← Chapters

မနက်စာ ဖိတ်ခေါ်မူ

Vol. 25 Ch. 362

မနက်စာ ဖိတ်ခေါ်မူ

Vol. 25 Ch. 362

ပထမဦးဆုံး စမ်းသပ်စစ်ဆေးမူတွေ ၊ အစိုးရ စပါယ်ရှယ်လစ် တွေနဲ့ အင်တာဗျူး ၊ ကတ်စီ နဲ့ စိတ်ထိခိုက်ဖွယ်ရာ ပြောဆိုမူ ပြီးတော့..ဆန်နီရဲ့ အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂတ် ကို စဥ်းစားနေတဲ့ အချိန်တွေက တစ်နေ့လုံးနီးပါးကို ကြာမြင့်ခဲ့ပါတယ်။မနက်ခင်းနေရောင်ခြည်က ထွက်ပေါ်လာနေခဲ့ပြီး နေ့သစ်တစ်ရက်ကို ရောက်ရှိလာခဲ့ပါပြီ..။ဆန်နီ ဒီလိုသိရတာက မြေအောက်အခန်းရဲ့ နံရံတစ်ဖက်ကို ပြတင်းပေါက်အတု အဖြစ်ပြုလုပ်ထားပြီး..အကယ်ဒမီရဲ့ ပန်းခြံတစ်ခုကို..ကင်မရာနဲ့ ရိုက်ပြီး..ဒီမှာ ပြသ ထားတာကြောင့်ပါ..။

သူက စိတ်ပိုင်းဆိုင်ရာ နွမ်းနယ်မူကို ခံစားနေခဲ့ရပေမယ့်..လုံးဝ အိပ်ငိုက်ခြင်း မရှိပါဘူး..။အနည်းဆုံးတော့ အခုထိ မရှိသေးပေ..။အမှန်တကယ်ပဲ..နိုးထသူတွေရဲ့ ရုပ်ပိုင်းဆိူင်ရာက သာမန်လူသားတွေထက်ကို ပိုပြီး သန်မာပါတယ်။

လုပ်စရာ အချို့က ရှိနေဆဲပါပဲ..။ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်းမှာ..ဖြစ်ခဲ့တဲ့ ဝရုန်းသုန်းကား အခြေအနေတွေကြောင့်..သူက သူ့ရဲ့ မှတ်သားမူတွေကိုတောင် သေချာကြည့်ဖို့ အချိန်မရခဲ့ပေ..။ဥပမာအားဖြင့်....

ဆန်နီ အချက်အလက်ဇယားကို ထုတ်ဖော်ဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ..ရုတ်တရက် တံခါးခေါက်တဲ့ အသံ ထွက်ပေါ်လာခဲ့တယ်..။သူ တုန်လှုပ်သွားခဲ့ပြီး..

'... ဘာလဲ...။ဘယ်သူ ဖြစ်နိုင်မလဲ.."

တစ်ခနလောက် သူ့စိတ်ထဲမှာ အယ်ဖီ နဲ့ ကိုင် တို့ရဲ့ ပုံရိပ်ပေါ်လာခဲ့ပေမယ့်...သူ ချက်ချင်း ဖယ်ရှားလိုက်တယ်။သူတို့နှစ်ယောက်က နိုးထပြီးကတည်းက အတော်လေးကို အလုပ်ရှုပ်နေကြမှာပါ..။ပြီးတော့ သူတို့ တွေ့ဆုံရမယ့် မိတ်ဆွေတွေ မိသားစုတွေက လူတိုင်းထက် ..ပိုများနေမှာ အသေအချာပါပဲ..။သူတို့က မတူညီတဲ့နေရာတွေမှာ ရှိနေကြတာကြောင့် အကယ်ဒမီ ကိုလာရောက်ပြီး..သူ့ဆီကို အလည်လာဖို့ဆိုတာက မဖြစ်နိုင်တဲ့ ဇာတ်လမ်းတစ်ခုပါ။

သေချာတာကတော့ ဒီလောက် မမြန်နိုင်ပါဘူး..။

သာမန်လူတစ်ယောက်လို ဖြစ်နေဖို့အတွက် သူ့ရဲ့ အရိပ်တစ်ခုကို ခန္တာကိုယ်ထဲမှာ ပုန်းကွယ်ခိုင်းလိုက်ရင်း..ဆန်နီ ဟာ တံခါးဆီကို လျောက်သွားပြီး ဖွင့်လိုက်တယ်..။

အဲဒီမှာတော့..ဆွဲဆောင်မူရှိပြီး ယုံကြည်မူတွေပြည့်နေတဲ့ အသက် ၂၀ နောက်ပိုင်း အမျိုးသမီး တစ်ယောက်ရပ်နေတာကို တွေ့လိုက်ရပါတယ်။

ချက်ချင်းဆိုသလိုပဲ..အခန်းတွင်းအပူချိန်ကဒီဂရီ အနည်းငယ်လောက် ကျဆင်းသွားသလို ခံစားလိုက်ရတယ်..။

သူမက အနက်ရောင်ဆံပင် အတို နဲ့ ရေခဲပြာရောင် မျက်လုံးတွေ ရှိနေခဲ့တယ်..။သူမရဲ့ အပြစ်ကင်းတဲ့ အသားအရေက နူးညံ့ ၊ သိမ်မွေ့ ပြီး နှင်းလို ဖြူဖွေးနေခဲ့ပါတယ်..။အမျိုးသမီးဟာ ပုခုံးဒေါက် အလှပါတဲ့ နက်ပြာရောင် ယူနီဖောင်း နဲ့ လည်သာ ဖိနပ်တွေကို စီးထားခဲ့တယ်..။သူမရဲ့ ယူနီဖောင်းက ကြယ်သီးအနည်းငယ်ကို ဖြုတ်ထားခဲ့ပြီး..အတွင်းထဲက အင်္ကျီကို ဖော်ပြထားကာ..တင်းကြပ်နေတဲ့....

' ခရက် '

"...နင်ဘာကို စိုက်ကြည့်နေတာလဲ..နိုးထသူ

ဆန်းလပ်စ် "

ဆန်နီ မျက်လုံးပြူးကျယ် သွားခဲ့တယ်..။

"မာစတာ ဂျက်! ကျွန်တော်က ဒီတိုင်း...အာ..အစ်မရဲ့ ဖက်ရှင် အမြင်ကို သဘောကျနေတာ.."

အမှန်တကယ်ပဲ ဒါက ဝိဥာဥ် ရိတ်သိမ်းသူ ဂျက်ပါ။သူမက အစိုးရလက်အောက်မှာ အလုပ်လုပ်တဲ့ တက်ရောက်သူ တစ်ယောက်ဖြစ်ပြီး..သူ ပထမအိပ်မက်ဆိုးပြီးလို့ အိပ်မက်ကမ္ဘာထဲကို ပြန်လာတဲ့ အချိန်မှာ..ကြိုဆိုခဲ့ပါတယ်..။

ဆန်နီ အိပ်မက်ကမ္ဘာထဲမှာ ရှိနေတုန်းကလည်း ဒီမိန်းမလှလေး အကြောင်းကို တစ်ခါတစ်ရံ တွေးမိပါတယ်..။ဒါက မာစတာ ဂျက်ပေးခဲ့တဲ့ အကြံဥာဏ်သုံးခုက သူ့အသက်ကို အကြိမ်များစွာ ကယ်တင်ခဲ့တာကြောင့် သာမကပဲ..သူမကလည်း သူ့လိုပဲ မြို့ပြင်က ဖြစ်နေလို့ပါ..။

ကံမကောင်းတဲ့ တစ်စုံတစ်ယောက်က အသက်ရှင်သန်နိုင်နေယုံတင်မကပဲ..အိပ်မက်ဆိုးအခိုက်အတန့်ရဲ့ ရက်စက်တဲ့ အမှန်တရားတွေကို ကျော်လွှားနိင်ခဲ့တာက..သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို ပြတ်သားစေသလို..အရေးပါတဲ့ အမြင်အသစ်တွေကိုလည်း ပေးနိုင်ခဲ့ပါတယ်..။

...ဒါပေမဲ့ သူမက သူ့ဆီီကို ဘာလာလုပ်တာလဲ..။

ဆန်နီဟာ မာစတာဂျက်ကို လေ့လာလိုက်ပြီး ရုတ်တရက် သံသယတွေ ပြည့်နှက်သွားခဲ့တယ်..။

သူမက လွန်ခဲ့တဲ့ တစ်နှစ်က ပုံစံအတိူင်း အတိအကျရှိနေဆဲပါပဲ..။တစ်ခုတည်းသော ကွာခြားချက်က သူမရဲ့ ယူနီဖောင်းမှာ အချိုးတွေ ပိုများလာခဲ့ပြီး သူမရဲ့ မျက်လုံးတွေအောက်မှာ အနက်ရောင် အကွင်းတွေဖြစ်ပေါ်နေခဲ့ပါတယ်။

သူ ကြည့်နေတုန်းမှာပဲ သူမက ပြုံးလိုက်ပြီး..

"ငါ့ရဲ့ ဖက်ရှင်အမြင်လား..။ဘာလို့လဲ..ကျေးဇူးပါ..။နင် ဆန္ဒရှိမယ် ဆိုရင် ငါ့ရဲ့ စက်ချုပ်သူ နဲ့ မိတ်ဆက်ပေးလို့ရတယ်။ဒီလို သက်သောင့်သက်သာ ဖြစ်တဲ့ ဝတ်စုံကို ရဖို့အတွက် နင့်အနေနဲ့ စာချုပ်အနည်းငယ်မှာ လက်မှတ်ထိုးဖို့ အတွက်ပဲ လ်ိုအပ်လိမ့်မယ်.."

ဆန်နီ အားတင်းပြုံးလိုက်ပြီး..

"အာ..သိပါပြီ..။ဒီ အပ်ချုပ်သူ တွေက ကျွန်တော် တတ်နိုင်တဲ့ ပမာဏထက် စျေးကြီးနေမှာကို စိုးရိမ်မိတယ်..။ဒါပေမဲ့ ကမ်းလှမ်းပေးတဲ့ အတွက် ကျေးဇူးပါ.."

ခနလောက် ရပ်တန့်ပြီးကာမှ သူ ထပ်မေးလိုက်တယ်။

"အာ..မာစတာ ဂျက် မလား..။ပြန်တွေ့ရတာ တကယ်ပဲ ဝမ်းသာ မိပါတယ်...ဒါပေမဲ့ ကျွန်တော် ကူညီပေးနိုင်တာ တစ်ခုခု ရှိနေလို့လား..။ဒီလို ပြန်ရောက်လာတဲ့ ဘာမဟုတ်တဲ့လူဆီကို လာတွေ့ရလောက်အောင်..အစ်မမှာ အလုပ်တွေ အရမ်းများနေခဲ့မယ်ဆိုတာ သိတယ်လေ.."

သူမက သူ့ကို စက္ကန့်အနည်းငယ်ကြာအောင် ကြည့်နေပြီးကာမှ ရုတ်တရက် သန်းလိုက်တယ်..။ယင်းနောက် အိပ်ချင်စိတ်ကို ခေါင်းခါယမ်းကာ ဖယ်ရှားလိုက်ပြီး..

"...အမှန်ပဲ..။ဒါပေမဲ့ နင်ဖြတ်သန်းရမယ့် လုပ်ရိုးလုပ်စဥ် တစ်ချို့ ရှိနေသေးတယိ..။ပြီးတော့ ငါတို့က တစ်ယောက်ကို တစ်ယောက် သိနေကြတာဆိုတော့..ငါကပဲ တာဝန်ယူသင့်တယ်လို့ ခံစားရလို့..."

ဒီလို ပြောပြီးတာနဲ့ သူမက အဆောက်အဦးရဲ့

ကော်ရစ်ဒါကို သံသယအမူအရာနဲ့ တစ်ချက်လှမ်းကြည့်လိုက်တယ်။ယင်းနောက် စက္ကန့်အချို့တွေဝေနေပြီးကာမှ မေးလိုက်ပါတယ်..။

" တစ်ခုခု စားချင်လား.."

***

အချိန်တစ်ချို့ကြာပြီးနောက်မှာတော့ သူတို့နှစ်ယောက်က..အကယ်ဒမီရဲ့ ​မြေညီထပ်မှာ လမ်းလျောက်နေခဲ့ကြတယ်..။မာစတာ ဂျက်က သူ့ကို

ကဖေးဆိုင် ဆီကို ခေါ်သွားမယ်လို့ ထင်ထားခဲ့ပေမယ့်

အဲဒီအစား သူမက ထွကိပေါ်ဆီ ဦးတည်သွားနေခဲ့ပါတယ်..။

"အာ..ကျွန်တော်တို့ဘယ်သွားနေကြတာလဲ..။ကဖေးက ဒီဘက်မှာ ထင်တာပဲ.."

သူမက သူ့ကို ရှုပ်ထွေးစွာကြည့်ပြီးမှ ညဥ်းညူလိုက်တယ်..။

"ဆေးရုံ အစားအသောက်တွေလား..။တော်ပါပြီ ကျေးဇူးပဲ..။နည်းပြတွေ စားသောက်တဲ့နေရာကို နင့်ကို ခေါ်သွားပေးမယ်..။အဲဒီနေရာမှာကမှ တကယ့်အစားအသောက်ကောင်းတွေ ထားထားတာပဲ.."

ဆန်နီ ချောင်းဆိုးလိုက်ပြီး..

"ဒါပေမဲ့ မာစတာ ဂျက် ...အစ်မက နည်းပြမဟုတ်ဘူးမလား..."

သူမက ပြုံးပြလိုက်ပြီး ဘယ်ဘက်လက်မောင်းပေါ်က ကြယ်သုံးပွင့် အမှတ်အသားကို ညွှန်ပြလိုက်တယ်..။

"ပုံမှန်ကတော့ မဟုတ်ဘူးလေ..။ဒါပေမဲ့ အကယ်ဒမီဆိုတာက အစိုးရပိုင်ဆိုင်တဲ့ အဆောက်အဦးပဲ..။ဒီမှာရှိနေတဲ့ သူ အများစုထက် ငါက အဆင့်ပိူမြင့်တယ်..။သူတို့က ဘာလုပ်နိုင်မှာလဲ.."

သူ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီး ပုခုံးတွန့်လိုက်တယ်။

တကယ်ပဲ သူတို့ ဘာလုပ်နိုင်ကြမှာလဲ..။မာစတာ တစ်ယောက်ကို ထွက်သွားခိုင်းမှာလား..။ဘယ်သူက ကိုယ့်ကိုကို သတ်သေရဲ လို့လဲ..။

"

သူတို့ ဆေးရုံအဆောက်အဦးကနေ ထွက်ခွာလာပြီးအကယ်ဒမီရဲ့ မြေပြင်ပေါ်မှာ လမ်းလျောက်နေတဲ့ အချိန်မှာတော့..ဆန်နီဟာ အကူအညီမဲ့စွာပဲ..ယုံကြည်မူ ရှိတဲ့ အမျိုးသမီးငယ်လေး ကို မကြာခန ကြည့်နေမိပါတယ်..။ဒါက သူမရဲ့ ဆွဲဆောင်မူကြောင့် မဟုတ်ပဲ သူမကို ပြန်တွေ့ခွင့်ရတဲ့ ထူးဆန်းတဲ့ အတွေ့အကြံူတွေ ကြောင့်ပါ..။

သူတို့ပထမဆုံးတွေ့တဲ့ အချိန်တုန်းက..သူက ပထမအိပ်မက်ဆိုးကနေ ထွက်လာတဲ့ အိပ်စက်သူ လူသစ်လေး တစ်ယောက်ပါ..။သူ့ရှေ့မှာ မာစတာ တစ်ယောက်ကို မြင်နေရတာက ..သူရဲကောင်းတစ်ယောက်ို မြင်နေရသလိုပါပဲ..။ဒီ လှပတဲ့ သူစိမ်းက သူ့အတွက် ဘယ်လောက်တောင် ကြောက်ရွံ့မူတွေဖြစ်ပေါ်စေခဲ့လဲ ဆ်ိုတာကို သူ အရှင်းသား မှတ်မိနေပါသေးတယ်..။

သူမသာ အလိုရှိရင် သူ့ကို အလွယ်တကူ သတ်နိုင်တာကိုလည်း သူ ခံစားခဲ့ရပါတယ်။ဒီအတွက်လိုအပ်တာ ဆိုလို့ သူမရဲ့ လက်ချောင်းလေးတစ်ခု သာပါပဲ..။

အခု တစ်နှစ်ကျော်လောက်ကြာပြီးသွားတဲ့ အချိန်မှာတော့ အများကြီး ပြောင်းလဲသွားခဲ့ပါပြီ..။သူက သူမကို တိုက်ခိုက်အနိုင်ယူဖို့ အခွင့်အရေး မရှိသေးဘူးဆိုကို သေချာသိပေမယ့်လည်း အနည်းဆုံးတော့..အရင်က ကြောက်စိတ်တွေ မရှိတော့ပါဘူး..။အဲဒီအစား ရိုးရှင်းတဲ့ လေးစားမူတွေပဲ ရှိနေပါတော့တယ်..။ဆန်နီဟာ ဂျက် လိုမျိုး လူတစ်ယောက်နဲ့ ရင်ဆိုင်ရရင် အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် အနည်းဆုံးတော့ အသက်ရှင်နိုင်တယ် ဆိုတာကို သိပါတယ်။

ဒီခံစားချက်အရဆိုရင် သူလည်း တစ်ဝက်လောက် အထင်ကရ ဖြစ်နေပါပြီ။

သူ ကွဲပြားချက်တွေကို တွေးနေတုန်းမှာပဲ..သူတို့နှစ်ယောက်က..အကယ်ဒမီရဲ့ အလယ်မှာရှိနေတဲ့ သေးငယ်တဲ့ အဆောက်အဦးတစ်ခု ဆီကို ရောက်လာခဲ့တယ်..။

မာစတာ ဂျက်ဟာ အရှိန်ကို မလျောပဲ သူမကိုထူးဆန်းတဲ့ အကြည့်တွေ ၊ အထင်သေးမူ တွေနဲ့ ကြည့်နေကြတဲ့ လူတွေကို ကျော်ဖြတ်ပြီး နည်းပြတွေ စားသောက်ခန်းထဲကို ဝင်သွားခဲ့ပါတယ်။

'အိုး..ဟုတ်သားပဲ..။သူမက ဆ်ိုးဝါးတဲ့ ဂုဏ်သတင်းရှိတယ် ဆိုတာကို ငါမှတ်မိပြီ..။အထိအကျ​ဆိုရင် သူက သူမကို ' သတ်ဖြတ်တဲ့ လူရိုင်း ' ၊ ' ရိုင်းစိုင်းတယ် ' ' ပြသနာ ရှိတဲ့ အကျင့်စရိုက်ရှိတယ် ' ပြီးတော့ ' စိတ္တဇလူသတ်သမား ' လို့တောင် ပြောခဲ့တာပဲ..။အာ..'

သူတို့လမ်းလျောက်နေတဲ့ တစ်ချိန်လုံး လူတွေက သူတို့ကို ထူစဆန်းတဲ့အကြည့်တွေနဲ့ကြည့်နေကြတာ အံ့ဩစရာ မဟုတ်တော့ပေ..။

အကြောင်းပြချက် တစ်ချို့ကြောင့် ဆန်နီ စိတ်ရှုပ်သွားခဲ့တယ်..။ဂျက် က သူသိတဲ့လူတစ်ယောက်ကြောင့်လား ၊ သူ့လိုမျိုး မြို့ပြင်က လာတဲ့ လူတစ်ယောက်ကြောင့်လား မသိပေမယ့်..သူက ကာကွယ်ပေး ချင်စိတ်ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။

'ဘာကြည့်နေတာလဲ ခွေးသားတွေ...ငါတို့က သောက်ဂရု စိုက်မယ် ထင်နေတာလား..'

မာစတာဂျက်ကတော့ သိသာစွာပဲ ဂရုမစိုက်ပါဘူး..။ဒီတော့ သူက ဘာလို့ ဂရုစိုက်ရမှာလဲ...

ဆန်နီ ဟာ သူမကို မကောင်းတဲ့ အကြည့်တွေနဲ့ကြည့်နေတဲ့ လူတစ်ယောက်ကို..သတ်ဖြတ်လိုစိတ်တွေ အပြည့်ထုတ်လွှတ်ပြီး စိုက်ကြည့်လိုက်တယ်..။ချက်ချင်းဆိုသလိုပဲ..အကြည့်ခံရတဲ့လူဟာ ဖြူဖျော့သွားပြီး အဝေးကို အကြည့်လွှဲသွားခဲ့ပါတယ်။

ဆန်နီ ပြုံးလိုက်ပြီး...

'ကောင်းတယ်..တစ်ခြားကို ကြည့်နေ..။အခုတော့..အရေးကြီးတဲ့ အပိုင်းကို ရောက်လာပြီ..။နည်းပြတွေက ဘာတွေစားသောက်ကြလဲ ဆ်ိုတာကို ကြည့်ကြတာပေါ့...'

All Chapters