လျိုဝှက် အင်အားစုများ
Vol. 25 Ch. 369
ဆန်နီဟာ သူ့ရှေ့မှာ ရှိနေတဲ့ စာအုပ်ပုံကို စိုက်ကြည့်ရင်း အချိန်တစ်ချို့ ကုန်နေခဲ့တယ်..။အချိန်အတော်ကြာပြီးကာမှ သူ လေးလံစွာ သက်ပြင်းချလိုက်ပါတယ်။
ဒီတော့..လူသားမျိုးနွယ်ကို လွှမ်းမိုးထားတဲ့ အရိပ်ထဲက အင်အားစုတွေ ရှိနေကြတာပေါ့။လုပ်ပိုင်ခွင့်တွေက အမြင်ရသလို ကြောက်ဖို့လည်း ကောင်းပါတယ်..။ပြီးတော့ အခုချိန်မှာ သူ ဒီလူတွေရဲ့ နာမည်ကို သိသွားခဲ့ပါပြီ..။အုပ်စုသူတွေက အနည်းဆုံးတော့..အစိုးရလောက် သန်မာကြမှာဖြစ်ပြီး..ဒါမှမဟုတ် ဒီထက်တောင် ပိုသန်မာကြပါလိမ့်မယ်..။
ကြီးမားတဲ့ အာဏာရှင်နှစ််ဖွဲ့ ဖြစ်တဲ့ တရားဝင်အားဏာရှင် နဲ့ လျိုဝှက်အာဏာရှင် တို့ရဲ့ကြားထဲက ဆက်ဆံရေး အတိအကျကို သူ မသိသေးပေမယ့်လည်း..အုပ်စိုးသူတွေရဲ့ လက်ထဲမှာ ရှိနေတဲ့ လုပ်နိုင်စွမ်းတွေ အတိအကျကို သိရဖို့က အခုချိန်မှာ သိပ်ပြီး အရေးမကြီးသေးပေ..။
သို့ပေမယ့်..ကမ္ဘာကြီးက သူ မြင်နေရတဲ့ အတိုင်းတင်မဟုတ်ဘူးဆိုတာ သိလိုက်ရတာက အရေးကြီးပါတယ်..။ဒါက ပိုပြီး အန္တရာယ်များနေခဲ့တယ်။
ဘာလို့လဲ..
ဘာလို့လဲဆိုတော့..အာဏာကို ဆုပ်ကိုင်ထားကြတဲ့ လူတွေ ရဲ့ သဘောသဘာဝက..သူတို့ရဲ့ အာဏာချုပ်ကိုင်မူအနားကို ကပ်လာတဲ့ လူတိုင်းကို မုန်းတီးကြပါတယ်။ဒါက လူသားသဘာဝ ပါပဲ..။သန်မာတဲ့ အရာတွေ အများကြီးရှိနေတယ် ဆိုရင်တောင် အသန်မာဆုံး ဆိုတာကတော့..တစ်ခုပဲ ရှိနိုင်ပါတယ်။ဒါကြောင့် အသန်မာဆုံးတွေက တစ်ခြားလူတွေ သန်မာလာမယ့် အရေးကနေ အမြဲတမ်း ဖိနိုပ်ထားခဲ့ကြပါတယ်။
မြို့ပြင်မှာ ရှိတဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်တွေဟာ..သူတို့ရဲ့ လက်အောက်ငယ်သားတွေ အာဏာလုမယ့် အရေးကို အမြဲတမ်း သံသယ ရှိကြပါတယ်။ဒါကြောင့် အရမ်းအောင်မြင်လာတဲ့ လူဆိုရင် အကြမ်းဖက်ပြီး ဖယ်ရှားလေ့ရှိကြတာပါ။အမှောင်မြို့တော်ထဲမှာလည်း ဂန်လောင်က သံမဏိ စည်းမျဥ်းနဲ့ အုပ်ချုပ်ထားပြီး..သူ့ရဲ့ စည်းမျဥ်းတွေကို မနာခံပဲ သန်မာလာတဲ့လူတိုင်းကို သတ်ပစ်ပါတယ်။
ပြီးတော့..အုပ်စ်ိုးသူ တွေကလည်း ဒီလို အတူတူပါပဲ။
ဆန်နီ က အကြောင်းပြချက်တွေကို ကျော်လွန်ပြီး သန်မာနေခဲ့တဲ့လူဖြစ်တာကြောင့်၊ အနည်းဆုံးတော့ သူ့အသက်အရွယ်မှာ ၊ ကြောက်ဖို့ကောင်းတဲ့ အလားအလာ တွေ ရှိနေတာကြောင့်..အုပ်စိုးသူတွေက သူတို့ရဲ့ ထိန်းချုပ်မူ အပြင်ဘက်ကို ရောက်သွားမှာကို ခွင့်ပြုမှာမဟုတ်ပါဘူး။
ကံကောင်းချင်တော့ သူတို့က သူ့ရဲ့ ခွန်အား အစစ်အမှန် ကို မသိထားကြသေးပေ..။
သို့ပေမယ့် သူ့ရဲ့ အဓိက ရည်ရွယ်ချက်က ပိုသန်မာလာဖို့ ဖြစ်ပြီး - သန်မာနိုင်သလောက် သန်မာလာဖို့ ၊ မြန်နိုင်သမျှ မြန်မြန် သန်မာလာဖို့ ၊ နစ်ဖီရဲ့ နောက်မှာ ကျန်ရစ် မနေခဲ့ဖို့ - ဒါက တကယ်ကို ပြသနာ ဖြစ်လာတော့မှာပါ။
ရုတ်တရက် နိုးထသူ အဖွဲ့အစည်း တွေနဲ့ ပတ်သက်နေတဲ့ အရာတွေက ပိုပြီး ရှင်းလင်းလာခဲ့တယ်။
အရင်တုန်းက မာစတာ ဂျက် ဟာ သူတော်စင်တစ်ယောက် ဖြစ်လာဖို့ အခွင့်အရေး မရှိဘူးဆိုတာကို သူ သိခဲ့ရပါတယ်။သိသာစွာ တစ်စုံတစ်ယောက်က အရမ်းထူးချွန်တဲ့ အဖွဲ့ဝင်တွေ ပါဝင်တဲ့ အဖွဲ့တစ်ခု ရှိရမှာဖြစ်ပြီး..တတိယ အိပ်မက်ဆိုးကို ကျော်ဖြတ်နေချိန်မှာ..အကူအညီတွေ အများကြီးလိုအပ်ပါတယ်။ပြီးတော့..သူမရဲ့ ' ပြသနာ အကျင့်စရိုက် ' နှစ်ခုစလုံး သူမမှာ မရှိပါဘူး..။
အုပ်စိုးသူတွေက သူတို့ရဲ့ လက်ထဲကနေ လွတ်ထွက်သွားတဲ့ သူတစ်ယောက်ကို သူတောင်စင်ဖြစ်ခွင့် ပေးမှာလား..။အရင်းအမြစ် အများစု နဲ့ အိပ်မက်ကမ္ဘာထဲက အသိပညာတွေက ဆက်ခံသူ ကလန် တွေပဲ ပိုင်ဆိုင်ထားကြပါတယ်။အထူးသဖြင့် အထက်အဆင့် တွေကို ရောက်လာတဲ့ အချိန်တွေမှာပါ။ပြီးတော့ ကလန် တွေကို အုပ်စိုးသူတွေက ထိန်းချုပ်ထားတာကြောင့်..သူတို့က ရိုးရိုးရှင်းရှင်း ကူညီဖို့ ငြင်းလိုက်တာနဲ့..တစ်စုံတစ်ယောက်ကို သူတော်စင်ဖြစ်လာမယ့်အရေးကနေ တားမြစ်နိုင်ပါတယ်။
ကြီးမြတ်သူ တွေကို မခစားကြတဲ့ အတွက် မာစတာ ဂျက် လို အရည်အသွေးရှိတဲ့လူတွေ ဘယ်နှစ်ယောက်လောက်များ ဖိနိုပ်ခံထားကြရတာလဲ..။အနည်းဆုံးတော့ အစိုးရ ဆီမှာ သူတော်စင် အချို့ရှိမှာပါ။သူတို့က ဘယ်သူ့ကို အမှတ်တကယ် သစ္စာ ရှိကြမှာလဲ..။
'မုန်းစရာတွေ ...ငါ ဒါတွေကို အရမ်း မုန်းတာပဲ '
ဒါပေါ့..ဒါတွေ အားလုံးက သူ့ရဲ့ ထင်မြင်ချက်တွေ သက်သက်ပဲ ဆိုတာကို ဆန်နီ သိထားပြီးသားပါ..။ဒါတောင်မှ တစ်ခုကတော့ သေချာသိပါတယ်။မာစတာ ဂျက် သူ့ကို ပေးထားတဲ့ ရွေးချယ်စရာတွေက သူထင်သလောက် မရိုးရှင်းပါဘူး..။
အမှန်တော့ သူက ကြီးမြတ်တဲ့ ကလန် တွေ ၊ သေးငယ်တဲ့ ကလန် တွေ ၊ အစိုးရ နဲ့ သီးခြား တွေကို ဆုံးဖြတ်နေရတာမဟုတ်ပါဘူး..။သူက အုပ်စိုးသူတွေရဲ့ လက်အောက်ကို ဝင်မလား ၊ ငြင်းဆန်မလား ဆိုတာကို..ရွေးချယ်နေရတာပါ။
ပြီးတော့ ပြောင်းလဲနေတဲ့ကြယ်ပွင့် နဲ့ သူ့ရဲ့ ဆက်ဆံရေး ကြောင့် ဒီ ရွေးချယ်မူက ပိုပြီးတောင် ခက်ခဲလာခဲ့ပါတယ်။
'....ချီးတဲ့မှပဲ...'
သက်ပြင်းတစ်ချက်ချလိုက်ပြီး..ဆန်နီဟာ ပတ်ဝန်းကျင်က စာအုပ်စင်ကိုကြည့်ကာ မတ်တတ်ထရပ်လိုက်တယ်..။သူ စာအုပ်အနည်းငယ် ထပ်ဖတ်ရပါဦးမယ်...
နာရီ များစွာ ကြာပြီးနောက်မှာတော့ သူက နောက်ဆုံးတစ်အုပ်ကို ပင်ပန်စွာ ဖယ်ရှားလိုက်ပြီး သူ့ မျက်နှာကို ပွတ်လိုက်တယ်။
အခုတော့ သူက လက်ရှိမြေမျက်နှာသွင်ပြင် နဲ့ အိပ်မက်ကမ္ဘာထဲက အခြေအနေ တွေအကြောင်းကိုအသိပညာတွေ အများစု ရယူထားခဲ့ပါပြီ..။သို့ပေမယ့် ပိုများတဲ့ အချက်အလက်ဆိုရင် သူ အချိန်လိုနေတုနိးပါပဲ..။သို့ပေမယ့် သူ ဒီနေရာမှာတော့ ရှာဖွေနိုင်တော့မှာ မဟုတ်ပေ..။
ဒီအတွက် သူက မိတ်ဆွေဟောင်းကြီး ဆီကို လည်ပတ်မှ ရပါတော့မယ်။
ဘာပဲဖြစ်ဖြစ် သူ တွေ့ရှိခဲ့တဲ့ အရာကတော့ အုပ်စိုးသူတွေအကြောင်း အနည်းငယ် ပိုသိခဲ့တာပါပဲ။
အက်စတာရီယွန် ၊ ကီဆောင် နဲ့ ဗာလာ ရဲ့ အန်ဗီ။
နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ အန်ဗီ ကတော့ အကျော်ကြားဆုံး ဖြစ်နိုင်ပါတယ်။ကြီးမြတ်တဲ့ ကလန်တစ်ခု ရဲ့ ဆက်ခံသူဖြစ်ပြီး..လူသားမျိုးနွယ်တွေဟာ အိပ်မက်ကမ္ဘာကြီးရဲ့ မြောက်ပိုင်း နယ်နိမိတ်တွေကို ချဲ့ထွင်စဥ် ကာလနဲ့..အိပ်မက်ကမ္ဘာထဲက ခံတပ်သုံးခုထဲက တစ်ခုဖြစ်တဲ့ ဘတ်တန် ခံတပ်ရဲ့ သမိုင်းကြောင်းတွေ မှာ သူက အကြိမ်များစွာ ဖော်ပြခြင်းခံခဲ့ရပါတယ်။အမှန်တော့ ဆန်နီ အခုထိုင်နေတဲ့ ထိုင်ခုံကို ပြုလုပ်တဲ့ တိုက်တန်ရဲ့ အလောင်းကို သူက သတ်ဖြတ်ခဲ့တာပါ။
' သန်မာတယ် '
နောက်ပိုင်းမှာတော့..သူတော်စင် အန်ဗီ ရဲ့ သဲလွန်စ တွေ ပျောက်ကွယ်သွားခဲ့တယ်..။သူ့ရဲ့ သေဆုံးမူကို မဖော်ပြထားခဲ့ပေမယ့်...ကလန် ဗာလာ ရဲ့ အုပ်ချုပ်မူတွေကတော့ သူ့ရဲ့ ဝမ်းကွဲတွေလက်ထဲမှာ တရားဝင် ရောက်နေခဲ့ပါပြီ။
ကီဆောင် တစ်ယောက်တည်းကသာ ကျော်ကြားမူ အနည်းဆုံးပါပဲ..။အန်ဗီ နဲ့ မတူစွာပဲ သူမက ကလန်အသေးကနေ လာခဲ့တာကြောင့် အခုရောက်လာတဲ့ဘအဆင့်အတန်းက သူမရဲ့ လက်တွေနဲ့ ကိုယ်တိုင် ထုဆစ်ထားခဲ့ရတာပါ။ဆောင်ကလန် ရဲ့ ခံတပ် ဖြစ်တဲ့
အနက်ရောင်နှလုံးသား က အိပ်မက်မ္ဘာထဲမှာ လူသားတွေ နေထိုင်နိုင်တဲ့ ဒုတိယ အကြီးဆုံးနေရာတစ်ခုပါ။သူ အုပ်စိုးတဲ့ နယ်မြေဟာ တစ်ခြား နယ်မြေ နှစ်ခု နဲ့ ပိုင်ခြားထားကာ ကြားထဲမှာ သေစေနိုင်လောက်တဲ့ နယ်မြေတွေ ရှိနေခဲ့ပါတယ်။အထူးသဖြင့် ဗာလာ ကလန် နဲ့ နယ်စပ်တွေက သေစေနိုင်ပေမယ့်လည်း..အတော်လေးကို ပါးလွှာပါတယ်။
ဆန်နီ သိသလောက်ကတော့ ကီဆောင်က တစ်ခါတစ်လေမှ လူထုရှေ့ကို ပေါ်လာတာ ဖြစ်ပေမယ့်..သူမက ဆောင်ကလန် ရဲ့ အုပ်ချုပ်သူ ဖြစ်နေတုန်းပါပဲ။သူမက ကြင်နာတတ်ပြီး ၊ ရက်ရောတဲ့လူတစ်ယောက်အဖြစ် လူသိများပေမယ့်..သူ စုဆောင်းမိတဲ့ အချက်အလက်က ဒါအကုန်ပါပဲ..။အများအားဖြင့်သူမရဲ့ မွေးစားသမီး တွေကပဲ သူမကိုယ်စား ဆောင်ရွက်နေကြတာပါ။မေ့ပျောက်ကုန်းမြေပေါ်မှာ အချိန်တွေ အတော်ကြာအောင် ပိတ်မိနေခဲ့ပေမယ့် ဆိုင်ရှန်ကလည်း သူတို့ထဲက တစ်ယောက် အပါအဝင်ပါပဲ..။
နောက်ဆုံးမှာတော့ အက်စတာရီယွန်လို့ ခေါ်တဲ့လူတစ်ယောက်..။သူက သုံးယောက်ထဲမှာ အဆန်းကျယ် ဆုံးပါ။သူ ဘယ်ကလာတာလဲ..ကျိုးပဲ့ဓား ရဲ့ အဖွဲ့ပြီးနောက်မှာ ဘယ်ကိုသွားလဲဆိုတာ ဘယ်သူမှ မသ်ိပေ..။တကယ်တောပ သူ့အကြောင်းကို လုံးဝ မပြောသလောက်ပါပဲ။
အခြေအနေကြည့်ရသလောက်တော့ အက်စတာရီယွန်က တတိယ ဆက်ခံသူ ကလန်နဲ့ ဆက်စပ်နေပုံ မရပါဘူး..။ဒါမှမဟုတ် ကလန် အသေးလေးတွေနဲ့ပါ။သူ ဘယ်ချိနိ ၊ ဘယ်နေရာမှာ မွေးခဲ့တာလဲ ဆိုတာကိုတောင် ဆန်နီိမရှာနိုင်ခဲ့ပေ..။သူ အသက်ရှင်နေသေးလား ဆိုတာကတော့ သိတောင် မသိနိင်တော့ပါဘူး။
ကျိုးပဲ့ဓား နဲ့ သူ့ရဲ့ အပေါင်းအပါတွေ ကို ဖော်ပြတဲ့ အချိန်မှာလည်း သူ့ကို ဖြတ်သွားတဲ့လူတစ်ယောက်အဖြစ်သာ ဖော်ပြထားပြီး..အရေးကြီးတာတွေ ဘာတစ်ခုမှ မလုပ်သလို ဖန်တီးထားခဲ့ပါတယ်။
ဆန်နီ ခေါင်းခါယမ်းပြီး ရေရွတ်လိုက်တယ်။
' ငါ ခန့်မှန်းကြည့်မယ်..သူက သုံးယောက်ထဲမှာ ကြောက်စရာ အကောင်းဆုံးပဲ..'
ဒါက အဖြေထုတ်ရတာ လွယ်ကူပါတယ်။ဘာလ်ို့လဲဆ်ိုတော့..တစ်ယောက်ကို တစ်ယောက် နားလည်နေတာကြောင့်ပါ။ဆန်နီကိုယ်တိုင်လည်း သူ့ရဲ့ အောင်မြင်မူတွေကို ဖုံးကွယ်ထားပြီး ထုတ်ပြောတယ် ဆိုတာက ရှားပါတယ်။
'အာ..ငါ့ခေါင်း နားလိုက်တာ..'
အဆိုးဆုံးကတော့ သူ့ရဲ့ရှာဖွေမူက တစ်ဝက်ပဲ ရှိနေပါသေးတယ်..။သူက အိပ်မက်ကမ္ဘာထဲက လူသားတွေရဲ့ အနေအထားနဲ့ အုပ်စိုးသူတွေ အကြောင်းနားလည်ခဲ့တယ်။
အခုတော့ သူက နတ်ဘုရားတွေ ၊ ဒဲလ်မွန် တွေနဲပ အမည်မသိတွေအကြောင်း လေ့လာရပါဦးမယ်..။
..အခုတော့ ဆရာ ဂျူးလီယက် ဆီကို လည်ပတ်ရမယ့် အချိန်ပါပဲ..။
ဒါပေါ့ ဆန်နီ က သူ့ရဲ့ ဆရာဟောင်း ဆီကို လက်ဗလာနဲ့ သွားမှာ မဟုတ်ပေ..။
စာအုပ်တွေကို ဘေးကိုတွန်းရင်း..လျှပ်စစ်ကွန်ပြူတာကို ထုတ်ယူကာ..အနည်းငယ် တွေဝေပြီးကာမှ စာရိုက်လိုက်ပါတယ်။
' ...မေ့ပျောက်ကုန်းမြေကြီး အကုန်လုံးကို အပိုင်းသုံးပိုင်း ဆိုပြီး ခွဲခြားထားတယ်..။အဲတာတွေထဲက တစ်ခုက.....'