← Chapters

စီနီယာအစ်ကိုကြီးအားပြန်တွေ့ခြင်း

Vol. 010 Ch. 997

စီနီယာအစ်ကိုကြီးအားပြန်တွေ့ခြင်း

Vol. 010 Ch. 997

တိမ်ပင်လယ်မြို့တွင် ပြိုင်ပွဲနီးကပ်လာသဖြင့် လူစည်ကားနေသည်။ လူအများစုသည် လမ်းပေါ်တွင် လျှောက်သွားနေကြကာ တချို့မှာရောင်းဝယ် နေကြပြီး တချို့မှာ အပျော်အနေနှင့်ကြည့်ကြသည်။

ရှီမာယူယူနှင့် ရှောင်ချီတို့သည် လျှောက်ပတ်ကြည့်ကြသည်။ သူတို့ သည် သွားမည့်နေရာသတ်သတ်မှတ်မှတ်မရှိပဲနှင့် ပတ်ဝန်းကျင်မှဖြစ်ပျက် သမျှကို ကြည့်နေကြသည်။

“ယူယူ ဒီမှာဆေးပစ္စည်းအတုတွေများလိုက်တာ” ရှောင်ချီသည် ဆိုင် တစ်ဆိုင်မှထွက်လာပြီး ရှီမာယူယူကို ပြောလေသည်။

“အဲဒါတွေက အတုဆိုတာကို ဘယ်လိုသိတာလဲ”

“အနံ့ခံလိုက်တာနဲ့ ပြောနိုင်တယ်လေ”

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဝယ်မှာမှမဟုတ်တာ၊ တခြားနေရာသွားပြီး ကြည့်ကြတာပေါ့” ရှီမာယူယူသည် ပြောရင်းနှင့် သူမ လက်ကိုတွဲလိုက်သည်။

“သူတို့ကိုသိအောင်သွားမပြောတော့ဘူးလား”

“မလိုဘူး သူတို့ဘာသာသိသွားလိမ့်မယ်”

ရျောင်ချီသည် စဉ်းစားကြည့်ပြီးနောက် ခေါင်းညိတ်ကာ သဘောတူ လိုက်သည်။ ဆေးပစ္စည်းများဝယ်မည့်သူများသည် အဂ္ဂိရတ်ပညာရှင်များဖြစ် ကြသည်။ ထိုအရာကိုမှမခွဲနိုင်လျှင် သူတို့သည် တုံးအသည်ကို သက်သေပြ နေခြင်းဖြစ်သည်။

သူတို့သည် လမ်းတစ်လျှောက် လျှောက်သွားသော်လည်း စိတ်ဝင်စား မည့်အရာမတွေ့ပေ။ သူတို့သည် လက်ဖက်ရည်ဆိုင်သွားပြီး သတင်းနားစွင့် ရန်ကိုသာ ဆုံးဖြတ်လိုက်ကြသည်။

သူတို့သည် တိမ်ပင်လယ်မြို့၏ အကြီးဆုံးလက်ဖက်ရည်ဆိုင်သို့ လာ လိုက်ကြသည်။ သူတို့ရောက်ချိန်တွင် ကံကောင်း၍လားမသိ နောက်ဆုံး တစ် ခန်းဖြစ်သည့် သီးသန့်ခန်းတစ်ခန်းကျန်လေသည်။

“ဒီသီးသန့်အခန်းက အကောင်းဆုံးပဲ အစတုန်းကမကျန်တော့ဘူး ဒါပေမဲ့ မှာထားတဲ့ဧည့်သည်တွေက အရေးတကြီးကိစ္စရှိလို့ သွားလိုက်တာ၊ ဟော သူတို့ထွက်သွားတာနဲ့ ဒီကဧည့်သည်တွေရောက်လာတာပဲ” လမ်းပြ သော စားပွဲထိုးသည် နွေးထွေးသည့်ပုံဖြင့် လမ်းလျှောက်ရင်း စကားပြောလာ သည်။

ရှီမာယူယူသည် လက်ဖက်ရည်ဆိုင်ကို အကဲဖြတ်ရင်း သူ ကျီစား နောက်ပြောင်သည်ကို နားထောင်နေသည်။

လက်ဖက်ရည်တစ်ဆိုင်လုံးကို နူးညံ့သိမ်မွေ့စွာအလှဆင်ထားသည်။ ဧည့်ခန်းမတွင် မြစ်နှင့်တောင်အတုကို အလှဆင်ထားပြီး နံရံများတွင် ရှုခင်းပုံ ပန်းချီများချိတ်ဆွဲထားသည်။ အခန်းတစ်ခန်းချင်းစီတွင် ဂန္တဝင်အနက်ရောင် ပန်းချီ သို့မဟုတ် လက်ရေးလှများချိတ်ဆွဲထားသည်။

“ဒါ သီးသန့်အခန်းပါ” စားပွဲထိုးသည် တတိယအထပ်ရှိ အဆောင်ငယ် ဆီသို့ သူတို့ကို ဦးဆောင်ခေါ်သွားပြီး ဝင်လိုက်သည်။ “ဒီနေရာက လမ်းဘက် မျက်နှာမူထားပြီး လက်ဖက်ရည်သုံးဆောင်ဖို့ အကောင်းဆုံးနေရာပါပဲ”

“တကယ်မဆိုးဘူးပဲ” ရှောင်ချီသည် ထိုနေရာ၏ ခင်းကျင်းမှုကိုသဘော ကျကာ ပြတင်းပေါက်ဆီသို့လာပြီး ဖွင့်ကာ အပြင်သို့ကြည့်လေသည် “ယူယူ ကြည့် ဒီကနေအဂ္ဂိရတ်ပညာရှင်အသင်းကိုမြင်ရတယ်”

“ဟုတ်သားပဲ အပြင်ကိုကြည့်ရင် အဂ္ဂိရတ်ပညာရှင်အသင်းကိုမြင်ရပါ တယ်” စားပွဲထိုးပြောလေသည် “ဒီမှာခဏလောက်စောင့်ပေးပါ ကျွန်တော် လက်ဖက်ရည်လာချပေးပါမယ်”

ပြောပြီးနောက်တွင် သူ အောက်ထပ်သို့ဆင်းသွားလေသည်။ ရှီမာယူယူ သည် ပြတင်းပေါက်ရှိရာသို့လာပြီး အဂ္ဂိရတ်ပညာရှင်အသင်းရှိရာဘက်သို့ ကြည့်လိုက်သည်။

“ယူယူ စီနီယာအစ်ကိုကြီးပဲ” ရှောင်ချီသည် ရုတ်တရက် အော်လေ သည်။

“စီနီယာကဒီမှာမရှိဘူးလေ အဲဒါက ကျန်းမျိုးနွယ်က သခင်လေးဖြစ်နိုင် တယ်” ကျန်းမျိုးနွယ်မှလူများလာမည်ကို ရှီမာယူယူသိထားသည်။ ထို့ကြောင့် သူမ မအံ့သြတော့ပေ။

“မဟုတ်ဘူး တကယ်ပဲ စီနီယာအစ်ကိုကြီးပဲ” ရှောင်ချီသည် အောက်မှ လူများကို ညွှန်ပြရင်း ပြောလေသည်။

ရှီမာယူယူသည် ရှောင်ချီညွှန်ပြသောနေရာဘက်သို့ ကြည့်လိုက်သည်။ တစ်ချက်ကြည့်လိုက်သည်နှင့်ပင် အောက်မှထိုလူသည် ကျန်းကျူရှန့်ဖြစ် ကြောင်းကို သူမ သိလိုက်သည်။

ကျန်းကျူရှန့်သည် ခေါင်းမော့ကြည့်လိုက်ရာ ရှီမာယူယူကို မြင်သွား လေသည်။ သူ့မျက်လုံးများသည် တောက်ပသွားပြီး ထောင့်သို့လှည့်ထွက်ပြီး နောက် ပျောက်သွားလေသည်။

ရှီမာယူယူ ပျံဆင်းပြီး ထောင့်ဘက်သို့သွားလိုက်သော်လည်း ကျန်းကျူရှန့်သည် ပျောက်သွားနှင့်လေပြီ။

သူမသည် သူပျောက်သွားသော လမ်းတစ်လျှောက်ပြေးလိုက်သွား သော်လည်း လမ်းဆုံဖြစ်နေသည်။ သူမ မည်မျှပင်ရှာစေကာမူ သူ့အရိပ် အယောင်ကို မတွေ့လိုက်ရပေ။

“စီနီယာအစ်ကိုကြီး…”

သူမ နောက်တစ်လမ်းကိုရှာကြည့်သေးသည်။ သို့သော် အရိပ် အယောင်ပင်မတွေ့ရပေ။

သူမသည် ဆရာဘယ်လိုနေသလဲဆိုသည်ကိုပင် မေးချင်ရုံသာ….

သူမ သီးသန့်အခန်းသို့ပြန်လာရာ ရှောင်ချီသည် သူမ ပုံစံကိုမြင်လိုက် သည်နှင့် ရလဒ်ကိုသိနှင့်ပြီးဖြစ်သည်။

“ယူယူ ဝမ်းမနည်းပါနဲ့ သူဒီရောက်နေမှတော့ သေချာပေါက် ထပ်တွေ့ ရမှာပဲ” ရှောင်ချီသည် သူမကို နှစ်သိမ့်လေသည်။

“အင်း” ရှီမာယူယူသည် လက်ဖက်ရည်ဆိုင်သို့လာပြီး ထိုင်လိုက်သည်။ စားပွဲထိုးသည် သူတို့ကို လက်ဖက်ရည်ချထားနှင့်ပြီးဖြစ်သည်။

“ယူယူ ယူယူ့ရဲ့စီနီယာအစ်ကိုကြီးက ဒီကိုဘာလာလုပ်တာဖြစ်မလဲ” ရှောင်ချီသည် သူမ မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်ရင်း မေးလေသည်။

“ကျန်းကျူးကျိကြောင့်လာတာဖြစ်နိုင်တယ်” ရှီမာယူယူ ပြောလေသည် “ကျန်းမျိုးနွယ်လည်း ဒီကိုလာတယ်လို့ စီနီယာအစ်ကိုပြောတယ်၊ အဲဒါကြောင့် ကျန်းကျူကျိလည်း ရောက်နေမှာပဲ”

“ဒါဆိုရင် သူ ဒီမှာလက်စားချေမှာလား” ရှောင်ချီ မေးလိုက်သည်။

“ငါလည်းမသိဘူး” ရှီမာယူယူ ပြောလိုက်သည် “ငါက ဆရာ့ကျောက် စိမ်းဘယ်လိုနေလဲလို့ မေးချင်တာပဲရှိတာ တခြားကိစ္စကိုမမေးပါဘူး”

“အဲဒီကျန်းမျိုးနွယ်က တကယ်ပဲ သူ့ကိုအကြွေးတင်နေတာပဲ၊ သူက လက်စားချေချင်တယ်ဆိုတာ ဖြစ်သင့်တယ်”

“ဒါပေမဲ့ ဒီတစ်ခေါက်သူလာရတဲ့အကြောင်းက လက်စားချေဖို့မဟုတ် ဘူးလို့ ငါခံစားနေရတယ်” ရှီမာယူယူ ပြောလိုက်သည် “အတွင်းပိုင်းဒေသ တွေက တိမ်ပင်လယ်မြို့ကပွဲကို ပြိုင်ဖို့တွက်လာကြတယ်၊ စီနီယာအစ်ကိုကြီး လည်းလာတယ်၊ ဒါကအဆက်အစပ်မရှိဘူးလား လက်စားချေဖို့သက်သက် တော့မဟုတ်လောက်ဘူး”

“ဘာပဲဖြစ်ဖြစ် အဲလောက်စဉ်းစားစရာမလိုပါဘူး” ရှောင်ချီ ပြောလိုက် သည် “ဒါပေမဲ့ အဲဒီအမည်မသိသစ္စာဖောက်ကို ရှားကျောင်ထျန်နဲ့ တခြားသူ တွေက ဘယ်တော့ရှင်းမယ်လို့ပြောလဲ”

“ဥက္ကဌရှားက လောကအသေးမှာရှိသေးတယ်ဆိုပေမယ့် အဲလူက ဘယ်သူလဲဆိုတာကို အစောင့်တွေက သတင်းပေးပြီးလောက်ပြီ သူတို့ အစီအစဉ်အရဆိုရင် ဆေးပြိုင်ပွဲမတိုင်ခင်ကို အတွင်းလူကိုရှင်းလိမ့်မယ်” ရှီမာယူယူသည် လက်ဖက်ရည်သောက်ရင်း ပေါ့ပါးစွာပြောလေသည်။

“နောက်၂ရက်လိုသေးတယ်” ရှောင်ချီ ပြောလိုက်သည် “ဒါပေမဲ့ ဘာမှ လည်းမဖြစ်သေးဘူး”

“မင်းက ဝိညာဉ်စေတီမှာပဲ ငါနဲ့တစ်ချိန်လုံးရှိနေတာလေ အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို သိမှမသိတာ၊ ဖြစ်သွားရင်လည်းသိမှာမဟုတ် ဘူး” ရှီမာယူယူ ပြောလိုက်သည် “ငါတို့မသိတာနဲ့ ဘာမှမဖြစ်တာမဟုတ်ဘူး လေ”

“ဟုတ်တယ် အချိန်ကျရင်တော့ ကြည့်ရတာပျော်စရာကောင်းမှာပဲ” ရှောင်ချီသည် ဖြစ်လာမည့်အဖြစ်အတွက် စိတ်လှုပ်ရှားနေသည်။

“အလယ်ပိုင်းနဲ့ အပြင်ပိုင်းဒေသတွေက အခုတလော ဂယက်ထနေကြ တယ်၊ အများစုက အတွင်းပိုင်းဒေသကိုဝင်စွက်ဖက်ချင်လို့ဖြစ်တာပဲ၊ သူတို့က အပြင်ပိုင်းဒေသကနေ ချွန်ထွက်ပြီး သူတို့မကောင်းမှုတွေကို ရောက်ချင်နေ ကြတာ၊ အတွင်းပိုင်းဒေသတွေက တန်းတူညီမျှတာကို ဖျက်လိုက်ရင် ဘယ် လိုဖြစ်မလဲ” ရှီမာယူယူသည် လက်တစ်ဖက်ဖြင့်မေးထောက်ထားကာ လက် တစ်ဖက်ဖြင့် စားပွဲကိုခေါက်ရင်း နားမလည်နိုင်စွာပြောလေသည်။

“ရှောင်ချီတို့ မသိတဲ့အကြောင်းတစ်ခုခုတော့ သေချာပေါက်ရှိမှာပဲ” ရှောင်ချီ ပြောလေသည် “အခွင့်အရေးရလာမလားလို့ လမ်းလျှောက်ကြည့်ကြ တာပေါ့၊ အခုမလုပ်ရင် ယူယူအားကောင်းလာမှာမဟုတ်ဘူး၊ မသွားရင် အမြတ်ထွက်မှာမဟုတ်ဘူး”

“….”

ရှီမာယူယူသည် ဆွံ့အသွားသည်။ သူမသည် အားနည်းနေသေးသည် ဟုအထင်သေးပြန်ပြီ။ အခုသူမ ပြောမှပင် နောက်ပိုင်းတွင် သူမ အဆင့်တက် သည်မှာ နှေးလာသည်။ သူမ အဆင့်တက်သည်မှာပင် ကြာနေပြီ။

သူမသည် မျက်ခုံးများကိုပွတ်လိုက်သည်။ ထိုအခါမှပင် ကိုယ်ပိုင် အသက်မွေးလမ်းကြောင်းရှိသော ဝိညာဉ်သခင်များသည် ကျင့်ကြံသည့် နေရာတွင် တခြားသူများထက် နှေးရသည့်အကြောင်းအရင်းကို သိသွားပြီ။ ထိုသည်မှာ အချိန်မလောက်သည့် ရိုးရှင်းသည့်ပြဿနာတစ်ခုပင်ဖြစ်သည်။

“ငါသန်မာလာတာနဲ့ သေချာပေါက်သွားမှာ” သူမသည် ယုံကြည်ချက် အပြည့်ဖြင့် ပြောလေသည်။

သူမတွင် အကြောင်းအရင်းများစွာရှိသည်။ သူတို့အားလုံးသည်လည်း သူမ ထိုနေရာသို့သွားစေချင်ကြသည်။

လက်ဖက်ရည်ဆိုင်တွင် ခေတ္တမျှအနားယူပြီးနောက် ပြန်ရန်ပြင်ကြလေ သည်။ သူတို့သည် သီးသန့်အခန်းမှထွက်လိုက်သည်နှင့် အောက်ထပ်မှ လှုပ်ရှားမှုများကိုကြားရလေသည်။

“အောက်ထပ်မှာ တိုက်ခိုက်နေကြတယ်” ရှောင်ချီ ပြောလိုက်သည်။ “ရှောင်ချီတို့ သိတဲ့လူလည်းရှိနေတယ်”

“အောက်ဆင်းပြီးကြည့်ရင် သိရမှာပဲ” ရှီမာယူူယူ ပြောလိုက်သည်။

သူတို့အောက်ထပ်သို့ရောက်ချိန်တွင် ကျန်းလွီအာသည် တခြားနှစ် ယောက်နှင့် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။ စကားနှစ်ခွန်းကို နားထောင်လိုက်သည်နှင့် သူမ၏ ဘဝင်မြင့်သောအကျင့်သည် ပြဿနာရှာ လိုက်ပြန်ပြီကို သိလိုက်သည်။ သူမသည် သီးသန့်အခန်းကို လုယူနေခြင်းဖြစ် သည်။

ရှောင်ချီ လျှောက်ဆင်းသွားရာ ကျန့်လွီအာသည် ခန်းမကြီးတွင် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမနောက်တွင် ရပ်နေသော လူအုပ်ကြီးသည် အမြင်ကိုဖမ်းစားနိုင်လောက်စရာဖြစ်သည်။

“ကျန့်လွီအာ မင်း တခြားသူတွေကိုပြဿနာရှာတာထက် ပိုကောင်းတဲ့ လုပ်စရာမရှိတော့ဘူးလား၊ မင်းကိုယ်မင်း ရာထူးမြင့်သွားတယ်လို့ ခံစားရလို့ လား” ရှောင်ချီသည် နှာမှုတ်လေသည်။

“ဘယ်သူလဲ…” ကျန့်လွီအာသည် ခေါင်းမော့ကြည့်ရာ ရှီမာယူယူနှင့် ရှောင်ချီတို့ ဆင်းလာသည်ကိုတွေ့လိုက်ရသည်။ သူမ၏ မတရားတိုက်ခိုက် တတ်သော မျက်နှာသည် ချက်ချင်းပင် တည်တံ့သွားသည်။

လာပြန်ပြီ ဒီနှစ်ယောက်…

ထိုလူနှစ်ယောက်သည် အရေးကြီးသောလူနှင့် အဆက်အသွယ်ရှိလိမ့် မည်ဟု သူမ မထင်ထားပေ။ ပြီးခဲ့သည့်တစ်ခေါက်က သူတို့ကို သေချာမရှင်း လိုက်နိုင်ပေ။ သူမသည် အဘိုး၏ ကြိမ်းမောင်းခြင်းကိုသာ ခံခဲ့ရသည်။

အခု သူတို့ကိုထပ်တွေ့ရပြန်ပြီ။ သူမ ထပ်မံဒေါသထွက်ရပြန်သည်။

***

All Chapters