← Chapters

အတိတ်က ဖြစ်ရပ်များ

Vol. 25 Ch. 367

အတိတ်က ဖြစ်ရပ်များ

Vol. 25 Ch. 367

ဆန်နီဟာ စာအုပ်ကို ယူပြီး စားပွဲဆီကို ပြန်သွားကာ ထိုင်လိုက်တယ်..။ယင်းနောက် စာအုပ်မျက်နှာဖုံးကို ရှုပ်ထွေးတဲ့ အမူအရာနဲ့ကြည့်နေခဲ့ပါတယ်..။

ဒါပေါ့..သူက အင်မော်တယ် မီးတောက် ကလန်နဲ့ ပတ်သက်ပြီး အနည်းငယ်တော့ သိထားခဲ့ပါတယ်။ဒီကလန်ရဲ့ အဖွဲ့ဝင်တွေရဲ့အောင်မြင်မူတွေကို ပြန်တွေးကြည့်ရင်း..ဒီကလန် အကြောင်းကို လူတိုင်းလည်း သိထားမှာပါ..။ဆန်နီက ပညာရေး သင်ကြားမူတွေကို မရရှိခဲ့ပေမယ့်..ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ အဖေ နဲ့ အဖိုးတို့ရဲ့ ဒဏ္ဍာရီလာ ပုံရိပ်တွေက..သမိုင်းစာမျက်နှာတွေထက်ကနေ ကျော်ကြားမူအဖြစ်..ပြောင်းလဲသွားခဲ့ပါပြီ..။

သူတို့ရဲ့ နာမည်တွေက..သူရဲကောင်းဆန်မူ ၊ လူသားတွေရဲ့ မယိမ်းယိုင်တဲ့ စိတ်ဓာတ် ၊ ဝမ်းနည်းဖွယ်ရာတွေနဲ့ ခြယ်မှုန်းထားတဲ့ ကျော်ကြားမူတွေနဲ့ အတော်လေးကို ဆင်တူပါတယ်။

အင်မော်တယ်မီးတောက် က မာစတာ တစ်ယောက်ဖြစ်လာတဲ့ ပထမဆုံး နိုးထသူ တစ်ယောက်ဖြစ်ပြီး ၊ သူ့ရဲ့ သမက်ဖြစ်တဲ့ ဓားကျိုး က သူတော်စင် တစ်ယောက်ဖြစ်လာတဲ့ ပထမဆုံး မာစတာ ပါ..။ဒါပေါ့..သူတို့က ဒီဟာတွေကို တစ်ယောက်တည်း လုပ်ခဲ့ကြတာ မဟုတ်ပါဘူး..။တစ်ယောက်ချင်းစီတိုင်းက..အခိုက်အတန့်ကို စိန်ခေါ်ဖို့အတွက်..အခက်အခဲတွေကို မျှဝေပေးမယ့် အဖွဲ့သားတွေ ရှိကြပါတယ်။ဒီတော့..သင့်တော်တဲ့ စာသားတစ်ခုအဖြစ် ဆိုရင်တော့..သူတို့က ဒုတိယနဲ့တတိယ အိပ်မက်ဆိုးတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့..ပထမဆုံးအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေပါ..။

သို့ပေမယ့်..သူတို့ရဲ့ အဖော်တွေကိုတော့ ​အလားတူကျော်ကြားခြင်း မရှိကြပါဘူး..။ကလေးတွေက သူတို့အကြောင်းကို ​ကျောင်းတွေမှာ သင်ကြားခွင့်ရကြတယ် ဆိုတာကို ဆန်နီ သေချာသိထားပေမယ့်..သူ့လို လမ်းဘေးက ကြွက်တစ်ကောင်ကတော့..အကြမ်းဖျင်း မှတ်မိယုံမျှသာ ရှိပါတယ်။သူ မှတ်မိတဲ့..အရာတစ်ချို့ကတော့ ဒီထဲက တစ်ချို့က ကြီးမြတ်တဲ့ ကလန်တွေကို တည်ထောင်နိုင်ခဲ့ကြတာ် ဆိုတာပါပဲ..။

သို့ပေမယ့် သူရဲကောင်းတွေနဲ့ ပတ်သက်ပြီး ..ဆန်နီတစ်ခါက အယ်ဖီကို ပြောခဲ့ဖူးတာက - သူရဲကောင်း တစ်ယောက် ဖြစ်လာဖို့ဆိုရင် သေဖို့ လိုအပ်တယ် ဆိုတာပါ။ဒါက ဟာသတစ်ခု မဟူတ်ပါဘူး..။လူတစ်ယောက်က..မယုံနိုင်တဲ့ အရာတွေကို လုပ်ပြပြီး လူသ်ိများမူ နဲ့ လေးစားမူ တွေကို ရယူလို့ရပါတယ်။သို့ပေမယ့်..အဆုံးစွန်သော စတေးမူ ဖြစ်တဲ့ အသက်ကို ပေးဆပ်မှသာ..လူတစ်ယောက်ကို သူရဲကောင်း အဆင့်အတန်း တစ်ခုဆီ မြှင့်တင်ပေးနိုင်မှာပါ။

ဒါကြောင့်လည်း အင်မော်တယ် မီးတောက် ကလန် က တစ်ခြားကလန် တွေထက် ပိုပြီး ကျော်ကြားနေခဲ့တာပါ..။ဒါက ဒီအဖွဲ့တွေရဲ့ ခေါင်းဆောငိတွေက ဒီကလန်ကနေ လာကြယုံတင်မကပဲ..ဆိုးဝါးစွာ အဆုံးသတ်သွားတာ ကြောင့်လည်း ပါပါတယ်။

...တကယ်လို့ နစ်ဖီ သာ အစစ်အမှန်ကမ္ဘာကို ပြန်လာနိုင်ခဲ့ရင်..သူမရဲ့ ကလန် ကျော်ကြားမူက တဖန်ပြန်ပြီး တောက်ပလာတောပမှာပါ..။ဖြစ်နိုင်တာက အရင်ကထက် ပိုတောက်ပတာတောင်ဖြစ်နိုင်ပါတယ်။အိပ်မက်ကမ္ဘာထဲက ရှင်ကျန်ရစ်သူတွေက သူမကို နတ်သမီး တစ်ပါးလိုတောင် ဆက်ဆံနေကြပါပြီ။

ရုတ်တရက် မျက်မှောင်ကျုတ်မူနဲ့ အတူပဲ ဆန်နီ စာအုပ်ကို ဖွင့်လိုက်ပြီး စတင်ဖတ်လိုက်တယ်။စခရင်နဲ့ ဖတ်ရတာ မဟုတ်ပဲ..ပရင့်ထုတ်ထားတဲ့ စာသား တွေကို ဖတ်ရတာကြောင့် သူ အနည်းငယ် ရုန်းကန်နေခဲ့ရတယ်..။သို့ပေမယ့်..အလျင်အမြန် အသားကျသွားခဲ့ပြီး..ကျော်ကြားတဲ့ ကလန်ရဲ့ သမိုင်းကြောင်းထဲမှာ နစ်မြုပ်သွားခဲ့ပါတယ်။

ပထမအပိုင်းကတော့..အင်မော်တယ် မီးတောက်ရဲ့ အကြောင်းကို ဖော်ပြထားခဲ့တယ်..။ဒါက စိတ်ဝင်စားဖို့ ကောင်းပေမယ့်..ဆန်နီ အတွက် အသုံးဝင်တာ ဘာမှမရှိပါဘူး..။နစ်ဖီ ရဲ့ အဖိုးက..အိပ်မက်ဆိုးအခိုက်အတန့် ရဲ့ ပထမဆုံးလှိုင်း ကူးစက်ခံရသူထဲမှာ ပါဝင်ပြီး..အခိုက်အတန့်ရဲ့ နောက်ဆက်တွဲကပ်ဆိုးတွေကို တိုက်ခိုက်ခဲ့တယ် ဆိုတာကို သူသိထားပြီးပါပြီ။

အရင်တုန်းကဆိုရင်..သန်းနဲ့ချီတဲ့လူတွေက အိပ်မက်ဆိုး ကမ္ဘာထဲကို ရုတ်တရက် ဆွဲခေါ်သွားခံကြရပြီး..သေဆုံးသွားခဲ့ကြတယ်..။ရလာဒ်အနေနဲ့ သန်းနဲ့ချီတဲ့ အိပ်မက်ဆိုးသားရဲ တွေက..အစစ်အမှန်ကမ္ဘာထဲကို ဝင်လာခဲ့ကြပါတယ်။ဒါပေါ့..အားလုံးက အသွင်ပြောင်း အဆင့်တွေ ဖြစ်ကြပေမယ့်လည်း..များပြားလှတဲ့ သားရဲတွေကတင်..လူသားတွေအတွက် က်ိုင်တွယ်ရခက်ခဲနေခဲ့ပါပြီ။နိုင်ငံတွေ အများကြီး ပျက်ဆီးခဲ့ကြရပြီး..အတော်ကြာတဲ့အထိ ဂြိုလ်ကြီးတစ်ခုလုံးက ဗရမ်းဗတာ ဖြစ်နေခဲ့တာပါ။

ဒါက အခြေအနေကို ပြောင်းလဲပေးခဲ့တဲ့ အင်မော်တယ် မီးတောက် လို လူမျိုးတွေကို ကျေးဇူးတင်ရမှာပါ..။ဒါပေါ့..အဲ့တုန်းကတော့ အစစ်အမှန်နာမည်ကို မရကြသေးပါဘူး..။အဲဒီမှာ ပထမအိပ်မက်ဆိုးထဲကို ရှင်သန်တဲ့လူတွေ ရှိကြပြီး..သူတို့က အိပ်မက်ကမ္ဘာထဲကို ဝင်ရောက်ကာ..ထွက်ပေါက်ဆီကို လမ်းကြောင်းဖောက်ကြပါတယ်။အစစ်အမှန်ကမ္ဘာကို ပြန်လာပြီးတဲ့ နောက်မှာတော့.. သူတို့က စုစည်းကြပြီး..အိပ်မက်ဆိုးသားရဲ အုပ်ကြီးကို တိုက်ထုတ်ကာ နောက်ဆုံးမှာ လူသားတို့ရဲ့ စနစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။

ဒါက ဒီနေ့အထိ တည်ရှိနေတဲ့ တစ်ခုပါပဲ..။

'သူတို့က..တကယ် ကြံ့ခိုင်တယ်..ကြံ့ခိုင်တဲ့ သူတွေပဲ'

အခိုက်အတန့်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လူတိုင်းက..လွတ်လွတ်လပ်လပ် မျှဝေပေးထားတဲ့ ဒီနေ့ခေတ်မှာတောင် နိုးထသူ တစ်ယောက်ဖြစ်လာဖို့ ဆိုတာက ခက်ခဲပါတယ်။အဲဒီ ပထမဆုံးအချိန်မှာဆိုရင်တော့ အင်မော်တယ် မီးတောက် လိုလူမျိုးတွေက ဘာကိုမှ မသိခဲ့ကြသေးပေ..။သူတို့က ဘာစွမ်းရည်တွေလဲ..၊ အဆင့် တွေ နဲ့ အိပ်မက်ဆိုးသတ္တဝါ အမျိူးအစားတွေ ဘယ်နှစ်မျိုးရှိလဲဆိုတာကို မသိကြပါဘူး..။ဆိုလိုတာက..မှတ်သားမူ နဲ့ ထပ်တူညီတွေ ဆိုတာက ဘာကို ဆိုလိုတာလဲ...ထွက်ပေါက်ဆိုတာက ဘာလဲ..

ပိုပြီးအရေးကြီးတာက..သူတိူ့က လူသားတွေကို ကယ်တင်ဖို့ဆိုတာ ဖြစ်နိုင်တယ်လို့တောင် မသိထားခဲ့ကြပါဘူး..။

ပြီးတော့ ဒါတောင်မှ..သူတို့ သင်ယူပြီး တိုကိခိုက်နိုင်ခဲ့ကြပါတယ်။အဲ့အချိန်တွေက ဘယ်လောက် မှောင်မိုက်ပြီး ငရဲတမျှ ဖြစ်နေမလဲ ဆိူတာကို ဆန်နီ မတွေးတတ်တော့ပေ..။သူတိူက တကယ့်ကိုပဲ ..သူ့ရဲ့ လေးစားမူ နဲ့ ထိုက်တန်ပါတယ်။

...သို့ပေမယ့်..ဝမ်းနည်းစွာပဲ..သူတို့က သူ့ရဲ့ အချိန်တွေ အထွက် ထိုက်တန်မူ ရှိမနေခဲ့ပေ..။အနည်းဆုံးတော့ အခုအချိန်မှာပါ..။သူက အခုချိန်မှာ သူ့ဆီမှာ ရှိတဲ့ ဖိအားတွေက ပိုများနေတာကြောင့်..ဆန်နီဟာ အင်မော်တယ်မီးတောက်ရဲ့ ဘဝအကြောင်း စာရွက်တွေကို ကျော်လိုက်တယ်..။

ဒဏ္ဍာရီလာ မာစတာဟာ..ဂိတ်ပေါက် ငါးခုကနေ ဝင်ရောက်လာတဲ့ ကြောက်မက်ဖွယ် သတ္တဝါ တွေရဲ့ ရတ်ကနေ ထွက်ပြေး တိမ်းရှောင်နေရသည့် မြို့များကိုညကာကွယ်ရင်း..သေဆုံးခဲ့ရသည်..။ဒါက ဆန်နီ မမွေးဖွားခင် တစ်နှစ်အလိုလောက်မှာ ဖြစ်ပျက်သွားခဲ့ပြီး လူသားတွေရဲ့ တိုက်ကြီး တစ်ခုလုံးကို ပျက်ဆီးစေခဲ့ပါတယ်။

စာအုပ်ထဲမှာ အသေးစိတ် အခြေအနေတွေ မရေးထားခဲ့ပေမယ့် ဒီအဖြစ်အပျက် တွေကပဲ နစ်ဖီ ရဲ့အမေကို ဟောလိုး တစ်ယောက်ဖြစ်လာစေတာပါ..။ဒီမှာပြောထားတာကတော့..ကောင်းကင်ရဲ့ အပြုံးဟာ မြို့သားတွေကို ကယ်တင်ဖို့ကြိုးစားရင်း သေဆုံးသွားခဲ့တယ် ဆိုတာပါပဲ..။

ဆန်နီ သက်ပြင်းချလိုက်ပြီး ကျိုးပဲ့ဓားအကြောင်းကို အာရုံစိုက်ပြီး ဖတ်လိုက်တယ်။

နစ်ဖီ ရဲ့အဖေ က ဆက်ခံသူအဖြစ် မွေးဖွားလာခဲ့တဲ့သူ မဟုတ်ပါဘူး။တကယ်တော့ သူက အရမ်းကို နိမ့်ကျတဲ့ နောက်ခံကနေ ရောက်လာခဲ့တာဖြစ်ပြီး..သူ့ရဲ့ ပါရမီ နဲ့ တိုက်ခိုက်ရေး ထူးချွန်မူကြောင့်သာ ဒီလို ထိပ်ဆုံးနေရာကို တက်လှမ်းလာနိုင်ခဲ့တာပါ။သူက မင်းသမီးလေးရဲ့ နှလုံးသားကို ရယူနိုင််ခဲ့တဲ့ ဆင်းရဲသားတစ်ယောက်ဖြစ်ပြီး..လူသားသမိုင်းကြောင်းမှာ..ကောင်းချီးပေးခံရဆုံး ကလန်ရဲ့ ဆက်ခံသူ ဖြစ်လာခဲ့ပါတယ်။

စာအုပ်ရဲ့ ကျော်ရိုးကျဥ်းမြောင်းမူကြောင့်..သမိုင်းထဲမှာတော့..ကျိုးပဲ့ဓား ဟာ သူ့မိန်းမ သေဆုံးမူကြောင့် အသဲကွဲ ခဲ့တယ်လို့ ဖော်ပြထားခဲ့ပြီး..ဒီဆုံးရှုံးမူကပဲ သူ့ကို တဆင့်မြှင့်တက်သွားစေကာ..တတိယ အိပ်မက်ဆိုးကို စိန်ခေါ်ခဲ့ပါတယ်။ဆန်းကျယ်စွာပဲ ကျိုးပဲ့ဓားက အောင်မြင်သွားပြီး..ပထမဆုံး သူတော်စင် တစ်ယောက်ဖြစ်လာခဲ့တယ်။

ဇာတ်လမ်းလေးရဲ့ အဆုံးလေးမှာတော့..ပျော်စရာ အဆုံးသတ် မဖြစ်ခဲ့ရပါဘူး။နှစ်အနည်းငယ် ကြာပြီးနောက်မှာတော့..သူက အိပ်မက်ကမ္ဘာထဲမှာ..နေရာတစ်ခုကို စူးစမ်းရှာဖွေရင်း သေဆုံးခဲ့ရကာ..နောက်ပိုင်းမှာတော့ ဒီနေရာကို သေဆုံးခြင်း နေရာလို့ သတ်မှတ်ထားခဲ့ပါတယ်။

ဒီစာအုပ်က ဒဏ္ဍာရီလာ သူရဲကောင်းနှစ်ဦး နဲ့ သူတို့ရဲ့ လုပ်ရပ်တွေက လူသားမျိုးနွယ် ရှင်သန် ရေး ၊ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘယ်လောက်တောင် အရေးပါခဲ့ကြောင်း ကျယ်ပြန့်စွာ ရှင်းပြထားခဲ့ပါတယ်။

ဆန်နီ စာအုပ်ကို ပိတ်ပြီး ခေါင်းခါယမ်းလိုက်တယ်။

'...ဘယ်လို အချည်းနှီးလဲ...'

သူက ပညာတတ်တစ်ယောက်မဟုတ် ပေမယ့်လည်း..မြို့ပြင်က လူအများစူလိုပဲ..ပြောရေးဆိုခွင့်ရှိသူတွေရဲ့ ဝါဒဖြန်ချီ တဲ့ အကြောင်းအရာတွေ ကိုချက်ချင်း သိနိုင်စွမ်းရှိပါတယ်။ပြီးတော့..ဒီစာအုပ်မှာ..အစိုးရက လူတွေကို ဂျင်းထည့်လေ့ရှိတဲ့ အဖြည့်ခံ ဇာတ်လမ်းတစ်ခုအဖြစ်သာ ဖော်ပြထားခဲ့ပါတယ်။

အင်မော်တယ် မီးတောက် ကလန်ရဲ့ သမိုင်းကြောင်းနဲ့ပတ်သက်ပြီး ဆန်နီ အတွက် အဓိပ္ပါယ် မရှိတာတွေ အများကြီးပါပဲ။

ပထမတစ်ခုက..ကောင်းကင်အပြုံးရဲ့ ဆိုးဝါးစွာ သေဆုံးမူပါ။စာရွက်ထဲက အတိုင်းဆိူရင် အဆင်ပြေနိုင်ပေမယ်..သူမက ဒီီလိုသေတာ မဟုတ်ဘူးဆိုတာကို သူ သိထားပါတယ်။သူမက ဟောလိုး တစ်ယောက်ပါ..။

ဒါပေမဲ့ သူမက ဟောလိူး ဘယ်လိုဖြစ်သွားတာလဲ..။အုပ်ထဲက အ​တိုင်းဆိုရင်..အဲ့အချိန်မှာ ကျိုးပဲ့ဓားက မာစတာ တစ်ယောက်ဖြစ်နေပါပြီ။သူတို့နှစ်ယောက်စလုံးက အပြင်မှာရော ၊ တိုက်ပွဲထဲမှာပါ စုံတွဲတွေဖြစ်ကြပြီး..သူတို့ရဲ့ အဖွဲ့ကို အတူအကွ ဦးဆောင်ခဲ့ကြပါတယ်။ဒါဆိုရင် ..ကောင်ကင်အပြုံး ကိုယ်တိုင်ကလည်း မာစတာ တစ်ယောက်ပါပဲ..။

သို့ပေမယ့်..မာစတာတွေက အိပ်မက်ကမ္ဘာထဲကို ခန္တာကိုယ် အစစ်နဲ့သွားရောက်ကြတာ ဖြစ်ပြီး..အိပ်စက်သူတွေ နဲ့ နိုးထသူ တွေလို စိတ်ဝိဥာဥ် နဲ့ သွားရောက်ကြတာ မဟုတ်ပေ..။သူမသာ အဲဒီမှာသေဆုံးသွားမယ် ဆိုရင် ..ဝိဥာဥ် မရှိတဲ့ ခန္တာကိုယ် ကျန်နေခဲ့နိုင်မှာ မဟုတ်ပါဘူး..။ဒီတော့ ဘယ်လိုလုပ် ခန္တာကိုယ်ကြီးပဲ ရှိနေတဲ့ ဟောလိုး တစ်ယောက်ဖြစ်လာနိုင်မှာလဲ..။

'ဒီအရာကြီးက အဓိပ္ပါယ်မရှိပေ..။

ဒုတိယ မေးခွန်းထုတ်စရာက..ကျိုးပဲ့ဓားရဲ့သေဆုံးမူပါ..။သူတော်စင်တွေက အရမ်းကို သန်မာကြတဲ့လူတွေဖြစ်တာကြောင့်..တစ်ယောက်ကို သတ်ဖို့ဆိုတာက လွယ်ကူတဲ့အရာ တစ်ခု မဟုတ်ပါဘူး..။တစ်ခြားလွှမ်းမိုးနိုင်စွမ်းရှိတဲ့ သူတော်စင်တစ်ယောက်နဲ့ တွေ့ရင်တောင် သူတို့က အနည်းဆုံးလွတ်မြောက်နိုင်ပါလိမ့်မယ်..။

သူတော်စင်တွေက..အကြောင်းပြချက်တစ်ခုကြောင့် နေရာမှာတင်..နေပြှီး..နောက်ဆုံးအချိန်အထိ သေဆုံးအောင် မတိုက်ခိုက်ဘူးဆိုရင် သေနိုင်စရာ အကြောင်းမရှ်ပေ..။သူတို့ကို ရုတ်တရက် ချက်ချင်းသတ်ဖြတ်နိုင်တဲ့ သတ္တဝါတွေက အရမ်းကို သန်မာကြသလို ၊ အိပ်မက်ကမ္ဘာထဲမှာ မသိတဲ့နေရာကို ရှာဖွေရင်း ကျပမ်းတွေ့နိုင်ဖို့အတွက်တောင် အတော်ခဲယဥ်းပါတယ်..။

ကျိုးပဲ့ဓားက သူ့မှာ ဂရုစိုက်ပြီး ကာကွယ်ပေးရမယ့် သမီးလေးတစ်ယောက် ရှိနေသေးတာကို သိရက်နဲ့ တောင် ဒီလောက် ဂရုမစိုက်ပဲ ၊ ခေါင်းမာ ပါ့မလား..။ဒဏ္ဍာရီလာ ဓားသမားက ဆန်နီအတွက်တော့ သူ့ကိုယ်သူ လွယ်လွယ်ကူကူ အသေခံမယ့် လူမျိုးမဟုတ်ပါဘူး..။တစ်ခြား အင်အားစုတွေ ပါဝင်ပတ်သက်နေတာမျိုး မဟူတ်ဘူးဆိုရင်ပေါ့..။

ပြီးနောက် နောက်ဆုံးနေရာမှာ သူ့အဖွဲ့ရဲ့ တစ်ခြား အဖွဲ့ဝင် နာမည်တွေ ရှိနေခဲ့ပါတယ်။

ဆန်နီ သူတို့နာမည်တွေကို တီးတိုးရွတ်လိုက်တယ်။

"ဓားကျိုး ၊ ကောင်းကင်အပြုံး ၊ အက်စတာရီယွန် ၊

ကီဆောင် ၊ ဗာလာ ကလန်ရဲ့ အန်ဗီ "

'အက်စတာ , ဆောင် , ဗေးလ် လား '

All Chapters