သူမ၏ဒေါသ
Vol. 011 Ch. 1003
တစ်ယောက်မှာ တောက်ပသောလနှင့် ညင်သာသောလေညှင်းနှင့်တူ ပြီး နောက်တစ်ယောက်မှာ ထူးခြားသောသွားလာဟန်ရှိသည်။
ရှီမာယူယူသည် သူတို့ပေါ်လာသည်ကိုမြင်သောအခါ စိတ်လေးသွား သည်။ အစောပိုင်းက ထိုလူကြီး၏စကားလုံးများသည် လေးနက်သော အဓိပ္ပာယ်ပါနေသည်။
“ဦးလေးလွီဖန် ဦးလေးလွီယွင်” ရှီမာချီချီနှင့် တခြားသူများသည် မတ်တတ်ရပ်လိုက်ကြသည်။
ဦးလေးလွီယွင်… ရှီမာလွီယွင်လား…
ဒါက အစောပိုင်းက သူတို့ သူမကိုပြောတဲ့ ရှီမာလွီယွင်လား။
ရှီမာယူယူသည် လမ်းလျှောက်လာသော လူနှစ်ယောက်ကိုကြည့်ရာ မည်သူက မည်သူမှန်းမသိပေ။
“မင်းက ရှီမာယူယူလား” ရှီမာလွီယွင်သည် ပင်မခုံဆီသို့လျှောက်လာပြီး ရှီမာယူယူကိုကြည့်ရင်းနှင့် ထိုင်လိုက်သည်။
ရှီမာယူယူ၏ မျက်လုံးသည် အနည်းငယ်ကျဉ်းမြောင်းသွားကာ ရှီမာရှင်းရှို့နှင့် တခြားသူများကို ကြည့်လိုက်သည်။
“မထင်မလွဲပါနဲ့ ကျောက်ဖွင့်နှုန်းက နည်းနည်းမြင့်နေတော့ လူလွှတ်ပြီး မင်းအကြောင်း စစ်ဆေးခိုင်းလိုက်တာ မင်းက ရှီမာမျိုးနွယ်တစ်စိတ်တစ်ပိုင်း ဖြစ်နေမယ်လို့ မထင်ထားဘူး” ရှီမာရှင်းရှို့သည် ရှီမာယူယူ အနည်းငယ် စိတ်တိုသွားသည်ကိုမြင်သောအခါ ရှင်းပြလေသည်။
“အဲတော့ ဘာလုပ်ချင်တာလဲ ဒီလူနှစ်ယောက်ကဘယ်သူတွေလဲ”
“ဒါကဦးလေးလွီယွင် ဒါကဦးလေးလွီဖန်ပါ” ရှီမာရှင်းရှို့သည် သူတို့ နှစ်ယောက်ကို သူမနှင့်မိတ်ဆက်ပေးလေသည် “ငါတို့မှာဘာရည်ရွယ် ချက်မှမရှိပါဘူး ဒါပေမဲ့ မင်းနာမည်ကိုကြားပြီးတော့ မင်းက ငါတို့မျိုးနွယ်ဝင် ဟုတ်လားဆိုတာ ဦးလေးလွီဖန်ကိုမေးခဲ့တယ်၊ နောက်ဆုံးတော့ မင်း နာမည် ကိုသူတို့ကြားပြီးတော့ လာမယ်လို့ပြောတာပဲ”
ရှီမာယူယူသည် သူတို့ကိုကြည့်ပြီး စိတ်ထဲမှဒေါသမီးများ မြင့်တက်လာ သည်။ သူတို့ကိုဒေါသထွက်သည့်အပြင် သူမကိုယ်သူမလည်း ဒေါသထွက်မိ သည်။
သူတို့အတွက် ကျောက်သာမရွေးပေးခဲ့ရင် သူတို့က သူမကို စုံစမ်းမှာ မဟုတ်ဘူး။ ဒီလိုဖြစ်လာမှာလည်းမဟုတ်ဘူး။
“ယူယူ….” ရှောင်ချီသည် ရှီမာယူယူ၏ဒေါသကိုအာရုံခံမိသဖြင့် ဒေါသ အနည်းငယ်ပြေလိုပြေငြား သူမ၏ အင်္ကျိကိုဆွဲလိုက်သည်။
သူမသည် ယူယူ၏ကိစ္စကိုသိထားကာ ရှီမာမျိုးနွယ်နှင့် ဆက်နွယ်မှုကို လည်းသိသည်။ သူမ လည်ဆွဲကို ကူညီလုပ်ပေးရန်သာမပြောခဲ့လျှင် သူတို့ နှင့် ပတ်သတ်စရာရှိမည်မဟုတ်ပေ။
“ဒါ မင်းအမှားမဟုတ်ပါဘူး” ရှီမာယူယူသည် သူမခေါင်းကိုပုတ်လိုက် သည်။ ထိုအချိန်က ထိုလူများသည် ရှီမာမျိုးနွယ်ဝင်များဖြစ်သည်ကို သူမ မသိခဲ့သဖြင့် ထိုသည်မှာ သူမ၏ အမှားမဟုတ်ပေ။
သူမ ခေါင်းမော့ပြီး ရှီမာလွီယွင်အားကြည်ပြီး ပြောလိုက်သည် “ကျွန်တော်က ရှီမာယူယူပဲ အဲဒီတော့….”
ရှီမာလွီဖန်နှင့် ရှီမာလွီယွင်တို့သည် ရှီမာယူယူကိုကြည့်လိုက်သည်။ သို့သော် ဘာမှမပြောပေ။ သူတို့ စကားမပြောကြသဖြင့် တခြားသူများသည် စကားတစ်လုံးမှ မပြောရဲကြပေ။
“မင်းကိစ္စကို ဘယ်တုန်းကသိသွားတာလဲ” ရှီမာလွီယွင်သည် မျက်နှာ တည်ထားကာ မေးလေသည်။
“ကျွန်တော်က ဘာလို့အဲမေးခွန်းကိုဖြေရမှာလဲ” ရှီမာယူယူ ပြောလိုက် သည် “ကျွန်တော် ခင်ဗျားတို့အားလုံးကိုမသိဘူး”
“ငါက မင်းရဲ့ဦးလေးပဲ” ရှီမာလွီယွင် ပြောလိုက်သည်။
“ကျွန်တော် ဘယ်ဦးလေးကိုမှမသိဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော့်အဖေက တစ်ဦးတည်းသောသားမဟုတ်ပေမယ့် ကျွန်တော့် ဦးလေးတွေက ကျွန်တော်ငယ်ငယ်လေးကတည်းက သေသွားကြပြီ၊ အဘွား နဲ့ တခြားသူတွေလည်းအဲလိုပဲ”
“မင်းပြောတာက ယိလင်းတိုင်းပြည်ကရှီမာမျိုးနွယ်လား” ရှီမာလွီဖန် ပြောလိုက်သည် “မင်းအဖေဒါကိုအရင်က ပြောပြတာ ကြားဖူးတယ်”
“ကျွန်တော့်အဖေလား”
“ရှီမာလွီရွှမ် မင်းအဖေရဲ့ နာမည်ပဲ” ရှီမာလွီယွင် ပြောလေသည်။
ရှီမာယူယူသည် တိတ်သွားသည်။ နောက်ဆုံးတွင် သူမသည် သူမဖခင် အမည်ကို သိသွားလေပြီ။ သို့သော် သူမ သိချင်သည့်အချိန်မဟုတ်ပေ။
“ဒါဘယ်လိုတုန့်ပြန်မှုကြီးပဲ နည်းနည်းလောက်ပိုပြီး ပျော်ရမှာမဟုတ် ဘူးလား” ရှီမာလွီယွင်သည် ရှီမာယူယူ၏ တည်ငြိမ်သောမျက်နှာကိုကြည့်ပြီး အံ့အားသင့်စွာမေးလေသည်။
“ဘာပျော်စရာရှိလို့လဲ” ရှီမာယူယူသည် သူတို့ကိုကြည့်လိုက်သည် “ခင်ဗျားတို့က အဖွဲ့လိုက်ကြီးပေါ်လာပြီး ကျွန်တော့်ဆွေမျိုးဖြစ်ကြောင်းကို လာပြောနေတာလား၊ အဲနောက်ရော ကျွန်တော့်ကိုဘာပြောစေချင်တာလဲ၊ အဖေလို့ခေါ်တဲ့လူ ဘယ်မှာလဲလို့ မေးရမှာလား၊ ကျွန်တော့်ကိုဘာလို့စွန့်ပစ် ခဲ့တာလဲ၊ ကျွန်တော့်ကိစ္စကိုဘယ်လိုရှင်းမှာလဲလို့မေးရမှာလား၊ ကျွန်တော့်ကို အနိမ့်တိုင်းပြည်မှာ စွန့်ပစ်ခဲ့တာက အလောတကြီးလုပ်တာမဟုတ်ဘူးမလား”
“လူငယ်လေးရဲ့ ရန်ငြိုးကကြီးတာပဲ” ရှီမာလွီဖန် သက်ပြင်းချလိုက် သည် “ကိစ္စတွေက မင်းထင်ထားသလိုမဟုတ်ဘူးလို့ စဉ်းစားဖူးလား”
“ဘာကိုစဉ်းစားရမှာလဲ မဟုတ်ဘူး ခင်ဗျားတို့မှားနေပြီ ကျွန်တော်က ဘာကိုမှမစဉ်းစားဖူးဘူး” ရှီမာယူယူ ပြောလိုက်သည် “အဲတုန်းက ဆရာက ကျွန်တော့်အဖေအကြောင်းပြောတော့ ဘာမှကိုမစဉ်းစားခဲ့ဘူး၊ သူဘယ်လိုပုံ လဲဆိုတာ မစဉ်းစားဖူးဘူး၊ သူ ဘာကြောင့် အဘိုးဆီကို ကျွန်တော့်ကိုပေးခဲ့ လဲဆိုတာ မစဉ်းစားဘူး၊ ဒီလောက်နှစ်တွေကြာတာတောင် သူဘာလို့ ကျွန်တော့်ဆီကိုမလာတာလဲဆိုတာ မစဉ်းစားဘူး သူ့ကိုအထင်မှားတာတွေ ဘာမှမဖြစ်ဘူး”
“ဆရာဟုတ်လား ဘယ်သူလဲ” ရှီမာလွီယွင် မေးလိုက်သည်။
“ဖန်ကျိရှင်း အဲလူတော့မဟုတ်လောက်ဘူးမလား” ရှီမာလွီဖန် ပြော လိုက်သည်။
ရှီမာယူယူသည် ဆိတ်ဆိတ်နေခြင်းဖြင့် ဝန်ခံလိုက်သည်။
“ဘာလဲ အဲလူက ယိလင်းတိုင်းပြည်ကို တိတ်တဆိတ်သွားနေတာပဲ” ရှီမာလွီဖန်သည် အော်လိုက်လေသည် “ဘယ်လောက်မုန်းဖို့ကောင်းလဲ သူ သွားတာကို ငါ့ကိုတောင်ခေါ်မသွားဘူး”
“သူက မင်းကိုဘာတွေပြောလဲ”
“သူက ဘာမှမပြောဘူး ဒါပေမဲ့ နည်းနည်းပဲပြောတယ် နာမည်ကို တောင်မှ ကျွန်တော့်ကိုပြောတာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော့်ကို ကျွန်တော်တို့်ဆက်နွယ်မှုကိုပြောမှတော့ ဒါကိုလည်းပြော လိုက်ပါလား ကျွန်တော့်ကိုဘာလို့အနိမ့်တိုင်းပြည်မှာ ပစ်ထားခဲ့တာလဲ”
“မင်းအဖေက မင်းကိုအရမ်းဂရုစိုက်ပါတယ်၊ မင်းကို စွန့်ပစ်ဖို့ကို ဘယ်တော့မှမတွေးခဲ့ဘူး” ရှီမာလွီယွင် ပြောလေသည် “အမှန်တရားတစ်ခု လုံးကိုသိရင် နားလည်သွားမှာပါ”
“အမှန်တရားတစ်ခုလုံးဟုတ်လား ဘာအမှန်တရားလဲ ကျွန်တော့်ကို အခုပြောရင်ပြော မဟုတ်ရင် ကျွန်တော့်ကိုအမှောင်ထဲမှာပဲထားလိုက်တော့”
“အဲနှစ်ကကိစ္စတွေက အရမ်းရှုပ်တယ် မင်းကငယ်သေးတယ် သိဖို့ မသင့်တော်သေးဘူး” ရှီမာလွီဖန် ပြောလိုက်သည်။
“လာပြန်ပြီ” ရှီမာယူယူ ရယ်မောလိုက်သည် “အဲလိုဆိုမှတော့ အခု ကျွန်တော့်ကို ဘာလို့အဲဒါတွေလာပြောနေတာလဲ”
“ငါတို့….” ရှီမာလွီယွင်သည် ခေတ္တမျှ တုန့်ဆိုင်းသွားသည်။
သူတို့က အဲနှစ်ကအဖြစ်အပျက်ကို သူမကို မပြောနိုင်ဘူး။ မျိုးနွယ်ကို လည်းပြန်ခေါ်မသွားနိုင်ဘူး။ ဒါဆိုရင် ဘာလို့ဒီကိုအလောတကြီးလာနေသေး လဲ။
“မင်းလုံခြုံလားဆိုတာ ငါတို့ကသေချာချင်လို့ပါ” ရှီမာလွီယွင် ပြော လိုက်သည်။
“ကျွန်တော် အခုအရမ်းအဆင်ပြေတယ် အရမ်းလည်းလုံခြုံတယ်၊ တခြားမရှိတော့ရင် သွားလိုက်ပါဦးမယ်” ရှီမာယူယူသည် ရှောင်ချီကိုဆွဲပြီး ပြန်ရန်လှည့်ထွက်လိုက်သည်။
ရှောင်ချီသည် လှည့်ပြီး ရှီမာယီဖေ၏…လက်ထဲမှလည်ဆွဲကိုကြည့် လိုက်ရာ သူ ချက်ချင်းပင်တုန့်ပြန်ပြီး လည်ဆွဲကို ရှောင်ချီဆီသို့ ပစ်လိုက် သည်။
ရှီမာယူယူသည် သူတို့အပြုအမူကိုသတိထားမိလိုက်သော်လည်း မတားပေ။ သူမသည် ရှောင်ချီ၏လက်ကိုဆွဲကာ ခေါ်သွားလေသည်။
အခန်းသည် နောက်တစ်ခေါက်ပြန်တိတ်ဆိတ်သွားကာ ခဏအကြာ တွင် ရှီမာချီချီသည် စတင်စကားပြောလိုက်သည် “အဲတော့ ရှီမာယူယူက မိန်းကလေးမလား သူမက ညီမတို့… ညီမလေးလား”
“ဦးလေးလွီရွှမ်မှာ သမီးရှိလိမ့်မယ်လို့ ငါထင်ထားဘူးပဲ ပြီးတော့ သူမကို တစ်ခါမှမတွေ့ဖူးဘူး” ရှီမာယီယွင် ပြောလိုက်သည်။
“သူက တကယ်တော့ မိန်းကလေးပဲ သူမက တကယ်ပဲမတူဘူးပဲ” ရှီမာယီဖေသည် ရှီမာယူယူနှင့်ပတ်သတ်ပြီး ပိုသိချင်သွားသည်။ အရင်က သူမသည် မျိုးနွယ်ဝင်၏ ဆက်ခံသူဖြစ်လိမ့်မည်ဟု သူခန့်မှန်းခဲ့သည်။ အခုတော့ သူမသည် သူတို့၏ ဆွေမျိုးဖြစ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
အရေးကြီးဆုံးမှာ ဒီလောက်အံ့သြစရာကောင်းတဲ့သူက မိန်းကလေးပဲ။ ဒီမိန်းကလေးက တကယ်ပဲထူးခြားတယ်။ သူတို့ဘယ်လိုလုပ် ဒီလိုမျိုးဆက် နေသွားရမှာလဲ။
ကံကောင်းစွာပင် သူသည် ထိုနယ်ပယ်အထူးပြုမဟုတ်ပေ။ သူပြန်သွား ရင်တော့ ကောင်းကင်ကိုအမြဲညွှန်ပြနေတဲ့ မျိုးနွယ်ရဲ့ ရှာဖွေသူသခင်ကို အသေချာလေ့ကျင့်ခိုင်းရမယ်။
“ဦးလေးလွီယွင် သူမကိုဒီအတိုင်းပဲထွက်သွားခိုင်းလိုက်တော့မှာလား” ရှီမာချီချီသည် သူမကို ခဏလောက်နေခိုင်းရန် တွေးထားသော်လည်း သူမ ကို ထွက်သွားခွင့်ပြုလိမ့်မည်ဟု သူမ မထင်ထားပေ။
“ငါတို့ထွက်လာတာ အရမ်းကိုရုတ်တရက်ဖြစ်လွန်းတယ်၊ သူမ အခြေ အနေကို ကြေညက်ဖို့ အချိန်လိုတယ်၊ ဒီနှစ်တွေမှာ သူမဘာတွေဖြစ်ခဲ့လဲဆို တာ သိဖို့လည်းလိုတယ်” ရှီမာလွီယွင် ပြောလိုက်သည် “သူမကို လူလွှတ်ပြီး စုံစမ်းခိုင်းလိုက် ဒီနှစ်တွေမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအားလုံးပဲ”
“အားလုံးလား”
“အရိပ်အဖွဲ့ကိုလွှတ်လိုက်” ရှီမာလွီယွင် ပြောလိုက်သည် “အဂ္ဂိရတ် ပညာပြိုင်ပွဲမပြီးခင်အထိ အကုန်လုံးစုံစမ်း”
ရှီမာရှင်းရှို့နှင့် ရှီမာယီဖေတို့သည် အံ့အားသင့်သွားကြသည်။ သူတို့က တကယ်ပဲ စုံစမ်းဖို့ကိုအရိပ်အဖွဲ့ကို လွှတ်တာပဲ။ ဒီလိုအဖြစ်မျိုးအရင်က တစ်ခါမှမဖြစ်ခဲ့ဖူးဘူး။
***