အက်စတာ ၊ ဆောင် ၊ ဗေးလ်
Vol. 25 Ch. 368
ဆန်နီဟာ အင်မော်တယ်ကလန် ရဲ့သမိုင်းကြောငိးကို နာရီပေါင်းများစွာ ကြာအောင် ဖတ်ပြီးတဲ့နောကိဆုံးမှာတော့ အိပ်ငိုက်လာသလို စတင်ခံစားလာခဲ့ရတယ်..။မာစတာ ဂျက် ပေးထားတဲ့ ဆေးလုံးတွေကို သုံးစွဲရလောက်တဲ့ အထိတော့ မဟုတ်သေးပေမယ့် အာရုံစူးစိူက်ရတာကတော့ အနည်းငယ် ခက်ခဲလာခဲ့ပါပြီ..။
သူ့ရဲ့ မျက်နှာကို ပွတ်လိုက်ပြီး..စိတ်ထဲကနေ
ကျိုးပဲ့ဓား ရဲ့ အပေါင်းအပါတွေကို ရေရွတ်လိုက်တယ်..။လူသားမျိုးနွယ်ထဲမှာ ပထမဆု သူတော်စင် ဖြစ်လာခဲ့ကြတဲ့ လူတွေ..။
'အက်စတာရီယွန် ၊ ကီဆောင် ၊ ဗာလာကလန်ရဲ့အန်ဗီ'
သူတို့က အက်စတာ ၊ ဆောင် နဲ့ ဗေးလ် တို့လား..။
အတိအကျကြီးတော့ မဟုတ်ပေမယ့်..ဒဏ္ဍာရီလာ အဖွဲ့ဝင်တွေရဲ့ နာမည်တွေက..နစ်ဖီ သူ့ကို ပြောခဲ့တဲ့ စကားလုံးသုံးလုံးနဲ့ ဆင်တူနေခဲ့ပါတယ်။တစ်ခြားဟာတွေနဲ့ယှဥ်ရင် ဒီဟာက တိုက်ဆိုင်နေတာတော့ အမှတ်ပါပဲ..။
'ကြည့်ကြတာတော့..။ငါ ဒီအကြောင်းတွေကို ဘယ်လောက် အထိ သိရနိုင်မလဲ..'
အနည်းဆုံးတော့ ဒီစကားလုံးသုံးလုံးက နစ်ဖီအတွက် ဝိဥာဥ်စားသုံးခြင်း သစ်ပင်ကနေ လွတ်မြောက်လောက်အောင် သန်မာတယ် ဆိုတာကို ဆန်နီ သိထားပါတယ်..။သူမရဲ့ တုန့်ပြန်ပုံက အရမ်းကို သန်မာလွန်းခဲ့တာကြောင့်..ဆန်နီတောင် သူ့ရဲ့ အသက်ကို စိုးရိမ်သွားခဲ့ရပါတယ်။
သူမက သူ့ကို ထူးဆန်းတဲ့ မေးခွန်းတွေ မေးလာခဲ့တာပါ..
ဆန်နီဟာ ဒီအရာကို အသံမထွက်မိအောင် ကြိုးစားရင်း စိတ်ထဲကနေ ရေရွတ်လိုက်တယ်..။
'နင်က ဘယ် နယ်ပယ်( ဒိုမိန်း ) နဲ့ သက်ဆိုင်နေတာလဲ..'
ဆန်နီ အဲ့တုန်းက နယ်ပယ်( Domain ) ဆိုတာ ဘယ်လို အရာလဲ မသိခဲ့သလို..အခုလည်း မသိသေးပါဘူး..။သို့ပေမယ့် ဒီစကားလုံးမှာ..စာလုံးအကြီး ပါနေတယ် ဆိုတာကိုတော့ သူ သိပါတယ်..။နစ်ဖီ ရဲ့ ဘဝကို သတ်ဖြတ်ဖို့ ကြိုးစားနေခဲ့တဲ့ လူတွေက ဒီ နယ်ပယ် ( ဒိုမိန်း ) တွေနဲ့ ပတ်သက်နေကြတဲ့ ပုံပါပဲ..။
ဆိုလိုတာက ကတ်စတာ လည် ပါဝင်နေပါတယ်။ဒီကနေ တဆင့် အဖြေထုတ်ရရင်..အုပ်စိုးသူ တွေ နဲ့ ဒိုမိန်းတွေက အတူတူချည်နှောင်ထားတာ ဒါမှမဟုတ် တစ်ခုတည်း ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။သူတို့က အင်မော်တယ် မီးတောက်ကလန်ကို ပျက်စီးစေခဲ့တဲ့ဘသူတွေပါပဲ..။
ပြီးတော့ ဒီအရာတွေ အားလုံးက မျိုးဆက် အမှတ်အသား နဲ့ သူတို့ပေးထားတဲ့ စွမ်းရည်တွေ နဲ့လည်း သက်ဆိုင်လောက်မှာပါ..။ဥပမာအနေနဲ့ နေနတ်ဘုရား ရဲ့ မျိုးနွယ်လို့ ဖော်ပြခြင်းခံခဲ့ရတဲ့ မီး စွမ်းရည် ပါပဲ..။
ဒါမှမဟုတ်..မပြည့်စုံသေးကာ တားမြစ်ခံထားရတဲ့
သူ့ ကိုယ်ပိုင် [ ဝီဗာသွေး ] လိုမျိူးပါ။
ဆန်နီ သူ့ နှာဖူးကို ပွတ်ရင်း သက်ပြင်းချလိုက်တယ်။
အချိန်အတော်ကြာတဲ့ အထိ ကတ်စတာ ၊ ဆောင်နဲ့ ဗေးလ် တို့က ဘာကို ဆိုလိုတာလဲ မသိခဲ့ပါဘူး..။သို့ပေမယ့်..ဆောငိကလန်ရဲ့ မွေးစားခြင်းကို ခံခဲ့ရတဲ့ ဆိုင်ရှန်ကို တွေ့ပြီးနောက်မှာ..ဒီဟာတွေက နစ်ဖီရဲ့ အသက်ကို သတ်ဖို့ အကြိမ်ကြိမ်ကြိုးစားနေတဲ့ ကလန်တွေရဲ့ နာမည်တွေဖြစ်နိုင်တယ်လို့ သူ စတင်ပြီး သံသယဖြစ်လာခဲ့တယ်။သူတို့က သူမရဲ့ မိဘတွေ သေဆုံးမူနဲ့ အင်မော်တယ် မီးတောက် ကလန် ကျရှုံးမူတွေမှာ ပတ်သက်နေတာ တောင်ဖြစ်နိုင်ပါတယ်။
ဒါက ဆက်ခံသူ တွေကို သူ သဘောမကျလို့တင်မဟုတ်ပဲ..ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူမနဲ့ အစေခံတွေရဲ့ ဆက်ဆံရေးကို ပြောခဲ့တာကြောင့်လည်း ပါဝင်ပါတယ်။
"ယုံကြည်မူလား..အဲလိုမရှိဘူး...တကယ်တော့ ဘယ်တော့မှပဲ..."
ဆိုင်ရှန် ကို သူမ ဘယ်တော့မှ မယုံကြည်ဘူးလို့ နစ်ဖီက ဘာလို့ပြောရတာလဲ..။ဆိုင်ရှန် က သူမရဲ့ မိသားစုကို ဖျက်ဆီးခဲ့တဲ့ ကလန်တွေထဲက တစ်ခုဖြစ်နေလို့လား..။ဒါက နည်းလမ်းကျတဲ့ ယူဆချက်ပါ..။
..သို့ပေမယ့် အခုတော့..ဆန်နီဟာ သူ မှားနေနိုင်တာကို တွေ့လိုက်ရတယ်..။ဖြစ်နိင်တာက အက်စတာ ၊ ဆောင် နဲ့ ဗေးလ် တို့က ကလန်ရဲ့နာမည်တွေ မဟုတ်ပဲ လူသုံးယောက်ပိုင်ဆ်ိုင်ထားတဲ့ နာမည်ပြောင်တွေ ဖြစ်နိုင်ပါတယ်..။
အက်စတာရီယွန် ၊ ကီဆောင် နဲ့ ဗာလာကလန်ရဲ့အန်ဗီ
သူတို့က ကျိုးပဲ့ဓား ရဲ့ အပေါင်းအပါတွေဖြစ်တာကြောင့် နစ်ဖီက သူ့အဖေ မသေခင်မှာ ဒီလူတွေကို အကြိမ်ပေါင်းများစွာ တွေ့ခဲ့ဖူးမှာပါ..။ကျိုးပဲ့ဓားပဲဖြစ်ဖြစ် နစ်ဖီပဲဖြစ်ဖြစ်..သူတို့ရဲ့ နာမည် အပြည့်အစုံကို ခေါ်ကြမှာမဟုတ်ပေ..။သူမ သူတို့ကို ဘယ်လိုခေါ်နိုင်မလဲ..။
အန်ကယ် အက်စတာ လား ၊ အန်တီ ဆောင် လား ။
ဆန်နီ အောက်ကို ကြည့်ပြီး မျက်နှာပေါ်မှာ နက်မှောင်တဲ့ အမူအရာပေါ်လာခဲ့တယ်။
တကယ်လို့ ဒီလူတွေကသာ အမှန်တကယ်ပဲ သူတို့ကို ယုံကြည်တဲ့ကလေးမလေးကို အကြိမ်ပေါင်းများစွာသတ်ဖြတ်ဖို့ကြိုးစားခဲ့ကြတာ ဆိုရင်..နစ်ဖီ သူတို့အပေါ်မှာ ထားရှိတဲ့ အမုန်းတရားက ရှင်းပြဖို့ လွယ်ကူသွားခဲ့ပါပြီ။
အရမ်းကို ပါရမီကောင်းပြီး အင်အားကြီးတဲ့
သူတော်စင် ကျိုးပဲ့ဓားက ဘယ်လိူသေဆုံးသွားတာလည်း ဆိုတာကို ရှင်းပြရတာ လွယ်ကူသွားခဲ့ပါပြီ..။ဖြစ်နိုင်တာက..ဖြစ်နိုင်တာက..သူ အယုံကြည်ရဆုံး လူတွေ ဆိီကနေ သစ္စာဖောက်ခံလိုက်ရတာပါ။
ဒီအတွက် သက်သေ ရှိမနေဘူး ဆိုပေမယ့်လည်း..ဒါက အဓိပ္ပါယ် အများကြီး ရှိနေခဲ့တယ်..။ဆန်နီဟာ သူက မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေသလို ခံစားလိုက်ရပါတယ်။
ဒါပေမဲ့ အက်စတာရီယွန်၊ ကီဆောင် နဲ့ ဗာလာကလန်ရဲ့ အန်ဗီ တို့က..ဆန်းကျယ်တဲ့ အုပ်စိုးသူ တွေနဲ့ ဘယ်လို ဆက်စပ်နေကြတာလဲ..။သူတို့က အမှူထမ်းကြတာလား...ဒါမှမဟုတ်...
သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။ဆိုးဝါးတဲ့ သံသယ စိတ်က သူ့ စိတ်ထဲကိုဝင်လာခဲ့တယ်..။မဟုတ်ဘူး...သံသယ မဟုတ်ဘူး...။
သေချာသလောက် ရှိတယ်..။
'အဲတာ သူတို့ပဲ...။သူတို့က အုပ်စိုးသူ တွေပဲ '
ဒီထိုးထွင်းသိမြင်လိုက်မူက သူ့ကို ဟာရီကိန်း မုန်တိုင်းတစ်ခုလို ရိုက်ခတ်သွားခဲ့ပါတယ်။ပြီးတော့ ဒါက နားလည်ဖို့အတွက် အရမ်းကိုကြီးမားနေခဲ့တယ်..။အဓိက သောချက်က နစ်ဖီ ခံစားချက်တွေ လွှမ်းမိုးနေတုန်းမှာ ပြောခဲ့တဲ့ ရိုးရှင်းတဲ့ စကား တစ်ချို့ပါ..။
သူ ဘယ်လို လွဲသွားရတာလဲ..။
အပြင်ဘက်ရပ်ကွက်ရဲ့ လမ်းကြားတစ်ခု မှာ သူတို့စကားများခဲ့တုန်းက နစ်ဖီ ပြောခဲ့ပါတယ်။
'...နင်က ဂန်လောင် ငါ့ကို တားဆီးနိုင်မယ်ထင်နေတာလား..။ကျရှုံးမူအဆင့် တယ်ရာက ငါ့ကို တားဆီးနိုင်မယ် ထင်နေတာလား..။အဲဒီ ဖုတ်ကောင် သုံးကောင်က ငါ့ကို တားဆီးနိုင်မယ် ထင်နေတလား..။မဟုတ်ဘူး ဆန်နီ။ငါ့ကို ဘယ်အရာမှ တားဆီးနိုင်မှာ မဟုတ်ဘူး..။ငါ့ကို တားရဲတဲ့လူတိုင်းက သေဆုံးရလိမ့်မယ်..။ငါ သူတို့ဟအကုန်လုံးကို သတ်မှာ...'
သူမက ရန်သူတွေကို တန်းစီပြီး ပြောခဲ့တယ်..။သူမက ရန်သူတွေကို အင်အားအလိူက် တန်းစီ လိုက်တာပါ..။ပထမက ဂန်လောင် ၊ ပြီးတော့ ကြက်သွေးရောင် တယ်ရာ ။ပြီးတဲ့နောက်မှာ အုပ်စိုးသူ တွေပါ..။
ဖုတ်ကောင် သုံးကောင်..။
အက်စတာ ၊ ဆောင် နဲ့ ဗေးလ် ။
သူ ဒီတွေးတောမူ နဲ့ အဖြေထုတ်ဖို့ကြိုးစားနေတုန်းမှာပဲ..ဆန်နီ ရဲ့စိတ်ထဲကို နောက်ထပ် နားလည်မူတစ်ခုက ဝင်ရောက်လာခဲ့တယ်..။သူ တုန်လှုပ်သွားခဲ့တယ်။
နစ်ဖီ ပြောလိုက်တဲ့ နောက်ထပ် အကြောင်းအရာတစ်ခုကို သူ တိတ်တဆိတ် ရေရွတ်လိူက်ပါတယ်။
'...မဟုတ်ဘူး..ငါက စတုတ္ထအိပ်မက်ဆိုးကို ကျော်ဖြတ်နိင်တဲ့ ပထမဆုံးလူသားဖြစ်လာမှာ မဟုတ်ဘူး..။ငါက အိပ်မက်ဆိုးတိုင်းကို ကျော်ဖြတ်နိုင်တဲ့ ပထမဆုံး လူသားတစ်ယောက်ဖြစ်လာမှာ..'
အရင်တုန်းကတော့ သူမက စတုတ္ထမြောက် အိပ်မက်ဆိုး နဲ့ တစ်ခြား အိပ်မက်ဆိုးတွေကို ပထမဆုံး ကျော်ဖြတ်ချင်တာလို့ ထင်ထခဲ့တာပါ။သို့ပေမယ့် သူမရဲ့ စကားလုံးတွေက မတူညီတဲ့ နည်းလမ်းနဲ့ဖြစ်နေခဲ့တယ်။
နိုးထသူတွေကြားထဲမှာ..အဆင့်သတ်မှတ်ချက်တွေက တိုက်ဆိုင်မူတစ်ခုမဟုတ်ပဲ..ယျေဘုယျ သဘောတူညီချက်တွေ ရှိနေခဲ့ပါတယ်။လူအများစုကတော့ အခိုက်အတန့်ရဲ့ စကားလုံးတွေကို..နတ်ဘုရားအဆင့်ဆီကို တက်လှမ်းတဲ့ သတ်မှတ်ချက်တွေ ..ဒါမှမဟုတ် အိပ်မက်ဆ်ိုးသားရဲ တွေအတွက်ဆိုရင်..အကျင့်ပျက်ခြင်း အဆင့်ဆီကို ဆင်းသက်ခြင်း လို့ ထင်နေခဲ့ကြတာပါ..။ဘယ်နည်းလမ်းပဲဖြစ်ဖြစ် ဒီ လမ်းကြောင်းနှစ်ခုက တစ်ခုနဲ့တစ်ခု ထင်ဟပ်နေတာပါပဲ..။
တတိယအဆင်ကို ရောက်ရှိနေတဲ့လူတစ်ယောက်
လူသား မျိုးနွယ်ထဲမှာ မြင့်တက်နေတာကြောင့်တက်ရောက်သူ လို့ ဖော်ပြကြတယ်။တူညီတဲ့ အဆင့်မှာ ရှိနေတဲ့ အိပ်မက်ဆိုးသားရဲ ကတော့..ကျရှုံးမူ အဆင့် လို့ ခေါ်ပါတယ်။ဒီအဆင့်မှာဆိုရင် တက်ရောက်ခြင်း ဒါမှမဟုတ် ဆန့်ကျင်ဘက် သဘောတွေ ရှိနေခဲ့တာပါ။
အဆင့် လေးမှာ ရှိနေတဲ့ လူတစ်ယောက်ကို အထွတ်အထိပ် အဆင့် အဖြစ် ဖော်ပြခဲ့ကြတယ်။ဒါကတော့ သူတို့က သာမန်လူသားတွေရဲ့ အထွတ်အထိပ်မှာ ရှိနေပြီး နတ်ဘုရား အရည်အသွေးတွေကို ပိုင်ဆိုင်ထားကြလ်ို့ပါ..။တူညီတဲ့ အဆင့်မှာ ရှ်ိနေတဲ့ အိပ်မက်ဆိုးသားရဲကတော့ ပျက်ပြားခြင်း အဆင့်ပါ..။ဒီအဆင့်မှာတော့ ပြုပြင်ပြောင်းလဲမူတွေနဲ့ ဆက်စပ်နေခဲ့တာကြောင့်..သူတိုစင်တွေ ရရှိတဲ့ ကဏ္ဍ စွမ်းရည်တွေဟာ..ပြောင်းလဲမူ စွမ်းရည်တွေဖြစ်နေတာက တိုက်ဆိုင်မူတစ်ခုမဟုတ်ပေ..။
နောက်ထပ်တစ်ဆင့်မှာတော့..ထူးခြားတဲ့ အဓိပ္ပါယ်တွေ ပါဝင်နေခဲ့ပါပြီ..။ဒါက လုပ်ပိုင်ခွင့် နဲ့ အုပ်စိုးမူ တွေကို ကိုယ်စားပြုပါတယ်။ထူးကဲခြင်း ပဲဖြစ်ဖြစ် ကြီးမြတ်ခြင်း ပဲဖြစ်ဖြစ်..ဒီအဆင့်ကို ရောက်လာပြီဆိုရင် သူတို့ရဲ့ စွမ်းအားတွေကို ခိုင်မာအောင် စုစည်းပြီး..ကမ္ဘာကြီးပေါ်ကို သက်ရောက်မူ ရှိအောင် လုပ်ကြပါတယ်..။အိပ်မက်ဆိုးသတ္တဝါ တွေအတွက် ငါးဆင့်မြောက်ကလည်း အတူတူပဲဖြစ်ပြီး..သေးငယ်တဲ့ တပ်သားတွေကို ဖန်တီးကာ ထိန်းချုပ်နိုင်စွမ်းရှိကြပါတယ်။
ဒီလို သတ္တဝါတွေကတော့ တိုင်းရန့် တွေပါ..။
ဒါဆို ကြီးမြတ်မူ အဆင့်ကို ရောက်နေတဲ့ လူသားတစ်ယောက်ကို ဘယ်လိုခေါ်ကြမလဲ..။
ဆန်နီ တုန်ရီသွားခဲ့တယ်..
'အုပ်စိုးသူ တစ်ယောက်...'
နစ်ဖီက စတုတ္ထ အိပ်မက်ဆိုးကို ကျော်ဖြတ်နိုင်တဲ့ ပထမဆုံးသူလို့ ဆိုလိုတာ မဟုတ်ပဲ..အကုန်လုံးကိုဟကျော်ဖြတ်နိုင်တဲ့ လူ လို့ ဆိုလိူတာပါ..။သူမက ငါးခုမြောက် ၊ ခြောက်ခုမြောက် နဲ့ ခုနှစိခုမြောက်တွေကို ကျော်ဖြတ်နိုင်တဲ့ ပထမဆုံးတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။
ဘာလို့လဲဆိုတော့ စတုတ္ထမြောက် အိပ်မက်ဆိုးကို အနိုင်ရတဲ့သူက ရှိပြီးခဲ့ပါပြီ။
' နတ်ဘုရားတွေ...'
ကြီးမြတ်တဲ့ ဆောင်ကလန် ရဲ့ ကီ ၊ ကြီးမြတ်တဲ့ ဗာလာ ကလန် ရဲ့ အန်ဗီ နဲ့ အက်စတာရီယွန် ဆိုတဲ့လူတွေက ဒါကို အောင်မြင်ခဲ့ပါတယ်။ပြီးတော့ အင်မော်တယ် မီးတောက် ကလန်ရဲ့ ကျိုးပဲ့ဓား...ကျိုးပဲ့ဓား ကတော့ ဒီဖြစိစဥ်မှာ ဆန်းကျယ်စွာ အသတ်ခံလိုက်ရတာပါ။
ကျိုးပဲ့ဓား သေဆုံးသွားတဲ့ အချိန်မှာ အက်စတာ ၊ ဆောင် နဲ့ ဗေးလ် တို့ကတော့..စတုတ္ထ အိပ်မက်ဆိုးကို ကျော်ဖြတ်ကာ..လုပ်ပိုင်ခွင့် အာဏာ အသစ်တွေ ရစ်ပတ်ပြီး ပြန်လာနိုင်ခဲ့ကြတယ်။နယ်ပယ် တွေ ဆ်ိုတာကရော ဘာလဲ..။ဖြစ်နိုင်ကတော့ ပဥ္စမမြောက် ကဏ္ဍ စွမ်းရည်ရဲ့ ဖော်ပြချက်ပါ။ဒါက သူတော်စင်တွေ ပိုင်ဆိုင်ထားကြတဲ့..အထူးပြောင်းလဲမူ စွမ်းရည်လိုမျိုးပါပဲ..။
ပြီးတော့ အကြောင်းပြချက်တစ်ချို့က သူတို့က ဒီအောင်မြင်မူကို လျိုဝှက်ချက်အဖြစ် ထားထားခဲ့ကြတယ်..။အဲဲဒီအစား..သူတို့ရဲ့ လူသားတွေအပေါ် လွှမ်းမိုးနိုင်စွမ်းကို အရိပ်တွေထဲကပဲ လှုပ်ရှားနေခဲ့ကြပါတယ်။
ဒါက မထူးဆန်းဘူးလား..ကျိုးပဲ့ဓား သေဆုံးပြီးကတည်းက သူတို့ရဲ့ နာမည်တွေကလည်း သမိုင်းစာမျက်နှာ ထက်ကနေ ပျောက်ကွယ်သွားကြတယ်..။ဘာပဲဖြစ်ဖြစ် သူတို့ကလည်း သူတော်စင်ဖြစ်လာတဲ့ ပထမဆုံးလူတွေပါ..။
သူတို့က ပုန်းကွယ်နေဖို့ မရွေးချယ်ခဲ့ရင်ပေါ့..။
ဟန်လီကလန် ရဲ့ ကတ်စတာ ကရော အင်မော်တယ် မီးတောက်ကလန် ရဲ့ သမီးတော်ကို သတ်ဖြတ်ဖို့
အမိန့်ပေးထားတဲ့ဆန်ကျယ်တဲ့ အုပ်စိုးသူတွေ ကို အရမ်းသစ္စာရှိနေတာက မထူးဆန်းဘူးလား..။
သူတို့က ကြီးမြတ်တဲ့ကလန်ကြီးတွေရဲ့ နောက်ကွယ်က အစစ်အမှန် အင်အားတွေဖြစ်တာကြောင့် ကလန်အသေးလေးတွေကပါ သူတို့ကို ကျေးဇူးတင်နေရတာက မထူးဆန်းတော့ပါဘူး..။
ဒီစကားလုံးတွေကို သိလိုက်ယုံနဲ့ လူတစ်ယောက်ကို သေစေနိုင်တယ် ဆိုတာကရော..ယုံကြည်ဖို့ မခက်ခဲနေဘူးလား...။
...တကယ်လို့ ဒီစကားလုံးတွေက..ထင်ထင်ပေါ်ပေါ်
မနေချင်တဲ့ ကြီးမြတ်တဲ့ အုပ်စိုးသူ သုံးယောက်ရဲ့ နာမည်တွေဖြစ်နေရင်တော့ မထူးဆန်းတော့ပါဘူး..။
ဆန်နီ တိတ်ဆိတ်စွာ ညဥ်းညူပြီး..သူ့ရဲ့ မျက်နှာကိုဟလက်နှစ်ဖက်နဲ့ ကာရံထားလိုက်တယ်..။
'...အရှုပ်ထုပ် ..အရှုပ်ထုပ် ..အရှုပ်ထုတ်တွေ..။ငါက ဘာလို့ ဒီအရှုပ်ထုပ် တွေထဲကို ဝင်ပါပြီး ရောက်သွားရတာလဲ...'
သူ့ရဲ့ ဘဝက ပိုပိုပြီး ရှုပ်ထွေးလာတဲ့ ခံစားချက်တွေကို ဆန်နီ ရနေခဲ့ပါတယ်။