ဆေးဖော်ခြင်းတွင်အာရုံစိုက်ထားခြင်း
Vol. 010 Ch. 996
ဝူလင်းယူဘာမှမပြောသည်ကို မြင်သောအခါ သူတို့နှစ်ယောက်သည် သူ၏ သရုပ်မှန်ကိုခန့်မှန်းနေကြလေသည်။ သူသည် ဒီလိုအခြေအနေမျိုးမှာ တောင် သူတို့ကိုရှာတွေ့နိုင်သည်။ သူတို့၏ နေရာအတိအကျကိုပင် ပိတ် လိုက်နိုင်သည်။
“သူ့နောက်ကိုဘာလို့လိုက်နေကြတာလဲ” ဝူလင်းယူ မေးလေသည် “ငါ့ ကို မပြောရင်…”
သူ့အကြည့်မှာ အေးစက်ပြီး သူ၏ လူသတ်မည့်ရည်ရွယ်ချက်ကို ခံစားရ စေသည်။
“သူ့ကိုကာကွယ်တာပါ” တစ်ယောက်သည် သူတို့သည် ရန်သူမဟုတ် ကြောင်းကို ပြပြီးပြောလေသည်။
အစောပိုင်းက သူတို့ဆက်ဆံပုံကိုကြည့်ပြီး သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ သာမန်မဟုတ်သည်ကိုသိလိုက်ရသည်။ သူတို့သာ သူ့ကို ဘာမှမလုပ်ရင် ရှီမာယူယူက သေချာပေါက်သူတို့ကိုတွေ့သွားမှာပဲ။
“သူ့ကို ဘယ်သူကကာကွယ်ခိုင်းတာလဲ ရွှမ်းချုံဟော်လား”
“မဟုတ်ဘူး သခင်လေးက ကျွန်တော်တို့လာတာကို မသိပါဘူး ကျွန်တော်တို့ အကြီးအကဲအမိန့်ကြောင့်လာတာပါ”
သူတို့ကို ရွှမ်းချုံဟော်လွှတ်လိုက်ခြင်းမဟုတ်ဟု သူကြားသည်နှင့် ဝူလင်းယူသည် သက်ပြင်းချလိုက်သည်။ ကြည့်ရတာ အဲလူတွေက ယူယူက မိန်းကလေးဆိုတာကို မသိတဲ့ပုံပဲ။
“မင်းတို့ သူ့ကိုတိတ်တဆိတ် ကာကွယ်ဖို့မလိုဘူးလို့ ရွှမ်းချုံလေ့ကို သွား ပြန်ပြောလိုက်” ဝူလင်းယူ ပြောလေသည် “တကယ်လို့ သူ့ကိုကာကွယ်ချင် တယ်ဆိုရင် ပေါ်တင်လုပ်လို့ မင်းတို့ကိုထပ်တွေ့ရင် ငါ့အပြုအမူအတွက် အပြစ်မတင်နဲ့”
သူတို့နှစ်ယောက်လုံးသည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်ကာ ကောင်းကင်တွင်ပျောက်ကွယ်သွားလေသည်။ သူတို့သည် ရွှမ်းချုံလေ့အား သတင်းသွားပို့လေသည်။
ဝူလင်းယူသည် ကိုယ့်ကိုယ်ကိုပြုပြင်ကာ တည်းခိုဆောင်သို့ပြန်သွား လိုက်သည်။
ရွှမ်းချုံမျိုးနွယ်၏ ထောင့်ကျသောအိမ်လေးတစ်ခုတွင် ရွှမ်းချုံလေ့သည် တပ်သားနှစ်ယောက် သတင်းပို့သည်ကို နားထောင်နေလေသည်။
“သူက မင်းတို့နေရာကိုပိတ်လိုက်နိုင်တယ် ဆိုလိုတာက သူက အရမ်း အားကောင်းတာပဲ” ရွှမ်းချုံသည် စဉ်းစားလိုက်သည် “သူ့နောက်ကို မင်းတို့ကို သူကမလိုက်စေချင်ဘူးလား”
“သူ့ကိုကာကွယ်ချင်ရင် ပေါ်တင်ကာကွယ်ပါလို့ သူပြောလိုက်တယ် လျှို့ဝှက်ပြီးမလုပ်နဲ့တဲ့” အစောင့်က ပြောလိုက်သည်။
“ဟင်း သူက ရွှမ်းချုံမျိုးနွယ်ရဲ့အားကို ငှားချင်တာလား ဆုတောင်းနေ လိုက်” ရွှမ်းချုံကျားသည် စိတ်ဆိုးစွာဖြင့်ပြောလေသည် “သူက ဒီအတိုင်း အဂ္ဂိရတ်ပညာရှင်အသေးလေးပဲ အဲလောက်အရေးကြီးတယ်လို့များ ထင်နေ လားမသိဘူး”
“ဒါဆို ကျွန်တော်တို့ဘာလုပ်ရမလဲ”
“သူ့နောက်ကို လျှို့ဝှက်ပြီးလိုက်ခွင့်မပြုမှတော့ ကိုယ့်လူကိုယ် ပြန်သိမ်း တာပေါ့” ရွှမ်းချုံလေ့ပြောလေသည် “ကျွမ်းကျင်သူက သူ့ကိုအဖော်ပြုပေးနေ မှတော့ စိုးရိမ်ဖို့မလိုပါဘူး ဟုတ်သားပဲ သူ့အကြောင်းကို စုံစမ်းတဲ့သူတွေ ပြန် လာပြီလား”
“မလာသေးဘူး သူတိမ်ပင်လယ်မြို့ရောက်ပြီးကတည်းက သတင်းကိုပဲ ရသေးတယ်”
“သတင်းတွေထပ်သိရရင် သခင်လေးကိုသွားပြောလိုက် ငါ့ကိုလည်း လာပြောဦး”
“ဟုတ်ကဲ့ပါ အကြီးအကဲ”
….
နောက်ရက်များတွင် ရှီမာယူယူသည် အားနေသည့်အချိန်များတွင် ဝိညာဉ်စေတီဆီသို့သွားကာ ဆေးဖော်လေသည်။ သူမသည် အဆင့်၇ ဆေး တော်တော်များများဖော်သည်။ ၁၀ရက်သည် ထိုနေရာတွင်တစ်နှစ်နှင့်ညီမျှ သဖြင့် သူမသည် အချိန်အများစုကို ထိုနေရာတွင် ကုန်ဆုံးလေသည်။
စဉ်းစားကြည့်လျှင် သူမအတွက် ပြီးခဲ့သည့်နှစ်များအတွင်းတွင် ဆေးဖော်သည့်အချိန်အကြာရှည်ဆုံးဖြစ်သည်။ လက်ထဲရှိဆေးများအားလုံး ဖော်ပြီးနောက်တွင် အဆင့်၈အဂ္ဂိရတ်ပညာရှင်ဖြစ်ရန် ခြေတစ်လှမ်းသာလို တော့သည်ကို ခံစားမိသည်။
ထို၁နှစ်အတွင်းတွင် ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည်လည်း အထဲတွင်ရှိနေကြသည်။ သူတို့သည် ကျင့်ကြံကြကာ တစ်ခါတစ်လေ စုပြီး စကားပြောကြလေသည်။
ဝူလင်းယူသည်လည်း ရှီမာယူယူနှင့် အမြဲရှိနေတတ်သည်။ သူသည် မိုရှား၏ ဝိညာဉ်ရှိနေသဖြင့် သူမကို ထောက်ပြနိုင်သည်။ ထို့ကြောင့်ပင် သူမ သည် အဆင့်၈ရောက်လုနီးပါးဖြစ်နိုင်ခြင်းဖြစ်သည်။
ထိုနေ့တွင် ရှီမာယူယူနှင့် ဝူလင်းယူတို့သည် ဆေးဖော်သည့်အခန်းထဲ တွင်ရှိနေကြသည်။ တစ်ယောက်မှာ ဆေးဖော်နေပြီး တစ်ယောက်မှာ ကြည့် နေသည်။
“ဖွတ်”
ဆေးဖိုမှ အသံထွက်လာပြီး လေထဲတွင်အနံ့များထွက်လာခြင်းသည် ဆေးဖော်မှုရှုံးနိမ့်သည်ဆိုသည်ကို သက်သေပြနေသည်။
နောက်ထပ် ကျရှုံးပြန်ပြီ။ ထိုသည်မှာ ဒီနေ့အတွက် တတိယအကြိမ် ကျရှုံးခြင်းဖြစ်သည်။
“အဆင့်၈ဆေးက အဲလောက်ခက်လား” သူမ သက်ပြင်းချလိုက်သည် “တစ်ခုခုလွတ်သွားတာများရှိလို့လား”
“မင်းက လုပ်နည်းကိုရင်းနှီးပြီးသားပဲ အဆင့်၈ရောက်နိုင်ပါတယ်” ဝူလင်းယူ ပြောလေသည် “မင်းဆက်တိုက်ရှုံးနိမ့်နေရတဲ့ အကြောင်းအရင်းက မင်းရဲ့အသိစိတ်က ဖိအားပေးနေလို့ပဲ၊ မင်း နှစ်တစ်ဝက်ထက်ကျော်ကြာ အောင် လေ့ကျင့်ပြီးပြီပဲ မင်းရဲ့စိတ်အခြေအနေနဲ့ လေ့ကျင့်နေတာကြာပြီ နားလိုက်ရင်ရော”
ရှီမာယူယူလည်း ထိုအတိုင်းခံစားရသည်။ ဆက်တိုက်လေ့ကျင့်နေခြင်း သည် အမြဲတမ်းကောင်းသည်တော့မဟုတ်ပေ။
“ဆေးပြိုင်ပွဲမတိုင်ခင်ထိ ဘယ်လောက်ကျန်သေးလဲ”
“၃ရက်ကျန်သေးတယ်”
“အဲလောက်မြန်လား”
“ဟုတ်တယ် လူတွေလည်းတော်တော်များများရောက်လာကြပြီ အဲဒါ ကြောင့် ဒီနေရာက လူစည်နေပြီ” ဝူလင်းယူ ပြောလေသည် “မင်း ထွက်ပြီး သွားပျော်လို့ရတယ်”
“အစ်ကိုက ဘယ်သွားမလို့လဲ” ရှီမာယူယူသည် သူ့ကိုကြည့်ပြီး မေး လိုက်သည်။
“ပညာရှိစံအိမ်တော်ကလူတွေလာကြတယ်” ဝူလင်းယူ ပြောလေသည် “အဲအဘိုးကြီးက ဒီတစ်ခေါက်လည်းလာချင်နေတာ အဲအစားထိုးတဲ့သူက သူ့ ကို မလှည့်စားနိုင်မှာစိုးတယ်”
သူသည် အစပိုင်းက သူ့အစားထိုးကို လွှတ်ရန်စီစဉ်ထားလေသည်။ သို့သော် အဘိုးကြီးလာလိမ့်မည်ဟု သူ မထင်ထားပေ။ သူ့အစားထိုးသည် သူနှင့်တူသော်လည်း အတုသည် အတုပင်ဖြစ်သည်။ တခြားသူများကို အချိန် တစ်ခုလှည့်စားရန်ဖြစ်နိုင်သည်။ သို့သော် ထိုအဘိုးကြီးကိုလှည့်စားရန် အတွက်ကတော့ မကောင်းပေ။
“သူကလည်းလာချင်တာလား သူ အစ်ကို့ကိုဘာမှမလုပ်ဘူးမလား” ရှီမာယူယူသည် အနည်းငယ်စိုးရိမ်မိသည်။ အဲလူကြီးက သူ့ခန္ဓာကိုယ်ကို အမဲချောင်းသလိုချောင်းနေတာလေ။
“သူ ဘာမှမလုပ်နိုင်ပါဘူး စိတ်ချပါ” ဝူလင်းယူသည် သူမဘေးလာကာ ဖက်ပြီး နှုတ်ခမ်းပေါ်သို့ အနမ်းမိုးများရွာလိုက်သည်။
“ဒါဆိုရင် နောက်ရက်တွေကို အစ်ကို့ကိုမတွေ့ရတော့ဘူးပေါ့” ရှီမာယူယူသည် သူ့လည်ပင်းကိုလက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်သည် “ပညာရှိစံအိမ်တော်က ကိစ္စတွေကို ဘယ်တော့ရှင်းလို့ပြီးမှာလဲ”
“ဒီသရုပ်မှန်ကိုမလိုတော့တာနဲ့” ဝူလင်းယူ ပြောလေသည် “ကိုယ်က တိုင်းပြည်မှာလျှောက်သွားဖို့လိုသေးတယ်လေ အဲဒါကြောင့် ဒီသရုပ်မှန်ကို လိုသေးတယ်”
“အံ့ဖွယ်နတ်ဆိုးတောင်ကြားကတပည့်ဆိုတဲ့ သရုပ်မှန်လည်း လုပ်လို့ ရတာပဲ” ရှီမာယူယူ နှုတ်ခမ်းဆူလေသည်။
“ကိုယ်အဲသရုပ်မှန်ကိုသုံးရင် အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ပြဿနာ တွေဖြစ်နိုင်တဲ့ကိစ္စတွေရှိတယ်” ဝူလင်းယူ ရှင်းပြလေသည် “အဲအဘိုးကြီး မရှိ ဘူးလေ ကိုယ် မင်းဆီကိုပြဿနာယူလာလို့မရဘူးလေ”
“ဆရာအကြောင်းပြောရင်းနဲ့ သူ့သတင်းကြားသေးလား” ရှီမာယူယူ သည် အဘိုးမိုကို သတိရသွားသည်။ သူသည် ဖန်ရူယန်အကြောင်းစုံစမ်းရန် ထွက်သွားခဲ့သည်။ ထိုနှစ်များတွင် သူ့ကိုမတွေ့ခဲ့ရပေ။
သူမ၏ ဆရာအကြောင်းပြောရာတွင် ဘာမှမလုပ်ပဲ သူမကိုသာ လုပ်ခိုင်းခဲ့သည်။
သူတင်သာမဟုတ်။ ရှုဂျင်း ဖန်ကျိရှင်းတို့လည်း ထိုအတိုင်းပင်။ ဖြစ်နိုင် သည်မှာ သူမသည် ကိုယ်တိုင်သင်ကြားနိုင်သည့်သူဖြစ်မည်ဟု ဆရာတိုင်း ခံစားရသည့်ပုံပင်။ သူတို့သည် သူမကို စာအုပ်အနည်းငယ်ပစ်ပေးပြီး ထွက် သွားခဲ့သည်သာ။ သူမကို သေချာသင်ကြားပေးခြင်းမရှိခဲ့ပေ။
ဝိညာဉ်စေတီကြောင့်သာမလဟုတ်လျှင် သူမသည် ဒီနေ့လိုဖြစ်လာ မည်မဟုတ်ပေ။
“သူ ဘယ်မှာလဲဆိုတာ ကိုယ်မသိပေမယ့် သူ့အသက်ကျောက်စိမ်းက ကိုယ်နဲ့ရှိတယ်လေ ကျောက်စိမ်းကအဆင်ပြေတယ်ဆိုမှတော့ သူလည်း အဆင်ပြေမှာပါ၊ သူ့ကို အဲလောက်စိုးရိမ်ဖို့မလိုပါဘူး ဒီလောက်နှစ်တွေရှိပြီ သူက အားကိုးရတာမဟုတ်ဘူး” ဝူလင်းယူ ပြောလေသည်။
“အဲဒါဆိုလည်း တော်သေးတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီဆရာ ရဲ့ အသက်ကျောက်စိမ်းက အစ်ကိုနဲ့ရှိနေသေးတယ် တခြားဆရာရဲ့ အသက် ကျောက်စိမ်းကတော့….စူး ဆရာရှုနဲ့ ကျောင်းအုပ်ယွမ်တို့ဘယ်လိုနေလဲ သိ ချင်မိတယ်”
“ဟူး မင်းကတော့လေ… ကိုယ့်ဘာသာကိုယ်တောင် အလုပ်တွေများ နေပြီကို ဘာလို့အဲလောက်အများကြီးစိုးရိမ်နေတာလဲ” ဝူလင်းယူ ပြောလေ သည် “သူတို့မှာတစ်ခုခုဖြစ်တယ်ဆိုရင် ဂိုဏ်းကလူတွေ ဖြေရှင်းပေးမှာပေါ့”
“ဒါပေမယ့် ဆရာရဲ့ အသက်ကျောက်စိမ်းက ကျွန်တော့်မှာမရှိဘူးလေ” ရှီမာယူယူ ပြောလိုက်သည် “စီနီယာအစ်ကိုကြီးထွက်သွားတော့ ဆရာ့ရဲ့ အသက်ကျောက်စိမ်းကို သူယူသွားတယ်”
“ကျန်းမျိုးနွယ်ကလူတွေလည်း ပြိုင်ပွဲကိုလာကြမှာပဲ ကျန်းကျူးကျိ လည်း လာမှာပဲ၊ ဘယ်သူသိမလဲ မင်းစီနီယာအစ်ကိုလည်းလာနိုင်တာပဲ”
“တကယ်လား”
“ကိုယ်က ဒီအတိုင်းပဲခန့်မှန်းလိုက်တာ” ဝူလင်းယူ ပြောလေသည် “ထွက်လည်ရင် လူတွေနဲ့တွေ့မှာပဲ ဘယ်သူသိမလဲ ပျော်စရာတွေဖြစ်လာနိုင် တယ် ကောင်းကောင်းနားမှပဲ ပြိုင်ပွဲကောင်းဖြစ်မှာပဲ”
“ဒါဆိုလည်း ကောင်းတာပဲ”
ရှီမာယူယူသည် သွားလည်ရန် စိတ်မဝင်စားလှပေ။ သို့သော် သူမ သည် နားရန်လိုသည်။ သည်လိုနှင့် သူမသည် ရှောင်ချီကိုခေါ်ကာ လမ်းလျှောက်ထွက်ခဲ့လိုက်သည်။
***