← Chapters

သမိုင်း သင်ခန်းစာများ #ဘာသာပြန် = စနိုးဝှိုက်

Vol. 25 Ch. 366

သမိုင်း သင်ခန်းစာများ #ဘာသာပြန် = စနိုးဝှိုက်

Vol. 25 Ch. 366

အချိန်တစ်ချို့ကြာပြီးနောက်မှာတော့..ဆန်နီဟာ နည်းပြတွေ နားနေဆောငိကနေ ထွက်လာခဲ့တယ်..။နေရောင်အောက်မှာ ကျဆင်းနေတဲ့ နှင်းဖတ်လေးတွေ ၊ အေးစက်တဲ့ လေထု နဲ့အတူပဲ..ဆောင်းရာသီရဲ့ နေ့ရက်က သူ့ကို ကြိုဆိုနေခဲ့တယ်..။ဆန်နီဟာ သူ့ကို အကယ်ဒမီက ပေးထားတဲ့ ပါးလွှာပြီး နူးညံ့တဲ့ လေ့ကျင့်ရေး ဝတ်စုံကိုသာ ဝတ်ဆင်ထားပေမယ့်လည်း..အရမ်းကြီး အေးနေတယ်လို့ မခံစားခဲ့ရပါဘူး..။

'ဒါက မင်း နိုးထသူ ဖြစ်နေလို့...ထင်တာပဲ..'

ဒါသာ လွန်ခဲ့တဲ့ တစ်နှစ် နဲ့ လအနည်းငယ် က ဆိုရင် သူက အမိုးအကာ ရှိတဲ့နေရာကို အရူးအမူးရှာနေရပြီဖြစ်ပြီး..အေးခဲပြီး မသေသွားစေဖို့..၊ ဒါမှမဟုတ် ပိုပြီးဆိုးဝါး တဲ့ ဖျားနာမူတွေ မဖြစ်ဖို့ ဆုတောငိးနေရပါပြီ..။သို့ပေမယ့် အခုတော့ ဆန်နီဟာ ကောင်းမွန်သလို ခံစားနေခဲ့ရတယ်..။သူက မသက်မသာတောင် မခံစားရပါဘူး..။

မြွေပုံစံတက်တူးကို ဖုံးကွယ်ဖို့အတွက် အင်္ကျီလက်ကို ဆွဲချလိုက်ကာ..၊ အေစက်ပြီး သန့်စင်တဲ့ လေထုကို တစ်ဝကြီး ရူရင်း..လမ်းလျောက်နေခဲ့တယ်။

' ဆုံးဖြတ်ချက်တွေ ..ဆုံးဖြတ်ချက်တွေ..'

မာစတာဂျက် နဲ့ စကားပြောဆိုမူတွေက..အသုံးဝင်တယ် ဆိုပေမယ့်..သူ့အတွက် အဖြေရတာထက် မေးခွန်းတွေပဲ ပိုများလာခဲ့ပါတယ်။ရွေးချယ်မူတွေ တစ်ခုစီတိုင်းက သူ့အတွက် အတော်လေး အကျိုးကျေးဇူးတွေ ဖြစ်စေပေမယ့်..လေးနက်တဲ့ အားနည်းချက်တွေ ရှိနေခဲ့တယ်။

'ကြီးမြတ်တဲ့ ကလန် ၊ သေးငယ်တဲ့ ကလန် ၊ အစိုးရ ဒါမှမဟုတ်..သီးခြား...'

ဆန်နီဟာ သူ့ကိုယ်သူ ဆက်ခံသူတစ်ယောက်အဖြစ် ရူမြင်ဖို့ ကြိုးစားလိုက်ပေမယ့် တိတ်တဆိတ်ပဲ ခေါင်းခါယမ်းလိုက်တယ်..။အဆင့်အတန်း၊ ချမ်းသာကြွယ်ဝမူ ၊ လူထုရဲ့ လေးစားအားကျမူ...ဆက်ခံသူတစ်ယောက်ဖြစ်လာတယ် ဆိုတာက..ဂုဏ်သိက္ခာရှိတဲ့လူတစ်ယောက် ဖြစ်လာတာ ဖြစ်ပြီး..ထူးချွန်သူတွေရဲ့ အထက်မှာရှိတဲ့ ထူးချွန်သူတစ်ယောက်ပါ။ဒါက ဆန်နီ တစ်ဘဝလုံး နေလာခဲ့တဲ့ ပုံစံနဲ့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ..။

...ဒါပေမဲ့..သူက အနာဂတ်မှာ ဒီအတိုင်းပဲ ရှိနေရမယ်လို့ ဘယ်သူက ပြောထားလိူ့လဲ..။ဆင်းရဲသား ကနေ မင်းသား တစ်ပါး ဖြစ်လာတာ..။ဒါက အရမ်းကို ကောင်းမွန်တဲ့ ပြောင်းလဲမူ တစ်ခု ဖြစ်လာမှာပါ။သခင် ဆန်းလပ်စ် ..ဒါက တကယ်ကို နားထောင်လို့ ကောင်းတဲ့ အရာမဟုတ်ဘူးလား..။

ဒါပေါ့ ဒီလို ရွေးချယ်ဖို့အတွက်ကလည်း..လေးနက်တဲ့ အားနည်းချက်တွေ ရှိနေပါသေးတယ်..။

အစိုးရအတွက် အလုပ်လုပ်ရတာက..သူ့အတွက် အားသာချက် တွေ ရှိစေနိုင်ပေမယ့်လည်း..လုံလောက်တဲ့ အရင်းအမြစ်တွေကို မရတဲ့အပြင် သူ့ကိုလည်း စည်းမျဥ်းစည်းကမ်း တွေနဲ့ ချုပ်နှောင်ထားဦးမှာပါ..။

ဆန်နီ မာစတာ ဂျက်ကို တွေ့တဲ့ အချိန်တိုင်း သူမက အလုပ်ရှုပ်နေတာချည်းပါပဲ..။သူက ဒီလို အချိန်ဇယားတွေ အပြည့်နဲ့ သူ့ရဲ့ ပန်းတိုင်ကို ရောက်နိုင်တော့မှာမဟုတ်ပေ..။

အစိုးရကို တာဝန်ထမ်းဆောင်နေတဲ့ နိုးထသူ အဖွဲ့ရဲ့ တာဝန်တွေထဲက တစ်ခုက..သူတို့လို တူညီတဲ့လူတွေထဲက ခိုးဆိုးလုနိုက် လိုက်လံဖမ်းဆီးတာပါပဲ..။ဘာပဲဖြစ်ဖြစ် နိုးထသူတွေကလည်း..လူသားတွေဖြစ်ကြတာကြောင့်..သူတို့ကလည်း ပြစ်မူတွေကို ကျူးလွန်ကြပါတယ်။အထူးသဖြင့် အများစုက သူတို့ အိပ်မက်ဆိုး နဲ့ အိပ်မက်ကမ္ဘာထဲမှာ ကြုံတွေ့ခဲ့ရတာကြောင့်..စိတ်လွတ်ပြီး..ရူးသွပ်လုနီးပါး ဖြစ်တတ်ကြပါတယ်။

တကယ်လို့ ဆန်နီသာ..တစ်ခြားနိုးထသူ တွေလို နိုးထသူ တွေကို သတ်ပြီး ဝိဥာဥ် အဆီအနှစ်တွေကို စုပ်ယူနိုင်မယ်ဆိုရင်..ဒီလမ်းကြောင်းက..သူ့ရဲ့ အမြုတေကိုပြည့်လာဖို့အတွက် မြန်ဆန်စေပါလိမ့်မယ်။သို့ပေမယ့်ဂိတ်ပေါက်ဝတွေက နေ့တိုင်းပွင့်နေပြီး..အိပ်မက်ဆိုးသားရဲတွေကို နေ့တိုင်းသတ်ဖြတ်နေရမှာ မဟုတ်ရင် ဆန်နီက သူ့ကိုယ်သူ ယူနီဖောင်းနဲ့မြင်ရဖို့ ဆိုတာ မဖြစ်နိုင်ပေ..။

...စကားမစပ်..တစ်နှစ်မှာ ပျှမ်းမျှ အနေနဲ့ ဂိတ်ပေါက်တွေ ဘယ်လောက်များ ပွင့်နေတာလဲ..။ရုတ်တရက် ဆန်နီဟာ သူ ဒါကို မသိသလို ခံစားလိုက်ရတယ်။ဒီအတွက် အချက်အလက်တွေကို ကိန်းဂဏန်းအတိအကျ နဲ့ ဖော်ပြထားတာ မရှိပဲ ..ရဲရင့်တဲ့ နိုးထသူ တွေက ထိန်းချုပ်ထားနိုင်ကြောင်းသာ ပြောထားကြပါတယ်။သူတို့ တကယ် ထိန်းချုပ်နိုင်လို့လား..။

နောက်ဆုံးရွေးချယ်မူကတော့ သီးခြားနေဖို့ပါပဲ..။ထိုးအရာက အဆင့်အတန့် နဲ့ အကျိုးကျေးဇူးတွေ ရယူလိုတဲ့ ဆန်နီ ရဲ့ စိတ်ဆန္ဒနဲ့ ဆင့်ကျင်ဘက်ဖြစ်နေတယ် ဆိုပေမယ့် ဒါက အပေါ်ယံမှာပါ..။တကယ်တော့ ဆန်နီက သူအလိုချင်ဆုံးအရာတစ်ခုဖြစ်တဲ့ အဆင့်မြင့် မြို့သားအဖြစ် နဲ့ ခံတပ်တွေကို အခမဲ့ရွေးချယ်နိုင်တာ ကတင် ပြည့်စုံနေပါပြီ။ဒါပေါ့..ကလန်တွေ ရဲ့ ကြွယ်ဝတဲ့ ထောက်ပံ့မူ ဒါမှမဟုတ် အစိုးရ ရဲ့ ထောက်ပံ့မူ တွေ မရှိတာက..ကြီးမားတဲ့ ဆုံးရှုံးမူ တစ်ခုဆိုပေမယ့် ဒါက သူ့ရဲ့လျိုဝှက်ချကိတွေကို ထိန်းသိမ်းဖို့ကောင်းမွန်တဲ့ နည်းလမ်းပါ..။

ရွေးချယ်စရာ သုံးခုစလုံးက စဥ်းစားဖို့အတွက် ထိုက်တန်ကြပါတယ်။

အဆုံးမှာတော့..သူက ဆုံးဖြတ်ချက်ချဖို့ အတွက် လုံလောက်တဲ့ အချက်အလက် မရှိသေးဘူး ဆိုတာကို သိလိုက်ရတယ်..။ဒီတော့..အချက်အလကိတွေကို ရဖို့က သူ့ရဲ့ ပထမဆုံး ဦးစားပေး ဖြစ်သွားပါပြီ..။ဒါပေမဲ့ ...ဘယ်လိုနည်းနဲ့လဲ...။

'ဘယ်လို ခေါ်ရမလဲ...စာကြည့်တိုက်လား..။အကယ်ဒမီ မှာ ဒီလိုဟာ တစ်ခုတော့ ရှိလောက်မှာပဲ ဟုတ်တယ်မလား...'

ဒါပေါ့..ဆန်နီက စာကြည့်တိုက်တစ်ခုကို ဘယ်တုန်းကမှ မရောက်ဖူးပေမယ့်..ဒီအသုံးအနှုန်းနဲ့ရင်းနှီးပါတယ်..။ဆင်ခြေဖုံးရပ်ကွက်တွေမှာလည်း တူညီတဲ့ အများပြည်သူသုံး စာကြည့်တိုက်တွေ ရှိပေမယ့်..ဒါတွေကို အသုံးပြုဖို့ အကြွေးကတ် တွေလိုပါတယ်။သူက တစ်ခါတစ်လေ ရောက်ဖူးတယ် ဆိုပေမယ့် စာလေ့လာဖို့အတွက် မဟုတ်ပဲ..ဖျော်ဖြေမူရဖို့အတွက်ပါ..။

အခုဆန်နီမှာ..အဆင့်မြင့် စကားပြောစက် ပိုင်ဆိုင်ထားတာကြောင့် အင်တာနက်ကနေ .အချက်အလက်တွေ ရှာဖွေနိုင်ပေမယ့်..ဒီလို လုပ်တာက ဒေတာ သဲလွန်စ တွေ ကျန်ခဲ့နိုင်ပါတယ်။သူ ရှာဖွေချင်တဲ့ အချက်အလက်တွေက အရမ်းကို အန္တရာယ်များတာကို တွေးမိလိုက်တာကြောင့်..သူက ဖြစ်နိုင်သမျှ မသိရှိအောင် သာ လုပ်ချင်နေခဲ့တယ်။

' ဒါက စာကြည့်တိုက် ပဲ...'

ဆယ်မိနစ် လောက်အကြာမှာတော့..သူက လေးထောင့်ပုံစံ အဖြူရောင် အဆောက်အဦးတစ်ခု ဆီကို နီးကပ်လာခဲ့တယ်။အကယ်ဒမီ ရဲ့ တစ်ခြား အဆောက်အဦးတွေလိုပဲ..ဒီအရာရဲ့ နံရံတွေကို..ချောမွေ့ပြီး သန့်ရှင်းတဲ့ သတ္တုတွေနဲ့ ပြုလုပ်ထားခဲ့ပါတယ်။သူ့မှာ အချိန်မရွေး ပိတ်ဖွင့်နိုင်တဲ့ ပြတင်း ပေါက်တွေလည်း ရှိနေခဲ့တယ်..။အထဲက မြင်ကွင်းမှာ လူအများကြီးမရှိတာကြောင့်..နိုးထသူတွေကြားထဲမှာ စာကြည့်တိုက်က ပေါ်ပြူလာ မဖြစ်ဘူး လို့ သူ ယူဆလိုက်ပါတယ်။

ဘာလို့ ဖြစ်နိုင်မလဲ..တကယ်လို့ ဒီမှာရှိနေတဲ့ အချက်အလက်တွေ အားလုံးကို အဝေးမှာ ရှိနေရင်တောင် ဖတ်လို့ရနေတယ် ဆိုရင်..ဒီကို ကိုယ်တိုင်ရောက်လာခဲ့တဲ့ သူကတော့ တကယ်ကို ထူးဆန်းနေမှာပါ..။

အလိုလျောက် ပွင့်တဲ့ တံခါးကနေ ဝင်သွားတဲ့ အချိန်မှာတော့..ဆန်နီ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်တယ်..။

သူကြည့်လိုက်တဲ့ နေရာတိုင်းမှာ..စာအုပ်တွေနဲ့ပြည့်နေတဲ့ စာအုပ်စင်တွေ ရှိနေခဲ့ပါတယ်။ဒီစင်တွေကြားမှာတော့..စာဖတ်ဖို့အတွက် ရည်ရွယ်ချက်နဲ့ စားပွဲတွေရှိနေခဲ့ကြတယ်..။လူငယ် ယောက်ျားလေး ၊ မိန်းကလေးက တစ်ချို့က ဒီနောက်မှာ တိတ်ဆိတ်စွာ ဖတ်နေခဲ့ကြပြီး တာမီနယ် တစ်ချို့နဲ့ မှတ်သားနေခဲ့ကြတယ်...။သို့ပေမယ့် တစ်ချို့က တကယ်ပဲ လက်နဲ့ရေးသားနေခဲ့ကြပါတယ်။

'ဒါက ဘယ်လို သောက်ကျိုးနဲ လဲ...'

ဒါပေါ့ ဒီစာအုပ်တွေ အားလုံးကို ဒြပ်ပေါင်းစက္ကူပေါ်မှာ ပုံနိုပ်ထားတယ် ဆိုပေမယ့်..ဘာလို့ သူတို့ အကုန်လုံးကို ပရင့်ထုတ်ထားတာလဲ..။သာမန်လူတွေလိုမျိုး တာမီနယ် ကနေ တဆင့်ဖတ်တာက ပိုမကောင်းဘူးလား..။

သူ့ဘဝမှာ ရုပ်ပိုင်းဆိုင်ရာ ဝတ္တုကို တစ်ခါမှ မမြင်ခဲ့ဖူးပေ..။ဒီလို အရာမျိုးကို အသုံးပြုတဲ့ အကြံဥာဏ်ကတော့ တကယ် အံ့ဩဖို့ကောင်းပါတယ်။

သိူ့ပေမယ့် ဒါက အဓိပ္ပါယ်ရှိတယ်..။ဒစ်ဂျစ်တယ် ဒေတာ သိုလှောင်တဲ့ နည်းပညာတွေက အရမ်းကို အဆင့်မြင့်တယ် ဆိုပေမယ့်လည်း..ပျက်စီးမူ အမျိုးမျိုးကို ခံရနိုင်ပါတယ်။အိပ်မက်ဆိုး အခိုက်အတန့်ရဲ့ မှောင်မိုက်တဲ့ အချိန်တွေ ရောက်မလာခင်တုန်းက ..လူသားတွေဟာ..အဆုံးမရှိ ပျက်ဆီးနိုင်တဲ့ စစ်ပွဲတွေ ၊ သဘာဝ ကပ်ဘေး တွေ ဆက်တိူက်ဖြစ်ပေါ်ခဲ့တာကြောင့်..ဒစ်ဂျစ်တယ် နည်းပညာအပေါ်မှာ အရမ်းမှီခိုထားတဲ့..အသိပညာတွေကို ဆုံးရှုံးခဲ့ရပါတယ်။ရလာဒ်အနေနဲ့ ယဥ်ကျေးမူ အလွှာတစ်ခုလုံး ပျက်ဆီးသွားခဲ့ရတယ်။

အသိပညာတွေကို ထိန်းသိမ်းဖို့အတွက် စက္ကူတွေက အကောင်းဆုံးရွေးချယ်မူ ဖြစ်နေတုန်းပါပဲ..။

ဒါက ဆန်နီပဲ ဘယ်တုန်းကမှ မတွေးဖူးခဲ့တာပါ။

' ထူးဆန်းနေတုန်းပဲ..'

သူ့ရဲ့ စိတ်ရှုပ်ထွေးမူကို မပြမိအောင်ကြိုးစားရင်း..ဆန်နီ ပတ်ဝန်းကျင်ကို ကြည့်နေရင်းကနေ စာကြည်တိုက် ဝန်ထမ်းတစ်ယောက်ကို..သတိထားမိလိုက်တယ်..။ဒါက ငယ်ရွယ်တဲ့ လူငယ်လေး..မဟုတ်ဘူး...ခနလေး...မိန်းကလေးတစ်ယောက်လား..။အနက်ရောင် ဆံပင်အတို ၊ ဥာဏ်ကောင်းတဲ့ အညိုရောင် မျက်လုံးတွေ ရှိနေတဲ့ လူငယ်လေးတစ်ယောက်ဟာ..လတ်တလောမှာ..ရှေးဟောင်းပုံစံ စာအုပ်တစ်အုပ်ကို ဖတ်နေခဲ့ပါတယ်။သူမရဲ့ ရင်ဘတ်ပေါ်မှာတော့.. " ရမ် " လို့ ရေးထားတဲ့ တံဆိပ် ရင်ထိုး တစ်ခုရှိနေခဲ့တယ်..။

အနည်းဆုံးတော့ ဒါက နာမည်လိူ့ ဆန်နီ တွေးမိလိုက်ပါတယ်..။ဒါက စာကြည့်တိုက်မှူး တွေထဲမှာတောင် ထူးဆန်းတဲ့ နာမည်ဖြစ်နေနိုင်ပါတယ်။သူတို့က ဒီမှာ ဘယ်လို ထူးဆန်းတဲ့ ဓလေ့တွေ ထားရှိကြလဲ ဘယ်သူ သိမှာလဲ..။

ငယ်ရွယ်တဲ့ စာကြည့်တိုက်မှူးဆီကို လျောက်သွားလိုက်ပြီး..မီတာအနည်းငယ်အကွာမှာ ရပ်လိုက်ကာ သူ့ကို သတိထားမိအောင် စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့တယ်..။သို့ပေမယ့် " ရမ် " ကတော့ သူမ ဖတ်တဲ့ ဇာတ်လမ်းက ဘာပဲဖြစ်ဖြစ် မျက်လုံးထဲမှာ စိတ်ခံစားချက်တွေ အပြည့်နဲ့ ဖတ်နေခဲ့တယ်..။သိချင်စွာပဲ

ဆန်နီဟာ စာအုပ်အဖုံးကို မသိမသာ လှမ်း ချောင်းကြည့် လိုက်ပါတယ်..။

'လွတ်လပ်စွာ ကျရှုံးခြင်း...နာမည်က ရင်းနှီးနေသလိုပဲ..။ဒါက တကယ် စာအုပ်ကောင်းပဲ ဖြစ်ရမယ်..။ငါလည်း တစ်နေ့ကျရင် ဖတ်ကြည့်သင့်လား.."

"အာ..ဟေး...။ကျွန်တော် လမ်းညွှန်မူလေး နည်းနည်းရနိုင်မလား.."

ရမ် ဟာ..ခနလောက်တွေဝေသွားခဲ့ပြီးနောကိမှာ ဝတ္တုစာအုပ်ကို ချလိုက်ပြီး သူ့ကို အပြုံးလေးနဲ့ ကြည့်လာခဲ့တယ်..။

"ဒါပေါ့...ဘာများ ကူညီပေးရမလဲ.."

သူ ခနလောက်တွေဝေ ပြီးကာမှ မသေချာတဲ့ အမူအရာနဲ့ ပြောလိုက်တယ်..။

"အိပ်မက်ကမ္ဘာရဲ့ အကြောင်းအရာတွေနဲ့..လက်ရှိလူသားတွေ ချဲ့ထွင်ထားတဲ့ နယ်မြေဒေသ တွေအကြောင်း ဘယ်နားမှာ ဖတ်လို့ရနိုင်မလဲ.."

ရမ် ဟာ..အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်ပြီးကာမှ ယဥ်ကျေးစွာ ပြန်မေးလိုက်တယ်..။

"အာ...နည်းနည်းလေး ပိုတိကျပေးလို့ ရမလား.."

ဆန်နီ သက်ပြင်းချလိုက်ပြီး.

"ငါက..လူသား ခံတပ်တွေစာရင်း နဲ့ မြေပုံကိုကြည့်ချင်တာပါ..ပြီးတော့ အဲဒီနေရာတွေကို ဘယ်သူပိုင်တာလဲ ဘာကြောင့်လဲ..ဆိုတာတွေပေါ့..။အဲလိုထင်တာပဲ..."

စာကြည့်တိုက်မှူးဟာ တောက်ပစွာပြုံးလိုက်ပြီး..

"အာ..နင် ကလည်း သမိုင်းကို ချစ်တဲ့လူတစ်ယောက်ပဲလား..။ဒါပေါ့...ဒါပေါ့..။နင် လာတာ နေရာမှန်သွားပြီ..။ဒီနေရာမှာ နင်လို့ ချင်တဲ့ အရာမှန်သမျှ အကုန်ရှိတယ်..။နစ်ကယ်...."

ဆန်နီ တုန်လှုပ်သွားတယ်..

"နစ်ကယ် လား..။ဒါက ဘာကိုဆိုလိုတာလဲ..။ဘာတွေဖြစ်နေတာလဲ..."

နောက်ထပ် စာကြည့်တိုက်မှူး လူငယ်လေးတစ်ယောက်က ဘယ်ကမှန်း မသိ ပေါ်လာခဲ့တယ်။ဒီတစ်ယောက်ကတော့ ကျိန်းသေ ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး..အဖြူရောင် ရှပ်အင်္ကျီ နဲ့ အနီရောင် ဆံပင် ၊ မုတ်ဆိတ်အနည်းငယ် နဲ့ ဖော်ရွေတဲ့ မျက်နှာထားရှိပါတယ်..။သူ့ရဲ့ အင်္ကျီ ပေါ်မှာလည်း "နစ်ကယ်" လို့ရေးထားတဲ့ နာမည်ကတ် တစ်ခု ရှိနေခဲ့တယ်..။

သူတို့နှစ်ယောက်စလုံးက ထူးဆန်းတဲ့ စုံတွဲပါ..။

"နစ်ကယ်..ကျေးဇူးပြုပြီး ဒီလူငယ်လေးကို အိပ်မက်ကမ္ဘာ သမိုင်းကြောင်း အခြမ်းကို ခေါ်သွားပေးနိုင်မလား..."

အရပ်ရှည်ရှည် စာကြည့်တိုက်မှူး ဟာ ဆန်နီကို တစ်ချက်ကြည့်ကာ ပြုံးလိုက်ပြီး

"သေချာတာပေါ့..။ကျေးဇူးပြုပြီး နောက်က လိုက်ခဲ့ပါ..."

သူတို့က စာကြည့်တိုက်ရဲ့ အတွင်းပိုင်းကို ဝင်သွားပြီး ရမ်ကို ထားခဲ့လိုက်ကြတယ်။ခနအကြာမှာတော့ ဆန်နီဟာ အနောက်ဘက်ကနေ စာရွက်တွေ လှန်တဲ့ အသံကိုကြားလိုက်ရပါတယ်။ငယ်ရွယ်တဲ့စာကြည့်တိုက်မှူးက နောက်တစ်ကြိမ် စာအုပ်ထဲမှာ နစ်မြောနေခဲ့ပြန်ပါပြီ..။

'ဟုတ်တယ် ငါ အဲ့ ဝတ္တုကို ကျိန်းသေ ဖတ်ကြည့်သင့်တယ်..။အဆင့် ၇ ရှိတဲ့ မြို့သားတစ်ယောက်က ကောင်းကောင်း ဖတ်သင့်တယ်လေ..ဟုတ်တယ်မလား..'

နစ်ကယ်..ဟာ သူ့ကို စာကြည့်တိုက်ထဲကို ခေါ်သွားရင်း ရှာဖွေရ လွယ်ကူစေဖို့ မေးခွန်းအနည်းငယ် ထပ်မေးခဲ့ပါတယ်..။မကြာခင်မှာပဲ သူတို့က စာအူပ်စင် တစ်ချို့ရဲ့ ရှေ့ကို ရောက်လာခဲ့ကြတယ်။ဒီပေါ်မှာတော့ အိပ်မက်ကမ္ဘာ နဲ့ လူသားတွေရဲ့ သမိုင်းကြောင်းကို ရှင်းပြထားတဲ့ စာအုပ်တွေပါ..။

လူငယ်လေးဟာ ဆန်နီကို အနည်းငယ် ကူရွေးပေးပြီး ကံကောင်းစေဖို့ ဆုတောင်းပေးကာ..သူ ပေါ်ထွက်လာခဲ့တဲ့ အတိုင်း တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့တယ်။ဆန်နီ ဟာ အစောက နစ်ကယ် ရှိနေခဲ့တဲ့ နေရာကို စိုက်ကြည့်ရင်း ခေါင်းခါယမ်းလိုက်ပါတယ်။

' စာကြည့်တိုက် မှူးတစ်ယောက်...အဲဒီအစား ဒီငနဲက လုပ်ကြံရေးသမား တစ်ယောက် ဖြစ်လာရမှာ..'

ကောင်းပြီလေ..သူက ဖြစ်နေနိုင်တာပဲ..။တကယ်တော့ စာကြည့်တိုက်မှာ အလုပ်လုပ်နေတာက လျို့ဝှက်လုပ်ဆောင်ရတဲ့ သူတွေအတွက် ကောင်းမွန်တဲ့ မျက်နှာဖုံးတစ်ခူ ဖြစ်နိုင်ပါတယ်။

'ငါလည်း စာကြည့်တိုက်မှူးတစ်ယောက် ဖြစ်သင့်တာလည်း..ဖြစ်နိူင်တာပဲ..'

ဘယ်သူမှ သူ့ကို ကြည့်မနေတာ သေချာအောင်လုပ်ပြီးကာမှ ဆန်နီဟာ သူ့ရဲ့စာအုပ်တွေကို စားပွဲပေါ်ကို တင်လိုက်ပြီး..စာအုပ်စင်ဆီကို ပြန်လျောက်သွားလိုက်တယ်..။ယင်းနောက် သူ လွန်ခဲ့တဲ့ မိနစ်အနည်းငယ် ကတည်းက မျက်စိကျနေတဲ့ စာအုပ်ကို ကြည့်လိုက်ပါတယ်။

သူ့ရဲ့ ခေါင်းစဥ်ကတော့ ရိုးရိုးရှင်းရှင်းပါပဲ..။

"အင်မော်တယ် မီးတောက်..."

ဆန်နီ ခနလောက် တွေဝေပြီးကာမှ စာအုပ်ကို ကောက်ယူလိုက်တယ်။

အုပ်ချုပ်သူ တွေဟာ..နစ်ဖီ ရဲ့ ကလန် ကျရှုံးမူမှာ ပါဝင် ပတ်သက်နေကြတယ် ဆိုတာကို သူသေချာ သလောက် ရှိပါတာ်။ဒီလိူဆိုရင်တော့ အင်မော်တယ်မီးတောက် ရဲ့ သမိုင်းကြောင်းမှာ သူတို့ရဲ့ အရိပ်အယောင်တွေ ရှိနေမှာ အသေအချာပါပဲ..။

'ဒါက အဖြေတစ်ချို့ကို ရှာဖို့အတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်နေတာပဲ...ဟုတ်တယ်မလား..'

All Chapters