားတော်လား”

“ဟုတ်ပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ဥက္ကဌရှားတို့ပြန်မရောက်ကြသေးဘူး ဆိုတော့ ကျွန်တော့်ကိုစမ်းကြည့်လို့ရပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်က ဘာမှမလုပ်နိုင်ဘူးဆိုရင်တောင်မှ ပိုဆိုးမယ့်အရာကိုတော့ မလုပ်ပါဘူး”

“ကောင်းပြီလေ” ရွှမ်းချုံ သဘောတူလိုက်သည် “ဒါဆိုလည်း ခန်းမကို သွားကြတာပေါ့”

သူတို့ ခန်းမသို့ရောက်သည်နှင့် အစေခံမိန်းကလေးသည် လက်ဖက် ရည်ပူ တစ်ခွက်ကိုယူလာလေသည်။

ထိုအစေခံမိန်းကလေးကို မြင်လိုက်သောအခါ ရှီမာယူယူ အံ့သြသွား သည်။ အကြောင်းမှာ ထိုမိန်းကလေးသည် ဧကရာဇ်အဆင့်ကျွမ်းကျင်သူဖြစ် နေသည်။

ရွှမ်းချုံက ဘယ်လိုသရုပ်မှန်မျိုးရှိနေတာလဲ။

“ကျေးဇူးပြုပြီးတော့” ရွှမ်းချုံသည် စားပွဲပေါ်လက်တင်ပြီး ရှီမာယူယူ အားပြောလေသည်။

ရှီမာယူယူသည် အစေခံမိန်းကလေးဆီမှ အကြည့်ကိုခွာပြီး သူ့ခန္ဓာ ကိုယ်ကို စတင် စစ်ဆေးလေသည်။

အစေခံမိန်းကလေး လီလီသည် လက်ဖက်ရည်ချပေးပြီးနောက်တွင် အနောက်တွင်ရပ်ကာ ရှီမာယူယူ စမ်းသပ်ပေးနေသည်ကို ကြည့်နေသည်။

သူမသည် ရွှမ်းချုံ၏ ကိုယ်ပိုင်အစေခံမိန်းကလေးဖြစ်သည့်အတွက် ရှီမာယူယူနှင့်ပတ်သတ်ပြီး အတွေးမများပေ။

သူမသခင်ကို သမားတော်များစွာ စမ်းသပ်သည်ကို သူမ တွေ့ခဲ့ဖူးပြီ။ အများစုမှာ ရွှမ်းချုံ၏ မျိုးနွယ်နှင့် ခိုင်မာစွာပတ်သတ်လိုသည့်အတွက် သူ့ကို ကုသပေးနိုင်မည်ဟု ယုံကြည်မှုများရှိကြသည်။ သို့သော် သွေးကြောစမ်းပြီး နောက်တွင် ထိုယုံကြည်မှုရှိသောအမူအရာများ ထိန်းသိမ်းနိုင်သည့်သူ တစ် ယောက်မှမရှိခဲ့ပေ။

သူမသည် ရှီမာယူယူ မျက်မှောင်ကြုတ်သွားသည်ကို စောင့်ကြည့်ပြီး မျက်လုံးထဲတွင် အေးစက်မှုဖြတ်ပြေးသွားလေသည်။ ကိုယ့်ကိုယ်ကို အထင် ကြီးတဲ့ နောက်ထပ်လူတစ်ယောက်ပါလား။

ရှီမာယူယူသည် ရွှမ်းချုံကိုလွှတ်ပေးပြီး ပြောလိုက်သည် “ကျွန်တော် ခင်ဗျား မျက်လုံးတွေနဲ့ ခြေထောက်တွေကို စမ်းကြည့်ဦးမယ်”

“ကောင်းပြီ” ရွှမ်းချုံသည် သူမကို မျှော်လင့်ချက်ကြီးကြီးမားမား မထား ထားပေ။ သို့သော် သူ၏ နွေးထွေးသော အကျင့်နှင့် သူမကို ပြင်းပြင်းထန်ထန် ငြင်းဆန်ရန် ခက်ခဲသည်။

“သခင်” လီလီသည် ညင်သာစွာ လေသံဖြင့်ပြောလိုက်သည်။ သူ့ ခန္ဓာကိုယ်ကို ဘယ်လိုလုပ် တခြားတစ်ယောက်ကို ထိခွင့်ပေးလိုက်တာလဲ။ အဲဒါ မခန့်လေးစားလုပ်လိုက်တာပဲ။

ရှီမာယူယူ ခေါင်းမော့လိုက်ချိန်တွင် လီလီ၏ မျက်လုံးများသည် ရန်လို သည့် အကြည့်များဖြင့်ပြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမ မှင်တက် သွားပြီး မေးလိုက်သည် “ဘာလဲ အဲဒါအဆင်မပြေဘူးလား”

“အဲလိုမဟုတ်ပါဘူး” ရွှမ်းချုံသည် ပြုံးယောင်သမ်းသွားသည် “လီလီ အောက်ထပ်ကိုသွားလိုက်”

“သခင်…” လီလီသည် ရွှမ်းချုံအား မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက် သည်။ သူ တကယ်ပဲ သူမကိုအောက်ထပ်ကိုသွားခိုင်းတာလား။ အခုလေး တင်တွေ့တဲ့လူတစ်ယောက်အတွက်နဲ့လေ။

“မင်းနေချင်တယ်ဆိုရင် သူစမ်းသပ်တာကို နာခံရမယ်” ရွှမ်းချုံ၏ အသံ သည် တိုးညင်းသော်လည်း မငြင်းဆန်နိုင်ပေ။

လီလီသည် ရွှမ်းချုံအား နာကျင်စွာကြည့်လိုက်သည်။

“သူမကို နေခိုင်းလိုက်ပါ၊ ခဏနေရင် သူမအကူအညီလိုတာရှိလိမ့်မယ်” ရှီမာယူယူသည် အိမ်ရှင်အခက်မတွေ့စေလိုသဖြင့် ပြောလိုက်သည်။

“ဒါဆိုရင် ဘေးမှာရပ်နေပြီးကြည့်ပေါ့”

“အင်း အင်း” လီလီသည် ခေါင်းညိတ်ပြီး ဘာမှထပ်မပြောတော့ပေ။

ရှီမာယူယူသည် လျင်မြန်စွာပင် ရွှမ်းချုံ၏အရှေ့သို့သွားပြီး လက်ဆန့် ထုတ်ကာ သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ သူမသည် စိတ်နှစ်ကာ စမ်းသပ် ပြီးမှ လွှတ်လိုက်သည်။

သူမ ခြေနှစ်လှမ်းဆုတ်ကာ ပြောလေသည် “မိန်းကလေးလီလီ သူ့ ဘောင်းဘီကို ဒူးထိရောက်အောင် မ,တင်ပေးပါဦး”

လီလီသည် ရွှမ်းချုံအရှေ့တွင် ဒူးထောက်ကာ ဘောင်းဘီကို ဒူးအထိ မ, တင်ပေးပြီးနောက် ဘေးသို့ပြန်ဆုတ်သွားလေသည်။

ရှီမာယူယူသည် လက်ကိုဆန့်ထုတ်ပြီး သူ၏ အကြောနေရာကို ဖိပြီး လက်ရှိအခြေအနေနှင့်ပတ်သတ်ပြီး မေးခွန်းအနည်းငယ်မေးပြီးနောက် ဘေး သို့သွားလိုက်သည်။ လီလီသည် ဘောင်းဘီကိုပြန်ချပေးလေသည်။

လီလီသည် ရှီမာယူယူကို ထိုအကြောင်းနှင့်ပတ်သတ်ပြီး မေးရန် စဉ်းစားသော်လည်း ရွှမ်းချုံထပ်ပြီး သူမကို ဒေါသဖြစ်မည်စိုးသဖြင့် ကြည့်ရုံ သာကြည့်နေလိုက်သည်။

“ယူယူ ဘယ်လိုနေလဲ” ရှောင်ချီသည် သူမသိချင်တာကို မေးလေ သည်။

“သူ့ခြေထောက်နဲ့ မျက်လုံးတွေက ကောင်းတယ်” ရှီမာယူယူ ပြော လိုက်သည်။

“ကောင်းတယ် ဟုတ်လား ဒါဆိုရင် သူက ဘာလို့ လမ်းလျှောက်လို့လဲ မရ မျက်စိလည်းမမြင်ရဖြစ်နေတာလဲ”

ရှောင်ချီသည် အော်လေသည်။

“ဘာလို့လဲဆိုတော့ သူ့မြင်ကွင်းနဲ့ ခြေထောက်ကိုဆက်နေတဲ့ အကြော တွေကို ဖိနှိပ်ထားလို့ပဲ” ရှီမာယူယူ ပြောလိုက်သည် “ဦးနှောက်ထဲက အရာ တွေမဟုတ်ရင်… ဦးနှောက်က အဲအကြောတွေကို ချိပ်ပိတ်ထားတာပဲ၊ အဲဒါ ကြောင့် အခုလိုဖြစ်နေတာ”

ရွှမ်းချုံ၏ အမူအရာသည် ပြောင်းသွားသည်။ သို့သော် လျင်မြန်စွာပင် သူ တည်ငြိမ်မှုကိုပြန်ဆယ်လိုက်သည်။

ရှီမာယူယူ ချိပ်ပိတ်ခြင်းနှင့်ပတ်သတ်ပြီး သိလိမ့်မည်ဟု သူ မထင်ထား ပေ။ သူ့မျိုးနွယ်ဝင်ထဲမှ အဓိကလူများမှလွဲပြီး တခြားသူများ ထိုအကြောင်းကို မသိကြပေ။

“ကုဖို့နည်းလမ်းရှိလား” သူ မေးလိုက်သည်။

“ချိပ်ကိုဖွင့်လိုက်ရုံပဲ သေချာပေါက် ကုလို့ရတာပေါ့” ရှီမာယူယူ ပြော လိုက်သည် “ဒါပေမဲ့ ချိပ်ကအရမ်းအားကောင်းတယ် အဲဒါကိုဖွင့်တာကလည်း မလွယ်ဘူး ပြီးတော့ ချိပ်ဆိုမှတော့ ဖွင့်လိုက်တာက ခန္ဓာကိုယ်အတွက် ကောင်းတာမဖြစ်နိုင်ဘူး”

သူမ ခန္ဓာကိုယ်ကဲ့သို့ပင်… သူမ ချိပ်သည်ဖွင့်လိုက်သည်နှင့် ခန္ဓာကိုယ် ပေါက်ကွဲသွားနိုင်သည်။

ရွှမ်းချုံသည် သူမ၏ နည်းလမ်းကိုမအံ့သြသလို စိတ်ပျက်သွားသည် လည်းမဖြစ်ပေ။

“တခြားနည်းလမ်းများမရှိဘူးလား” လီလီ မေးလေသည်။

ရှီမာယူယူ သက်ပြင်းချလိုက်သည် “အခုလက်ရှိ ကျွန်တော့်ရဲ့ စွမ်းရည် နဲ့ဆိုရင် တခြားနည်းလမ်းမရှိဘူး”

“မင်းက အားကောင်းနေပြီးသားပဲကို” ရွှမ်းချုံ ပြောလိုက်သည် “တခြား သမားတော်တွေ ငါ့ကိုစမ်းသပ်ကြတယ် ဒါပေမဲ့ ငါ့ခန္ဓာကိုယ်ထဲက ချိပ်ကို ဘယ်သူမှ မသိကြဘူး၊ မင်းက သူတို့ထက် ပိုစွမ်းတာပဲ”

“ဒါပေမဲ့ ကျွန်တော်မကူညီနိုင်ဘူးလေ” ရှီမာယူယူ ပြောလိုက်သည် “ခင်ဗျားက ကမ္ဘာကြီးကို ဒီလောက်မြင်ချင်တာကို ကျွန်တော်က မကူညီနိုင် ဘူး”

“မဟုတ်ဘူး မင်းကူညီပေးပြီးပါပြီ” ရွှမ်းချုံ ပြောလေသည် “အနည်းဆုံး တော့ ဒါကြောင့်ဖြစ်တယ်ဆိုတာ သိရတာပေါ့ တစ်နေ့ကျရင် ငါ့ကိုကူညီ ချိပ် ဖွင့်ပေးနိုင်မလားဆိုတာ ဘယ်သူသိမလဲ၊ ဒီကမ္ဘာကြီးကို နည်းနည်းဖြစ်ဖြစ် မြင်ရရင်ကို ငါပျော်နေပြီ”

ရှီမာယူယူသည် သူ၏ ပုံမှန်လိုဖြစ်နေသော ဝမ်းနည်းမှုစွက်နေသည့် ခံစားမှုကင်းသည့် ပုံစံကိုမြင်သောအခါ သနားမိသည်။

ထိုချိပ်မှာဘာဖြစ်သည်ကို သူသေချာပေါက်သိသော်လည်း ဖွင့်မရနိုင် ဖြစ်နေသည်။

“ကျွန်တော့်ရဲ့ ဆေးအရည်အချင်းတိုးတက်တဲ့အထိစောင့်မယ်ဆိုရင် ကျွန်တော် နောက်တစ်ခေါက်လာပြီးတွေ့မယ် အဲအချိန်ကျရင် နောက် နည်းလမ်းရှိတာလည်းဖြစ်နိုင်တယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ဘာ ကိုမှတော့ အာမမခံနိုင်ဘူး”

“ကျေးဇူးတင်ပါတယ်” ရွှမ်းချုံသည် ကျေးဇူးတင်စကားပြောလေသည်။

“မိတ်ဆွေလို့မပြောဘူးလား မိတ်ဆွေတွေဆိုမှတော့ ယဉ်ကျေးဖို့မလိုပါ ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဂိုဏ်းက ကျွန်တော်နဲ့ ရှောင်ချီတို့ကို ရှာနေ တော့မယ်၊ အရင်ဆုံးသွားခွင့်ပြုပါဦး”

“မင်းကိုလိုက်ပို့မယ်”

သူသည် သူတို့နှင့်အတူထွက်ခဲ့သည်။ ရွှမ်းချုံနှင့် ရှီမာယူယူတို့သည် စကားပြောလာကြသည်။ သူတို့သည် အများကြီးပြောကြသည်မဟုတ်သော် လည်း သက်တောင့်သက်သာခံစားချက်မှုမျိုးရကြသည်။

သူတို့နှစ်ယောက်လုံး ထွက်သွားသည်နှင့် ရွှမ်းချုံမျက်နှာမှ အပြုံးသည် တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။

“သခင်လေး” လူအိုကြီးတစ်ယောက်သည် ခြံထဲမှ လမ်းလျှောက်ထွက် လာသည်။

“အဘိုး တစ်လျှောက်လုံးသိခဲ့တယ်မလား” နာကျင်မှုသည် ရွှမ်းချုံ၏ မျက်နှာတွင် ဖြတ်ပြေးသွားသည်။

“ချိပ်မပိတ်ခင်က မင်းခန္ဓာကိုယ်က ပုံမှန်ပဲ၊ ချိပ်ပိတ်ပြီးတော့ ဒီလိုပုံဖြစ် သွားတယ်ဆိုတော့ အဲဒါကချိပ်ကြောင့်ဖြစ်တယ်ဆိုတာ ငါသိလိုက်တယ်” အဘိုးကြီး ပြောလေသည်။

“သိတယ်ဆိုမှတော့ ဘာလို့နည်းလမ်းရှာဖို့ ကျွန်တော့်ကိုပြောနေသေး တာလဲ ကျွန်တော့်ကို မျှော်လင့်ချက်တွေပေးတယ်၊ ထပ်ထပ်ပြီးတော့ စိတ်ပျက်အောင်လုပ်တယ်” ရွှမ်းချုံသည် မှိုင်တွေစွာပြောလေသည်။

“မင်းက ကမ္ဘာကြီးကိုဒီလောက်မြင်ချင်နေမှတော့ နောက်နည်းလမ်း တစ်ခုရှိဖို့ကို ငါလည်းမျှော်လင့်ခဲ့တာပဲ” အဘိုးကြီးသည် စိတ်ခံစားချက်ဖြင့် ပြောလေသည် “အဲဒါကလွဲပြီး နောက်နည်းလမ်းရှိလိမ့်မယ်လို့ ငါယုံတယ်”

“တခြားနည်းလမ်းကရှိပါဦးမလား၊ ချိပ်ကိုဖွင့်လိုက်မယ်ဆိုရင် အဘိုးက သဘောတူမှာလား” ရွှမ်းချုံသည် သူ့ဘက်သို့နှာရှုတ်လိုက်သည် “လုပ်ရဲလား”

“အခုအဲလူ… သူကအကြောင်းအရင်းကိုရှာတွေ့နိုင်မှတော့ နောက် နည်းလမ်းကို သူရှာနိုင်လိမ့်မယ်လို့ ငါယုံတယ်၊ အချိန်ပဲလိုမှာပဲ” အဘိုးကြီး ပြောလေသည်။

“အဲလိုထင်လား ကျွန်တော့်ကိုတစ်ယောက်တည်း နေခွင့်ပေးပါ” ပြောပြီးနောက်တွင် သူသည် ဘီးတပ်ကုလားထိုင်တွင်ထိုင်ကာ ထွက်သွား လေသည်။

အဘိုးကြီးသည် သူထွက်သွားသည်ကိုကြည့်ပြီး ရင်နာမိသည်။

“ကိုယ့်လူတို့” ရွှမ်းချုံထွက်သွားသည်နှင့် သူခေါ်လိုက်သည်။

“အကြီးအကဲ” လူနှစ်ယောက်သည် လေထဲတွင်ပေါ်လာသည်။

“ရှီမာယူယူကို တိတ်တဆိတ်စောင့်ကြည့်ဖို့လူလွှတ်လိုက်၊ လိုအပ်ရင် သူ့ကို ကာကွယ်ပေးလိုက်” အဘိုးကြီး အမိန့်ပေးလေသည်။

“နားလည်ပါပြီ”

“မှတ်ထားဦး သူ့ကို မသိစေနဲ့၊ သခင်လေးကိုလည်းမသိစေနဲ့”

“နားလည်ပါပြီ”

လူနှစ်ယောက်သည် ပြန်ဖြေပြီးသည်နှင့် ပတ်ဝန်းကျင်ကို အကဲခတ်ပြီး မြင်ကွင်းမှပျောက်ကွယ်သွားလေသည်။

***

All Chapters