← Chapters

ရှောင်ချီ၏ ကံ

Vol. 010 Ch. 999

ရှောင်ချီ၏ ကံ

Vol. 010 Ch. 999

ရှောင်ချီသည် ဆိုင်လက်ထောက်ကို ကျောက်များကို လူနည်းသော ကျောက်ဖွင့်သည့်နေရာကို သယ်သွားခိုင်းလေသည်။

“မိန်းကလေး ဒီမှာခဏလောက်စောင့်ပေးပါ”

ရှောင်ချီသည် တခြားသောနေရာများကိုကြည့်ရာ လူများစောင့်နေသည် ကိုတွေ့လိုက်သဖြင့် သူမ ခေါင်းညိတ်လိုက်သည်။

“ဒီမိန်းကလေးက ဒီလောက်အများကြီးဝယ်လိုက်တာလား” သူမအရှေ့ မှစောင့်နေသော လူများသည် ရှောင်ချီဘေးမှ ကျောက်ပုံကိုမြင်သောအခါ အံ့အားသင့်စွာပြောကြလေသည်။

ပုံမှန်ဆိုလျှင် လူအများစုသည် တစ်ကြိမ်တွင် ၂တုံး ၃တုံးနှင့် အများဆုံး ၅တုံးမှ ၆တုံးသာရွေးကြသည်။ ထို့ကြောင့် သူမ ၁၀တုံးရွေးလိမ့်မည်ကို ဘယ်သူမှ မထင်ထားကြပေ။

“ဟုတ်တယ် ဒါရှောင်ချီ့အတွက် ပထမဆုံးဆော့တာပဲ အဲဒါကြောင့် ပုံမှန်ထက် ပိုဝယ်လိုက်တာ” ရှောင်ချီသည် စိတ်ခံစားချက်ကောင်းနေသဖြင့် စီတန်းနေသော တခြားသူများနှင့် စကားပြောနေလေသည်။

“မိန်းကလေးကတကယ်ပဲ သတ္တိရှိတာပဲ”

“ဒါ မင်းပထမဆုံးကစားတာဆိုတော့ မင်းကိုအရင်လုပ်ခိုင်းမယ်” တုတ်ခိုင်သော လူကြီးသည် ပြုံးပြီးပြောလိုက်သည်။

“ငါလည်း မင်းကိုအရင်လုပ်ခိုင်းမယ်”

“သူတို့က အရင်ဦးစားပေးမှတော့ ငါလည်းအဲလိုပဲလုပ်လိုက်မယ်”

ဒီတစ်ကြိမ်တွင် အရှေ့တွင်တန်းစီနေသောလူများသည် သူမကို ဦးစား ပေးသဖြင့် နောက်ဆုံးတွင်ရောက်နေသော သူမသည် အရင်ဖြစ်သွားသည်။

ကျောက်ခွဲပေးသည့်သူသည် သူတို့ကိုလှည့်ကြည့်ပြီးနောက် ကျောက် ကို ဆက်ခွဲနေလေသည်။

ရှောင်ချီသည် ဘယ်လိုဝိညာဉ်ကျောက် အမျိုးအစား မျိုးထွက်လာနိုင် မလဲဟု သိချင်စိတ်ဖြင့် အနီးကပ်သွားကြည့်လေသည်။

ကျောက်ဖြတ်သည့် ကျောက်သခင်သည် ကျောက်ဖြတ်သည့် ကိရိယာ ဖြင့် အပြင်အလွှာများကို ခွာထုတ်ရာ ကလေးဦးခေါင်းအရွယ်အစားရှိသော ကျောက်ရိုင်းသည် လက်သီးဆုပ်အရွယ်ဖြစ်သွားသည်။ သို့သော် ဘာလှုပ်ရှား မှုမှဖြစ်မလာပေ။

ထိုဝယ်သူသည် ပိုပိုပြီးစိတ်လှုပ်ရှားလာကာ နဖူးတွင် ချွေးသီးချွေး ပေါက်များသီးလာသည်။

“ဒီလောက်သေးနေပြီ အခုထိဘာမှမထူးခြားသေးဘူး ကျောက်ဖြူတုံး ဖြစ်လောက်တယ်” လူတစ်ယောက်သည် တိုးညင်းစွာပြောလေသည်။

ကျောက်ဖွင့်ပေးသောသခင်သည် တည်ငြိမ်စွာနှင့်ပင် တစ်လွှာပြီး တစ်လွှာခွာရာ သစ်ကြားသီးအရွယ်အစားအရောက်တွင် ပြောလိုက်သည် “ဆက်ပြီးခွာစေချင်လား”

“ခွာလိုက်ပါ”

သခင်သည် ဓားအသေးတစ်ချောင်းနှင့် ကော်ဖတ်ထုတ်ပြီး ဂရုတစိုက် ဖြင့် ကော်ဖတ်တိုက်လေသည်။

ကျောက်တုံးသည် မြေပဲအရွယ်အစားအရောက်တွင် ထိုလူသည် စိတ်ပျက်လက်ပျက်ဖြင့် မတ်တတ်ရပ်ပြီး ရှောင်ချီကျောက်ဖော်သည်ကို ကြည့်မည်ဟု တွေးရင်းနှင့် ဘေးသို့သွားရပ်လိုက်သည်။

“ရှောင်ချီအလှည့် ရှောင်ချီအလှည့်” ရှောင်ချီသည် ကျောက်တုံးကို ဖက်ပြီး ဘောင်ပေါ်တင်လိုက်ပြီး ကျောက်ဖြတ်သည့်သခင်ကို ကြည့်နေလေ သည်။

ထိုသခင်သည် ရှောင်ချီ၏ ကျောက်ကိုယူကြည့်ပြီးနောက် ပြောလိုက် သည် “ဘယ်လိုဖြတ်ပေးရမလဲ”

“ဘယ်လိုဖြတ်ပေးရမလဲ ဟုတ်လား” ရှောင်ချီသည် ခေါင်းကိုဆန့်ကာ ပြောလေသည် “ဟင်း ရှောင်ချီက ဒါနဲ့ပတ်သတ်ပြီးဘာမှနားလည်တာ မဟုတ်ဘူး ဦးလေးပြောတဲ့အတိုင်းဖြတ်တာကောင်းမယ်”

ထိုသခင်သည် ရှောင်ချီကို မျက်လုံးပင့်ကြည့်ပြီးနောက် ခေါင်းပြန်ငုံ့ကာ ဖြတ်ရန်ပြင်ဆင်လေသည်။

“အလယ်ကနေ တစ်ချက်တည်းနဲ့ ဒီအတိုင်းပဲဖြတ်လိုက်ပါ” ရှီမာယူယူ ပြောလုကိသည်။

ရှောင်ချီသည် ရှီမာယူယူကိုကြည့်ပြီးပြောလိုက်သည် “ဒါဆိုလည်း ကောင်းပါတယ် အလယ်ကနေပဲဖြတ်လိုက်ပေါ့”

ထိုသခင်သည် သူ၏ ကိရိယာကိုထုတ်ပြီး ရှီမာယူယူပြောသည့်အတိုင်း အလယ်မှ ပိုင်းဖြတ်လိုက်သည်။

ဓားသည် ကျောက်တုံးကိုဖြတ်လိုက်ချိန်တွင် သလင်းကျောက်ဖြူ ပေါ် လာလေသည်။

“အဖြူရောင်ကျောက်ပဲ” သခင်သည် တည်ငြိမ်အေးဆေးသော အသံ ဖြင့်ပြောလေသည်။

“ဆက်ဖြတ်လိုက်” ရှောင်ချီ ပြောလိုက်သည်။

သခင်သည် တစ်ဝက်ယူကာ နောက်တစ်ပိုင်းပိုင်းဖြတ်လိုက်သည်။ သို့သော် အဖြူရောင်ကျောက်ဖြစ်တုန်းပင်။

သခင်သည် ကျောက်ကို ထပ်ပိုင်းဖြတ်သော်လည်း ရလဒ်မှာ အတူတူ ပင်။

“ဒါကိုဖြတ်လိုက် ဒီပုံစံအတိုင်းပဲ” ရှောင်ချီသည် နောက်တစ်တုံးကို ဖက်လာပြီး ဘောင်ပေါ်တင်ကာ မျဉ်းသားပြလေသည်။

သခင်သည် ကျောက်ရိုင်းတုံးကိုယူပြီး ရှောင်ချီပြောသည့်အတိုင်း ဖြတ် ရာ အရင်အတိုင်း အဖြူရောင်ကျောက်ဖြစ်တုန်းပင်။

“ထပ်ပြီးတော့” ရှောင်ချီသည် ရလဒ်ကြောင့် လက်မလွှတ်လိုက်ပေ။

တစ်တုံးပြီးတစ်တုံး…. ကျောက်များကို ပိုင်းဖြတ်သော်လည်း အဖြူ ရောင်ကျောက်တုံးများသာ ပေါ်လာရာ ဘေးမှလူများ အဆက်မပြတ် သက်ပြင်းချမိလေသည်။

ဒီလိုကံက တကယ်ပဲ ဘယ်သူ့မှာမှမရှိတတ်ဘူး။

ကျောက်၁၀တုံးအားလုံး ဖွင့်ပြီးသွားသည်။ သို့သော် နောက်ဆုံး ကျောက်မှာ အနည်းငယ်စိမ်းသည်ကလွဲ၍ ကျန်ကျောက်များသည် အဖြူ ရောင်ကျောက်များဖြစ်လေသည်။

“ယူယူ” ရှောင်ချီသည် ရှီမာယူယူအား တွန့်လိမ်ပြီး နှုတ်ခမ်းဆူကာ ပြောလေသည်။

“ကိုယ့်ဘာသာရွေးလိုက်” ရှီမာယူယူ ပခုံးတွန့်လိုက်သည်။

ရှောင်ချီ လျှောက်သွားပြီး သူမ လက်ကိုဆွဲကာ ပြောလေသည် “ယူယူ ရွေးပေး”

“သွားကြည့်ကြတာပေါ့” ရှီမာယူယူသည် အလောမကြီးပဲ သူမကို နောက်တစ်နေရာခေါ်သွားလိုက်သည်။

ရှောင်ချီ ဝယ်လိုက်သောကျောက်အားလုံးမှာ အဖြူရောင်ဖြစ်နေသည့် အချက်သည် တခြားသော ဆိုင်လက်ထောက်၏ အာရုံကို ဖမ်းစားနိုင်လိုက် သည်။ သူမ သွားသည့်နေရာတိုင်းတွင် သူမ အနည်းငယ်ဖြစ်ဖြစ် ဝယ်လို ဝယ်ငြား အားတက်သရော် မိတ်ဆက်ကြလေသည်။

ရှောင်ချီသည် ကျောက်ရိုင်းတုံးများကို စိတ်လှုပ်ရှားစွာ ကြည့်လေ သည်။ အထူးသဖြင့် ဝိညာဉ်ကျောက်တုံးထွင်းသည့်လူကိုမြင်သောအခါ စိတ်လှုပ်ရှားပြီး တခြားသူများထက်ပင် ခုန်ပေါက်လေသည်။

ရှီမာယူယူသည် သူမ၏ ပုံစံကိုမြင်သောအခါ မတတ်သာစွာ ခေါင်းရမ်း ကာ ငွေတချို့ပေးပြီးနောက် ဆက်ကစားခိုင်းလိုက်သည်။

ရှောင်ချီသည် ဖန်ကျောက်ကတ်ကိုယူကာ ပျော်ရွှင်စွာပြေးထွက်သွားပြီး ခဏအကြာတွင် နောက်ကျောက်၁၀တုံးကို ဖက်ပြီး ပြန်လာလေသည်။

ရှီမာယူယူသည် သူမရွေးလာသော ကျောက်များကိုကြည့်ပြီး ဆွံ့အမိ လေသည်။ အစောပိုင်းက ၁၀တုံးနှင့် အခု၁၀တုံး… သူမက တကယ်ပဲ ကောင်းတာကို မရွေးခဲ့ဘူးပဲ။

“ဟီးဟီး ကျောက်ဖွင့်ဖို့ သွားလိုက်ဦးမယ်” ရှောင်ချီသည် ဆိုင် လက်ထောက်ကို ကျောက်များကို ကျောက်ထွင်းသည့်နေရာသို့ သယ်သွား ခိုင်းလိုက်သည်။

ရှီမာယူယူသည် ကြည့်ချင်စိတ်မဖြစ်သဖြင့် သတ္တုတွင်းဇုန်သို့သွားကာ ထိုသတ္တုတွင်းများကို စတင် အကဲခတ်လေသည်။

“ရှင်ပဲ” လန်းဆန်းသောအသံတစ်သံသည် အနောက်မှထွက်လာရာ ရှီမာယူယူသည် ထိုအသံကိုရင်းနှီးသည်ဟု ခံစားမိသဖြင့် လှည့်ကြည့်လိုက် သည်။ သူမ လက်ဖက်ရည်ဆိုင်တွင် တွေ့ခဲ့သော လူတစ်စုဖြစ်နေသည်။

“ခင်ဗျားတို့ပဲ” သူမသည် သူတို့ကို ခေါင်းညိတ်ပြလိုက်သည်။

“ရှင်လည်း ဝိညာဉ်ကျောက်ရွေးဖို့ဒီကိုလာတာလား၊ ရှင့်ရဲ့ ညီမလေး ရော”

ရှီမာယူယူသည် ကျောက်ထွင်းသည့်နယ်မြေကိုညွှန်ပြရာ ရှောင်ချီသည် ကျောက်သခင် ကျောက်များထွင်းနေသည်ကို စိတ်လှုပ်ရှားစွာ ကြည့်လျက်ရှိ သည်။

“ရှင်က ကျောက်ဖွင့်တဲ့နေရာမှာ သူမကို တစ်ယောက်တည်းထားထား တာလား၊ ဟုတ်သားပဲ ကျွန်မနာမည် ရှီမာချီချီပါ ဒါကရှီမာရှင်းရှို့၊ ရှီမာယီဖေ ရှီမာယိယွင်ပါ” ထိုအဝါရောင်ဝတ်စုံရှည်ဝတ်ထားသော မိန်းကလေးသည် ရှီမာယူယူကို တခြားသူများနှင့်မိတ်ဆက်ပေးလေသည်။

ရှီမာယူယူသည် သူတို့နာမည်များကိုကြားသောအခါ အံ့အားသင့်သွား သည်။ သို့သော် ချက်ချင်းပင် ချုပ်တည်းလိုက်သည်။

သူတို့၏သရုပ်မှန်မှာ မနိမ့်သည်ကို သူမသိထားသည်။ သို့သော် သူတို့ သည် ရှီမာမိသားစုမှဖြစ်သည်ကိုတော့ သူမ မမျှော်လင့်ထားပေ။

“ကျွန်တော်က ရှီယူပါ သူမကရှောင်ချီပါ” ရှီမာယူယူ ပြောလိုက်သည်။

“ရှင်တို့ဘာတွေရွေးထားလဲ” ရှီမာယိယွင်သည် တည်ငြိမ်ပုံပေါက်ကာ သူမ ပြုံးလိုက်ချိန်တွင် သက်တောင့်သက်သာခံစားရစေသည်။

“သူမက ဟိုမှာကစားနေတာ ကျွန်တော်ကတော့ မရွေးရသေးဘူး” ရှီမာယူယူ ပြောလိုက်သည် “ခင်ဗျားတို့လည်း ဝိညာဉ်ကျောက်ရွေးဖို့လာကြ တာလား”

“ကျွန်မတို့ကဒီအတိုင်းလာကြည့်ကြတာပါ” ရှီမာချီချီ ပြောလိုက်သည် “ကျွန်မတို့က တိမ်ပင်လယ်မြို့ကိုလာတာ ပထမဆုံးလေ အဲဒါကြောင့် လှည့် ပတ်ကြည့်နေကြတာ၊ ရှောင်ချီက ကျောက်ဖွင့်တဲ့နေရာမှာဆိုတော့ သွား ကြည့်ကြတာပေါ့”

ရှောင်ချီသည် ကျောက်ရိုင်းတုံး၆တုံးဖွင့်ပြီးသွားသော်လည်း မည်သည့် ဝိညာဉ်ကျောက်တုံးမှရမလာသဖြင့် အလွန်စိတ်အားညိုးငယ်နေလေပြီ။

သူမသည် ရှီမာယူယူဘက်သို့ကြည့်ရာ အကြည့်ချင်းဆုံသွားလေသည်။

“ယူယူ ထပ်ပြီးဘာမှမရပြန်ဘူး”

ရှီမာယူယူ လျှောက်သွားပြီး ပြောလိုက်သည် “အကုန်မပြီးသေးဘူး မလား အကုန်ဖွင့်ပြီးတဲ့အထိ စောင့်ကြည့်ကြတာပေါ့”

“အင်း” ရှောင်ချီသည် နောက်ကျောက်ရိုင်းတစ်တုံးကိုယူပြီး ဘောင်သို့ တင်လိုက်သည်။ အံ့သြစရာမရှိလောက်အောင်ပင် နောက်ထပ် အဖြူရောင် ကျောက်ပင်။

“စိတ်ဓာတ်မကျနဲ့” ရှီမာယူယူ နှစ်သိမ့်လေသည်။

“ရှောင်ချီက ဘယ်လို့ကံမျိုးပါလိမ့်၊ ဒီလောက်ကျောက်တွေအများကြီး ကို ဝိညာဉ်ကျောက်တစ်တုံးမှမရလိုက်ဘူး” ရှောင်ချီသည် လက်မှိုင်ကျလေ သည်။

“မစိုးရိမ်ပါနဲ့ လက်ဗလာနဲ့ မပြန်စေရဘူး” ရှီမာယူယူသည် သူမ ခေါင်း ကို ထိလိုက်သည်။

သူမ ပြောသည့်စကားကိုရှောင်ချီကြားသောအခါ မျက်လုံးများ အရောင် တောက်သွားပြီး စိတ်လှုပ်ရှားစွာပြောလေသည် “ယူယူ ဒီမှာ ဝိညာဉ်ကျောက် ရှိတယ်လို့ ပြောလိုက်တာလား”

“ဘယ်လိုထင်လဲ”

“ဟားဟား ထပ်ပြီးစိတ်တက်ကြွလာပြီ” ရှောင်ချီသည် ပြေးသွားကာ သူမ အတွက် ကျောက်ဖွင့်ပေးနေသည့် ကျောက်သခင်ကို ဆက်ပြီးစိုက်ကြည့် နေလေသည်။

ရှီမာယီဖေနှင့် တခြားသုံးယောက်သည် လျှောက်လာပြီး ရှောင်ချီဘေးမှ ကျောက်အဖြူများကိုတွေ့သောအခါ တအံ့တသြပြောလေသည် “ဒါတွေ အကုန်လုံးကို သူမ ဝယ်လိုက်တာလား”

ရှီမာယူယူ ခေါင်းညိတ်သည်။

“အဲလောက်အများကြီးပဲ ဒီမှာ ဝိညာဉ်ကျောက်ဘယ်လောက်ဖွင့်လိုက် တာလဲ” ရှီမာချီချီ မေးလေသည်။

ရှီမာယူယူသည် ကြမ်းပေါ်မှကျောက်အဖြူများကိုကြည့်လိုက်ရာ သူမ အမူအရာသည် အားလုံးကိုရှင်းပြပြီးဖြစ်လေသည်။

***

All Chapters