← Chapters

လန့်လောက်စရာ နှုန်းထား

Vol. 011 Ch. 1001

လန့်လောက်စရာ နှုန်းထား

Vol. 011 Ch. 1001

ရှောင်ချီ ခေါင်းမော့ပြီး သူမကို ဝိုင်းစက်သောမျက်လုံးများဖြင့် မျက်တောင်ခတ်ကာ ကြည့်နေသည်ကို ရှီမာယူယူမြင်သောအခါ အကူအညီ မဲ့စွာ ပြောလိုက်သည် “ကျွန်တော့်အကြံကို အရမ်းအလေးမပေးတာ ကောင်း မယ်နော်”

ဆိုလိုသည်မှာ သူမ သဘောတူလိုက်ပြီ။

ရှီမာယီဖေသည် ရှီမာရှင်းရှို့နှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး ပြော လိုက်သည် “ဒီလိုဆိုမှတော့ ဝင်ပြီးတော့ ကျွန်တော့်အတွက်ရွေးကြတာပေါ့”

သူတို့အားလုံးသည် မျိုးနွယ်ကြီးမှဖြစ်ကြသည်။ အပြင်မှ သတ္တုအသေး များသည် သူတို့ကို မဆွဲဆောင်နိုင်ပေ။

တခြားသော ကျောက်မျက်ဆိုင်များကဲ့သို့ပင် ထိုနေရာသည်လည်း နယ်မြေများဖြင့်ကွဲခြားထားသည်။ နယ်မြေတိုင်းတွင် အဆင့်များမတူကြကာ ဝိညာဉ်ကျောက်များ၏ အဆင့်မှာလည်း မတူကြပေ။ သတ္တုတွင်းများ၏ ဈေးနှုန်းမှာလည်း သေချာပေါက်မတူကြပေ။

ရှီမာယူယူသည် သူတို့နောက်လိုက်ကာ ဒုတိယနယ်မြေသို့လိုက်သွား လေသည်။ ရှီမာချီချီနှင့် ရှီမာယိယွင်တို့သည် အရှေ့တွင် ကျောက်များပင်ရွေး နေလေပြီ။

ရှီမာရှင်းရှို့၊ ရှီမာယိယွင်နှင့် ရှီမာယီဖေတို့သည် ထိုနယ်မြေသို့လာပြီး ပြောလိုက်သည် “ရှီယူ ကျွန်မတို့ကိုနည်းနည်းလောက်ရွေးပေးပါဦး”

“အဲဒါအကုန်လုံးကို ကျွန်တော့်ကိုရွေးပေးစေချင်တာလား” ရှီမာယူယူ မေးလိုက်သည်။

“ကျွန်မတို့ကိုအရင်ကူရွေးပေး ပြီးမှ အခြေအနေအရ ဝယ်မယ်လေ” ရှီမာရှင်းရှို့ ပြောလိုက်သည်။

သူတို့တွေးနေသည်ကို ရှီမာယူယူ နားမလည်တော့ပေ။ ထို့ကြောင့် သူမ သာမန်ကာလျှံကာဖြင့် ၁၀တုံးရွေးလိုက်သည်။

ရှီမာရှင်းရှို့သည် ဖျတ်လတ်စွာဖြင့် ငွေရှင်းပြီး ဝိညာဉ်ကျောက်တုံးများ ကို တွေဝေခြင်းမရှိပဲသိမ်းလိုက်သည်။

ကျောက်နယ်မြေမှထွက်လာပြီးနောက်တွင် ရှီမာယီဖေသည် ရှီမာယူယူ ကို လိပ်စာပေးပြီးပြောလိုက်သည် “မနက်ဖြန်လာခဲ့ပါ အဲကျရင်ပေးမယ်”

ထို့နောက်တွင် သူမသည် သူတို့ကို လိပ်စာထပ်ပေးလိုက်သည်။

“ကောင်းပါပြီ ကျွန်တော်တို့မနက်ဖြန်လာခဲ့ပါမယ်” ရှီမာယူယူသည် ပြန် ဖြေပြီးနောက် ရှောင်ချီနှင့်ထွက်သွားလေသည်။

သူတို့ထွက်သွားပြီးနောက်တွင် ရှီမာချီချီသည် ရှီမာယီဖေအားမေးလိုက် သည် “သူ့ကိုဘာလို့ ကျောက်ကူရွေးခိုင်းတာလဲ၊ ညီမတို့်ဝယ်ဖို့အစီအစဉ်မရှိ ဘူးမလား၊ ဘာလို့ရုတ်တရက်ကြီးဝယ်ချင်သွားတာလဲ”

“ငါတို့အတွက် အသုံးဝင်လာလိမ့်မယ်” ရှီမာရှင်းရှို့ ဆက်ပြောလေ သည် “ခဏနေရင်သိလိမ့်မယ်”

“ချီချီ ရှီယူက ပုံမှန်ဆိုရင် ဘယ်လိုကျောက်တွေရွေးလဲဆိုတာ သူတို့က စမ်းချင်လို့ထင်တယ် ပြီးမှ အဲလူက ငါတို့သူငယ်ချင်းဖြစ်ဖို့ အဆင့်မှီလားဆို တာဆုံးဖြတ်တာပဲ” ရှီမာယိယွင် ရှင်းပြလေသည်။

“သွားမယ် ငါက သူမအတွက်လည်ဆွဲလုပ်ပေးရမှာ မင်းတို့ပြန်ရင် ကျောက်ဖွင့်ဖို့ လူရှာလိုက်ဦး ဝိညာဉ်ကျောက်ဘယ်လောက်ရလာမလဲကြည့် ကြတာပေါ့” ရှီမာယီဖေ ပြောလေသည်။

“အိုခေ ကျောက်တွေကို ညီမတို့ကိုသာအပ်ထားလိုက်” ရှီမာယိယွင် ပြောလိုက်သည်။

သူတို့သည် သူတို့နေထိုင်သောခြံသို့ပြန်ရောက်လေသည်။ ရှီမာယီဖေ သည် ရှောင်ချီအတွက်လည်ဆွဲလုပ်ရန်သွားကာ ရှီမာယိယွင်နှင့် တခြားသူ များသည် ကျောက်ဖွင့်သည့်သခင်ဆီသို့ သွားလေသည်။

နောက်နေ့မနက်တွင် ရှီမာယီဖေသည် အခန်းမှထွက်လာပြီး ရှီမာယိယွင်နှင့် တခြားသူများကို သွားရှာလေသည်။

“မနေ့က အခြေအနေဘယ်လိုလဲ” သူသည် သူတို့ကိုကြည့်ပြီး မေး လိုက်သည်။

ရှီမာချီချီသည် မနေ့ကရလဒ်ကို ရှီမာယိယွင်နှင့် ပြောနေရာမှ သူတို့ အလွန်အံ့သြနေသည်ကိုကြည့်ပြီး ပြောလိုက်သည် “မှန်းကြည့်လေ”

“၃တုံးလား ၄တုံးလား” ရှီမာယီဖေ ခန့်မှန်းလေသည်။

အလှလေးနှစ်ယောက်သည် ခေါင်းရမ်းလေသည်။

“၅တုံးလား”

အလှလေးနှစ်ယောက်လုံးသည် ခေါင်းရမ်းပြန်သည်။

“၆တုံးဖြစ်မလား” ရှီမာယိဖေသည် သံသယဖြင့်မေးလေသည်။

အလှလေးနှစ်ယောက်လေးသည် ခေါင်းရမ်းနေတုန်းပင်။

“မဟုတ်ဘူး” ရှီမာယိယွင်သည် သူမ၏အစ်ကိုကြီး အကြိမ်များစွာ မှန်အောင်မမှန်းနိုင်သည်ကိုမြင်သောအခါ ပြုံးပြီးပြောလိုက်သည် “၇တုံးပဲ ပြီးတော့ အဲအထဲမှာ တခြားအရောင်ဝိညာဉ်ကျောက်၅တုံးပါတတယ် တခြား ၂တုံးရဲ့ အဆင့်ကလည်းမနိမ့်ဘူးပဲ”

“၇တုံးလား ဝိညာဉ်ကျောက်ရတာ ၇၀ရာခိုင်နှုန်းပဲ တကယ်လား” ရှီမာယီဖေသည် မယုံနိုင်ပေ။

“အမှန်ပဲ တကယ်ကြီး”

“တကယ်ပဲ ၇၀ရာခိုင်နှုန်းပဲ” ရှီမာယိဖေသည် မှင်တက်သွားသည်။ သူသည် ရလဒ်ကို အံ့သြနေသည် “ကြည့်ရတာ နားမလည်ဘူးလို့ပြောတဲ့သူ က ပိုပြီးကျွမ်းကျင်နေတဲ့ပုံပဲ”

“ပြီးတော့ ညီမတစ်ခုသိလိုက်တယ်” ရှီမာယိယွင် ပြောလေသည်။

“ဘာလဲ”

“ညီမက ချီချီ့ကိုပြောနေတာ မနေ့က သူကျောက်ရွေးတော့ ညီမကြည့် နေတာ သူတချို့ကို လေးလေးနက်နက်ရွေးပေမဲ့ တချို့ကို ကျပန်း သာမန် ကာလျှံကာရွေးလိုက်တာပဲ” ရှီမာယိယွင် ရှင်းပြလေသည်။

“ညီမလေး မင်းကတကယ်ပဲ စေ့စပ်တာပဲ၊ သူရွေးလိုက်တဲ့ ဝိညာဉ် ကျောက်ကိုမှတ်မိတာလား” ရှီမာယီဖေ မေးလိုက်သည်။

“မှတ်မိတယ်” ရှီမာယိယွင် ခေါင်းညိတ်လိုက်သည် “အဲဒါက ညီမတို့ အံ့သြသွားတာပဲ”

“ဘာလို့လဲ”

“သူရွေးလိုက်တိုင်းကို သူ့ရဲ့မျက်နှာအမူအရာကို ညီမမှတ်မိတယ်၊ အဲနောက်ကို သူရွေးတဲ့အတိုင်းလိုက်ပြီး သူ့အမူအရာကိုကြည့်ထားတာ ညီမ ဘာသိလိုက်လဲ မှန်းကြည့်” ရှီမာယိယွင်သည် တက်ကြွနေသည်။

“တိုက်ရိုက်သာပြောလိုက်တော့” ရှီမာယီဖေသည် စိတ်ထဲတွင်မှန်းမိ သော်လည်း သူ့အတွေးမှာ ကြောက်မက်ဖွယ်ကောင်းသောကြောင့် တိုက်ရိုက် ပင်မေးလိုက်သည်။

ရှီမာယိယွင်သည် သူမအစ်ကိုကြီးကိုနားလည်သည်။ သူသိလိုသည့် အဖြေကို မခန့်မှန်းလိုသည့်သဘောရှိသည်။

“ညီမသိလိုက်တာက သူအာရုံစိုက်ရွေးလိုက်တာတွေက မတူညီတဲ့ အရောင်တွေနဲ့ ဝိညာဉ်ကျောက်ကောင်းထွက်တယ်၊ သူ သာမန်ကာလျှံကာ ရွေးလိုက်တဲ့ထဲက နှစ်တုံးက သာမန်ဝိညာဉ်ကျောက်နဲ့ တခြား၃တုံးက အဖြူ တုံးတွေပဲ” ရှီမာယိယွင် ဆက်ပြောလေသည် “ဒါတိုက်ဆိုင်မှုမဖြစ်နိုင်ဘူးထင် တယ်”

“မင်းပြောတာက သူအာရုံစိုက်ပြီးရွေးတဲ့ကျောက်တွေက ဝိညာဉ် ကျောက် ရာနှုန်းပြည့်ထွက်တယ်ပေါ့” ရှီမာယီဖေသည် ဆွံ့အသွားသည်။

“ဟုတ်တယ်” ရှီမာချီချီ ဆက်ပြောလေသည် “အဲဒါတွေကို ခွဲဖို့ကိ လွယ် တယ်ဆိုပေမယ့် ရာနှုန်းပြည့်ထွက်လာဖို့ဆိုတာ ဘယ်သာမန်ရှာဖွေယ်သူ ဝိညာဉ်သခင်မှမလုပ်နိုင်ဘူး”

“ဒီရှီယူက တကယ်ပဲ သာမန်မဟုတ်ဘူး” ရှီမာယီဖေ ဆက်ပြောလေ သည်။

“ယီဖေ သူ့ကိုစမ်းသပ်တော့ ဘယ်လိုထင်လဲ” ရှီမာချီချီသည် သိချင် စိတ်ဖြင့်မေးလေသည်။

ရှီမာယီဖေသာ သတ္တုဝယ်သည့်နည်းလမ်းကိုမသုံးလျှင် ရှီမာယူယူသည် အားကောင်းသည် ရှာဖွေသူဝိညာဉ်သခင်ဖြစ်ကြောင်းကို သူတို့သိလိမ့်မည် မဟုတ်ပေ။

“ငါ သူ့ကိုစမ်းသပ်ချင်တာမဟုတ်ဘူး ဒီအတိုင်းပဲသိချင်တာ” ရှီမာယီဖေ ဆက်ပြောလေသည် “မင်းတို့မြင်တဲ့အတိုင်းပဲလေ ရှောင်ချီကျောက်ဖွင့်တုန်း က သူကဒီအတိုင်းပဲဘေးမှာရပ်နေတာ၊ ဒါပေမဲ့နောက်ဆုံးကျရော ချက် ကောင်းကိုထိတာပဲ အဲဒါကြောင့် ငါစဉ်းစားတာ သူကမဆိုးဘူး သူသာ အားကောင်းရင် သူနဲ့ မိတ်ဆွေဖွဲ့လို့ရတယ်လို့”

“သူ အားမကောင်းရင်ရော”

“ငါတို့ရှီမာမျိုးနွယ်နဲ့ မိတ်ဆွေဖြစ်နိုင်တဲ့ဘယ်သူမဆို သာမန်လူသာ ဆိုရင်….”

“တကယ်ပဲမိတ်ဆွေဖွဲ့ချင်တယ်ဆိုရင် အားကောင်းဖို့ကဘာလို့ လိုတော့မှာလဲ၊ လူကြီးလူကောင်းတစ်ယောက်ရဲ့ မိတ်ဆွေဖွဲ့တာက ရေလိုပဲ အရသာမရှိဘူး သေးသိမ်တဲ့လူရဲ့ မိတ်ဆွေဖွဲ့တာက ဝိုင်လိုပဲချိုတယ်တဲ့” ရှီမာရှင်းရှို့သည် လျှောက်လာရင်း ရှီမာယီဖေ၏ စကားများကိုကြားသောအခါ သူ့အတွေးကိုပြောလေသည်။

“သူက အဂ္ဂိရတ်ပညာရှင်အသင်းကလူတွေကို မငြင်းနိုင်ပဲ ထွက်သွားရ အောင်လုပ်နိုင်တယ်၊ ပြီးတော့ ငါတို့အဆင့်အတန်းကိုသိနေတာလည်း သာမန်မဟုတ်ဘူး၊ အဲဒါကိုသိလည်း ဒီအတိုင်းပဲထွက်သွားခဲ့တယ် အဲဒါကြောင့် ငါကသိချင်တာ” ရှီမာယီဖေ ရှင်းပြလေသည်။

“ရလာတဲ့ရလဒ်ကတော့ လန့်လောက်စရာပဲ” ရှီမာချီချီ ပြောလိုက် သည်။

“သြော် ဟုတ်သားပဲ သူမကိုလည်ဆွဲလုပ်ပေးမယ်လို့ ပြောတယ်မလား ပြီးသွားပြီလား သူတို့နေ့လည်လာတော့မှ စကားကိုပြန်ရုတ်သိမ်းမှာမဟုတ် ဘူးမလား” ရှီမာယိယွင် မေးလိုက်သည်။

“ပြီးတောင်သွားပြီ” ရှီမာယီဖေသည် လည်ဆွဲကိုထုတ်လာသည် “ညနေ ကို သူတို့လာတဲ့အထိစောင့်ပြီး ဝိညာဉ်ကျောက်ကိုအထဲထည့်ရုံပဲလိုတော့ တာ”

“စကားတည်တာကောင်းမယ်နော် ညီမ ရှီယူနဲ့ ရှောင်ချီအကြောင်းကို သွားစုံစမ်းလာတာ ဘာတွေသိလာလဲမှန်းကြည့်” ရှီမာရှင်းရှို့ ပြောလိုက် သည်။

“ဘာလဲ”

“သူက ရှီယူမဟုတ်ဘူး ရှီမာယူယူပဲ”

“ရှီမာယူယူလား” သူတို့သုံးယောက်သည် သံပြိုင်အော်မိကြလေသည် “သူက ငါတို့မျိုးနွယ်ကလား”

***

All Chapters