← Chapters

ပုန်းကွယ်နေသောမျိုးနွယ်

Vol. 010 Ch. 995

ပုန်းကွယ်နေသောမျိုးနွယ်

Vol. 010 Ch. 995

ရှီမာယူယူ တည်းခိုဆောင်သို့ပြန်သွားချိန်တွင် ဟန့်မြောင်ရွှမ်နှင့် တခြား သူများသည် အပေါ်ထပ်မှပြေးဆင်းလာကြသည်။

“ဂျူနီယာမောင်လေး ဘယ်တွေသွားနေတာလဲ ဒါရိုက်တာမုန့်နဲ့ တခြား သူတွေ အသင်းကိုသွားပြီး မင်းကိုရှာတော့ မင်းထွက်သွားပြီလို့ ပြောလိုက် တယ်” ဟန့်မြောင်ရွှမ်သည် သူမလက်ကိုဆုပ်ကိုင်ပြီး ပြောလေသည် “မင်း အဆင်ပြေတယ်မလား”

“ပြေတယ်” မုန့်ဆန်းချွယ်နှင့် တခြားသူများ ရှိနေသည်ကို ရှီမာယူယူ မြင်သောအခါ အားနာစွာဖြင့်ပြောလေသည် “ဒါရိုက်တာမုန့် ကျွန်တော် တကယ်တောင်းပန်ပါတယ် ဆရာတို့အချိန်တွေ အလဟသဖြစ်ကုန်ပြီ”

“မင်းအဆင်ပြေရင် ပြီးတာပဲ” မုန့်ဆန်းချွယ် ပြန်ဖြေလေသည်။

“ယူယူ ဘယ်တွေသွားနေတာလဲ” သူမကို သွားရှာစဉ်က သူမသည် ရှောင်ချီနှင့် ထွက်သွားသည်မှာ ကြာပြီဟုသိလိုက်သဖြင့် ဝေ့ကျန်း နားမလည် နိုင်ဖြစ်သွားသည်။

“ကျွန်တော် အဂ္ဂိရတ်ပညာရှင်အသင်းမှာ မိတ်ဆွေဖွဲ့ခဲ့တယ် ပြီးတော့ သူက ကျွန်တော့်ကိုလမ်းလျှောက်ခေါ်ထွက်ခဲ့တာ” ရှီမာယူယူ ပြောလိုက် သည်။

“အသင်းမှာ မိတ်ဆွေဖွဲ့ခဲ့တယ်ဟုတ်လား”

“ဟုတ်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “သူ့အကြောင်းကို မပြောဖို့ နဲ့ လျှို့ဝှက်ထားပေးဖို့ သူ ကျွန်တော့်ကိုပြောလိုက်ပါတယ်”

“အဲလိုဆိုမှတော့ သွားနားလိုက်တော့” မုန့်ဆန်းချွယ် ပြောလေသည် “ဆေးပြိုင်ပွဲက ရက်အနည်းငယ်အတွင်းရောက်လာလိမ့်မယ် မင်း လေ့ကျင့် သင့်တယ် နောက်ရက်တွေမှာ အပြင်မှာ ရှုပ်ယှက်ခတ်နေလိမ့်မယ် အကြောင်းမရှိပဲ အပြင်မထွက်နဲ့”

“နားလည်ပါပြီ ဒါရိုက်တာမုန့်”

ဘာကြောင့် ဂယက်ထမည်ကို ကျောင်းသားများနားမလည်သော် လည်း ရှီမာယူယူနှင့် တခြားသူများသည် အကြောင်းအရင်းကိုသိကြသည်။ ကိစ္စများရှုပ်မည်ဖြစ်သဖြင့် ကျောင်းသားများ ဝင်မပါသည်မှာ အကောင်းဆုံး ဖြစ်သည်။

သို့သော် ထိုအရာသည် သူမ ရှောင်ချင်တိုင်းရှောင်ရသည့်အရာလည်း မဟုတ်ပေ။

ရှီမာယူယူ အခန်းသို့ရောက်ချိန်တွင် ဝူလင်းယူ ရှိမနေပေ။ သူ့ကို လျှောက်ရှာပြီးနောက်တွင် သူမ လုပ်စရာရှိသည်ကိုသာ လုပ်နေလိုက်သည်။

ထိုအချိန်တွင် ဝူလင်းယူသည် အပြင်မှပြန်ရောက်လာသည်။ သူသည် ခန်းမသို့လာပြီး ခေတ္တမျှရပ်သွားပြီးနောက် ပြန်လှည့်ကာ ခြံဝန်းဆီသို့သွား လေသည်။

“သခင်” ဝဖြိုးသောဆိုင်ရှင်တစ်ယောက်သည် အိမ်ထဲမှထွက်လာပြီး နှုတ်ဆက်လေသည်။

ဝူလင်းယူသည် အိမ်ဆီသို့ဦးတည်လိုက်ပြီး အတားအဆီးလုပ်လိုက် သည်။ ထို့နောက်တွင် သူသည် မူလပုံစံပြောင်းလိုက်သည်။

“တစ်ခုခုရှာတွေ့လား” သူ့မျက်နှာတွင် အပြုံးကနေရာယူထား သော်လည်း သူ့မျက်လုံးတွင် နွေးထွေးမှုတစ်စုံတစ်ရာမရှိပေ။

“သူတို့က ရွှမ်းချုံမျိုးနွယ်ကလူတွေဆိုတာ သိရတယ်” ဝဖြိုးသော ဆိုင်ရှင် ပြန်ဖြေလေသည်။

“ရွှမ်းချုံမျိုးနွယ်ကလူတွေလာတာလား” ဝူလင်းယူသည် နားမလည်နိုင် သေးပေ “ဘယ်သူလဲ”

“ရွှမ်းချုံဟော်”

“ရွှမ်းချုံမျိုးနွယ်က မသန်စွမ်းတဲ့သခင်လေးလား” ဝူလင်းယူ၏ အကြည့် သည် သတိအပြည့်နှင့်ပင် “သူကဘာလာလုပ်တာလဲ”

“သူက ရှားကျန်းထျန်နဲ့ ကျောင်ရှန်းချီတို့ကို သူ့ကိုကုပေးဖို့အတွက် လာ ရှာတာဖြစ်မယ်” ဝဖြိုးသောဆိုင်ရှင် ပြန်ဖြေလေသည် “သူတို့က တန်ဖိုးကြီး သာကူလက်ဖဝါးနှစ်ပင်ကိုယူလာတယ်လို့လည်း သတင်းကြားတယ်”

“သူက အဲရတနာတွေကိုပါရထားတာလား၊ ယူယူ ကြိုက်မလားပဲ သူ ကြိုက်တယ်ဆိုရင် သူ့အတွက် ငါယူပေးရမှာပေါ့”

“….” အနက်ရောင်အကြောင်းသုံးကြောင်းသည် ဆိုင်ရှင်ဖက်တီး၏ မျက်နှာတွင်ပေါ်လာကာ ပြောလိုက်သည် “သခင်လေးယူယူက အဲ အကြောင်းကိုသိပြီးလောက်ပြီ”

“သူက ဘယ်လိုသိတာလဲ”

“ဒီနေ့ ရွှမ်းချုံက သူနေတဲ့နေရာကို သူ့ကိုခေါ်သွားပြီးပြီ” ဆိုင်ရှင် ဖက်တီး ပြန်ဖြေလေသည် “သူ သခင်လေးယူယူကို ဒီအတိုင်းစကားပြောရုံ အတွက်တော့ ခေါ်မသွားလောက်ဘူးထင်တယ်”

“ယူယူက ရွှမ်းချုံဟော်နေတဲ့နေရာသွားခဲ့တာလား” ဝူလင်းယူ မျက်မှောင်ကြုတ်လိုက်သည် “သူအခုဘယ်မှာလဲ”

“တည်းခိုဆောင်ကိုပြန်ရောက်နေပြီ” ဆိုင်ရှင်ဖက်တီးပြောလေသည် “ကျွန်တော်…”

သူစကားပင်မဆုံးလိုက်… ဝူလင်းယူ ပျောက်သွားသည်။

သူခေါင်းရမ်းပြီး သက်ပြင်းချကာ ပြောလိုက်သည် “သခင်ကတော့ တကယ်ပဲ အလိုလိုက်… ဟူး….”

ရှီမာယူယူသည် စာဖတ်နေစဉ်တွင် သူမအရှေ့တွင် လျှပ်စီးတစ်ခု လက် သွားသလိုခံစားလိုက်ရသည်။ သူမ ခေါင်းမော့လိုက်ချိန်တွင် ဝူလင်းယူသည် သူမရှေ့တွင် မတ်တပ်ရပ်နေသည်။

“ဘာလို့ရုတ်တရက်ကြီးပေါ်လာတာလဲ၊ လန့်သွားတာပဲ” သူမသည် ပြောရင်းနှင့် မျက်စောင်းချိတ်လိုက်သည်။

ဝူလင်းယူသည် သူမဘေးတွင်ထိုင်ပြီး သူမ ခါးကို လက်ဖြင့်သိုင်းဖက်ပြီး မေးလေသည် “မင်း ရွှမ်းချုံဟော်ကိုသွားတွေ့ခဲ့တာလား”

“ရွှမ်းချုံဟော်ကဘယ်သူလဲ” ရှီမာယူယူ မေးလိုက်သည်။

“ရွှမ်းချုံဟော်ရဲ့ ခြံထဲကိုသွားခဲ့တယ်မလား” ဝူလင်းယူသည် သူမ ပခုံးပေါ် မေးတင်လိုက်သည်။

“ရွှမ်းချုံကိုပြောတာလား” ရှီမာယူယူသည် သူပြောသည့်သူကို သိသွား သည် “သြော် အဲဒါဆိုရင် ရွှမ်းချုံက သူ့မျိုးရိုးနာမည်လား”

“အဲမျက်ကန်းက မင်းကိုဘာလို့ခေါ်သွားခိုင်းတာပဲ ကိုယ့်ကို လာကြိုဖို့ ပြောထားပြီးတော့” ဝူလင်းယူသည် မကျေမနပ်နှင့်ပြောလေသည်။

“အစ်ကိုက ရွှမ်းချုံနဲ့သိတာလား” ရှီမာယူယူမေးလိုက်သည်။

“သူ့ကိုအဲလို ရင်းရင်းနှီးနှီးမခေါ်နဲ့ သူက ရွှမ်းချုံဟော်လို့ခေါ်တယ်” ဝူလင်းယူသည် သူမကို အမှန်ပြင်ပေးလေသည်။

“ကောင်းပါပြီ ရွှမ်းချုံဟော် အစ်ကိုကသူ့ကိုသိတာလား” ရှီမာယူယူ သည် ဆက်ပြောလေသည်။

“တစ်ယောက်နဲ့တစ်ယောက်တော့ စကားမပြောဖူးကြဘူး” ဆိုလိုသည် မှာ သူသည် သူ၏ သရုပ်မှန်ကိုတော့သိသည်။ “မင်း မဖြေရသေးဘူး သူနဲ့ ဘာသွားလုပ်တာလဲ”

ရှီမာယူယူသည် ဆေးဥယျာဉ်အတွင်း သူနှင့်တွေ့ခဲ့ရပုံကို ပြောပြလေ သည်။ ထို့နောက်ဖြစ်ခဲ့သည့်အကြောင်းအရာများကို ပြောပြရာ သဝန်တို တတ်သည့်သူသည် သူမကို ရိုက်ချင်နေသည့်ပုံပေါက်နေသည်။

“မင်းရဲ့ နီရဲပျားတွေကို လိုချင်တာနဲ့ သူက တကယ်ပဲ ရှာတာဟုတ်ရဲ့ လား”

“ဒါပေါ့” ရှီမာယူယူသည် လက်ဆန့်ထုတ်ကာ သူ့ပါးပြင်ကို ဆွဲဆိတ် လိုက်သည် “တခြားဘာရှိဦးမှာလဲ ကျွန်တော်က မိန်းကလေးဆိုတာ သူသိ တာလည်းမဟုတ်ပဲနဲ့”

“ဟင်း ဟင်း အဲလူက ကိုယ်လက်မသန်စွမ်းပေမဲ့ မိန်းကလေးတွေကို နာကျင်အောင်လုပ်နိုင်တယ် မင်း သူလိမ်တာခံရမှာစိုးလို့ပြောတာ” ဝူလင်းယူ ပြောလေသည်။

“ကျွန်တော်က အ,လို့လား” ရှီမာယူယူသည် သူ့ကို ပိုအားပြင်းအောင် ဆိတ်လိုက်သည်။ အခုတော့ သူမ စိတ်ဆိုးနေလေပြီ။

“မင်းသာ အ,တဲ့သူဆိုရင် သတိပေးစရာတောင်မလိုဘူး ကိုယ်က သူ့ ထက်တောင် ကျွမ်းကျင်သေးတယ်”

“ကိုယ့်ဘက်ကိုယ်ယက်တဲ့သူကြီး”

“ဒါကယုံကြည်မှုရှိတာပဲလေ ဒါပေမဲ့ မင်းနဲ့ဆိုရင် ယုံကြည်မှုရှိတာလည်း အသုံးမဝင်ဘူးပဲ”

“အစ်ကိုက အရှက်မရှိတာလို့ပဲထင်တာပဲ” ရှီမာယူယူသည် လက်နှစ် ဖက်ဖြင့် သူ့ပါးပြင်ကိုဆွဲကာ “ရွှမ်းချုံက ဘယ်လိုရာထူးမျိုးရှိတာလဲ”

“သူကရွှမ်းချုံမျိုးနွယ်ရဲ့ သခင်လေးပဲ”

“ရွှမ်းချုံမျိုးနွယ်ဟုတ်လား အလယ်ပိုင်းကလား အတိုင်းပိုင်းဒေသက မျိုးနွယ်လား” ထိုမျိုးရိုးနာမည်ကို ကြားဖူးသည်မှာ ရှီမာယူယူအတွက် ပထမ ဆုံးအကြိမ်ဖြစ်သည်။ သူ့မျိုးရိုးနာမည်ကို ရွှမ်း၊ နာမည်ကို ချုံဟု သူမ ထင်ခဲ့ သည်။

“တစ်ခုမှမဟုတ်ဘူး” ဝူလင်းယူ ပြောလိုက်သည်။

“ဒါဆို ဘယ်ကလဲ”

“ပုန်းကွယ်နေတဲ့မျိုးနွယ်ပဲ”

“ပုန်းကွယ်နေတဲ့မျိုးနွယ်ဟုတ်လား” ရှီမာယူယူသည် တအံ့တသြ မျက်ခုံးများကိုပင့်လိုက်သည်။ ရွှမ်းချုံမျိုးနွယ်သည် ထိုမျှလောက်အားကောင်း မည်ဟု သူမ မထင်ထားခဲ့ပေ။

“ဟုတ်တယ် သူတို့က ပုံမှန်ပေါ်လာလေ့မရှိဘူး ဒါပေမဲ့ ရွှမ်းချုံဟော် အတွက် နောက်ပိုင်းကိုလှုပ်ရှားမှုစိပ်လာတယ်” ဝူလင်းယူ ပြောလိုက်သည် “သူတို့လို အင်အားကြီးတွေက မာနကြီးပြီး ဘဝင်မြင့်ကြတယ်၊ ကြည့်တာနဲ့ တင်ကို စိတ်တိုဖို့ကောင်းတယ် အဲဒါကြောင့် နောက်ဆိုရင် သူတို့နဲ့ သိပ် အဆက်အဆံမလုပ်နဲ့”

ရှီမာယူယူသည် ဝူလင်းယူကိုကြည့်ပြီး ပြောလိုက်သည် “သဝန်တိုတဲ့ အနံ့တွေဘာလို့ရနေတာလဲ”

“မဟုတ်ဘူး” ဝူလင်းယူသည် ဘယ်တော့မှဝန်မခံပေ။ သူသည် အမှန် တကယ်ပင် ထိုထာဝရရှင်သန်သူကဲ့သို့ လူကို စိတ်တိုခြင်းဖြစ်သည်။

“ရွှမ်းချုံဟော်ရဲ့လူတွေက တကယ်မဆိုးပါဘူး သူတို့နဲ့ ဆက်ဆံကြည့် ရင် သိလိမ့်မယ်” ရှီမာယူယူ ပြောလေသည် “ကျွန်တော် မိတ်ဆွေဖွဲ့တာကို အစ်ကိုမထိန်းချုပ်ဘူးမလား”

ဝူလင်းယူသည် ရှီမာယူယူ သူ့ကိုတည်တံ့စွာကြည့်နေသည်ကို ကြည့် ပြီး ပြောမည့်စကားများကို ပြန်မျိုချလိုကရလေသည်။ နောက်ဆုံးတွင် သူ ကတိပေးလိုက်ရသည်။

“ကိုယ်က မင်းကို ဘယ်လိုလုပ်ထိန်းချုပ်ရမှာလဲ ကိုယ်ဘယ်တော့မှ မင်း ကို မထိန်းချုပ်ဘူး” သေချာသောအသံတစ်သံသည် သူ့စိတ်ထဲတွင် အော်နေ မိသည်။ မဟုတ်ဘူး  အဲဒါမမှန်ဘူး။

သို့သော် သူမ မကြိုက်သည်ကို သူ သိသဖြင့် စိတ်ထဲတွင်သာ ထား လိုက်သည်။

“ကောင်းပြီ ဒါဆိုလည်း ရပြီ အစ်ကိုလုပ်စရာရှိတာသာသွားလုပ်လိုက် တော့ ကျွန်တော် စာဆက်ဖတ်ချင်သေးတယ်၊ ပိုပြီးရှုပ်တဲ့အပိုင်းကိုရောက်နေ ပြီ” ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။

သူ သူမကို ပွတ်သပ် သည်မှာ ခွေးတစ်ကောင်ကဲ့သို့ပင်။   ရှီမာယူယူ သည် သူ့ကိုလက်ရမ်းပြလိုက်သည်။ သို့သော် ထိုလူသည် ထွက်သွားနှင့်လေ ပြီ။

ဝူလင်းယူသည် အိမ်မှထွက်ပြီးနောက် ပျံလိုက်သည်။ မိုးပေါ်သို့ရောက် သည်နှင့် သေချာသောဘက်သို့ပိတ်ပြီး ပြောလိုက်သည် “ထွက်လာခဲ့”

လေထဲတွင် ပုန်းနေသောလူများသည် ထွက်မလာချင်ပေ။ သို့သော် သူတို့ အပိတ်ခံလိုက်ရသဖြင့် ထွက်မပြေးနိုင်တော့ပေ။ သူတို့သည် ထွက်လာ ရတော့သည်။

ဝူလင်းယူ သူတို့နှစ်ယောက်ကိုတွေ့သည်နှင့် မျက်လုံးများမှေးသွားကာ ပြောလေသည် “ရွှမ်းချုံမျိုးနွယ်က လူတွေလား”

***

All Chapters