← Chapters

ဂန္တဝင်နှစ်ယောက်

Vol. 011 Ch. 1005

ဂန္တဝင်နှစ်ယောက်

Vol. 011 Ch. 1005

“သူတို့သိသွားရင် ပျော်မယ်လို့ငါတော့ထင်တယ်” မိုဒိဆန်း ပြောလိုက် သည်။

“ဘာလို့လဲ” ရှီမာယူယသည် အကြာင်းအရင်းကို သဘောမပေါက်ပေ။

“ဘာလို့လဲဆိုတော့ မင်းသာမရှိရင် သူတို့သမီးက သေပြီးပြီလေ” မိုဒိဆန်း ပြောလေသည် “မင်းက သူတို့ကိုစိတ်ကူးတွေပေးလိုက်တာပဲ”

ရှီမာယူယူသည် အတွေးထဲမြောသွားသည်။ သူမသည် ထိုအတွေး အတိုင်း တစ်ခါမှမစဉ်းစားဖူးပေ။

“အရင်က အဲလိုမစဉ်းစားဖူးဘူးမလား” မိုဒိဆန်းသည် အနည်းငယ် ရယ် မောလိုက်သည် “စဉ်းစားကြည့်လိုက် မင်းကြောင့်သာမဟုတ်ရင် သူတို့သမီး က အရိုးဖြစ်နေလောက်ပြီ၊ ဘယ်လိုလုပ် အသက်ရှင်ပြီးတော့ သူတို့ရှေ့ပေါ် လာနိုင်မှာလဲ သူတို့ကိုလွမ်းပဲလွမ်းနိုင်တော့မှာပေါ့”

ရှီမာယူယူ တိတ်သွားသည်။

“သူတို့ကို မင်းရဲ့မိဘတွေလို့ သတ်မှတ်ပြီးသွားပြီလား” မိုဒိဆန်းမေး လိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “အဲတုန်းက ငါကတိပေးခဲ့တယ် သူမ အဖြစ်ဆက်ပြီးအသက်ရှင်ပြီးတော့ သူမ မိဘတွေကိုရှာပေး မယ်ဆိုပြီးတော့ အဲဒါကြောင့် သူမ မိဘတွေက ငါ့မိဘတွေပဲ”

“အဲလိုစဉ်းစားမှတော့ မင်းဘယ်သူလဲဆိုတာကို ဘာလို့ရှုပ်အောင်လုပ် နေတာလဲ၊ မင်းကမင်းပဲ မင်းက သူမလည်းဟုတ်နေတာပဲ” မိုဒိဆန်းပြောလေ သည် “မင်းက သူတို့သမီးပဲ၊ တကယ်လို့ သူတို့က မင်းကိုအသိအမှတ်မပြုရင် လည်း မင်းမှာနောင်တရစရာမရှိပါဘူး၊ ပြီးတော့ ပြောရရင် သူတို့နဲ့တွေ့မှာပဲ အဲဒါတွေဖြစ်လာမှာမလား၊ အခုအဲလောက်အများကြီး စဉ်းစားဖို့မလိုဘူးလေ”

“အင်း” ရှီမာယူယူ ခေါင်းညိတိလိုက်သည် “မင်းနဲ့စကားပြောပြီးတော့ အဲဒါတွေကို စဉ်းစားမိသွားတယ်”

“မင်းက နံရံကိုခေါင်းနဲ့သွားတိုက်သလိုဖြစ်နေတယ်” မိုဒိဆန်း ဆက် ပြောလေသည် “အရင်ကမင်းကိုဒီလိုပုံတစ်ခါမှမမြင်ဖူးပါဘူး”

“အရင်က ဒီလိုကိစ္စတွေမတွေ့ဖူးလို့လေ” ရှီမာယူယူ ပြုံးလိုက်သည်။

မိုဒိဆန်းနှင့် စကားပြောပြီးနောက်တွင် သူမ စိတ်သက်သာရာရသွား သည်။  သူပြောသလိုပင် သူမသည် သူတို့ကိုမိဘအဖြစ် ဆက်ဆံပြီး သူတို့ သာ သူမကိုအသိအမှတ်ပြုလျှင် အကောင်းဆုံးဖြစ်မည်။ သူတို့သာ သူမကို အသိအမှတ်မပြုပါက မူလပိုင်ရှင်အတွက် သူမ လုပ်ပေးရဦးမည်။

“ဟုတ်သားပဲ ရွှေမြွေလေးဘယ်သွားလိုက်တာလဲ” မိုဒိဆန်း မေးလိုက် သည်။

“ပြီးခဲ့တဲ့တစ်ခေါက်က ကန္တာရမှာ စုပ်ယူပြီးတော့ အခုထိအိပ်နေတုန်းပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ငါသွားကြည့်လို့ရမလား”

“ရတာပေါ့ သွားကြမယ်”

ရွှေမြွေလေးသည် မိုဒိဆန်း၏ သတ္တုရိုင်းမှလာခြင်းဖြစ်သည်။ သူ့ပစ္စည်း ကို ထုတ်ယူလိုက်သူမှာ သူမသာဖြစ်သည်။ ရွှေမြွေလေးသည် သူမကို သဘောကျသဖြင့် သူမနောက်လိုက်လာခြင်းဖြစ်သည်။

သူမသည် ရွှေမြွေလေး တံခါးပိတ်အိပ်နေသည့်နေရာသို့ဦးဆောင်သွား လိုက်သည်။ ရွှေမြွေလေးသည် ခွေနေကာ ခေါင်းကိုခန္ဓာကိုယ်ထဲသို့ ဝှက်ထား သည်။

“သူ့ရဲ့တည်ရှိမှုက ပိုသန်မာလာပြီ၊ သူရှိတာကို တခြားသူတွေ သိသွား ရင် မင်းအတွက်ပိုအန္တရာယ်များလေပဲ”

ရှီမာယူယူ ပြုံးလိုက်သည်။ သူမလက်ထဲတွင် ရတနာများစွာရှိကာ တစ်ခုချင်းစီသည် တခြားသူများသိသွားလျှင် သူမကို ပစ်မှတ်ဖြစ်စေနိုင်သည့် အရာများပင်ဖြစ်သည်။

“မင်းက ရယ်နိုင်သေးတယ်” မိုဒိဆန်း ပြောလိုက်သည် “နောက်ဆိုရင် သူ့ကို မထွက်အောင် ကြိုးစားရမယ်”

“ငါလည်းအဲလိုစဉ်းစားတာပဲ ဒါပေမဲ့ သူ့အရင်ကအပြုအမူကိုကြည့်ရ သလောက်ဆိုရင် မဖြစ်နိုင်တာလည်းဖြစ်နိုင်တယ်” ရှီမာယူယူ ပခုံးတွန့်လိုက် သည်။ ထိုအကောင်လေးသည် အပြင်လောကကို သိချင်စိတ်အလွန်ပြင်းထန် ကာ မကြာခဏအပြင်ထွက်ချင်နေသည်။ သူ့ကို ဒီနေရာတွင် အချိန်ကြာ အောင် ပိတ်ထားရန်မှာမဖြစ်နိုင်သည့်ပုံပင်။

“ဒါဆိုရင်လည်း သူထွက်ချင်တိုင်း မထွက်ခိုင်းနဲ့ပေါ့” မိုဒိဆန်း ပြော လိုက်သည်။

“သူက အခုမှကနဦးအဆင့်ပဲရှိသေးတယ်လို့ခံစားရတယ် ဒါပေမဲ့ သူ့ စွမ်းအားက ဒီလောက်ကိုမယုံနိုင်စရာဖြစ်နေပြီ၊ ကြီးထွားပြီးနောက်ပိုင်းအဆင့် တွေဆိုရင် အဲလူတွေမှာ လိုချင်တဲ့အစွမ်းအဆတောင်ရှိနိုင်တော့မှာမဟုတ် ဘူး” ရှီမာယူယူသည် စိုးရိမ်ခြင်းမရှိပေ။

“အဲလိုဖြစ်ဖို့ မျှော်လင့်ပါတယ်”

“ဟုတ်သားပဲ မင်းပစ္စည်းတွေစုတာဘယ်လိုနေလဲ၊ ဗုဒ္ဓမှိုအပြင် တခြား ဘာတွေလိုသေးလဲ၊ ငါ့ကိုပြောလေ၊ ဒီမှာရှိမလားလို့ကြည့်ပေးမယ်” ရှီမာယူယူ ပြောလိုက်သည်။

“ငါ ဝိညာဉ်လေးနဲ့ပြောပြီးသွားပြီ ဆေးပစ္စည်းနှစ်ခုတွေ့တယ် ဒါပေမဲ့ နည်းနည်းလိုနေသေးတယ် ငါဒီနေရာကထွက်သွားရင်တော့ ဆက်ရှာရမှာပေါ့” မိုဒိဆန်း ပြောလေသည်။

“မင်းလိုချင်တဲ့ပစ္စည်းတွေကို စာရင်းချရေးထားလိုက် ငါ သွားရင်းလာ ရင်းနဲ့ ကူရှာပေးမယ်” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းတာပေါ့” မိုဒိဆန်းသည် ဟိတ်ဟန်မရှိပဲ သူလိုအပ်သည့် စာရင်းကို ပြောပြပြီး ထိုပစ္စည်းရှာတွေ့နိုင်သည့်နေရာများ၏ သဲလွန်စကိုပါ ပြောပြလေသည်။

ရှီမာယူယူ ဝိညာဉ်စေတီမှထွက်လိုက်သည်နှင့် ညစ်ညူးကာ မှိုင်တွေ နေသော စိတ်ခံစားချက်များသည် မူလအေးချမ်းသောအခြေအနေသို့ ပြန် ရောက်သွားလေပြီ။

တိုက်ဆိုင်စွာပင် ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် သူမ တံခါး ကိုလာခေါက်လေသည်။ သူတို့သည် ရှီမာယူယူနှင့်အတူ ဝိညာဉ်စေတီမှ ထွက်ခဲ့သော်လည်း သူမနှင့် အပြင်လိုက်မသွားခဲ့ပေ။

“ဂျူနီယာမောင်လေး ဘာတွေဖြစ်လာတာလဲ၊ မင်း ဒေါသတကြီးနဲ့ပြန် လာတယ်လို့ သူတို့ပြောတယ်” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ တံခါးဖွင့်သည် ကိုမြင်သောအခါ မေးလေသည်။

ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ဘေးသို့ဖယ်ကာ သူတို့ကို ဝင်ခိုင်းလိုက်သည်။

“ဘာကိစ္စလဲ” စူးရှောင်ရှောင်သည် သူမအကြည့်ကိုမြင်သောအခါ မေး လိုက်သည်။

ရှီမာယူယူသည် သူတို့ကို လက်ဖက်ရည်ခွက်တစ်ခွက်စီပေးရင်းနှင့် ပြောလိုက်သည် “ပြောရမှာရှည်တယ်၊ လက်ဖက်ရည်သောက်ကြဦး ကျွန်တော် ဖြည်းဖြည်းချင်းပြောပြမယ်”

စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့သည် ရှီမာယူယူပြောသည့် အကြောင်းအရင်းများကို နားထောင်ပြီးနောက် အံ့သြကြသဖြင့် ခွက်များကိုင် ရင်းနှင့် သူမကို ကြောင်စီစွာကြည့်ကြလေသည်။

သေဆုံးခြင်း၊ ပြန်လည်မွေးဖွားခြင်း ဒီလောကမှာတကယ်ပဲ အဲလို စိတ်ကူးယဉ်အဖြစ်အပျက်တွေ တကယ်ရှိတာပဲ။

“အဲတော့ မင်းဦးလေးတွေနဲ့တွေ့ခဲ့ပြီးတော့ သူတို့က မင်းကိုဒေါသ ဖြစ်အောင်လုပ်လိုက်တာပေါ့” ဟန့်မြောင်ရွှမ် နိဂုံးချုပ်လေသည်။

“ကျွန်တော် ဘာလို့ဒေါသထွက်လဲဆိုတာ မသိဘူး၊ သူတို့က ဒီလောက် နှစ်တွေအများကြီးပေါ်မလာခဲ့ပြီးမှ အခုမှရုတ်တရက်ထပေါ်ပြီး ကျွန်တော့်ကို ဒါတွေပြောလို့ဖြစ်နိုင်တယ်၊ ကျွန်တော့်စိတ်ကိုပြောရမယ်ဆိုရင်လည်း အဲခဏ မှာ ကျွန်တော့်ရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်လိုက်ဘူး” ရှီမာယူယူ ပြော လေသည် “ဒါပေမဲ့ အခု အကုန်လုံးကဖြေရှင်းပြီးပါပြီ”

“ဘာတွေလဲ မင်းက တကယ်ပဲ ရှီမာမျိုးနွယ်ဝင်ပဲ” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူအားကြည့်ပြီး တအံ့တသြပြောလေသည်။

“သူတို့က ဘာလို့မင်းကိုယိလင်းတိုင်းပြည်မှာထားခဲ့တာလဲ မင်းအဖေ ကဘယ်သူလဲ” စူးရှောင်ရှောင် မေးလေသည်။

“ရှီမာလွီရွှမ်လို့ သူတို့ပြောတာပဲ”

“ခွမ်း”

ဟန့်မြောင်ရွှမ်၏ လက်ထဲမှ လက်ဖက်ရည်ခွက်သည် ကြမ်းပေါ်ကျသွား ပြီး ကွဲသည့်အသံထွက်ပေါ်လာသည်။ စူးရှောင်ရှောင်၏ မျက်လုံးများ ပြူးကျယ်လာသည်။

“ဘာဖြစ်လို့လဲ” ရှီမာယူယူသည် သူတို့၏ တုန့်ပြန်မှုကြီးမားပုံကိုကြည့် ပြီး အံ့သြသွားသည်။

“မင်းအဖေက တကယ်ပဲရှီမာလွီရွှမ်လား” ဟန့်မြောင်ရွှမ်သည် နောက် ဆုံးမှပင် အသံထွက်နိုင်တော့သည်။

“သူတို့ အဲလိုပြောတာပဲ ကျွန်တော်ကတော့အဲဒါကို အတည်မပြုရသေး ဘူး” ရှီမာယူယူ ပြန်ဖြေလိုက်သည် “စီနီယာတို့ကဘာလို့ အဲအမူအရာဖြစ် သွားတာလဲ”

“ရှီမာလွီရွှမ် အာ.. ဘုရားရေ မင်းအဖေက တကယ်ပဲ ရှီမာလွီရွှမ်ပဲ၊ ငါ ဒီသတင်းကို သေချာကြေညက်အောင်လုပ်လိုက်ဦးမယ်” ဟန့်မြောင်ရွှမ်သည် ချဲ့ကားပြီး သူမရင်ဘတ်သူမ ပုတ်လေသည်။

“စီနီယာက ကျွန်တော့်အဖေကိုသိလို့လား”

“ဘယ်လိုလုပ် မသိပဲနေမလဲ၊ အတွင်းပိုင်းဒေသကလူတွေ မသိတဲ့လူ ဘယ်လောက်ရှိမှာလဲ” ဟန့်မြောင်ရွှမ် ပြောလေသည် “သူက တကယ့်ဂန္တဝင် ဇာတ်ကောင်ပဲ၊ သူက မင်းအဖေဖြစ်လိမ့်မယ်လို့ မထင်ထားဘူးပဲ”

“ဒါဆိုရင် စီနီယာက သူ့ကိုသေချာနားလည်မှာပဲ” ရှီမာယူယူ မေးလိုက် သည်။

“ငါတို့က အပေါ်ယံကိစ္စကိုပဲသိရတာလေ၊ ဒါပေမဲ့ အဲဒါနဲ့တင်ကို လေးစားဖို့လုံလောက်နေပြီ” ဟန့်မြောင်ရွှမ် ပြောလေသည် “သူ့ကို ကိုယ်တိုင် တွေ့ခွင့်မရှိတာတော့နှမြောဖို့ကောင်းတယ်၊ အခုတော့ အကုန်လုံးအဆင်ပြေ နေပြီ၊ သူက တကယ်ပဲမင်းအဖေဆိုရင် နောက်တစ်ခါဆိုရင် သူ့ကိုကိုယ်တိုင် တွေ့ဖို့အခွင့်အရေးရှိသွားတာပေါ့”

“ဘာထူးခြားလို့လဲပြောပြပါဦး” ရှီမာယူယူ ပြောလိုက်သည်။

“သူနဲ့ ဖန်မျိုးနွယ်က ဖန်ကျိရှင်းတို့က အတွင်းပိုင်းဒေသရဲ့ သူရဲကောင်း နှစ်ယောက်ပဲ၊ သူတို့ရဲ့ အင်အားကိုပဲပြောပြော၊ ရုပ်ရည်မဟုတ်ရင် အကျင့် သဘောထားပဲဖြစ်ဖြစ် သူတို့ကထိပ်ဆုံးမှာဦးဆောင်နေကြတယ်၊ မင်းအဖေ ကအသက်၁၀၀နဲ့ ဧကရာဇ်အဆင့်ရောက်တဲ့ အဆင့်တက်တာအမြန်ဆုံးသူပဲ ဟုတ်တယ်မလား” ဟန့်မြောင်ရွှမ်သည် စူးရှောင်ရှောင်ဘက်ကြည့်လိုက် သည်။

“၁နှစ် ၂နှစ်ဝန်းကျင်ပဲ” စူးရှောင်ရှောင်ပြောလိုက်သည် “မင်းဆရာ ဖန်ကျိရှင်းကသာ အသက်၁၀၀နဲ့ ဧကရာဇ်အဆင့်တက်တဲ့သူပဲ”

“အသက်၁၀၀နဲ့ ဧကရာဇ်အဆင့်ရောက်တယ်….” ရှီမာယူယူသည် မွေးရာပါအရည်အချင်းကြောင့် မှင်တက်သွားလေသည်။ ဘယ်လိုတောင် ကောင်းကင်ကို စိန်ခေါ်လိုက်တဲ့ကိစ္စလဲ။

“နှမြောစရာကောင်းတာက နောက်ပိုင်းငါကြားလိုက်တာက မင်းအဖေ နဲ့ ဆရာနှစ်ယောက်လုံး အတွင်းပိုင်းဒေသမှာပျောက်သွားပြီး ထပ်ပြန်မပေါ် လာတော့တာပဲ၊ သူတို့အပြင်ကိုထွက်သွားတယ်လို့ကြားတယ်၊ တချို့က တော့ နှစ်ယောက်လုံးသေသွားပြီလို့ ပြောကြတယ် ဒါပေမဲ့ အခုကြည့်ရတာ မင်းဆရာက အသက်ရှင်နေသေးတာပဲ”

***

All Chapters