စူးစမ်းရှာဖွေခြင်း အစီရင်ခံစာ
Vol. 25 Ch. 370
မေ့ပျောက်ကုန်းမြေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အားလုံးကို အတိုချုပ်ပြီး ရေးသားကာ ၊ နားလည်အောင် အစီရင်ခံ နိုင်ဖို့အတွက် ဆန်နီ တစ်ညလုံး အချိန်ယူခဲ့ရတယ်..။အိပ်မက်ကမ္ဘာကို လေ့လာဖို့အတွက် ဆရာဂျူးလီယက် ဘယ်လောက်တောင် စိတ်အားထက်သန်လဲ ဆိုတာကို ပြန်စဥ်းစားမိရင်..ဆန်နီဟာ အရေးကြီးရဲ့ အချက်အလက်တွေကျု ကျန်မနေခဲ့အောင် ကြိုးစားနေခဲ့တယ်။
သူက မြေမျက်နှာသွင်ပြင် အနေအထား နဲ့ ပတ်ဝန်းကျင် ဒေသတွေကို..သူ့ရဲ့ စွမ်းဆောငိရည် အတွင်းမှာ အကောင်းဆုံးဖြစ်အောင် ဖော်ပြပေးထားခဲ့ပါတယ်..။သူ သွားခဲ့ဖူးတဲ့ ကုန်းမြေအမှတ်အသားတွေ ၊ ဒါမှမဟုတ် သူကြားဖူးခဲ့တဲ့ အရာတွေ ၊ အလားတူစွာပဲ အရေးပါတဲ့ သဘာဝဖြစ်တဲ့ အနက်ရောင် ပင်လယ်ကြီးနဲ့ ဝင်္ကပါကို ဖော်ပြခဲ့ပါတယ်..။သူက သူတွေ့ခဲ့ဖူးတဲ့ ၊ တိုက်ခိုက်ဖူးတဲ့ အိပ်မက်ဆိုးသားရဲ အများစုကို ရေးသားခဲ့တယ်။သူတို့ရဲ့ အင်အား ၊ အပြုအမူ နဲ့ အားနည်းချက်တွေကို သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ ရေးသားပြုစုပေးထားခဲ့ပါတယ်။
ဖြစ်နိုင်တဲ့အချိန်တွေမှာ သူက အခိုက့်တန့်ကနေ ရရှိခဲ့တဲ့ အချက်အလက်တွေနဲ့..မှတ်သားမူ တွေ ၊ ထပ်တူညီမူတွေကနေ ရရှိခဲ့တဲ့ ဖော်ပြချက်တွေကိုပါ ပြည့်စုံအောင် ရေးသားထားတယ်။ဒါပေါ့..သူက ဒီစာသားတွေကို..လူသားဘာသာစကား နဲ့ ရူးနစ် ဘာသာစကား နှစ်မျိုးလုံးနဲ့ ရေးပေးခဲ့တာပါ။
နောက်ဆုံးအနေနဲ့ကတော့..သူ့ရဲ့ ရှာဖွေစူးစမ်းမူ ရလာဒ်တွေ ၊ မေ့ပျောက်ကုန်းမြေရဲ့ သမိုင်းကြောင်း အပေါ်လေ့လာမူတွေ ၊ ပန်းပုရုပ်ထု တွေ ၊ အလှဆင်မူတွေ နဲ့ သူ့မြင်ခဲ့ဖူးတဲ့ နံရံဆေးရေး ပန်ချီတိုင်းကို အသေးစိတ် တိတိကျကျဖော်ပြပေးခဲ့ပါတယ်။ရှေးဟောင်း နေထိုင်သူတွေအပေါ်မှာ ထားရှိတဲ့ သူ့ရဲ့ သီအိုရီ တွေ ၊ အလားတူစွာ ရှေးဟောင်းနေထိုင်သူတွေ မကျရှုံးခင်က ဘယ်လိုနေထိုင်ခဲ့လဲ ဆိုတဲ့အပေါ် သူ့ရဲ့ အမြင်တွေကိုပါ ထပ်ပေါင်းထည့်ပေးထားခဲ့တယ်။
...ဒါပေါ့..သူ မပြောပဲ ထားတဲ့ အရာတွေလည်း ရှိနေပါသေးတယ်။
သူက သူခိုးငှက် ၊ ဝီဗာ နဲ့ ပတ်သက် နဲ့ အရာတိုင်း နဲ့ ဘုရားကျောင်းအောက်မှာ ရှိနေတဲ့ လျိုဝှက်အခန်း ထဲက အဖြစ်အပျက်တွေကို ဖုံးကွယ်ထားခဲ့ပါတယ်။သူက ကျောက်တုံးသူတော်စင်ရဲ့ အကြောင်းကို ထုတ်မပြောခဲ့ပါဘူး။ပထမတစ်ချက်အနေနဲ့ ဒါက သူမရဲ့တည်ရှိမူကို လျိုဝှက်ထားချင်လို့ပါ။ဒုတိယ အချက်ကတော့..သူမက အမည်မသိ တွေနဲ့ ဆက်စပ်နေတာကြောင့်ပါပဲ..။သူက ကျောက်တုံးဂိုလမ် တွေနဲ့ သူတိုက်ခိုက်ခဲ့တာတွေ ၊ ကျိန်စာသင့် ပင်လယ်ပြင်ကြီးကို ပိတ်လှောင်ခဲ့တာတွေ ၊ အလားတူစွာပဲ ကြက်သွေးရောင် တယ်ရာ နဲ့ ကံတရား ဆက်စပ်သွားခဲ့တာတွေ ၊ နေလုံးအတု နဲ့ မျှော်စင်ကြီး ပျက်စီးသွားတာတွေကို မပြောခဲ့ပေ..။
အားလုံး သိရှိထားခဲ့တဲ့ အတိုင်းပဲ..ဆန်နီက ကျန်တဲ့လူတွေနဲ့အတူ ထွက်ပေါက်ကနေ ဝင်လာခဲ့တဲ့လူတစ်ယောက်ပါ..။နောက်ဆုံးအခိုက်အတန့် ၊ နောက်ဆုံး မိနစ် တွေမှာ..သူ ဘာလုပ်ခဲ့လဲ ဆ်ိုတာကို ဘယ်သူမှ မသိခဲ့ကြသလို ၊ သူလည်း အဲဒီအတိုင်းပဲ ထားထားချင်ခဲ့ပါတယ်။ကောင်းပြီ..ကတ်စီ နဲ့ အယ်ဖီ ကလွဲလို့ပေါ့..။သူမတို့ကလည်း တစ်ချို့အရာတွေကို သီးသန့်ထားရှိမယ်ဆိုတာကို သူ ယုံကြည်ပါတယ်။
ပြီးတော့ သူတို့က ဒီအရာကို လျိုဝှက်ထားဖို့ ကျရှုံးခဲ့မယ် ဆိုရင်လည်း..ဆန်နီ က သူ့လုပ်ရပ်တွေကို အမှန်အတိုင်းမပြောပဲ ရှင်းပြဖို့အတွက် အဆင်သင့်ဖြစ်နေပြီးသားပါ..။
အစီရင်ခံစာပြီးသွားတဲ့နောက်မှာတော့..ဆန်နီဟာ ထိုင်ခုံရဲ့နောက်ဖက်ကို ပင်ပန်းစွာ မှီလိုက်ပြီး..စခရင်ကို ကြည့်လိုက်တယ်။
ရှည်လျားတဲ့ ခေါင်းစဥ်က အဲဒီမှာ ရေးထားခဲ့ပါတယ်။
"နိုးထသူ ဆန်းလပ်စ် ၏ မေ့ပျောက်ကုန်းမြေပေါ်က စူးစမ်းရှာဖွေမူ အစီရင်ခံစာ .."
'ဒါက လုံလောက်အောင် ကောင်းနေပြီလို့ ထင်တာပဲ'
ဆန်နီဟာ အကယ်ဒမီ စာရွက်စာတမ်းတွေ ၊ သင့်တော်တဲ့ အစီရင်ခံစာတွေကို ဘယ်လို ရေးရလဲ ဆ်ိုတာကို မသိခဲ့ပါဘူး..။ဒါကြောင့် သူ့ရဲ့ လွန်ခဲ့တဲ့ တစ်နှစ်က အချိန်ကို ပြန်တွေးကြည့်ပြီး ..ကိုယ့်အတွက် အကူအညီ ဖြစ်စေမယ့် ပုံစံအတိူင်းကို ရေးသားထားခဲ့ပါတယ်။ဒီ မေ့ပျောက်ကုန်းမြေထဲကို ဝင်ရောက်တုန်းက ဒီအချက်အလက်တွေကို တစ်ခုမှ မသိပဲ ရောက်သွားခဲ့ရတာပါ။
ဒီကမ္ဘာမှာ ဒီလို စက်တွေရှိတာက ကိစ္စတော်တော်များများကို လွယ်ကူစေပါတယ်။
ဆန်နီ သက်ပြင်းတစ်ချက် ချလိုက်ပြီး အစီရင်ခံစာကို သူ့ ရဲ့ ဆက်သွယ်ရေး စက်ထဲကို ထည့်ကာ..တာမီနယ်ကို ပြန်ပိတ်လိုက်တယ်။
မတ်တတ်ရပ်ကာ သူ့ ခန္တာကိုယ်ကို အကြောတွေ
ဆန့်တန်းပြီး အနည်းငယ် သန်းဝေလိုက်ပါတယ်။သူအစစ်အမှန် ကမ္ဘာဆီကို ပြန်ရောက်တာ နှစ်ရက် ရှိနေပြီဖြစ်တာကြောင့်..ပင်းပန်းနွယ်နယ်မူတွေက ဖြည်းဖြည်းချင်း နေရာယူလာခဲ့တယ်။မကြာခင်မှာ သူက မာစတာဂျက် ပေးထားတဲ့ လှုံ့ဆော်မူ ဆေးလုံးတွေကို သောက်ဖို့ လိုလာနိုင်ပေမယ့်..အဲဒီအချိန်ကရောက်မလာသေးပါဘူး...။
ဆန်နီ ဟာ စားပွဲပေါ်ကနေ ထွက်ခွာသွားလိုက်ပြီး..အနည်းငယ် တွေဝေပြီးကာမှ ပြန်ရောက်လာခဲ့တယ်..။သူက စာအုပ်ပုံထဲက တစ်ချို့ကို ကောက်ယူလိုက်ပြီး..သင့်တော်တဲ့ နေရာတွေဆီကို ပြန်ထားလိုက်ပါတယ်။
စာအုပ်တွေ အကုန်လုံးကို သူ့နေရာသူ ပြန်ထားပြီးသွားတဲ့ နောက်မှာတော့ သူ ကျေနပ်စွာ ခေါင်းညိမ့်ပြီး ထွက်သွားပါတော့တယ်။
' ဘယ်လောက်တောင် စိတ်ကျေနပ်စရာ နေရာလဲ..။ငါ တကယ် သဘောကျတယ်..'
ဆန်နီ ဟာ မထင်မရှားဖြစ်နေတဲ့ အဆောက်အဦးကို ပြန်လှည့်ကြည့်လိုက်ပြီး အေးစက်တဲ့ ဆောင်းရာသီ လေထုကို တစ်ဝကြီး ရူသွင်းကာ ..ဝီဗာမျက်နှာဖုံး ရဲ့ ဖော်ပြချက်ကို ပြန်သတိရလိုက်တယ်..။
' အသိပညာဆိုတာ စွမ်းအားရဲ့ အရင်းအမြစ်လို့ ဝီဗာက ယုံကြည်ထားခဲ့တယ်..။ပြီးတော့ ..စွမ်းအား ဆိုတာ များပြားလှတဲ့ အလိမ်အညာတွေထဲမှာ ဖုံးကွယ်နေတယ်...'
ကံတရား ရဲ့ နတ်မိစ္ဆာကရော ဒီနေရာနဲ့ ပတ်သက်ပြီး ဘယ်လိုများ တွေးတောမလဲ..။ဘာပဲဖြစ်ဖြစ် ဒီနေရာက အသိပညာ နန်းတော် တစ်ခုပါ။
ဆန်နီ ဟာ သမိုင်းကို ဖြူစင်သွားအောင် လှည့်စားထားတဲ့ စာအုပ်ထဲက စာမျက်နှာတွေကို ပြန်တွေးမိပြီး ပြုံးလိုက်တယ်..။
'ဟုတ်တယ်...ဒါက အလိမ်အညာတွေ ရဲ့ နန်းတော်လည်း ဖြစ်နေတာပဲ...'
***
အိပ်စက်သူတွေ ရှိနေတဲ့ နေရာကို ပြန်လာရတာက အနည်းငယ်တော့ ထူးဆန်းပါတယ်။အနည်းငယ် နိမ့်ကျပြီး ခိုင်ခံ့တဲ့ အဆောက်အဦးဟာ သူ မှတ်မိထားခဲ့တဲ့ အတိုင်း ရှိနေသေးပေမယ့်..နှင်းတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်..။ဆန်နီက ဒီနေရာမှာ အချိန်တွေ အများကြီး မကုန်ဆုံးခဲ့ရပေမယ့်..ဆောင်းယဥ်စွန်းတန်း မရောက်ခင် နေ့ရက် တွေက သူ့ဘဝ အတွက် ..အမှတ်တရ အဖြစ်ဆုံး အခိုက်အတန့် တစ်ချို့ပါပဲ..။
များပြားလှတဲ့ စိတ်လှုပ်ရှားမူတွေ ၊ များပြားလှတဲ့ ကြောက်ရွံ့စိတ် တွေ....
သူက နောက်တစ်နှစ်ကျော်လောက် အထိ ဒီနေရာကို မတွေ့ခဲ့ရတော့ဘူးလို့ ဘယ်သူ သိမှာလဲ..
ရင်းနှီးတဲ့ ခန်းမထဲကို ဝင်ရောက်လာတဲ့ အချိန်မှာတော့ ..ကြောက်ရွံ့နေကြတဲ့ အိပ်စက်သူတွေကို မြင်တွေ့ရဖို့ တစ်ချို့တစ်ဝက် မျှော်လင့်ရင်း ပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်..။သို့ပေမယ့် ဒါပေါ့ ဒီမှာ ဘယ်သူမှ မရှိကြတော့ပါဘူး..။လူတိုင်းက သူတို့ရဲ့ပထမဆုံး စွန့်စားခန်းအတွက် အိပ်မက်ကမ္ဘာထဲကိုထွက်သွားခဲ့ကြပြီဖြစ်ပြီး..နောက်နှစ်အတွက် အိပ်စက်သူ တွေ ရောက်လာဖို့အတွက်လည်း စောနေပါသေးတယ်။
ဘာမှမရှိတဲ့ ခန်းမကြီးကို ဖြတ်လျောက်ရင်း..အဆောက်အဦး ရဲ့ အောက်ဘက်ကို သွားတဲ့ လမ်းကြောင်းကို ရှာတွေ့ကာ..တောတွင်းရှင်သန်မူ စာသင်ခန်းဆီကို ရောက်လာခဲ့ပါတယ်။ဒါက ဆရာဂျူးလီးယက် ရဲ့ ရုံးခန်းရှိနေတဲ့ နေရာမှာပါ..။တံခါးကို ဖွင့်လိုက်တဲ့ အချိန်မှာတော့ ကျယ်ဝန်းပြီး သေချာအလှဆင်ထားတဲ့ အခန်းတစ်ခန်းကို တွေ့လိုက်ရတာ်။သူက အကယ်ဒမီ မှာရှိတဲ့ တိုတောင်းတဲ့ အချိန်တွေကို ဒီမှာ ကုန်ဆုံးခဲ့တာပါ။ရုတ်တရက် ဆန်နီဟာ အတိတ်ကို ပြန်လည် လွမ်းဆွတ်သလို ခံစားလိုက်ရတယ်..။
'..မင်း ရူးနေတာလား..။အတိတ်က နေ့ရက်ကောင်းတွေကို ပြန်လွမ်းဆွေးဖို့အတွက် မင်းက အရမ်း ငယ်နေသေးတယ်လေ...'
သူ့ရဲ့ ဆရာက ခါတိုင်းလိုပဲ သစ်သားစားပွဲရဲ့ နောက်ဘက်မှာ ထိုင်နေခဲ့တာ မဟုတ်ပါဘူး..။အဲဒီအစား အဖိုးအို က ..ဖန်အိမ် တစ်ခုထဲမှာ ထည့်ထားတဲ့ ရက်စက်တဲ့ သားရဲတစ်ကောင်ကို လေ့လာပြီး မှတ်စုတွေ ရေးနေခဲ့တာပါ။
သူက လုံးဝ မပြောင်းလဲသေးပေ..။ဆရာဂျူးလီယက်က..အသက်ကြီးနေဆဲ ဖြစ်ပြီး သူ့ရဲ့ ရှုပ်ထွေးတဲ့ မီးခိုးရောင် ဆံပင် ၊ စိတ်မပါတဲ့ မျက်လုံးတွေ နဲ့ ထူထဲတဲ့ မျက်ခုံးမွှေးတွေက သူ့နည်းသူ့ဟန် အတိုင်း အသက်ဝင်နေကြသလိုပါပဲ..။
..သို့ပေမယ့် တစ်စုံတစ်ယောက် စာသင်ခန်းထဲဝင်လာတာကို ကြားတဲ့ အချိန်မှာ..သူ့မျက်နှာ ပြောင်းလဲသွားခဲ့တယ်..။သူက တက်ကြွလာခဲ့ပြီး..သိချင်စိတ်တွေ ပြန်လည် ဖြစ်ပေါ်လာခဲ့ပါတယ်။
တစ်ဖက်ကို လှည့်လာပြီး ၊ အဖိုးအိုက ရောက်လာတဲ့သူကို စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်နေခဲ့တယ်။ယင်းနောက် သူ့ မျက်နှာက ရုတ်တရက် တောက်ပသွားကာ အပြုံးတစ်တွေ ပေါ်လာခဲ့ပါတယ်။
"ဆန်နီ...ငါ့ သားလေး..."