← Chapters

အမှန်တရားနှင့်နီးကပ်အောင် မှန်းဆခြင်း

Vol. 011 Ch. 1002

အမှန်တရားနှင့်နီးကပ်အောင် မှန်းဆခြင်း

Vol. 011 Ch. 1002

“ရှီယူရဲ့အဆင့်က ငါတို့မျိုးနွယ်မှာထူးခြားတာဖြစ်နိုင်တယ်” ရှီမာယီဖေ ပြောလေသည် “ဒါဆိုရင် သူကငါတို့မျိုးနွယ်ကလား”

“ဖြစ်လည်းဖြစ်နိုင်တယ် မဖြစ်လည်းမဖြစ်နိုင်ဘူး” ရှီမာရှင်းရှို့ ပြောလေ သည် “ငါသတင်းသိရသလောက်တော့ ဦးလေးလွီဖန်ကိုမေးလိုက်တာ တစ်ခါ ကနှင်ထုတ်ခံရတဲ့ မျိုးနွယ်ဝင်တွေရှိတယ်လို့ပြောတယ်”

“ဒါဆိုရင် ရှီမာယူယူက အဲနှင်ထုတ်ခံရတဲ့မျိုးနွယ်ဝင်ရဲ့ ဆက်ခံသူများ ဖြစ်နေမလား” ရှီမာချီချီ မေးခွန်းထုတ်လေသည်။

“အဲဒါဖြစ်နိုင်ချေများတယ်လို့ထင်တယ်” ရှီမာရှင်းရှို့ ပြောလေသည် “ပြီးတော့ သူက ငါတို့သရုပ်မှန်ကိုသိမယ်လို့ ငါယုံနေတယ်”

“ဘာလို့အဲလိုထင်ရတာလဲ”

“ငါသိရသလောက်တော့ သူတိမ်ပင်လယ်မြို့ကိုရောက်ကတည်းက နာမည်အရင်းကိုသုံးခဲ့တယ် ဒါပေမဲ့ ငါတို့ကိုတော့ ရှီယူလို့သုံးခဲ့တယ် ဆိုလို တာက သူကသူ့ရဲ့သရုပ်မှန်အစစ်ကိုငါတို့ကို မသိစေချင်တာပဲ” ရှီမာရှင်းရှို့ ခွဲခြမ်းစိတ်ဖြာလေသည်။

“သူက ငါတို့ကိုရှောင်နေတာပဲ” ရှီမာယီဖေ ပြောလိုက်သည်။

“သူက မျိုးနွယ်တစ်ခုတည်းကမဟုတ်ရင်တောင် ညီမတို့ကိုရှောင်စရာ မလိုဘူးလေ ဟုတ်တယ်မလား” ရှီမာချီချီ ပြောလိုက်သည် “ညီမတို့က ဝံပုလွေလည်းမဟုတ်၊ ကျားတွေ ကျားသစ်တွေလည်းမဟုတ်ဘူးလေ”

“ငါတို့မသိတဲ့အကြောင်းအရင်းတစ်ခုတော့ရှိရမယ်” ရှီမာယိယွင် ပြော လေသည်။

“စုံစမ်းတာပိုကောင်းမယ်” ရှီမာရှင်းရှို့သည် ရှီမာယူယူကို ပိုစိတ်ဝင်စား လာသည်။

“ညီမတို့ဘာအတွက် ဒီကိုလာတာလဲဆိုတာ မေ့မနေနဲ့ဦး” ရှီမာယိယွင် ပြောလေသည်။

“မမေ့ပါဘူး ဒါပေမဲ့ အဂ္ဂိရတ်ပညာပြိုင်ပွဲက မင်းကိစ္စပဲ ငါတို့က အပျော် လိုက်လာတာလေ လမ်းမှာစိတ်ဝင်စားစရာတွေလုပ်မှာပဲ” ရှီမာယီဖေ ပြော လေသည်။

အစကပင် သူသည် အဂ္ဂိရတ်ပညာကိုမသိခဲ့ပေ။ သူသည် အပျော်လိုက် လာခြင်းဖြစ်သည်။ သူ့အသက်မွေးကြောင်းပညာမှာ လက်နက်တီထွင်ခြင်း ဖြစ်သည်။

ရှီမာယိယွင်သည် သူမအစ်ကိုကိုကြည့်ပြီး ရှီမာယူယူနှင့်ပတ်သတ်ပြီး စိတ်ဝင်စားနေသည်ကို သိသည်။ အထူးသဖြင့် သူမသည် ရှီမာမျိုးနွယ်မှ ဆက်ခံသူတစ်ယောက်ဖြစ်သည်ကို သိပြီးနောက်တွင် ပိုစိတ်ဝင်စားသွား သည်။

“ဒီနေ့လည်ကို သူလည်ဆွဲယူဖို့လာမှာပဲ အဲကျရင် ငါတို့….” ရှီမာယီဖေ သည် လည်ဆွဲကိုကိုင်ကာ ရယ်မောလိုက်သည်။

“လက်ရှိအခြေအနေကို ရှင်းလင်းအောင်မသိရသေးဘူး အဲဒါကြောင့် လက်လွတ်စပယ်လုပ်လို့မရဘူး ပြီးတော့ ဦးလေးလွီယွင်နဲ့ ဦးလေးလွီဖန်တို့ က လာနေကြပြီ၊ သူတို့က ဒီမှာကိစ္စတချို့စုံစမ်းဖို့အတွက်လာတယ်လို့ ပြော တယ်” ရှီမာရှင်းရှို့ ပြောလေသည်။

“နှစ်ယောက်လုံးလာကြတာလား” ရှီမာချီချီသည် စကားများကြောင့် လန့်သွားကြသည် “သူတို့ကဘာလာလုပ်ကြတာလဲ”

“မသိဘူးလေ” ရှီမာရှင်းရှို့သည် ခေါင်းရမ်းလိုက်သည် “ရှီမာယူယူရဲ့ နာမည်ကို သူတို့ကိုပြောလိုက်တော့ လာကြည့်မယ်ဆိုပြီး ချက်ချင်းပြောတာပဲ ကြည့်ရတာ သူတို့ကိစ္စက သူနဲ့ပတ်သတ်တဲ့ပုံပဲ”

“မဟုတ်လောက်ပါဘူး အဲကျောက်ရုပ်နှစ်ရုပ်ကတောင် သတိရှိနေတာ ဆိုတော့ ဒါကသာမန်ကိစ္စတော့မဟုတ်လောက်ဘူး” ရှီမာယီဖေ ပြောလိုက် သည်။

“အဲတော့ အဓိပ္ပာယ်မရှိတာတွေမလုပ်နဲ့ ဦးလေးလွီယွင်တို့ လာပြီး လှုပ်ရှားတာကိုစောင့်ဦး သတို့ကဒီကိုနေ့လည်ကျော်ကျော်လောက်ရောက် လိမ့်မယ်” ရှီမာရှင်းရှို့ သတိပေးလေသည်။

“ငါသိပါတယ်” ရှီမာယီဖေသည် အနည်းငယ် မှိုင်တွေသွားသည်။

“ရှင်းရှို့စိတ်ပူမနေနဲ့ တခြားဟာသာမသိတာ အဲဦးလေးနှစ်ယောက်နဲ့ ဆိုရင် သူ လက်လွတ်စပယ်မလုပ်ရဲဘူးရယ်” ရှီမာချီချီသည် ပြုံးပြီး ယီဖေကို စနောက်လေသည်။

ဒီလူကြီးသည် ပုံမှန်ဆိုလျှင် ကရော်ကမည်ဖြစ်သော်လည်း ထိုဦးလေး နှစ်ယောက်ရှေ့တွင်တော့ အလွန်ကျိုးနွံသည်။

“ငါလည်း အဲကိစ္စကိုစဉ်းစားနေတာပဲ” ရှီမာရှင်းရှို့ ခေါင်းညိတ်လေ သည်။

“သခင်လေးနဲ့ သခင်မလေးတို့ကိုသတင်းပို့ပါတယ် သခင်လေးရှီယူ ရောက်ပါပြီ” အစောင့်တစ်ယောက်သည် ပြေးလာကာ သူတို့လေးယောက်ကို သတင်းပို့လေသည်။

“အဲလောက်စောစောကြီးလာတာလား”

နေ့အချိန်ရောက်ရန် အချိန်လိုသေးသည်။

“ရှောင်ချီက မစောင့်နိုင်တော့လို့ စောစောလာတာလို့ သခင်လေးရှီယူ ပြောပါတယ်”

“ဦးလေးလွီဖန်က သူ့ကိုစောင့်ဦးလို့ပြောတယ် ဒီလိုဆိုရင်ရော လည်ဆွဲ မရသေးဘူးလို့ ငါတို့သုံးယောက်သွားပြောမယ် မင်းက ဒီမှာဦးလေးလွီယွင်နဲ့ ဦးလေးလွီဖန်ကို စောင့်နေလိုက်” ရှီမာရှားရှို့ ပြောလေသည်။

“ကောင်းပြီ”

….

ရှီမာယူယူနှင့် ရှောင်ချီတို့သည် ဧည့်ခန်းတွင်ထိုင်ကြသည်။ တစ်ယောက်မှာ လက်ဖက်ရည်ကိုတည်ငြိမ်စွာသောက်နေပြီး နောက်တစ် ယောက်မှာ ခုံကိုလှည့်ကာ အတွင်းအပြင်ဆက်တိုက်ကြည့်နေသည်။

အစေခံနှစ်ယောက်သည် သူတို့အနောက်လာရပ်ကာ ရှီမာယူယူအား ဂရုတစိုက်ကြည့်ကြလေသည်။

ဒါက ရှာဖွေသူဝိညာဉ်သခင်လား။ ငယ်တဲ့ပုံပဲ။

“အားနာပါတယ် စောင့်နေရတာကြာသွားပြီ” ရှီမာရှင်းရှို့၊ ရှီမာချီချီနှင့် ရှီမာယိယွင်တို့သည် အပြင်မှလမ်းလျှောက်ဝင်လာကာ လက်အုပ်ချီပြီး နှုတ်ဆက်လေသည်။

ရှောင်ချီသည် ခုံမှ ခုန်ဆင်းကာ ပျော်ရွှင်စွာပြောလေသည် “ရှောင်ချီ လည်ဆွြ… သြော် အဲလူကြီးမရှိဘူးလား”

“ဟားဟား ယီဖေက မင်းအတွက် လည်ဆွဲလုပ်နေတုန်းရှိသေးတယ် ခဏလောက်တော့လိုဦးမယ် ဒီမှာခဏလောက်စောင့်ပေးပါ” ရှီမာရှင်းရှို့ သည်ပြုံးပြီး ပြောလိုက်သည်။

ရှီမာယူယူသည် ရှောင်ချီကိုပြန်ဆွဲကာ ရှီမာရှင်းရှို့အား အားနာစွာ ပြော လိုက်သည် “သူမကို ဂရုမစိုက်ပါနဲ့… ရှောင်ချီ ဒီကိုပြန်လာပြီး သေချာထိုင်”

ရှီမာရှင်းရှို့တို့သုံးယောက်သည် နေရာတွင်ဝင်ထိုင်သည်နှင့် ချက်ချင်း ပင် အစေခံများသည် လက်ဖက်ရည်ချပေးလေသည်။

“သူကျောက်တွေဖွင့်ပြီးတော့ ကိစ္စတချို့ရှင်းနေတာနဲ့ နှောင့်နှေးသွား တာ၊ အဲဒါကြောင့် ခဏနေမှထွက်လာလိမ့်မယ်၊ ဒါပေမဲ့ ပြီးတော့မယ်ထင်ပါ တယ်”

“ကျွန်တော်တို့နှစ်ယောက်က လာတာစောနေတာပါ ရှောင်ချီက တည်းခိုဆောင်မှာ မစောင့်နိုင်တော့တာနဲ့ ဒီကိုလာလိုက်တာ” ရှီမာယူယူ သည် ပြုံးပြီးပြောလိုက်သည်။

“ကြည့်ရတာ မိန်းကလေးရှောင်ချီက ဝိညာဉ်ကျောက်ကိုအရမ်းကြိုက် လို့ မစောင့်နိုင်တော့ဘူးထင်တယ်” ရှီမာယိယွင် ပြောလသေည်။

“ဒါက သူမ ဝိညာဉ်ကျောက်ခွဲတာပထမဆုံးလေ မဆိုးဘူးလို့ပြောရမှာ ပေါ့၊ အရောင်နဲ့ ပုံစံကလည်းမဆိုးတော့ သူမ အရမ်းကြိုက်နေတာ”

“ဟုတ်သားပဲ ကျောက်ရွေးတာကိုပြောရင်းနဲ့ မနေ့က ရှင်ကျွန်မတို့ကို ရွေးပေးတဲ့ ကျောက်တွေက တကယ်ပဲမျက်စိပွင့်သွားစေတယ်” ရှီမာရှင်းရှို့ ပြောလိုက်သည်။

“ဘာလို့လဲ အကုန်လုံး အလဟသဖြစ်မသွားပါဘူးနော်” ရှီမာယူယူ သည် သူတို့၏အနည်းငယ်ထူးဆန်းသော အမူအရာကိုကြည့်ပြီး မဟုတ် လောက်ဟု စဉ်းစားနေသည်။ တချို့မှာ သူမ အလေးအနက်ထားပြီးရွေးထား ခြင်းဖြစ်သည်။

“မဟုတ်ပါဘူး ရှင်ရွေးပေးတဲ့ ကျောက်ရွေးနှုန်းက အံ့သြစရာတွေမို့လို့ပါ”

“ဘယ်လောက်လဲ” ရှီမာယူယူသည် ထိုမျှလောက်များလားဟု တွေးနေ သည်။

“၇ခု” ရှီမာယိယွင် ပြောလိုက်သည်။

“၇ခုလား အဲလောက်များလား” ရှီမာယူယူကိုယ်တိုင်ပင် အံ့သြသွား သည်။

သူမက ၅ခုပဲရွေးပေးလိုက်တာလေ၊ ကျန်တဲ့ ၅တုံးက သာမန်ကာလျှံ ကာရွေးလိုက်တာလေ။ ဘယ်လိုလုပ် ၇ခုဖြစ်နေရတာလဲ။

သူမ အမူအရာသည် ရှီမာယိယွင်နှင့် တခြားသူများကို နားမလည်နိုင် ဖြစ်သွားစေသည်။ သူမ ရွေးလိုက်တာ ဘယ်လောက်ရလဲဆိုတာ သူမကိုယ် တိုင်တောင်မသိတာတော့ မဖြစ်နိုင်ဘူးမလား။

ရှီမာယူယူသည် ကိုယ်ပိုင်စွမ်းရည်ကို ဖိနှိပ်ထားချင်သော်လည်း သူတို့ ကိုအရှုံးမရှိစေလိုသဖြင့် ၅တုံးကို သေချာရွေးပေးလိုက်ခြင်းဖြစ်သည်ကို သူတို့ ဘယ်လိုလုပ်သိမှာလဲ။ ကျန်၅တုံးမှာ ဝိညာဉ်ကျောက်မဖြစ်နိုင်သည့် ကျောက်ရိုင်းကို သာမန်သာရွေးပေးလိုက်ခြင်းဖြစ်သည်။

သူမ ကျော့ကွင်းထဲကနေ နှစ်တုံးက ချော်ထွက်သွားလိမ့်မည်ဟု သူမ ထင်မထားပေ။

“ရှီယူ ရှင့်ရဲ့ကျောက်ရွေးနှုန်းက ရှာဖွေသူဝိညာဉ်သခင်တွေတောင်မှ အာမမခံရဲဘူးပဲ” ရှီမာချီချီသည် ရှီမာယူယူအား လေးစားစွာဖြင့်ကြည့်လေ သည်။

“ဒါကလည်းကံကောင်းသွားလို့ပါ” ရှီမာယူယူ ရယ်လိုက်သည်။

အမလေး သူမ ကျန်တဲ့၅တုံးကိုသာ သေချာရွေးပေးလိုက်ရင် အကုန် လုံး ကျောက်ဖြူဖြစ်စရာအကြောင်းမရှိဘူးလေ။

“ရှီယူ ရှင်က ဘယ်နေရာကလာတာလဲ” သူမသည် သူမ၏အပြုအမူကို နောင်တရသွားကာ ရှီမာရှင်းရှို့၏အသံသည် သူမအတွေးများကိုပြန်ဆွဲခေါ် သွားသည်။

“ကျွန်တော်က နေရာသေးတစ်ခုကလာတာပါ နောက်မှ ကံကောင်းလို့ ကျောင်းကိုဝင်နိုင်သွားတာ ဒီတစ်ခေါက်ကို ဗဟုသုတရဖို့ ကျောင်းနောက်ကို လိုက်လာခဲ့တာ” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆိုရင် ရှင်က ဒီကို အဂ္ဂိရတ်ပညာပြိုင်ပွဲကိုဝင်ပြိုင်ဖို့လာတာလား”

“ကျွန်တော်က နည်းနည်းပဲသိလို့ ဒီကိုလာရင် ပိုပြီးသင်ယူလို့ရနိုင်မယ် လို့ ဆရာတွေကထင်လို့ပါ”

“ရှင့်မှာ ဆွေမျိုးတွေဘာတွေရှိလား”

ရှီမာချီချီ၏မေးခွန်းသည် ရှီမာယူယူကို ကိုင်လှုပ်လိုက်သည်။ သူတို့က သူမရဲ့ ဆွေမျိုးတွေအကြောင်းကိုမေးနေတယ်။ ဒါက တိုက်ဆိုင်တာလား သူတို့တစ်ခုခုကိုသိသွားတာလား။

“ကျွန်တော့်မှာ အစ်ကိုနည်းနည်းနဲ့ အဘိုးရှိပါတယ် ကျွန်တော်တို့ မိသားစုကလူနည်းတယ်”

“ရှင့် အဖေနဲ့ အမေကရော” ရှီမာရှင်းရှို့သည် မေးလေသည်။

“ကျွန်တော့် အဖေနဲ့ အမေတို့က ငယ်ငယ်တုန်းက ဆုံးပါးသွားကြပါပြီ”

“တကယ်… မင်းရဲ့ မိဘတွေကို အသိအမှတ်ပြုဖို့ရည်ရွယ်ချက်ရှိမရှိကို ငါတို့သိလို့ရမလား” ခက်ထန်သော အသံသည်အပြင်မှထွက်လာပြီး ချက်ချင်း ပင် ရှီမာယီဖေသည် လူကြီးနှစ်ယောက်နှင့် လျှောက်လာလေသည်။

***

All Chapters