SS အဆင့် ဆန်နီ
Vol. 25 Ch. 364
ဆန်နီဟာ ထူးဆန်းတဲ့ မျက်နှာအမူအရာနဲ့ မာစတာ ဂျက်ကို ကြည့်နေခဲ့တယ်..။အတော်ကြာပြီးကာမှ သူ မေးလိုက်ပါတယ်..။
"...ဒါက ကောင်းပါတယ်... ဒါပေမဲ့...အဲဒီ ' SS ' ဆိုတာက ဘာကြီးလည်း.."
သူမက ပြုံးလိုက်ပြီး..လဖက်ရည်ကို တစ်ငုံသောက်ကာ သူ့ကို လှမ်းကြည့်လိုက်တယ်။ခွက်ကို ပြန်ချပြီးတဲ့နောက်မှာတော့..သူမက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး..ပြောလိုက်တယ်..။
"အစိုးရ ...ပြီးတော့..အင်အားကြီး ဆက်ခံသူ ကလန်တွေ..ဒါပေါ့..သူတို့က န်ိုးထသူတိုင်းကို စောင့်ကြည့်နေကြတာ..။ဒါတော့ နင် မအံ့ဩလောက်ပါဘူး ဟုတ်တယ်မလား.."
ဆန်နီ ဖြည်းညှင်းစွာ ခေါင်းညိမ့်လိုက်ပြီး..
"အင်း..ဒါက အဓိပ္ပါယ်ရှိတယ်.."
မာစတာဂျက်က အနည်းငယ် ရွေ့လိုက်ပြီး ထပ်ပြောလိုက်တယ်။
"ပထမဆုံးအနေနဲ့ ..ဂိတ်ပေါက်က သူတို့ရဲ့ အနီးအနားမှာ ပွင့်လာပြီဆိုရင် နိုးထသူ တိုင်းမှာ တာဝန်အပြည့်ရှိတယ်..။ဒီ အထူး ဆက်သွယ်ရေးစက်က အဲဒီ အတွက်ပဲ..။ငါတို့ရထားတဲ့ အခွင့်အရေးတွေနဲ့ အလဲအလှယ်အနေနဲ့ ငါတို့က ဒီကမ္ဘာကြီးကို အိပ်မက်ဆိုးသားရဲတွေ ရန်ကနေ ကာကွယ်ပေးရမယ်လေ.."
သူမရဲ့ မျက်နှာက ရှုံ့မဲ့သွားခဲ့ပါတယ်။
"ဒါပေါ့..လက်တွေ့အရဆိုရင်တော့..ဘယ်သူမှ ဒီတာဝန်ကို ယူဖို့အတွက် နင့်ကို တွန်းအားပေးမှာ မဟုတ်ဘူး..။ဒါမှမဟုတ် အနည်းတော့ ဘယ်သူမှ မလုပ်ကြဘူး..။နိုးထသူ အများစုက..ဂိတ်ပေါက်
ကျိုးပျက်မူ အချက်ပေးချက်ကို ရတာနဲ့ အဝေးဆုံးကို ထွက်ပြေးကြတဲ့လူတွေချည်းပဲ.."
ဆန်နီ မျက်နှာရှုံ့မဲ့သွားခဲ့တယ်..။တစ်ဖက်မှာတော့ ဒီလို တုန့်ပြန်မူကို ပြီးပြည့်စုံစွာ နားလည်နေခဲ့တယ်။ကြုံရာ တစိမ်းတစ်ယောက် အတွက်နဲ့ ဘာလို့ သူတို့ရဲ့ အသက်ကို စတေးကြရမှာလဲ..။ပြီးတော့ နိုးထသူ တိုင်းကလည်း တိုက်ခိုက်ရေး ကောင်းမွန်နေကြတာ မဟုတ်ပါဘူး..။လူတိုင်းက..အိပ်မက်ကမ္ဘာထဲက လက်မူပညာရှင်တွေလိုမျိုး..တိုကိခိုက်ရေး စွမ်းရည်ရှိတဲ့လူတွေနဲ့ ပုခုံးချင်းယှဥ်ပြီး တိုက်ခိုက်နိုင်ကြတာ မဟုတ်ပေ..။
...သို့ပေမယ့် တစ်ဖက်မှာတော့..မွန်းစတားတွေက အစစ်အမှန် ကမ္ဘာပေါ်က အားနည်းတဲ့ လူသားတွေကို တိုက်ခိုက်နေတဲ့ အချိန်မှာ ထွက်ပြေးတယ် ဆိုတာက မှန်ကန်တဲ့ နည်းလမ်းလို့ မခံစားရပါဘူး..။ကြည့်ရတာတော့ ပြီးခဲ့တဲ့ နှစ်အတွင်း ဆန်နီရဲ့ ဂုဏ်သိက္ခာက အနည်းငယ် မြင့်တက်လာတဲ့ ပုံပါပဲ..။သူက အိပ်မက်သားရဲတွေ ဆီကနေ ထွက်ပြေးပြီး အခိုက်အတန့် ကို အရှုံးမပေးချင်ခဲ့ပေ..။သူက လူသားတွေရဲ့ ကိုယ်ကျင့်တရား တွေ ကူးစက်ချင်းခံလိုက်ရတာ ဖြစ်နိုင်ပါတယ်..။
'ဒီ ရူးမိုက်တဲ့ အမူအကျင့်ကို အမြန်ဖျောက်ပစ်ရမယ်'
သူ့အတွေးတွေကို သိနေသလိုပဲ မာစတာဂျက်က ဆက်ပြောလာခဲ့တယ်။
"ဒုတိယအချက်ကတော့..နိုးထသူ အသစ်တွေကို စောင့်ကြည့်နေတယ် ဆိုတာက..လူတိုင်းက သူတို့ထဲက အကောင်းဆုံးတွေကို ခေါ်ချင်ကြလို့ပဲ..။အရည်အသွေးရှိတဲ့ သူတွေက..အကောင်းဆုံး ပျိုးထောင်မူတွေကို လိုအပ်တာကြောင့်..သူတို့ကို အရင်ဆုံး အသိအမှတ်ပြုထားဖို့ လိုအပ်တယ်။ဒီတော့ အနာဂတ်ကောင်းမွန်တဲ့ နိုးထသူတွေကို ဖိုင်တွေမှာ အမှတ်အသားတွေ လုပ်ထားတယ်လေ..။ပုံမှန်အားဖြင့် ဒါက SA ဒါမှမဟုတ် ရိုးရိုးပဲ S လို့ ရေးထားတယ်..။ဒါက ဘာကိုဆိုလိုတာလဲ ဆိုတာ သိလား.."
ဆန်နီ ခေါင်းခါယမ်းလိုက်တယ်။
သူမ ပြုံးလိုက်ပြီး..
" SA ဆိုတာက ' ဗျူဟာမြောက် အရည်အသွေးရှိသူ ' ပဲ..။ဒီလို အရေးကြီးသူ အဖြစ်သတ်မှတ်ခံရတဲ့ နိုးထသူ ဆိုတာက များများစားစား ရှိတာ မဟုတ်ဘူး..။ဒီလို ရှိတယ်ဆိုရင် မင်းက..လူသားတွေရဲ့ရှင်သန်ရေး မှာ အရေးပါတဲ့လူအဖြစ် ရူမြင်ခြင်း ခံထားရတယ် လို့ ဆိုလိုတာပဲ..။ဒါမှမဟုတ် အနည်းဆုံး ကမ္ဘာ့အဆင့်မှာ သက်ရောက်နိုင်တဲ့သူလို့ သတ်မှတ်လိမ့်မယ်..။ရိုးရိုးပြောရရင်...လူ့အဖွဲ့အစည်းအတွက် အရမ်းကို အကျိုးရှိတဲ့ အရည်အသွေးရှိသူ ဒါမှမဟုတ် မာစတာ တစ်ယောက်ဖြစ်လာဖို့ အလားအလာ ရှိတဲ့သူ..။သူတော်စင်တောင် ဖြစ်လာနိုင်တယ်လေ..."
မာစတာဂျက်က နောက်ထပ် လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး သူ့ကိုယ်သူ ပျင်းရိစွာ လက်ညိုးထိုးပြလိုက်တယ်။
"ငါ့လိုပေါ့..။ကြွားတာတော့ မဟုတ်ဘူး..ဒါပေမဲ့ S အဆင့်ရှိတဲ့လူတွေ ဆိုတာက..အတော် အတော်လေးကို ရှားပါးကြတယ်။ဒါကြောင့် ငါတို့က ပုံမှန်အားဖြင့်
အစ်ိုးရ နဲ့ ငါတို့ ပူပေါင်းတဲ့ အမွေအနှစ် အင်အားစု တွေဆီကနေ များပြားတဲ့ အာရုံစိူက်မူ နဲ့ ထောက်ပံ့ပေးမူ တွေကို ရရှိခဲ့ကြတာ။ဒါပေမဲ့ အကောင်းဆုံး အပိုင်းက အခုမှ လာပြီ..."
သူမက ပြုံးလိုက်ပြီး..
"အခုလတ်တလောမှာ..လူတိုင်းက မင်းတို့အကြောင်းကို ပဲ..အရူးအမူးဖြစ်နေခဲ့ကြတယ်..။မေ့ပျောက်ကုန်းမြေကနေ ပြန်လာခဲ့တဲ့ လူတစ်ရာ စလုံးက မဟာဗျူဟာမြောက် အရည်အသွေး ရှိသူတွေ ချည်းပဲ..။ဒါက..ဒါက..လူသားသမိုင်းမှာတောင် အရင်က တစ်ခါမှ မရှိခဲ့ဖူးဘူး..။အင်းအားကောင်းတဲ့ နိုးထသူ တစ်ရာလောက် ထွက်ပေါ်လာတာက..အဲလောက် အရေးကြီးတဲ့ သက်ရောက်မူကို မဖြစ်စေသေးဘူး..။ဒါပေမဲ့ တကယ်လို့ ဒီ နိုးထသူတွေမှာသာ..မာစတာ ဖြစ်လာဖို့...ဒါမှ မဟုတ် သူတောင်စင် အဆင့် ဖြစ်လာဖို့တောင် အခွင့်ကောင်းတွေ ရှိနေခဲ့မယ် ဆိုရင်..လက်ရှိအခြေအနေတွေကို လုံးဝကို ပြောင်းလဲပစ်နိုင်လိမ့်မယ်.."
ဆန်နီ သူမကို စိုက်ကြည့်ပြီး တွေးတော နေခဲ့တယ်..။အခုချိန်အထိ သူကြားနေရတာတွေက သူ မျှော်လင့်ထားခဲ့တဲ့ အခြေအနေတွေ အတိူင်းပါပဲ..။ဒါပေမဲ့....
"ကျွန်တော် သိပြီ..။ဒါပေမဲ့ ကျွန်တော်ကို SS အဖြစ် သတ်မှတ်ထားတာကရော..။SS က ဘာကိုဆိုလိုတာလဲ..."
မာစတာ ဂျက် ခေါင်းညိမ့်လိုက်ပြီး..
"ငါ အခုပဲ ရှင်းပြတော့မလို့..။အပေါ်မှာ ရှိနေတဲ့ မဟာဗျူဟာ အရည်အသွေး ရှိသူ တွေထဲမှာ..အထူး မဟာဗျူဟာ အရည်အသွေးရှိသူတွေ ဆိုပြီး ထပ်ရှိနေခဲ့တယ်..။အတိုကောက်အနေနဲ့ SSA ဒါမှမဟုတ် SS ပေါ့..။ဒီသတ်မှတ်ချက်က ပိုပြီးတောင် ရှားပါးသေးတယ်..။တကယ်တော့ လူအနည်းငယ် လောက်ကပဲ ဒီလို ရနိုင်ကြတာ..။ဆိုလိုတာကတော့ မင်းက သူတော်စင်တစ်ယောက် ဖြစ်လာဖို့အတွက် အခွင့်အရေးကောင်းတွေ အများကြီး ရှိနေတယ်လို့ ဆိုလိုတာပဲ..။အထွတ်အထိပ် အဆင့်တွေက ဘယ်လောက်တောင် ရှားပါးကြလဲ ဆိုတာကို နင်သိတယ်မလား..။ဒီတော့ ဒါပေါ့..လူတိုင်းက နင်နဲ့ မိတ်ဆွေ ဖြစ်ချင်ကြတာပေါ့..။အစ်ိုးရ ကိုယ်တိုင် အပါအဝင်ပဲ..။ဒါကြောင့် အဆင့် ၇ မြို့သား အဆင့်ကို ရရှိထားခဲ့တာ.."
သူမက သူ့ကို တောင်းပန်တဲ့ အပြုံးနဲ့ကြည့်ကာ ထပ်ပြောလိုက်တယ်..။
"...ခွင့်ပြုပါဦး..SS အဆင့် ငါးယောက်ထဲမှာ မင်းက အောက်ဆုံးက တစ်ယောက်ပဲ..။အပြစ်ပြုတာ မဟုတ်ဘူး.."
ဆန်နီ သူမကိုကြည့်ပြီး အနည်းငယ် ပြုံးလိုက်တယ်။
"ဘာမှမဖြစ်ပါဘူး..။ကျန်တဲ့လေးယောက်က ဘယ်သူတွေလဲ.."
မာစတာ ဂျက်က ပုခုံးတွန့်လိုက်ပြီး..
"သူတို့သုံးယောက်က မေ့ပျောက်ကုန်းမြေကနေ ပြန်လာပြီးတဲ့ အချိန်မှာ အစစ်အမှန်နာမည်တွေကို ရရှိခဲ့ကြတဲ့ သူတွေပဲ..။နိုးထသူ အသီနာ ၊ နိုးထသူ ကိုင် ၊ နိုးထသူ ကတ်စီယာ။လေးယောက်မြောက်ကတော့..နိုးထသူ ဆောင်ဆိုင်ရှန်..သူကတော့..ကောင်းပြီ..ကြီးမြတ်တဲ့ ကလန် ကပဲ..။အရိုးသားဆုံး ပြောရရင်တော့ မင်းရဲ့ စွမ်းဆောင်ရည်တွေက သူတို့နဲ့ယှဥ်မယ် ဆိုရင် လိုက်မမှီနိုင်ဘူး..။ဒါပေမဲ့ မင်းက အကယ်ဒမီ မှာတုန်းက အောက်ဆုံးမှာ ရှိနေတာကနေ ..ခရီးပြီးဆုံးကာ နီးမှာ..နိုးထသူတစ်ရာကိုဦးဆောင်ပြီး ထွက်ပေါ်ကို ပို့ပေးနိုင်ခဲ့တာကို တစ်စုံတစ်ယောက်က သတိထားမိခဲ့တယ်။အတိုချုပ်ပြောရရင်တော့..မင်းက တကယ်ကို ထိုက်တန်တဲ့ အလားအလာ တွေရှိနေတဲ့ သူပဲ.."
သူက ဒီအဖြေကို ကျေနပ်စွာ ပဲ ခေါင်းညိမ့်လိုက်တယ်။
'ဒါက ငါတွေးထားသလောက် မဆိုးပါဘူး..'
တကယ်တော့ ဒါက ပြီးပြည့်စုံပါတယ်။ဒါက သူမျှော်လင့်ထားတဲ့ ရလာဒ်အတိုင်း အတိအကျပါပဲ..။ဒါက အကောင်းအဆုံးတွေထဲက တစ်ယောက်ဖြစ်ပြီး နောက်ဆုံးကနေ ရွေးချယ်ခံရဖို့ပါ..။
သူ့ရှေ့က လှပတဲ့ တက်ရောက်သူကို ကြည့်ရင်း..ဆန်နီ လက်ဖက်ရည် တစ်ငုံသောက်ကာ..တောက်ပစွာ ပြုံးလိုက်တယ်။
"ဒီတော့..အာ..ဒါက တကယ် နားထောင်လို့ ကောင်းတာပဲ..။တကယ်ကို ဂုဏ်ယူရပါတယ်..။ဒါပေမဲ့ ..ကျွန်တော် တကယ်သိချင်နေတာက..မျိုးဆက်တစ်ခုလုံးမှာ..မယုံနိုင်စရာ ကောင်းတဲ့ ငါးယောက်မြောက်ဖြစ်နေတာကြောင့်..ဘာတွေ ရနိုင်မလဲ ဆိုတာပဲ..."
မာစတာ ဂျက်က ရယ်မောလိုက်ပြီး..သူ့ကို အသိအမှတ်ပြုစွာကြည့်လိုက်တယ်။
"ကောင်းတယ်..။တိုက်ရိုက်မေးလိုက်တာပဲ..။ကောင်းပြီလေ..ဒါက မင်း ဘာကိုလိုချင်တာလဲ ဆိုတဲ့ အပေါ်မှာ မူတည်တာပဲ.."
ဆန်နီ အဖြေအတွက် နည်းနည်းမှ တုန့်ဆိုင်းမနေခဲ့ပေ..။သူ့ အသံတွေက လေးနက်ပြီး မြဲမြံနေခဲ့တယ်..။
"လွတ်လပ်ဖို့..."
သူမ မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားခဲတြယ်..။မာစတာဂျက်ဟာ လဖက်ရည်ခွက်ကို ငုံ့ကြည့်နေပြီးမှ..အတော်ကြာအောင် တွေဝေကာ ပြောလိုက်တယ်..။
"ဒါဆိုရင်တော့ မင်းက ကံဆိုးသွားပြီ..။ငါ စိတ်မကောင်းပါဘူး ဒါပေမဲ့ လွတ်မြောက်မူ ဆိုတာက ဒီတိုင်း ဒဏ္ဍာရီ တစ်ခုပဲ..ဆန်းလပ်စ် ။ဒီကမ္ဘာပေါ်မှာဘယ်သူကမှ မလွတ်မြောက်နိုင်ဘူး။သာမန်လူသားတွေက ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး အသက်ရှင်ဖို့ ရုန်းကန်ကြရတယ်။တကယ်လို့ သူတို့က ကံကောင်းပြီး ချမ်းသာကြွယ်ဝမူကို ရကြတယ်ဆိုရင်တောင်..သူတို့ရဲ့ အသက်က အိပ်မက်ဆိုးသတ္တဝါတွေရဲ့ ရန်ကနေ ကာကွယ်ပေးနေတဲ့..နိုးထသူတွေရဲ့ လက်ထဲမှာ ရှိနေတုန်းပဲ..။ဒါပေမဲ့ ငါတို့လို နိုးထသူတွေကလည်း..မလွတ်လပ်ကြဘူး..။ငါတို့ရဲ့ အသက်တွေကို..အခိုက်အတန့်က ပိူင်ဆိူင်ထားခဲ့တယ်လေ.."
သူမက ရပ်တန့်လိုက်ပြီးမှ ဝမ်းနည်းမူနဲ့အတူ ထပ်ပြောလိုက်တယ်။
"တကယ်လို့ ငါတို့က သူ့ရဲ့ စမ်းသပ်မူတွေကနေ အသက်ရှင်ချင်တယ် ဆိုရင်..တစ်ခြားသူတွေ နဲ့ ဆက်သွယ်ရမယ်..။အင်အားကြီးကလန် တွေရဲ့ အဖွဲ့ဝင်ဖြစ်လာရမယ်..။ဒါမှ မဟုတ်ရင် အစိုးရရဲ့ အဖွဲ့ဝင်ဖြစ်လာရမယ်..။မဟုတ်ရင်လည်း..ငါတို့ရဲ့ အဖွဲ့ရဲ့ အဖွဲ့ဝင်အဖြစ်ပေါ့..။ငါတို့က..မဟာမိတ်တွေ အပေါ်မှာ မှီခိုသလို..အပြန်အလှန်အနေနဲ့..သူတိူ့ကလည်း ငါတို့ကို မှီခိုရလိမ့်မယ်..။ငါတိူ့အားလုံးက တစ်ယောက်နဲ့ တစ်ယောက် ဆက်နွယ်နေကြတာပဲ ဆန်းလပ်စ် ၊ပြီးတော့..ဒါကပဲ ရှင်သန်နိုင်ဖို့အတွက် အခွင့်အရေးပဲ..။ဒီတော့..မင်းဘာလိုချင်လဲ ပြန်ပြီး စဥ်းစားကြည့်ပါဦး..။သေသေချာချာ စဥ်းစားပါ.."
ဆန်နီ သူမကို အတော်ကြာအောင်ကြည့်နေခဲ့တယ်..။သူ့မျက်လုံးတွေကတော့..နက်မှောင် ၊ နက်ရှိုင်းပြီး လေးလံတဲ့ ခံစားချက်တွေ ရှိနေခဲ့ပါတယ်။အတော်ကြာပြီးကာမှ..သူဖြည်းညှင်းစွာ သက်ပြင်းချပြီး ပြောလိုက်တယ်..။
"အခြေအနေက ဒီလိုဆိုမှတော့..ဒါဆိုလည်း ကျွန်တော် သန်မာချင်တယ်.."