ငယ်ရွယ်တဲ့ အလားအလာ ရှိသူ
Vol. 25 Ch. 365
မာစတာ ဂျက် ဟာ သူ့ကို အတော်ကြာအောင်ကြည့်နေပြီးကာမှ ..ပြုံးလိုက်တယ်..။
"ပြီးပြည့်စုံတယ်..။ဒါက တကယ်ကို ကောင်းမွန်တဲ့ ပန်းတိုင်ပဲ..အထူးသဖြငိ့ ငါတို့လို လူမျိုးတွေ အတွက်ပေါ့..."
သူမ လဖက်ရည်တစ်ငုံသောက်လိုက်ပြီး..မျက်လုံးတွေကို ခနလောက် မှိတ်ထားလိုက်ကာ..
"..ကောင်းပြီလေ..သန်မာလာဖို့အတွက်ကတော့ နည်းလမ်း တွေ အများကြီးရှိတယ်..။တစ်ချို့ဟာတွေကတော့..ပိုပြီးတောငိ တည့်တိုးဆန်သေးတယ်..။ပုံမှန်အရဆိုရင်တော့ အားကောင်းတဲ့အဖွဲ့အစည်း တစ်ခုက ကျောထောက်နောက်ခံပေးထားဖို့ပဲ..။ဒါပေမဲ့ ဒါက တစ်ခုတည်းသော နည်းလမ်း မဟုတ်ဘူး..။တကယ်တော့ ဒီလို ပူးပေါင်းမူမျိုးက အသွားနှစ်ဖက် ပါတဲ့ ဓားလိုပဲလေ..။နင်က အများကြီးရရှိတယ် ဆိုပေမယ့် အများကြီး ပြန်ပေးဆပ်ရမှာပဲ..။ငါ မင်းကို အခြေခံ အချက်အလက်တစ်ချို့ပေမယ်..ပြီးရင် ကိုယ့်ဟာကို ဆုံးဖြတ်ပေါ့.."
ဆန်နီ ခါးကို မတ်အောင်ထားလိုက်ပြီး သေချာနားဖေထာင်လိုက်တယ်..။မာစတာ ဂျက်က စက္ကန့်အနည်းငယ် ကြာပြီးမှ မေးလိုက်ပါတယ်..။
"နောက်ထပ် ရက်အနည်းငယ်ကျရင်..နင်က ဘယ်ခံတပ်ကို သွာမှာလဲ ဆိုတာကို ဆုံးဖြတ်ရလိမ့်မယ်..။ဒါက အဖွဲ့အစည်းကို ဝင်လိုက်တာနဲ့ မတူဘူး..ဒါပေမဲ့ ချည်နှောင်လိုက်သလိုဖြစ်လိမ့်မယ်..။ပုံမှန်အားဖြင့် ငယ်ရွယ်တဲ့ နိုးထသူတွေက..ကောင်းမွန်တဲ့ အဖွဲ့အစည်းတွေရဲ့ ရွေးချယ်ခြင်းကို ခံရဖို့ ယှဥ်ပြိုင်ကြရတယ်..။ပြီးမှ သူတို့က အရွေးခံရတဲ့ ခံတပ်ဆီကို သွားကြရတာ..။ဒါပေမဲ့ မင်းကတော့ မတူညီဘူး..။လူတိုင်းက မင်းကို လိုချင်ကြတယ်လေ..ပြီးတော့..အင်း ငါ ဆိုလိုတာက လူတိုင်းကနော်..။ဒီတော့..မင်း က အိပ်မက်ကမ္ဘာထဲက လူသားခံတပ်တွေထဲက တစ်ခုကို အိမ်အဖြစ် ရွေးချယ်လို့ရတယ်.."
သူမ ခနရပ်ကာ..သန်း လိုက်ပြီးနောက် ဆက်ပြောလာခဲ့တယ်..။
"နင် သိထားပြီးတဲ့အတိုင်းပဲ..အိပ်မက်ကမ္ဘာထဲမှာ ကြီးမားတဲ့လူသားခံတပ်ကြီး သုံးခုနဲ့ အလားတူစွာပဲ အသေးလေးတွေ ရှိကြတယ်..။မူလခံတပ်တွေကို ကြီးမြတ်တဲ့ ကလန်ကြီးတွေက ပိုင်ဆိုင်ထားကြပြီး..ခံတပ်အသေးတွေကိုတော့..ကလန်အသေးတွေက အုပ်ချုပ်တာ ဒါမှမဟုတ် အလွတ်ထားထားတာတွေရှိတယ်..။ဘာပဲဖြစ်ဖြစ် သူတို့အားလုံးက အဓိက လူသား ခံတပ်ကြီးသုံးခုရဲ့ အနားဝန်းကျင်မှာ ရှိကြပြီး သူတို့ကို တစ်နည်းနည်းနဲ့ ချည်နှောင်ထားကြတယ်..။နင်ဘယ်နေရာကိုပဲ သွားသွား..ကြီးမြတ်တဲ့ ကလန် သုံးခုထဲက တစ်ခုရဲ့ လွှမ်းမိုးမူအောက်မှာ ရောက်နေမှာပဲ..။ဒါက အလယ်မှာ ရှိနေတာ ၊ အနီးအနားမှာ ရှိနေတာ နဲ့ အစွန်မှာ ရှိနေရတာပဲ ကွာခြားလိမ့်မယ်.."
ဆန်နီ ခေါင်းကို ကုတ်လိုက်ပြီး..
"အစိုးရကရော..အစိုးရက ခံတပ်တွေ အများကြီးကို ထိန်းချုပ်ထားတာ မဟူတ်ဘူးလား.."
မာစတာ ဂျက်က ခေါင်းခါယမ်းလိုက်ပြီး..
"အိပ်မက်ကမ္ဘာထဲမှာဆိုရင်..အစိုးရက..ကြီးမြတ်တဲ့ ကလန် သုံးခု လောက် လွှမ်းမိုးနိုင်စွမ်း မရှိဘူး..။ဒါပေမဲ့ အရေးကြီးတဲ့ ခံတပ်တွေအားလုံးက အစိုးရရဲ့ တည်ရှိမူကို ထိန်းသိန်းထားတာကြောင့် အရေးကြီးတဲ့ အခန်း ကဏ္ဍ တစ်ခုကနေ ပါဝင်နေတယ်။အိပ်မက်ကမ္ဘာထဲမှာ ဆိုရင် ငါတို့က အင်အားစု သုံးခုကို ဆက်သွယ်ပေးတဲ့ အရာအဖြစ် လှုပ်ရှားတယ်လို့ ထင်တာပဲ..။ဒီလို နေထိုင်တာကလည်း သူ့ အကျိုးအမြတ်နဲ့ သူရှိတယ်..နင် သိချင်ရင်ပေါ့.."
သူမက စားပွဲကို အနည်းငယ် ခေါက်ကာ ပြောလိုက်တယ်။
"ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ်..နင်က ကြီးမြတ်တဲ့ ကလန် သုံးခုကို ရွေးချယ်ဖို့ ငြင်းဆန်လိုက်တယ်ဆိုရင်တောင်..သူတို့ သုံးဖွဲ့ထဲက ဘယ်အဖွဲ့ရဲ့ နယ်ပယ်ထဲမှာ နေမှာလဲ ဆိုတာကိုတော့ ရွေးချယ်ရမှာပဲ..။သူတို့က လူတွေ ထင်ထားကြသလို ဆက်စပ်နေကြတာ မဟုတ်ဘူး..။တကယ်တော့ လူသားတွေရဲ့ နယ်မြေ တစ်ခု နဲ့ တစ်ခုစီကြားထဲမှာ..သေစေနိုင်ပြီး အရမ်းကို ကြမ်းတမ်းလွန်းတဲ့ နယ်မြေတွေနဲ့ ပိုင်းခြားထားတယ်..။ဒီတော့..ဒါက နင့်ရဲ့ ပထမဆုံး ဆုံးဖြတ်ရမယ့်အရာဖြစ်လာလိမ့်မယ်..။ဘယ် နယ်မြေ ကို ရွေးချယ်မှာလဲ..."
ဒါက အဓိပ္ပါယ် ရှိတယ်..။ဥပမာ အနေနဲ့ တကယ်လို့ ဆန်နီသာ ဘတ်ရှင် ခံတပ်ကို ရွေးချယ်လိုက်မယ်ဆိုရင် ..သူက အဲဒီနေရာကို အုပ်ချုပ်တဲ့ ကြီးမြတ်တဲ့
ဗာလာ ကလန် နဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ အခွင့်အရေး ရမှာပါ။ဒီအတွက်ဘသူက ကြီးမြတ်တဲ့ ဆောင် ကလန် ရဲ့အဖွဲ့ဝင်ဖြစ်ဖို့ကို ဆုံးရှုံးရပါလိမ့်မယ်..။ဒါမှမဟုတ်..တစ်ခြား နယ်မြေမှာရှိနေတဲ့ ကလန်တွေ ရောပါပဲ..။
မာစတာ ဂျက် ဟာ လဖက်ရည်ကို ကုန်အောင်သောက်လိုက်ပြီး ခွက်အလွတ်ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်တယ်..။
"အိုး..ဟုတ်သားပဲ..။ဒါကြောင့် ငါက ဒီကိုလာပြီး အစိုးရ အတွက် လူသစ်စုဆောင်းဖို့ မိန့်ခွန်း စကား ပြောဖို့ စေလွှတ်ခံရတာပဲ..။ဒါပေမဲ့ ငါ မပြောတော့ဘူး..နင်က နင့်ရဲ့လမ်းကြောင်းမှာ အကောင်းအဆိုးတွေကို ရွေးချယ်ဖို့အတွက် စဥ်းစားတတ်ပါတယိ။ငါပြောချင်တာကတော့ သူတို့က နင်ကို ဘယ်တော့မှ ဆက်ခံသူကလန်တွေ ရဲ့ အဖွဲ့ဝင်တွေ နဲ့ ထပ်တူ လက်ခံထားမှာမဟုတ်ဘူး..။ဒါက SS ဖြစ်ဖြစ် ဘာဖြစ်ဖြစ်..။သူတို့က နင့်ရှေ့မှာတော့ မပြောဘူးပေါ့..ဒါပေမဲ့..နင်ကို အမြဲတမ်း..နိမ့်ကျတဲ့ လူတစ်ယောက်လို ဆက်ခံကြလိမ့်မယ်..။အကောင်းဆုံးပေါ့.."
ဆန်နီ ရဲ့ အမူအရာက နက်မှောင်သွားခဲ့တယ်..။ကတ်စတာ ရဲ့ အထင်သေးမူ တွေ ပြည့်နေတဲ့ မျက်နှာက သူ့စိတ်ထဲမှာ ပေါ်လာခဲ့ပါတယ်။
ဂုဏ်ယူရတဲ့ ဆက်ခံသူက ငါ့ကို ဘယ်လို ခေါ်ခဲ့တာလဲ...ခွေးတစ်ကောင်လား...
'...ကောင်းပြီလေ..အဲဒီခွေးက..မင်းရဲ့ လည်ချောင်းထမှာ တစ်နေပြီမလား...။အခု ဘယ်သူက ရယ်မောနေနိုင်လဲ...'
မာစတ ဂျက်လည်း တူညီတဲ့ အမူအရာရှိနေခဲ့တယ်..။သူမရဲ့ နိမ့်ချတဲ့နောက်ခံကြောင့် တူညီတဲ့ အခက်အခဲမျိုးတွေကို ခံစားခဲ့ရမှာပါ။ပိုဖြစ်နိုင်တယ်...။
ဆန်နီဟာ မာစတာ ဂျက်ရဲ့ တက်ရောက်သူ ဖြစ်လာတဲ့ လမ်းကြောင်းက ဘာနဲ့တူမလဲ တွေးတော နေတုန်းမှာပဲ..သူမက သက်ပြင်းချကာ..ပြုံးလိုက်ပြီး..
"ဆက်ခံသူ ကလန် ထဲကို ဝင်ရောက်တာက ဆိုးဝါးတာတော့ မဟုတ်ပါဘူး..။တကယ်တော့ ဒါက လူတွေ အများကြီး အတွက် ..အိပ်မက်တစ်ခုပဲလေ..။မင်းရဲ့ ကျော်ကြားမူ နဲ့သာဆိုရင်...ဆန်းလပ်စ် ..ဘယ်ကလန် က မဆို မင်းကို ပျော်ပျော်ကြီး ထောက်ပံ့ပေးကြမှာပဲ..။တစ်ချို့ဆိုရင် မင်းကိုတောင် မွေးစားကြဦးမယ်..။သောက်ကျိုးနဲ...နင့်ရဲ့ ရုပ်ရည်နဲ့ဆိုရင်..လက်ထပ်ဖို့ အတွက်တောင် အဆင်ပြေနိုင်လောက်တယ်.."
ဆန်နီ လဖက်ရည် သည်းမလို ဖြစ်သွားပြီး အမှန်တကယ်ပဲ ဖိတ်စင်သွားခဲ့ပါတယိ။မာစတာဂျက်က သဘောကျစွာ ရယ်မောလိုက်တယ်။
"လက်ထပ်မှာ..ဘာကို လက်ထပ်ရမှာလဲ.."
သူမ ခေါင်းခါယမ်းလိုက်ပြီး..
"ဆက်ခံသူ ကလန်တွေက အရည်အသွေးရှိသူတွေကိုဘယ်လို စုဆောင်းကြတယ် ထင်လို့လဲ..။ဒါက ပံ့ပိုးမူစာချုပ်တွေ ၊ မွေးစားမူတွေ နဲ့ လက်ထပ်ပေးမူ တွေပဲ..။နောက်ဆုံးတစ်ခုကတော့ တကယ်ကို စစ်မှန်တဲ့ ရတနာ တွေကို..အသုံးပြုတဲ့ နည်းလမ်းပေါ့..။မျိုးဆက် တိုးတက်ဖို့အတွက် ဘာမဆို လုပ်မှာပေါ့..သိတယ်မလား.."
ဆန်နီ သူမကို မျက်လုံးပြူးစွာကြည့်နေတဲ့ အချိန်မှူပဲ မာစတာ ဂျက်ဟာ ရယ်မောပြီး ထပ်ပြောလိုက်တယ်။
"ဘယ်လိုပဲဖြစိဖြစ် မင်းဆီမှာ ရွေးချယ်စရာတွေ ရှိတယ်လေ..။နင်က အစိုးရ ၊ ကလန်ကြီးသုံးခု ထဲက တစ်ခု ဒါမှမဟုတ် ကလန်အသေးတွေကို ရွေးချယ်လို့ ရတယ်လေ..။တစ်ဖွဲ့ချင်းစီတိုင်းက သူတို့အဖွဲ့ကို ရွေးချယ်ဖို့အတွက် များပြားတဲ့ ကမ်းလှမ်းမူတွေကို လုပ်ကြလိမ့်မယ်..။အရမ်းချမ်းသာတဲ့ အဖွဲ့အစည်းတွေက နင့်ကို ဝိဥာဥ် အမြုတေ တွေနဲ့တောငိ ရေချိုးခိုင်းလိမ့်မယ်..။ဒီအရာတွေက ဘယ်လောက်အရေးကြီးလဲဆိုတာ နင်ရော ငါရော သိနေတာပဲ..။လူအနည်းငယ်လောက်ကပဲ ဒီီလို ကမ်းလှမ်းမူမျိုးကို ငြင်းဆန်နိုင်လိမ့်မယ်.."
သူမ သက်ပြင်းချကာ အနည်းငယ်တွေဝေနေပြီးကာမှ ပြောလိုက်တယ်။
"ဒါပေါ့ နင်က သီးခြားလည်း နေလို့ရတယ်လေ..။ဒါဆိုရင်တော့ နင်က အထူး ထောက်ပံ့မူတွေကို ရမှာမဟုတ်တော့ဘူး..။အမြင့်ဆုံး စောင့်ကြည့်ခံ နိုးထသူတစ်ယောက်အနေနဲ့ အပြင်က အကျိုးကျေးဇူးတွေ ဖြစ်တဲ့..လေ့ကျင့်မူပုံစံ ၊ အရင်းအမြစ် နဲ့ အသုံးပြုခွင့်တွေကိုပဲ ရတော့မှာ..။ဒါပေမဲ့ မင်းမှာ တာဝန်ဝတ္တရားတွေဆိုတာလည်း မရှိတော့ဘူး..။နင်က အိပ်မက်ကမ္ဘာထဲမှာ လွတ်လွတ်လပ်လပ် လျောက်သွားတာ ဒါမှမဟုတ်..ရွေးချယ်ထားတဲ့ ခံတပ်အတွက် အသုံးဝင်တဲ့ တစ်ခုခု လုပ်ဆောငိပေးပြီး အသက်မွေး လို့ရျယ်..။အဲဒီမှာလည်း သီးသန့် နိုးထသူတွေ အများကြီးရှိတယ်..။အမှန်တကယ်အောင်မြင်တဲ့သူ နည်းပေမယ့် ဒါက တကယ်ကို ခက်ခဲတဲ့ ရှင်သန်မူ နည်းလမ်းပဲ"
ဆန်နီဟာ..မျက်နှာကို ပွတ်လိုက်ပြီး သူ့ရှေ့က ရွေးချယ်စရာ တွေကြောင့် စိတ်ရှုပ်ထွေးသွားခဲ့တယ်..။
သူက ဝိဥာဥ် အမြုတေ တစ်ခုမှ မလိုအပ်ပေမယ့် ဒီလိုအရာနဲ့ ရေချိုးနိုင်တဲ့ ခံစားချက်ကတော့ တကယ်ကို ကောင်းမွန်တဲ့ အရာဖြစ်မှာပါ။
မာစတာ ဂျက်က ပြုံးလိုက်ပြီး.
.
"ဒီတော့...နင်ဘယ်လိုထင်လဲ.."
သူ အတော်ကြာအာင် တွေဝေနေပြီးမှ ပြောလိုက်တယ်။
" မသိဘူး..။ဒါက စဥ်းစားစရာတွေ အများကြီးပဲ...။ကျွန်တော်..ကျွန်တော် မဆုံးဖြတ်ခင် အများကြီး စဥ်းစားဖို့ လိုသေးတယ်.."
သူမဒီ အဖြေကို မျှော်လင့်ထားခဲ့သလိုပဲ ခေါင်းညိမ့့်လိုက်တယ်။
"ကောင်းတယ်..။ဒီလို ကိစ္စမျိုးက အလျငိလိုလို့ အကျိုးကျေးဇူး မရှိဘူး..."
ပြီးတာနဲ့ မာစတာ ဂျက်ဟာ သူမရဲ့ အိတ်ကပ်ထဲကနေ သေးငယ်သော လုံခြုံတဲ့ ပလပ်စတစ် ဘူးလေးကို ထုတ်ယူကာ ဆန်နီဆီကို တွန်းပေးလိုက်တယ်..။သူကဒါကို ယူကာ မျက်ခုံးပင့်တင်သွားခဲ့ပြီး..
"ဒါက ဘာလဲ..."
သူမ ပုခုံတွန့်လိုက်ပြီး..
"နင့်ကို အမြဲတမ်း နိုးထနေစေနိုင်မယ့် စစ်တပ်အဆင့်အားတိုးဆေး ပဲ..။တစ်ကြိမ်မှာ တစ်လုံးက လွဲပြီး ပိုမသောက်နဲ့..။ခနလေး..ငါက ဘာလို့ နင့်ကို ရှင်းပြနေမိတာလဲ..။နင်က မြို့ပြင်ကဆိုတော့ ဒီီလို လှုံ့ဆော်နိင်တဲ့ အားတိုးဆေး တွေကို ပိုသိမှာပေါ့..။ဘာပဲဖြစ်ဖြစ်ဒီဟာနဲ့ ဆိုရင် မင်းဘတစ်ပတ်လောက် မအိပ်ပဲ နေနိုင်လိမ့်မယ်..။မင်း ဆုံးဖြတ်ပြီးရင် ငါ့ကိုသာ ဆက်သွယ်လိုက် ကျန်တာကို ငါ စီစဥ် ပေးမယ်..။အိုး..ပြီးတော့ မေးစရာ တစ်ခုခု ရှိရင် လည်း လွတ်လွတ်လပ်လပ်သာ ဆက်သွယ်လိုက်..။မေးစရာတိုင်းတော့ မဟုတ်ဘူးပေါ့..အရေးကြီးတာ မျိုး..."
သူမ မတ်တတ်ထရပ်လိုက်ပြီး အနည်းငယ် အကြောဆန့်က သူ့ကို ပြုံးပြလိုက်တယ်။
"ကောင်းပြီ...မင်းကို တွေ့ရတာ ဝမ်းသာစရာပဲ..နိုးထသူ ဆန်းလပ်စ် ။မင်း အဲဒီမှာ တကယ် ကောင်းကောင်း လုပ်ခဲ့တယ်..။ငါတို့ထဲက တစ်ယောက်က ဒီလိုလုပ်နိုင်ခဲ့တာ ငါ့ရဲ့နှလုံးသားကို နွေးထွေးစေတယ်..။ဒါဆို ငါသွားတော့မယ်..။အချိန်က လူကို မစောင့်ဘူးလေ.."
သူမ လှည့်သွားဖို့လုပ်လိုက်တဲ့ အချိန်မှာပဲ ဆန်နီ တားဆီးလိုက်တယ်။
"အာ..မာစတာ ဂျက်.."
သူမ သူ့ကို ရှုပ်ထွေးစွာကြည့်လိုက်ပြီး..
"အင်း.."
ဆန်နီ ခနလောက် တွေဝေနေပြီးကာမှ ဆန်နီဟာ သူ့ ရဲ့ အသစ်ထုတ်ပေးထားပြီး စျေးကြီးတဲ့ စကားပြောစက်ကို မြှောက်ပြလိုက်တယ်။
"ကျွန်တော် ..အာ..ကျွန်တော်မှာ အစ်မကို ဆက်သွယ်ဖို့ မရှိဘူးလေ.."
မာစတာ ဂျက်က သူ့ကို အတော်ကြာအောင် ကြည့်ပြီးကာမှ ပြုံးလိုက်တယ်။
"နင်က ငါ့ရဲ့ နံပါတ်ကို လိူချင်တယ်ပေါ့..ဟင်.."
သူ့ နားရွက်တွေ နီရဲလာတာကို ခံစားမိပြီး ဆန်နီ ချောင်းဆိုးလိုက်တယ်..။ယင်းနောက် သူ့ကိုယ်သူ ထိန်းကာ ပြုံးပြလိုက်ပြီး..
"အင်း..။မဟုတ်ရင် ဆုံးဖြတ်ချက်ချပြီးတဲ့ နောက်မှာ ဘယ်လို ဆက်သွယ်ရမှာလဲ.."
လှပတဲ့ အမျိူးသမီးဟာ ခေါင်းခါယမ်းလိုက်ပြီးနောက် သူ့ရဲ့စကားပြော စက်ကို ယူကာ ..သူမရဲ့ ဆက်သွယ်မူ ကို ထည့်ပေးလိုက်ပါတယ်။
ဆန်နီ ဆီကို စကားပြောစက် ပြန်ပေးလိုက်ပြီး..သူမက သူ့ကိုကြည့်ကာ ပြောလိုက်တယ်။
"...မင်း ဆီက မဖြေကို မစောင့်နိုင်တော့ဘူး နိုးထသူ ဆန်းလပ်စ်..။ဒါဆ်ိုလည်း နောက်မှ တွေ့ကြမယ်.."
မာစတာ ဂျက် ထွက်သွားပြီးနောက်မှာတော့ စားပွဲမှာ ဆန်နီ တစ်ယောက်တည်းသာ ကျန်နေခဲ့တယ်..။
ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူ တိတ်တဆိတ်သာ ထိုင်နေခဲ့ပါတယ်။
နောက်ဆုံးမှာတော့ သူ တီတိုး ထုတ်ပြောလာခဲ့တယ်။
"..အစောက ငါ စားခဲ့တဲ့ အရာတွေ အကုန်လုံးကို ..ထပ်စားလို့ ရနိုင်လား..သိချင်မိတယ်..။ဒါဆိုရင် တကယ်ကောင်းမှာပဲ.."