ပန်းတိုင်
Vol. 25 Ch. 361
ဆန်နီဟာ သူ့အခန်းတံခါးကို ကျောပေးမှီရင်း..ထိုင်နေခဲ့တယ်..။သူက အရှေ့ကို စိုက်ကြည့်နေခဲ့ပြီး..နှလုံးသားထဲမှာတော့..ဗလာဖြစ်နေခဲ့ပါတယ်..။
သူက ဘဝရဲ့ အချိန်အများစုကို တစ်ယောက်တည်း ရှင်သန်နေထိုင်ခဲ့တာပါ..။လွန်ခဲ့တဲ့ တစ်နှစ် အိပ်မက်ကမ္ဘာထဲကို သူ ဝင်တုန်းကလည်း တစ်ယောက်တည်းပါပဲ..။ပြီးတော့ အခု...သူက တစ်ယောက်တည်း ပြန်ဖြစ်နေပါပြီ..။
တစ်စုံတစ်ခုကို အစကတည်းက မရှိတာနဲ့ ဆုံးရှုံးသွားရတာက မတူညီပါဘူး..။စစ်မှန်သော မိတ်ဆွေရင်းနှီးမူ နဲ့ ချစ်ခြင်းမေတ္တာ တို့ရဲ့ တန်ဖိုးကို သိရှိပြီးနောက်မှာ..သူတို့မရှိပဲ နေထိုင်ရတဲ့ ဘဝက နိုပ်စက်မူတစ်ခုလိုပါပဲ..။သူက ကတ်စီ နဲ့ ဆက်သွယ်ထားတဲ့ ကြိုးကို ရက်ရက်စက်စက် ဖြတ်တောက်ပြီးတဲ့နောက်မှာ သူ့ရဲ့ ဝိဥာဥ်ထဲမှာ သွေးတွေထွက်နေတဲ့ ဒဏ်ရာတစ်ခု ကျန်ရစ်နေသလို ခံစားနေခဲ့ရပါတယ်။
ဒီကမ္ဘာပေါ်မှာ သူ ဂရုစိုက်တဲ့လူနည်းနည်းလေးထဲက တစ်ယောက်...
သူမကို နာကျင်စေတာက..ကောင်းမွန်ပြီး တရားမျှတတဲ့ အရာဖြစ်ပေမယ့်လည်း၊ စိတ်သက်သာရရမယ့်အစား..သူ့ကိုသာ ပိုပြီး နာကျင်စေခဲ့တယ်..။
ဘာပဲဖြစ်ဖြစ် သူလုပ်ခဲ့တဲ့ လုပ်ရပ်ကိုတော့ နောင်တရမှာ မဟုတ်ပါဘူး..။တစ်ခါတစ်လေမှာ သူက နာကျင်မူ ကို တောင့်ခံရပါလိမ့်မယ်..။
တစ်ခါတစ်လေမှာ နာကျင်မူ ဆိုတာက လိုအပ်ပါတယ်။
အခုတော့ ဆန်နီက လုံးဝကို တစ်ယောက်တည်းဖြစ်သွားခဲ့ပါပြီ။ကတ်စီလည်း ဒီအတိုင်းပါပဲ..။
ပြီးတော့..အိပ်မက်ကမ္ဘာထဲက တစ်နေရာရာမှာ နစ်ဖီလည်း တစ်ယောက်တည်းပါပဲ..။
သူတိူ့သုံးယောက်က မဖြစ်နိုင်တာတွေကို လုပ်နိုင်ခဲ့ကြပေမယ့်..ဒီအတွက် ပေးဆပ်ရတဲ့ တန်ကြေးလည်း ရှိခဲ့ပါတယ်..။
' တကယ်ကို အရှုံးကြီး ရှုံးတာပဲ..'
တစ်နေ့မှာ သူက မေ့ပျောက်ကုန်းမြေက လွတ်မြောက် ယုံတင်မကပဲ..သူ အိပ်မက်မက်ထားသလို အရမ်းအားကောင်းတဲ့ လူတစ်ယောက်ဖြစ်လာတာတောင်...မှောင်မဲနေတဲ့အခန်းရဲ့ ကြမ်းပြင်ပေါ်မှာထိုင်ပြီး နာကျင်ခံစားနေရမယ် လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ..။
မကျေနပ်မူတွေအပြည့်နဲ့ ဆန်နီ ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်တယ်..။
'ကိုယ့်ကိုကို သနားနေတာ တော်လောက်ပြီ..'
သူ့မှာ လုပ်စရာတွေ အများကြီးရှိပါတယ်..။အစီအစဥ်တွေလည်း အများကြီးရှိနေခဲ့တယ်..။မေ့ပျောက်ကုန်းမြေရဲ့ ထိပ်လန့်စရာတွေက နောက်မှာကျန်ခဲ့ပြီးဖြစ်ပြီး..ခြိမ်းခြောက်မူ အသစ်တွေက ရှေ့မှာ ရှိနေခဲ့တယ်..။
ပထမဆုံးအနေနဲ့..သူက ကျားသနားမှ နွားချမ်းသာမယ့် ဘဝကို ရောက်နေခဲ့တာပါ..။သူ့ရဲ့ သခင်က တစ်ခြားကမ္ဘာမှာ လမ်းပျောက်နေပြီး ဒီကို ပြန်ရောက်လာဖို့ ဖြစ်နိုင်ချေ အရမ်းနည်းတယ် ဆိုပေမယ့်..ဆန်နီ ကတော့..သူတို့က..ပြန်တွေ့ဖိူ့အတွက်..ကံပါလာတယ်လို့ ခံစားနေခဲ့ရတယိ..။
ဒီအကြောင်း ဘယ်လိုလုပ် ခံစားနေရလဲ ဆိုတာကိုတော့ သူ မသိပါဘူး..။ဒါမှ မဟုတ် သူက နစ်ဖီကို ပြန်လာဖို့အတွက် မျှော်လင့်နေခဲ့တာကြောင့် ဖြစ်နိုင်သလို ၊ သူမကို သေစေချင်နေတာကြောင့်လည်းဖြစ်နိုင်ပါတယ်..။သူမအပေါ်မှာ ရှိနေတဲ့ သူ့ရဲ့ ခံစားချက်တွေက ပြင်းထန် ၊ လွှမ်းမိုး နေပြီး ၊ လုံးဝကို ရှုပ်ထွေးနေခဲ့တယိ..။
ဒါတွေကို ဖယ်ထားလိုက်ရင်တော့..သူမ သေဆုံးလိမ့်မယ်လို့ ဆန်နီ မထင်ပါဘူး..။
နစ်ဖီကတော့ အိပ်မက်ကမ္ဘာထဲကနေ တစ်နည်းနည်းနဲ့လွတ်မြောက်ပြီး..ပြန်လာနိုင်မယ် ဆိုတာကို သူ သေချာသိနေခဲ့တယ်..။ဒါက နောက်လအနည်း ၊ နှစ်အနည်းငယ် ဖြစ်နိုင်ပေမယ့် ..သူမက မဖြစ်နိုင်တဲ့ အရာကို နောက်တစ်ကြိမ်လုပ်ပြပြီး ပြန်လာခဲ့မှာပါ။
မေးခွန်းက ဘယ်လိုပုံစံမျိုးလဲ..။သူမက ဟောလိုးတောင်တန်းကို ဖြတ်သန်းပြီး..လူသားတွေရဲ့ နယ်နိမိတ်ဆီကို သွားမှာလား..။သူတိူ့က မေ့ပျောက်ကုန်းမြေရဲ့ အရှေ့ ၊ အနောက်နဲ့ မြောက်ဘက်တွေကိုလည်း မသိကြသေးပေ..။ဒီနေရာတွေက ကြောက်မက်ဖွယ်ရာ တောင်တန်းထက်ပိုဆိုးမလား ဆိုတာကိုတော့ သူ သံသယဖြစ်မိပါတယ်။
ဒီသံသယက ရိုးရှင်းတဲ့ အချက်တစ်ခုကို အခြေခံထားခဲ့တာပါ..။အဲဒီနေရာတွေအတွက် အချက်အလက် မရှိဘူးဆိုတာက အဲဒီနေရာတွေကနေ ပြန်ရောက်လာပြီး ပုံပြင်ပြောပြ တဲ့ သူတွေ မရှိဘူးလို့ ဆိုလိုတာပါပဲ..။
သေစေလောက်တယ် ဆိုပေမယ့် အနည်းဆုံးတော့လဟောလိုး တောင်တန်းက လူသားတွေ သိပြီးသားဖြစ်တဲ့ နေရာတစ်ခုပါ..။အခွင့်အရေးတွေကတော့ ပြောင်းလဲနေတဲ့ကြယ်ပွင့်က..မသိတဲ့နေရာကို စွန့်စားခန်း ထွက်မယ့်အစား..သူမရဲ့ ကံတရားကို စမ်သပ်မလား ဆိုတာမှာ မူတည်ပါတယ်။
ဘာပဲဖြစိဖြစ် မင်း ဘာမှ မသိတဲ့နေရာကို သွားတာက..အရမ်းကို အန္တရာယ် များပါတယိ..။
' မသိနိုင်တာ..'
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။
အဲတာက သူ ရင်ဆိုင်ရတဲ့နောက်ထပ် ပြသနာဖြစ်သလို ၊ သူ အခွင့်အရေးရယူနိုင်တဲ့ အခြေအနေတစ်ခုဆိုလည်း ဟူတ်ပါတယ်။သူ့ရဲ့ [ ကံစီမံရာ ] စွမ်းရည်အရ..၊ ဆန်နီဟာ ဝီဗာ လို့ ခေါ်တဲ့ သတ္တဝါရဲ့ အမွေအနှစ်ကို ရရှိခဲ့ပြီး..နတ်ဘုရားတွေရဲ့ လျိုဝှက်ချက်တွေကို ထိတွေ့ခွင့်ရခဲ့တယ်..။
သူ့ မြင်ခဲ့ရတဲ့အရာက သူ့ကို ကြောက်ရွံ့ပြီး အသက်ရူမှားစေခဲ့ပါတယ်။
အိပ်မက် နဲ့ အိပ်မက်ဆိုး တွေရဲ့ ပျက်ဆီးနေတဲ့ ကုန်းမြေတွေမှာ ကျယ်ပြန့်တဲ့ ဆန်းကျယ်မူတွေ ရှိနေတာ..၊ သေဆုံးသွားတဲ့ နတ်ဘုရားတွေနဲ့ ဆက်နွယ်မူ ၊ မသိနိုင်တဲ့အရာတွေ ၊ ဒဲလ်မွန် တွေ ပြီးတော့ အိပ်မက်ဆိုး အခိုက်အတန့် ရောပါပဲ..။အိပ်မက်နယ်မြေကြီးရဲ့ အရင်အုပ်ချုပ်သူတွေ သေဆုံးသွားကြပြီ ဖြစ်ပေမယ့်..အခိုက်အတန့်ကတော့ ကျန်ရှိ နေတုန်းပါပဲ..။ဆန်နီ အပါအဝင် ..လူသားမျိုးနွယ်တွေကတော့..ဒီ ပန်ချီကားချပ်ထဲမှာ မလိုလားအပ်ပဲ ပါဝင်သွားခဲ့ကြပါပြီ။
ဆန်နီရဲ့ အကြီးမားဆုံးရည်ရွယ်ချက်ကတော့ ကိုယ်ပကံကြမ္မာကို ကိုယ်ထိန်းချုပ်ဖို့ပါ..။ပြီးတော့ သူဒါကိုအသိပညာတွေ မရှိပဲ လုပ်နိုင်မှာမဟုတ်ပေ..။အခုတော့ သူ ဘာကိုရှာဖွေနေတာလဲ ဆိုတာကို သိသွားခဲ့ပါပြှ..။သူက နတ်ဘုရားတွေရဲ့ ကံတရားကို ပိုနက်ရှိုင်းအောင် နားလည်ထားဖို့ နဲ့ အခိုက်အတန့်ရဲ့ မူလ အရင်းအမြစ်ကို သိရှိဖို့ပါ..။ဘယ်သူသိနိုင်မှာလဲ..တစ်နေရာရာမှာတော့..သူ လွတ်မြောက်ဖို့အတွက် သော့ကို ဝှက်ထားနိုင်လောက်ပါတယ်..။
...ပြီးတော့...အုပ်ချုပ်သူ တွေလည်း ရှိနေသေးတယ်..။
သူ့ မျက်နှာ နက်မှောင်သွားခဲ့တယ်..။
'အရိုးသားဆုံးပြောရရင် ဘာလို့ အရာရာတိုင်းက ရှုပ်ထွေးနေရတာလဲ...'
သူက ဘာလို့ မှတ်သားမူ စတိုးဆိုင်လေးဖွင့်..၊ ချမ်းသာလာပြီး..ထာဝရ ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်ရတာလဲ..။
အရင်တုန်းက ဒါက သူ့ရဲ့ အစီစဥ်ပါ..။သို့ပေမယ့် လတ်တလော အခြေအနေတွေက ..ဒီအစီအစဥိတွေ အကောက်အထည်ဖော်ဖို့ ဆန်နီကို သံသယဖြစ်လာစေခဲ့တယ်..။
ကတ်စတာ ပြောပုံ အရဆိုရင်တော့..အရိပ်တွေထဲမှာပုန်းကွယ်နေတဲ့ ပုံရိပ်တွေ ရှိကြပြီး..လူသားကမ္ဘာကို အုပ်ချုပ်နေခဲ့ကြတာပါ..။သူတို့တည်ရှိနေယုံတင်မကပဲ..ဆန်နီကိုယ်တိုင်တော့..သူတို့ရဲ့ အမိန့်ကို မလိုလားပဲ လိုက်နာနေရတယ်လို့ ဆိုပါတယ်။
တစ်ခါတုန်းက နစ်ဖီသူ့ကို သတိပေးခဲ့တာကို မှတ်မိနေဆဲပါ..။သူတို့ရဲ တည်ရှိမူလေးကို သိသွားတာနဲ့တင် အသတ်ခံရနိုင်တဲ့အထိ လေးနက်တဲ့ စကားလုံးတွေ ရှိနေတယ်လို့ သူမက ပြောခဲ့တာပါ။
ကောင်းပြီလေ..အခုတော့ သူ အများကြီးသိထားပြီ..
အုပ်ချုပ်သူတွေ ၊ နယ်မြေတွေ ..၊ မျိုးနွယ် မှတ်သားမူ တွေ...
သူက မသိချင်အောင်ဆောင်နေပြီး ဒီအင်အားကြီးလူတွေ သူ့အပေါ်မျက်စိ မကျအောင် ဟန်ဆောင်နေမှာလား..။ဒါမှမဟုတ်..သူတို့ မျက်စိကျလာမယ့် နေ့အတွက် ကိုယ့်ကိုကို ပြင်ဆင်ထားမလား..။
သူ့မှာ ရွေးချယ်စရာ တောင်ရှိသေးလို့လား..။သူလုပ်ခဲ့တဲ့အရာ၊...ပြောင်းလဲနေတဲ့ ကြယ်ပွင့်နဲ့ အကူအညီမဲ့တဲ့ ဆက်နွယ်မူ ..သူမက မွေးလာကတည်းက ဒီအရှုပ်ထုပ်တွေထဲမှာ ဝင်ပါနေတာကို သိပြီးတဲ့နောက်မှာ ရွေးချယ်စရာ မရှိတော့ပေ..။
'အတော် စိတ်ညစ်စရာတွေပဲ...'
သူ အခုဘာလုပ်ရမလဲ..။သူတစ်ခုခုလုပ်ဖို့ အစီစဥ် ဆွဲရမှာလား..။
ဆန်နီ သက်ပြင်းချလိုက်တယ်..။
ကောငိးပြီလေ..ဒါက တကယ်တော့ ရိုးရှင်းပါတယ်။
အုပ်ချုပ်သူတွေ အကြောင်း သိနိုင်သလောက်လေ့လာရမှာပြီး...သူ့ဆီကိုတော့ ပြန်လှည့်မလာအောင် လုပ်ရပါလိမ့်မယ်..။
အိပ်မက်ကမ္ဘာရဲ့ အတိတ်အကြောင်းကို ရှာဖွေပြီး
ဒဲလ်မွန်တွေ ၊ နတ်ဘုရားတွေ နဲ့ အမည်မသိ တွေအကြောင်းလေ့လာရမယ်။
သို့ပေမယ့် ပထမဆုံးအချက်ကတော့ သူ ပိုပြီး သန်မာလာ ရပါလိမ့်မယ်..။
အရမ်း..အရမ်း ကို ပိုသန်မာလာရမယ်..။
နစ်ဖီ ပြန်ရောက်လာရင် အဆိုးဆုံးကို ရင်ဆိုင်ဖို့အတွက် သူ အဆင်သင့်ဖြစ်နေမှ ရမှာပါ..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်က သူ့အပေါ်မှာရှိနေတဲ့ စွမ်းအားကို အလွဲသုံးစားလုပ်မယ်လို့တော့ သူ မထင်ပါဘူး..။တကယ်တော့ သူမ မလုပ်ဘူးဆိုတာကို သူ သေချာသလောက်ရှိပါတယ်..။ဒါက သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကြောင့်သာ မကပဲ..နစ်ဖီရဲ့ စိတ်ထဲမှာကိုက ဒီလိုလုပ်တာက ဂုဏ်သိက္ခာနဲ့ မညီဘူးလို့ ခံစားနေရတာကြောင့်ပါ..။
သူမသာ သူ့ကို အမှန်တကယ် အစေခံတစ်ယောက်အဖြစ် ဖန်တီးချင်နေတယ် ဆိုရင်တော့ သူတို့နှစ်ယောက်ထဲက တစ်ယောက် သေရပါလိမ့်မယ်..။
ဆန်နီဟာ မတ်တတ်ထရပ်လိုက်ပြီး စားပွဲဆီကို လျောက်သွားကာ..လူလုပ်စက္ကူတစ်ရွက်ပေါ်မှာ ချရေးလိုက်တယ်။
[ 0 / 2000 ]
ယင်းနောက် သူက အချက်အလက်ဇယားကို ထုတ်ကြည့်လိုက်ပြီး..ဒုတိယတစ်ကြောင်းကို ထပ်ရေး လိုက်တယ်..။
သို့ပေမယ့် သူ ရေးလို့ မပြီးသေးခင်မှာပဲ အချက်အလက်ဇယားက မှိတ်တုတ် မှိတ်တုတ်ဖြစ်ပြီး ပြောင်းလဲသွားခဲ့ပါတယ်။ဝိဥာဥ် အဆီအနှစ် နံပါတ်တွေက ပို ကြီးမားလာခဲ့တယ်..။
ဆန်နီ အတော်ကြာအောင် စိုက်ကြည့်လိုက်ပြီးမှ နံပါတ်တွေကို ပြန်ပြင်လိုက်ပါတယ်..။
ယင်းနောက် ဘောပင်ကို အောက်ချလိုက်ပြီး..သူ့ရှေ့မှာ ရှိနေတဲ့ စာရွက်လေးကို ကြည့်လိုက်တယ်။
[0/2000 ] < [ 2773 / 3000 ]
"ကောင်းပြီလေ..."
ဒီတော့ အဲတာပဲ..။
ဒါက အစီအစဥ်ပဲ..။
အခုက စပြီး ဒါက သူ့ဘဝရဲ့ ရည်မှန်းချက်ဖြစ်သွားပါပြီ..။