← Chapters

မြို့သား ဆန်နီ

Vol. 25 Ch. 363

မြို့သား ဆန်နီ

Vol. 25 Ch. 363

ပထမဆုံးအမြင်အရတော့..နည်းပြတွေ နားနေခန်း ရဲ့ အတွင်းပိုင်းအပြင်အဆင်က..ရိုးရှင်းကာ..နွေးထွေးပြီး သက်သောင့်သက်သာ ဖြစ်ပါတယ်။အခန်းထဲရှိ

ပရိဘောဂ အများစုကို သစ်သားနဲ့ ပြုလုပ်ထားခဲ့ပြီးကြိုဆိုတဲ့ လေထုတစ်ခုရှိနေခဲ့တယ်..။တောက်ပတဲ့နေရောင်က ပြတင်းပေါက်တွေထဲကနေ ဝင်ရောက်နေခဲ့ပြီး..အေးစက်တဲ့ ဆောင်းရာသီ လေထုကိုပါ တစ်ပါတည်း သယ်ဆောင်ထားခဲ့တယ်..။

သူ့ပတ်ဝန်းကျင်က ပစ္စည်းတွေအားလုံးက သစ်သားတွေ ဖြစ်ပြီး လူလုပ်ပစ္စည်းတွေ မဟုတ်ဘူးဆိုတာကို မြင်တဲ့အချိန်မှာ..ဆန်နီ မျက်လုံးပြူးကျယ်သွားခဲ့တယ်..။

'အလွန်အကျွံပါပဲလား..။ဖြုန်းတီးမူ တစ်ခုပဲ..'

သူ အမူအရာကို မြင်တဲ့အချိန်မှာ မာစတာဂျက် အနည်းငယ် ပြုံးလိုက်ပြီး..

"ငါ ခန့်မှန်းကြည့်မယ်..။နင် တစ်နေရာတည်းမှာ သစ်သားတွေ အများကြီးကို မမြင်ဖူးဘူးမလား.."

ဆန်နီ တွေဝေနေပြီးကာမှ ခေါင်းညိိမ့်ပြလိုက်တယ်..။

" အိပ်မက်ကမ္ဘာ ထဲမှာပဲ...."

မိန်းမငယ်လေးဟာ ပြုံးလိုက်ပြီး..သူမရဲ့ ခြေထောက်နဲ့ ထိုင်ခုံကို နောက်ကို ဆွဲယူလိုက်ကာ..စားပွဲတစ်ခုမှာ ဝင်ထိုင်လိုက်တယ်..။

"ဒီဟာတွေ အကုန်လုံး ဘယ်ကနေ လာတယ်လို့ နင်ထင်လဲ.."

သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အချိန်မှာ အကယ်ဒမီ ဆရာများ နားနေခန်းက..တကယ်ကို အမြင်အသစ်ကို ပေးစွမ်းနိုင်တာကြောင့်..တိတ်တဆိတ်ထိုင်ပြီး..ပြောစရာ စကား​ပျောက်ဆုံးနေခဲ့ပါတယ်။

မာစတာဂျက်ဟာ ရွေးချယ်စရာတွေကို ထုတ်ယူကြည့်လိုက်ပြီး မှတ်သားမူတစ်ချို့ ပြုလုပ်ကာ နောက်ကို ပြန်မှီလိုက်တယ်..။

"ယုံချင်ယုံ မယုံချင်နေ..နင်ထိုင်နေတဲ့ ထိုင်ခုံက သေဆုံးထားတဲ့ တိုက်တန် တစ်​ကောင်ကနေ ပြုလုပ်ထားတာ.."

ဆန်နီ သူမကိုကြည့်ပြီး အံ့ဩသင့်သွားခဲ့တယ်..။ရုတ်တရက် သူ ထိုင်ခုံကနေ ထခုန်မတတ် ဖြစ်သွားခဲ့ပါတယ်..။

" ဘယ်လို..."

သူမ ရယ်မောလိုက်ပြီး ပတ်ဝန်းကျင်ကို လက်ဝေ့ယမ်းပြလိုက်တယ်..။

"တကယ်တော့ ဒါတွေ အကုန်လုံးပဲ..။ခံတပ်ကြီး စတင်တည်ဆောက်တုန်းက..ကျယ်ပြန့် ပြီး ဆာလောင်တဲ့ သစ်တော တွေနဲ့ ဝန်းရံထားခဲ့တာ..။အဲဒီအရာကြီးတစ်ခုလုံးက ကြီးမားတဲ့ အိပ်မက်ဆိုး သတ္တဝါကြီး တစ်ကောင်ပဲ..။ဗာလာ ကလန်က သူနဲ့ ဆယ်စုနှစ်ကြာအောင် စစ်ပွဲဖြစ်ခဲ့ပြီး..သူရဲကောင်းတွေ အများကြီးဆုံးရှုံးခဲ့ရတယ်..။အဆုံးမှာတော့ သစ်တောကြီးက ဖျက်ဆီးခံခဲ့ရပြီး..အရေအသွေးမြင့်

သစ်သားတွေ အများကြီး ကျန်နေခဲ့တယ်လေ..။ပြီးတော့ အခုလိုဖြစ်လာတာပဲ.."

ဆန်နီဟာ ခေါင်းကို ကုတ်လိုက်ပြီးနောက်..သိချင်စွာပဲ သစ်သား စားပွဲကို ခေါက်ကြည့်လိုက်တယ်။ဒီအရာက သေဆုံးနေပြီဖြစ်ပေမယ့်..သူက တစ်ခုခုဖြစ်လာမှာကြောင့် သတိထားနေခဲ့တယ်..။

....ဘာပဲဖြစ်ဖြစ် ဒီအရာက တစ်ချိန်က တိုက်တန် တစ်ကောင်ရဲ့ အစိတ်အပိုင်းဖြစ်ခဲ့တာပါ။

မကြာခင်မှာပဲ သူတို့ရဲ့ အစားအသောက် ရောက်လာခဲ့တယ်..။ထပ်တူညီမူ တစ်ကောင်ကများ လာပို့မလားလို့ ဆန်နီ သံသယရှိနေပေမယ့်..ကံကောင်းစွာပဲ သာမန် ဝန်ဆောင်မူ ပေးတဲ့လူက လာပို့ပေးခဲ့ပါတယ်။

မော်တာတပ်ထားတဲ့..အဝိုင်းပြားပေါ်ကနေ သူ့ရဲ့ ပန်းကန်ကို ယူရင်း..ဆန်နီဟာ သူ့ရှေ့က ဟင်းပွဲတွေကို မျက်လုံးပြူးကျယ်ကာ ကြည့်နေခဲ့တယ်။ဒီမှာတော့..အာလူးကြော်တွေ ၊ ပဲကြီး မီးဖုတ် ၊ အရည်စိုရွှန်းနေတဲ့ အသား ၊ စစ်မှန်တဲ့ အသီးအရွက်နဲ့ ပြုလုပ်ထားတဲ့ အသုပ် ၊ မွေးကြိုင်တဲ့ ဟင်းချို ၊ ပေါင်မုန့်အပိုင်းအစ အချို့ ၊ ထောပတ် ၊ ယို နဲ့ အချိုပွဲအတွက် ချောကလက် ပူတင်းတွေတောင် ပါဝင်နေပါသေးတယ်။

ဒါက သူမြင်ဖူးသမျှ ထဲမှာ အလှပဆုံး မြင်ကွင်းပါပဲ..။

ဒီအရာတွေထဲက အချိုကို ဆိူရင် သူ့ဘဝမှာ ပထမဆုံးမြင်ဖူးတာပါ..။ရုတ်တရက်ဆိုသလိုပဲ..ဆရာ

ဂျူးလီယက် ကတိပေးထားဖူးတဲ့ သုသေသန လက်ထောက်ရာထူးက သိပ်ပြီး မဆွဲဆောင်နိုင်တော့ပေ..။

"အာ..ကျေးဇူးပြုပြီး..ခွင့်ပြူပါဦး.."

မာစတာ ဂျက် ဟာ လက်ဝေ့ယမ်းလိုက်ပြီး သူမရဲ့ အစားအသောက်ကို အာရုံစိုက်လိုက်တယ်..။ယဥ်ကျေးတဲ့ အပြုအမူတွေမှာ အချိန်ကုန်ခံမနေတော့ပဲ..ဆန်နီဟာ သူ့ရဲ့ မနက်စာကို အိပ်မက်ဆိုးသတ္တဝါတွေကို တိုက်ခိုက်သလိုမျိုး အပြင်အထန် တိုက်ခိုက်ပါတော့တယ်..။

အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ ဗိုက်က ပေါက်ကွဲထွက်ခါနီးနေပါပြီ..။သူက ပန်းကန်ပြား အလွတ်တွေကို ပြန်တွန်းပို့လိုက်ပြီး ကျေနပ်တဲ့ အပြုံးတစ်ခုကို မျက်နှာပေါ်မှာ ချိတ်ဆွဲထားခဲ့တယ်..။

'အာ..ဒါကမှ ဘဝပဲ...'

မာစတာ ဂျက် က သူ့ကိုကြည့်ပြီး ပြုံးနေခဲ့တယ်။

"ငါ နင့်ကို မပြောခဲ့ဘူးလား..။သူတို့က ဒီနေရာမှာ အစားအသောက်ကောင်းတွေကို ဖုံးကွယ်ထားကြတာပဲ.."

ဆန်နီဟာ ပန်းကန်ပြားအလွတ်တွေကို နောင်တရစွာကြည့်ပြီး သက်ပြင်းချလိုက်တယ်။

"ဟုတ်တယ်..။တစ်နှစ်လောက် မွန်းစတား တွေရဲ့ အသားတွေကို စားသောက်ပြီးတဲ့နောက်မှာ..ဂျုံလုံးလိုမျိုး အစားအသောက်လောက်ပဲ ဆ်ိုရင်တောင် ကျွန်တော်က ကျေနပ်နေမိမှာ..."

မြို့ပြင်မှာ အများဆုံး စားသောက်ကြတဲ့ အစားအစာကို ထုတ်ပြောလိုက်တဲ့ အချိန်မှာတော့ သူမရဲ့ အပြုံးက မှိန်သွားခဲ့တယ်။

သူတို့ရဲ့ရှေ့က လှပတဲ့ အနက်ရောင် လဖက်ရည်နှစ်ခွက် ပူနေတုန်းမှာပဲ..မာစတာဂျက်ဟာ သက်ပြင်းချလိုက်ပြီး သူမရဲ့ ယူနီဖောင်း အတွင်းထဲကနေ တစ်ခုခုကို ထုတ်ယူလိုက်ပါတယ်။ဒါကတော့ အဖုံးမှာ အာရုံခံ ကိရိယာ ပါတဲ့ သေးငယ်တဲ့ သတ္တု သေတ္တာလေးတစ်ခုပါ..။

သေတ္တာလေးကို စားပွဲပေါ်တင်ရင်း သူမက ဆန်နီကိုကြည့်ကာ မေးလိုက်တယ်..။

"ငါ နင့်ဆီကို ဘာလို့ လာတာလဲ ဆိုတာကို သိချင်နေမှာပေါ့ ဟုတ်တယ်မလား.."

ဆန်နီ စိတ်ဝင်တစားနဲ့ သေတ္တာလေးကို အတော်ကြာစိူက်ကြည့်ပြီးမှ သိချင်စွာ ပြန်ဖြေလိုက်တယ်..။

"...အင်း..အမှန်အတိုင်းပြောရရင် သိချင်မိတယ်.."

သူမ ခေါင်းညိမ့်ပြီး နှစ်သိမ့်တဲ့အမူအရာနဲ့ ပြုံးလိုက်တယ်။

"မကြောက်နဲ့..။ဒါက သာမန်လုပ်ရိုးလုပ်စဥ်ပဲ..ပြီးတော့ အရမ်းအကျိုးရှိစေမယ့် အရာတစ်ခု..။နင့်ရဲ့လက်ကို ဆင်ဆာ ပေါ်ကို တင်လိုက်.."

သူ တွေဝေနေပြီးကာမှ သူမ ပြောတဲ့ အတိုင်းလုပ်လိုက်ပါတယ်..။အာရုံခံကိရိယာက မိနစ်ဝက်လောက် အသံမြည်လာခဲ့ပြီးနောက် အစိမ်းရောင် အလင်းတစ်ခုက သေတ္တာမှာ ထွက်ပေါ်လာခဲ့တယ်။တိုးညှင်းတဲ့ အသံတစ်ချက်နဲ့အတူပဲ ဒါက ပွင့်သွားခဲ့ပါတယ်။

မာစတာ ဂျက်ဟာ သေတ္တာကို ဖွင့်ပြီး အရာတစ်ချို့ကို ယူလိုက်တယ်..။ဖန်သားနဲ့ပြုလုပ်ထားတဲ့ စကားပြောစက် တစ်ခု ၊ အစိုးရတံဆိပ်ပါတဲ့ တုန်ကင်ပြားတစ်ခု နဲ့ ကြယ်နှစ်ပွင့်ပါတဲ့ တံဆိပ်တစ်ခုတို့ ရှိနေခဲ့ပါတယ်။

ဒါတွေ အားလုံးကို ဆန်နီဆီကို တွန်းပို့လိုက်ပြီး ခနလောက်တွေဝေနေပြီးကာမှ ပေါ့ပါးတဲ့ အသံနဲ့ပြောလိုက်တယ်။

"ဂုဏ်ယူပါတယ် နိုးထသူ ဆန်းလပ်စ် ။နင်ကအခုဆိုရင် တရားဝင် မြို့သား ဖြစ်သွားပြီး..။ဒါက အဆင့်၇

ထက် မနိမ့်ဘူး.."

မြို့သား တစ်ယောက်..

မြို့ပြင်မှာတုန်းကဆိုရင် လူတွေက စစ်မှန်တဲ့ မြို့သားတစ်ယောက်ဖြစ်လာဖို့ကို အိပ်မက်မက်ရင်း..သေဆုံးခဲ့ကြပါတယ်။ဒီ ရိုးရှင်းတဲ့ စကားလုံးက မှတ်ဥာဏ်တွေ အများကြီးပါပဲ..။ဒါက သင့်တော်တဲ့ အစားအသောက် ၊ လူ့အခွင့်အရေး နဲ့ ပိူကောင်းတဲ့ ဘဝကို ရရှိမူပါပဲ..။ဒီအရာတွေ အကုန်လုံးက သူတို့မှာ မရှိခဲ့ကြပေ..။

အနာဂတ်တစ်ခု...

လူအနည်းငယ်လောက်ပဲ သူတို့ရဲ့ နာမည်နဲ့ မြို့သားကို တွဲပြီး ကြားပိုင်ခွင့် ရကြတာပါ။ဆင်းရဲပြီး နိမ့်ကျတဲ့ ဘဝကတော့..ဆင်းရဲမွဲတေပြီး အောက်ဆုံးကိုပဲ ပိုရောက်သွားမှာပါပဲ..။ဒီဘဝကနေ အမြင့်ကို တက်လာပြီး အထွတ်အထိပ်ကို ပျံသန်းတယ် ဆ်ိုတာက အရမ်းကို ရှားပါးပါတယ်..။

ပြီးတော့ အခုဒီနေရာမှာ..သူက မြို့သားတစ်ယောက်ဖြစ်လာယုံတင်မကပဲ..ခြေလှမ်းပေါင်းများစွာကို ခုန်ကျော်ပြီး လူ့အဖွဲ့အစည်း ရဲ့ ထိပ်ပိုင်းကို ရောက်လာခဲ့တာပါ။ဒါက မြို့သားတစ်ယောက်တင်မဟုတ်ပဲ ၊ အဆင့်မြင့် နေရာကိုတင် မဟုတ်ပဲ...အမြင့်ဆုံးဆိုတဲ့နေရာကို တန်းရောက်သွားခဲ့တာပါ..။

' အဆင့် ခုနှစ် ...သိသာစွာပဲ သူ့ထက်မြင့်တာ မရှိတော့ပါဘူး...'

နောက်ဆုံးတော့ သူ့အမူအရာက ပြောင်းလဲသွားပြီး ပြုံးလာခဲ့တယ်။မာစတာ ဂျက်ကို ကြည့်လိုက်ပြီး..

"နိုးထသူ တစ်ယောက်ဖြစ်လာပြီးရင်..မြို့သား ဖြစ်လာနိုင်တာကို တော့ သိပါတယ်။ဒါပေမဲ့ အဆင့် ၇ တဲ့လား..။ဒါက နည်းနည်း များမနေဘူးလား.."

မာစတာဂျက် ရယ်မောလိုက်တယ်။

"ဆန်းလပ်စ်...နင် ဘာလုပ်ခဲ့တယ်ဆိုတာကို မသိဘူးလား..ဟင်..."

ဆန်နီဟာ သူမကို မနောက်ပြောင်တဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး..ပြောလိုက်တယ်..။

"သိတာကတော့ သေချာသိပါတယ်..ဒါပေမဲ့ ကျေးဇူးပြုပြီး အလင်းပြပေးပါဦး..."

သူမ ခေါင်းခါယမ်းပြီး သက်ပြင်းချလိုက်တယ်။

"နားထောင်..လွန်ခဲ့တဲ့ နှစ် အနည်းငယ်အတွင်း.. အိပ်မက်ကမ္ဘာထဲကနေ ပြန်လာခဲ့တဲ့ အိပ်စက်သူတွေအားလုံးထဲမှာ..သူတို့ရဲ့ ဖိုင်ကို SS အဖြစ် သတ်မှတ်ထားတာက ငါးယောက်ပဲရှိတယ်..။ပြီးတော့ နင်က အဲဒီထဲက တစ်ယောက် ပဲ..."

All Chapters