ရှောင်ချီ၏ ကံ (၂)
Vol. 010 Ch. 1000
နောက်တွင် သူမသည် နောက်တစ်တုံးဖွင့်ရာ အရင်ထက် ကံကောင်း လာသည့်ပုံပင်။ ဝိညာဉ်ကျောက်တစ်တုံးပေါ်လာသည်။ သို့သော် အဆင့်မှာ သာမာန်ဖြစ်လွန်းကာ တန်ဖိုးမှာလည်းမမြင့်ပေ။
“ယူယူ ကြည့် ဒါတန်ဖိုးကြီးလား” ရှောင်ချီသည် ဝိညာဉ်ကျောက်ကို ရှီမာယူယူဆီသို့ယူလာပြီး ပြလေသည်။
“အဆင်ပြေသေးတယ် ကျန်တဲ့ကျောက်တွေဘယ်လိုလဲဆိုတာ ကြည့် ရအောင်”
ရှောင်ချီသည် ပြန်သွားကာ သခင်ကို ကျောက်များကို ဆက်ဖွင့်ရန် ပြော လေသည်။
ရှီမာယူယူသည် နောက်နှစ်တုံးကို တိတ်တဆိတ်စောင့်ကြည့်နေပြီး နောက်ဆုံးအတုံးအရောက်တွင် သူမ အရှေ့သို့လျှောက်ပြီး သခင့်ကိုပြော လိုက်သည် “ဒီကနေဖွင့်ပေးပါ ပြီးမှ နှစ်ဖက်လုံးကနေပါးပေး”
ထိုသခင်သည် ရှီမာယူယူ၏ တောင်းဆိုချက်အတိုင်းလိုက်နာကာ ကျောက်ကို အသေးတစ်ပိုင်းအကြီးတစ်ပိုင်းဖြစ်အောင် ပိုင်းဖြတ်လိုက်သည်။ ထို့နောက်တွင် သူသည် ကျောက်အသေးကို စတင်ထွင်းလေသည်။
ရှောင်ချီသည် ထိုသခင်အား စိတ်လှုပ်ရှားစွာဖြင့်ကြည့်နေသည်။ အစော ပိုင်းက ယူယူက အချိန်အကြာကြီးစကားမပြောခဲ့ဘူး။ ဒီတစ်ခေါက်တော့ အရှေ့တိုးလာပြီး တောင်းဆိုထားတယ်ဆိုတော့ တစ်ခုခုတော့ဖြစ်ရမယ်
“ရှင်က ရှာဖွေသူဝိညာဉ်သခင်လား” ရှီမာယိယွင်မေးလေသည်။
“မဖြစ်စလောက်ဆိုလည်း သတ်မှတ်လို့ရလား” ရှီမာယူယူသည် မေးခွန်းပြန်ထုတ်လေသည်။
“မဖြစ်စလောက် ရှာဖွေသူဝိညာဉ်သခင်ဆိုလည်း အားကောင်းတာပဲ” ရှီမာချီချီ ပြောလေသည် “မိုဒိဆန်းလို ရှာဖွေယ်သူဝိညာဉ်သခင်လိုမျိုးရှာဖို့ဆို တာက အရမ်းရှားတယ်ဆိုတာ ရှင်လည်းသိမှာပဲ”
အတွင်းပိုင်းဒေသမှလူများသည် မိုဒိဆန်းကိုသိသည့်အချက်ကို ထောက်ကြည့်လျှင် သူ့ဂုဏ်သတင်းမှာမြင့်သည့်ပုံပင်။
မကြာမီတွင် ကျောက်ဖြတ်သည့်သခင်သည် ပထမဝိညာဉ်ကျောက် တစ်တုံးကိုထုတ်လာသည်။ ထိုတောစိမ်းရောင်ကျောက်သည် ပတ်ပတ်လည် မှလူများ၏ အာရုံကိုဖမ်းစားလေသည်။
“ဘုရားရေ တောစိမ်းရောင်ဝိညာဉ်ကျောက်ပဲ”
“ဒီနေရာမှာ တောစိမ်းရောင်ဝိညာဉ်ကျောက်ကို တကယ်ပဲဖွင့်နိုင်တာပဲ”
“ဒီတစ်ခုရဲ့ ဈေးက ဒီ၁၀တုံးပေါင်းလိုက်လို့ရတယ်”
“ဒီ၁၀တုံးတင်မဟုတ်ဘူး အရင်၁၀တုံးကိုထည့်ပေါင်းရင်တောင် ဒီတစ် ခု တန်ဖိုးကိုမမှီနိုင်ဘူး”
“ဟုတ်တယ်”
“ဒီတစ်ခေါက် သူမ ကံကတော့ ပြောင်းသွားပြီပဲ”
“….”
ရှောင်ချီသည် သူတို့စကားများကိုကြားသောအခါ ပျော်ရွှင်စွာပြုံးလေ သည်။
သူမသည် သူမကံမကောင်းလှပုံကို တွေးနေသည်။ ကျောက် ၂၀တုံး တွင် ဝိညာဉ်ကျောက်တစ်တုံးတစ်လေမျှ ပေါ်မလာခဲ့ပေ။ ဒါကမှကံဆိုးမသွား ရာ မိုးလိုက်လို့ရွာမလား။
ကျောက်ဖြတ်သခင်သည် သူတို့အပြုံးကြောင့်ပင် ဝိညာဉ်ကျောက်ခွဲရ သည်ကိုပင် ပျော်စရာအရာတစ်ခုလိုသတ်မှတ်ပြီး ကျောက်ဖွင့်နိုင်ခြင်းဖြစ် သည်။
“သခင်မလေး သေချာသိမ်းထားပါ” သူသည် ဝိညာဉ်ကျောက်ကို ရှောင်ချီ၏ လက်ထဲထည့်ပေးပြီး နောက်လူကိုပြောလိုက်သည် “နောက် တစ်ယောက်”
“ခဏလေး” ရှီမာယူယူသည် သူ့ကိုတားလိုက်သည် “နောက်တစ်ဝက် ကို ဖြတ်ပေးဖို့ပဲ ဆရာ့ကိုဒုက္ခပေးလို့ရမလား”
“ဒီကျောက်အသေးမှာ ဘာဝိညာဉ်ကျောက်မှမရှိဘူး ဒါပေမဲ့ ဧည့်သည် က တောင်းဆိုမှတော့ ဖွင့်ပေးပါမယ်” ထိုကျောက်ဖြတ်သခင်သည် နွေးထွေး သောအကျင့်စရိုက်ရှိကာ ဝယ်သူ၏တောင်းဆိုမှုမှာ သူတို့အတွေးနှင့် ကွဲပြား နေသည့်အပေါ် တခြားကျောက်ဖြတ်သခင်များကဲ့သို့ ဒေါသထွက်ခြင်းမရှိပေ။
သူသည် နောက်ကျောက်တစ်ပိုင်းကိုယူပြီး သေချာစွာဖြင့် စတင် တိုက် ဖြတ်လေသည်။ လျင်မြန်စွာပင် ထိုကျောက်သည် ကြက်ဥအရွယ်အစားဖြစ် သွားသည်။
“ယူယူ ဒီလောက်နည်းနည်းပဲကျန်တော့တာ အထဲမှာ တကယ်ပဲ ဝိညာဉ်ကျောက်ရှိသေးလို့လား” ရှောင်ချီ မေးလေသည်။
“စောင့်ပြီးကြည့်လိုက်ဦး” ရှီမာယူယူ ပြုံးလိုက်သည်။
ရှီမာယီဖေနှင့် တခြားသူများသည် ဘေးတွင် တိတ်တဆိတ်ကြည့်နေ ကြသည်။ အရင်ကကျောက်ရိုင်းတုံးတစ်ခုတွင် ဝိညာဉ်ကျောက်နှစ်တုံးရလာ သည်မှာ မဖြစ်ဖူးသည့်ကိစ္စဖြစ်သည်ကို သူတို့သိထားကြသည်။ သူတို့သည် သူမမျက်နှာမှ ယုံကြည်ချက်ပြည့်နေသည့် အပြုံးကို စိတ်ဝင်စားနေကြသည်။
ထိုအပြုံးသည် တည်ငြိမ်ကာ ထိုကျောက်ရိုင်းတုံးတွင် အမှန်တကယ်ပင် ဝိညာဉ်ကျောက်ရှိနေသည်ဟု သူတို့စိတ်ထဲတွင်ယုံကြည်နိုင်လောက်သည်။
ကျောက်သားတစ်လွှာပြီး တစ်လွှာပါးသွားပြီးနောက်တွင် အားလုံးသည် ယုံကြည်ချက်ပျောက်ဆုံးချိန်လောက်တွင် ကျောက်အသားမှာ အဖြူရောင် မဟုတ်တော့ပေ။
“အရောင်ရှိနေတယ်”
“အစိမ်းရောင်တော့ ဟုတ်တဲ့ပုံမရဘူး”
“အနီရောင်ဖြစ်တဲ့ပုံပဲ၊ ကျောက်သားနောက်ဆုံးအလွှာခွာပြီးရင်တော့ သိရလိမ့်မယ်”
ကျောက်ဖြတ်သခင်သည် ထိုအနီရောင်ကိုမြင်သောအခါ အရင် အံ့အား သင့်သွားသော်လည်း နောက်တွင် စိတ်လှုပ်ရှားလာသည်။
မည်မျှပင်ကြီးမားသည့် ဝိညာဉ်ကျောက်ဖြစ်စေကာမူ တခြားအရောင်ရှိ နေပါက တန်ဖိုးမှာအဆများစွာမြင့်တက်သွားသည်။
သူ့လက်မှ လှုပ်ရှားမှုမှာ ပိုနူးညံ့လာပြီး သူ့ကလေးကို ဂရုစိုက်သလို ပြုမူနေသည်။
မကြာခင်တွင် ထိုဝိညာဉ်ကျောက်သည် အားလုံး၏ မျက်လုံးရှေ့တွင် ပြည့်စုံစွာ ပေါ်လာသည်။ မူးယစ်စေသော အနီရောင်၊ သစ်ကြားသီးအရွယ် အစားနှင့် သူ့ပုံစံသည် လူတိုင်းနှစ်သက်ရလောက်သည့် အသည်းပုံ ပုံစံနှင့် တူ လေသည်။
“လှလိုက်တာ” ရှောင်ချီ၏ အောင်ပွဲခံမှုသည် ပတ်ပတ်လည်မှ ကြည့်နေ သူများကို လှုပ်နှိုးလိုက်သလိုပင်။
“သခင်မလေး အဲဒီဝိညာဉ်ကျောက်ကို ကျွန်တော် ကျောက်၅သောင်းနဲ့ ပေးဝယ်ချင်ပါတယ် ကျေးဇူးပြုပြီးကျွန်တော့်ကိုရောင်းပေးပါ”
“သခင်မလေး ကျွန်တော် ၆သောင်းပေးမယ်….”
“၇သောင်း….”
“….”
ဈေးနှုန်းမှာ လျင်မြန်စွာပင် ၁သိန်းကျော်သွးသည်။ သို့သော် ရှောင်ချီ သည် ရောင်းရန်စိတ်ကူးမရှိသဖြင့် ဝိညာဉ်ကျောက်ကိုသိမ်းကာ လက်ဖြင့် စတင် ကစားလေသည်။
“သခင်မလေးသာ ဆန္ဒရှိရင် ကျွန်တော်တို့ ကျောက်မျက်ဆိုင်က ဝယ် လို…”
“မရောင်းဘူး” ရှောင်ချီသည် ခေါင်းရမ်းပြီးပြောလေသည် “ဒီလောက် လှတဲ့ဝိညာဉ်ကျောက်ကို ကိုယ့်ဘာသာသိမ်းထားမှာ”
အစောပိုင်းက ဈေးအပြိုင်အဆိုင်ပေးနေသော လူများသည် အနည်း ငယ် စိတ်ပျက်သွားကြကာ လူတစ်ယောက်သည် သူမကို ဖြောင်းဖြနေတုန်း ပင်။
“သခင်မလေး ကျွန်တော်ကမ်းလှမ်းတဲ့ဈေးနှုန်းကိုစဉ်းစားပါဦး အဲဈေး နှုန်းက ဝိညာဉ်ကျောက်တန်ဖိုးထက်တောင် မြင့်နေပြီ”
“မရောင်းဘူး” ရှောင်ချီသည် လက်ကို စိတ်မရှည်စွာဖြင့်ရမ်းကာ ဝိညာဉ်ကျောက်ကို ရှီမာယူယူရှေ့သို့ ယူသွားပြီးပြောလေသည် “ယူယူ ကြည့် လှလိုက်တာ”
“တကယ်ပဲ အရမ်းလှတယ်” သူမ သဘောကျနေသည်ကို ရှီမာယူယူ မြင်သောအခါ ပြုံးလိုက်သည် “ဖက်တီးနဲ့ တခြားသူတွေထွက်လာရင် သူ့ကို ရှောင်ချီ့အတွက် လည်ဆွဲလုပ်ခိုင်းလိုက်မယ်လေ ရှောင်ချီ ဆွဲလို့ရတာပေါ့”
“ဒါပေမဲ့ ဖက်တီးနဲ့ တခြားသူတွေက လောကအသေးကနေပြန်လာဖို့ နှစ်တွေအများကြီးလိုသေးတယ်” ရှောင်ချီသည် လည်ဆွဲကို မစောင့်နိုင်တော့ ပေ။
“ဒါဆိုရင် ငါတို့ဒီကိစ္စဖြေရှင်းပြီးတဲ့ထိစောင့်ပြီး ပြန်ရင် လက်နက်သခင် ရှာပြီး လုပ်ခိုင်းတာပေါ့”
“ဒါဆို ရှောင်ချီတို့ ဘယ်တော့ပြန်ကြမလဲ”
“ပြိုင်ပွဲက ဘယ်လောက်ကြာမလဲဆိုတာ မသိဘူး၊ ပစ္စည်းက ရှောင်ချီ့ လက်ထဲရောက်နေပြီပဲ ရက်နည်းနည်းတော့စောင့်လိုက်ပေါ့” ရှီမာယူယူသည် မသေချာစွာ ပြန်ဖြေလေသည်။
“မိန်းကလေးရှောင်ချီ မစောင့်နိုင်ရင် ကျွန်တော်စမ်းကြည့်လို့ရပါတယ်” ရှီမာယီဖေ ပြောလိုက်သည်။
“အစ်ကိုကြီးက လက်နက်ဘယ်လိုလုပ်ရမလဲဆိုတာ သိတာလား” ရှောင်ချီ မေးလိုက်သည်။
“မင်းလိုချင်တာ အဆင့်မမြင့်ဘူးဆိုရင်တော့ ကျွန်တော်စမ်းကြည့်ပေး လို့ရပါတယ်” ရှီမာယီဖေ ပြန်ဖြေလေသည်။
“မမြင့်ဘူး မမြင့်ဘူး ရှောင်ချီက ကာကွယ်ဖို့တွေဘာတွေမလိုဘူး၊ ဒီ ဝိညာဉ်ကျောက်ရဲ့ တန်ဖိုးနဲ့ညီအောင်ကြည့်ကောင်းရင် ရပြီ” ရှောင်ချီသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလေသည်။
“ဒါဆိုရင် ကျွန်တော် လုပ်ပြီးတာနဲ့ အသိပေးလိုက်ပါမယ်”
“ဘယ်လောက်တော့ လုပ်ပြီးမလဲ”
“မနက်ဖြန်လောက်တော့မှန်းတယ် မနက်ဖြန်နေ့လည်ကို ကျွန်တော်တို့ နေတဲ့ နေရာကို လာယူလို့ရတယ်”
“ကောင်းပြီ မနက်ဖြန့်နေ့လည်ကိုလာခဲ့မယ်”
ခဏတွင်း၌ပင် ထိုကိစ္စသည် ဖြေရှင်းပြီးလေသည်။ ရှီမာယူယူသည် သူမကို တားသည့်အချိန်ပင်မရလိုက်။ ဖန်ကျိရှင်းသည် သူမကို အကြောင်း အရာများစွာ ပြောခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ရှီမာမျိုးနွယ်နှင့် ပတ်သတ်ခြင်း သည် သူမအတွက် ပြဿနာများယူဆောင်လာမလားဆိုသည်ကိုပင် မသိ ပေ။
သူမသည် သူတို့နှင့် ခပ်ဝေးဝေးနေချင်သည်။ သို့သော် ရှောင်ချီ စိတ်လှုပ်ရှားနေသည်ကိုကြည့်ပြီး ငြင်းဆန်မည့်စကားလုံးများကို မျိုသိပ်လိုက် သည်။
“ဆက်ပြီးကစားချင်သေးလား”
“မကစားတော့ဘူး” ရှောင်ချီသည် ခေါင်းရမ်းလေသည်။ သူမလက်ထဲမှ ဝိညာဉ်ကျောက်နှင့်ဆိုလျှင် သူမသည် ထပ်ပြီးစိတ်မဝင်စားလှတော့ပေ။
“ဒါဆိုပြန်ကြမယ်”
“ရှီယူ ကျွန်မတို့ကျောက်နည်းနည်းလောက်ရွေးချယ်တယ် ခဏ လောက် အကြံပေးလို့ရမလား” ရှီမာယိယွင် မေးလေသည်။
“ကျွန်တော်က လှည့်ဖျားတာ နည်းနည်းလောက်သင်ထားရုံပါ တခြား သူတွေ ကျောက်ရွေးတာကိုကူညီပေးလောက်တဲ့အထိ မတော်ပါဘူး၊ ခင်ဗျား ကိုဝိညာဉ်ကျောက်ရွေးပေးရတာက ရပါတယ် ဒါပေမဲ့ ဘာမှထွက်မလာရင် မကောင်းဘူးလေ” ရှီမာယူယူသည် ပါးနပ်စွာဖြင့် ငြင်းဆန်လိုက်သည်။
“ဘာမှမသိတဲ့ကျွန်မတို့ထက်စာရင်တော့ အများကြီးတော်ပါသေးတယ်” ရှီမာယိယွင် ပြုံးလိုက်သည် “ကျွန်မတို့ကိုရွေးခိုင်းရင် ရမ်းသမ်းရွေးကြမှာ တကယ်လို့ ဘာဝိညာဉ်ကျောက်တုံးမှရမလာရင်လည်း ကိုယ့်ကံပဲပေါ့”
ရှောင်ချီသည် ထိုလူများ၏သရုပ်မှန်ကိုမသိသဖြင့် ရှီမာယူယူ၏ လက် ကိုတွဲကာ ပြောလေသည် “ယူယူ သူတို့ကိုကူညီလိုက်ပါ ရှောင်ချီ လည်ဆွဲကို လည်း သူတို့ကူလုပ်ပေးမှာပဲကို”
***